ရေကြောင်းတက္ကသိုလ် ကျောင်းဝင်ခွင့် အနိမ့်ဆုံးရမှတ် ရှစ်နှစ်အတွင်း အမှတ် ၈ဝကျော်တိုး

klnAugust 6, 20101min00

ရေကြောင်းပညာရေးတက္ကသိုလ် ကျောင်းဝင်ခွင့်အမှတ် အနိမ့်ဆုံးမှာ ၄၀ဝမှတ် ဆိုသော်လည်း ၂၀၀၉-၂၀၁ဝ တက္ကသိုလ် ကျောင်းဝင်ခွင့် အနိမ့်ဆုံးအမှတ်မှာ အမျိုးသား ၄၈၁မှတ်၊ အမျိုးသမီး ၄၈၅မှတ် အထိဖြစ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ တက္ကသိုလ် စတင်ဖွင့်လှစ်သည့်နှစ်တွင် အနိမ့်ဆုံးအမှတ် ၄၀၂ မှတ်သာရှိခဲ့ပြီး တက္ကသိုလ်သက်တမ်း ရှစ်နှစ်တာကာလအတွင်း ဝင်ခွင့်အနိမ့်ဆုံးအမှတ်မှာ ၈ဝကျော် တိုးလာခြင်းဖြစ်သည်။ “ကျောင်းဝင်မှတ်တွေက တစ်နှစ်ထက်တစ်နှစ် တိုးလာတယ်။ အမှတ်တွေ တိုးတိုင်းလည်း မကောင်းဘူး။ ကျန်တဲ့အမှတ်နိမ့် ကျောင်းသားတွေအတွက် အခွင့်အရေးနည်းသွားနိုင်တဲ့အတွက် စဉ်းစားစိစစ်လုပ်နေပါတယ်” ဟု အဆိုပါ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာချာလီသန်းက ဆိုသည်။ ရေကြောင်းပညာတက္ကသိုလ်သို့ အနိမ့်ဆုံးကျောင်းဝင်ခွင့်ရသည့်အမှတ်မှာ တစ်နှစ်ထက်တစ်နှစ် အနိမ့်ဆုံး ၃မှတ်မှ ၂၈မှတ်အထိ အပြောင်းအလဲရှိကာ ယခုအချိန်တွင် ဆေးတက္ကသိုလ် ဝင်ခွင့်အမှတ်နှင့် အနည်းငယ်သာကွာခြားမှု ရှိတော့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.