ကနားစီး ဂီ… ဒါဂျီးနဲ ့…ညားပါဇေ….

alinsettNovember 22, 20132min042

ကိုယ့်အထုပ်  ကိုယ် ဖြန့်ပြတယ်ပဲပြောပြော. . . .

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြတယ်ပဲ. . . ဆိုဆို . . . . .

ပြောရတော့မှာပဲ ။

—————————–

ကိုယ်မှ မပြောလည်း. . . . အဲဒီအဖြစ်အပျက်ကြီးကို ဟို ကနားစီးဂီဂီက ပြောတော့မှာ ။

ကျွန်တော်ဝက်ဝက်ကွဲ. . . .ကိုယ်ကျိုးနည်းသွားတဲ့အကြောင်းကိုများ ဂီတို့စကားလုံးနဲ ့ရေးလိုက်ရင်

ကိုယ့်ဘဝက ရစရာမရှိ ….ကျွန်စုတ်ပစ်တဲ့သရက်စေ့ ဖြစ်တော့မှာ။

ဒါကြောင့် ကနားစီးဂျီး….. ကျွန်တော့်ပေါင် လာ လှန်မထောင်းခင်…..

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းမယ် ။

 

———————————————-

 

ပထမဆုံးပြောချင်တာကတော့ အဲဒီ ကနားစီး ဂီကို စိတ်နာဒယ် ။

အဲဒီကနားစီး ဂီက ….

ထင်ထားတာထက်ကို ပိုပြီးတော့ . . . အနောက်သန်တယ်ဗျာ ။

တကယ်…  အဟုတ်…

(အနောက်သန်တယ်ဆိုကတည်းက………. စဉ်းစားသာကြည့်ကြပေတော့ ။)

 

😀  😀   :mrgreen:

*********************************

အဲဒီနေ ့ညနေက . . . .
ရုံးဆင်းလို ့ချိန်းထားတဲ့နေရာကို သွားမလို ့…။
ကားမှတ်တိုင်မှာ. . .။

စီးရမယ့်ကားလာပြီမို ့. . .အားရပါးရတိုးစီးပစ်မယ်ဆိုပြီး

ပုဆိုးကို ကျစ်ကျစ်လျစ်လျစ်ပြန်ပြင်ဝတ် / ကျောပိုးအိတ်ထဲက ပိုက်ဆံအိတ်တွေဘာတွေကို သေသေချာချာ စစ်ဆေးသိမ်းဆည်းပြီး

ကားပေါ်တိုး တက်မယ် အလုပ်. . . .

ဖုန်းမြည်သံက …. ကလူကလူ ထွက်လာတယ်။

အော်. . .ချိန်းထားတဲ့ဆီက ဘယ်ရောက်နေပလဲ လှမ်းမေးတာထင်ပါရဲ့ဆိုပြီး ဖုန်းကို ကိုင်လိုက်တယ် ။

နံပါတ်ကိုကြည့်လိုက်တော့ ကိုယ်မသိတဲ့ ဖုန်းနံပါတ် ။

ဘယ်သူပါလိမ့် ဆိုပြီး ကားပေါ်တက်ဖို့ ့အလှည့်ကျအောင်စောင့်ရင်း ဟဲလို လို့ ့ထူးလိုက်တော့ . .

တစ်ဖက်က ယောကျာ်းသံတစ်ခု. . .

” စာရေးဆရာ အလင်းဆက်လား ခင်ဗျ ”တဲ့။

စာရူးပေရူးလေး အလင်းဆက်ပါ လို ့စိတ်ထဲက ဖြေရင်း………..

”ဟုတ်ပါတယ် .. ကျွန်တော် အလင်းဆက် ပါ . . .ဘယ်သူပါလိမ့် ” လို ့ပြန်မေးလိုက်တော့…..

ဟိုဘက်က ပြန်ပြောတဲ့စကားက. . .

” ကျွန်တော် အလင်းတန်းဂျာနယ်တိုက်ကပါ ” တဲ့ ။

((ဪ အလင်းတန်းက ဆိုတော့ စာပေကိစ္စပြောမှာ ။ အရေးကြီးတယ် ။

ဘတ်စ်ကားပေါ်မှာ ပြောထာထက် အေးအေးဆေးဆေးပြောမှဖြစ်မယ်ဆိုပြီး

ကားပေါ်မတက်တော့ပဲ……….မှတ်တိုင်က ခုံလေးမှာ ပြန်ထိုင်လိုက်တယ် ။

ချိန်းထားတာ နောက်ကျလည်း ကျစေတော့ ))

” ဘာကိစ္စပါလိမ့် ”

” ဆရာအလင်းဆက်ကို အင်တာဗျူးလေးလုပ်ချင်လို ့ပါ ”

” ဗျာ . . . ဘယ်လို လုပ်မှာလဲ ။  လူချင်းတွေ ့ပြီးဗျူးမှာလား. . ”
အဲဒီလို ပြန်မေးတော့လည်း တစ်ဖက်က သေသေချာချာ ပြန်ရှင်းပြပါတယ် ။

” နယ်ပယ်စုံက လူငယ်တွေစုပြီး စကားဝိုင်းလေးတစ်ခုလည်း လုပ်ချင်တယ် တဲ့. . .

အလင်းဆက်တို့လို စာပေနယ်ပယ်က လူငယ်တွေကိုလည်း ဖိတ်ထားတယ် တဲ့ ။

ဪ ဒါဖြင့် . . . .ကိုသော်ဇင်(လွိုင်ကော်)တို့ ့ရော ပါသေးလားလို ့တောင် မေးမိသေးတယ် ။

ဘာအကြောင်းအရာကို ဆွေးနွေးကြရမှာလဲ လို ့လည်း မေးမိသေးတယ် ။

အံမယ် စိတ်ရှည်လက်ရှည် ပြန်ရှင်းပြသားဗျ ။

ကိုယ်ကလည်း အင်တာဗျူးဆို သိပ် စိတ် မဝင်စားတာအမှန် ။

(( တကယ်စိတ်မဝင်စားပါဘူး ။ အဖြေမတတ်ရင် ကိုယ့် မသိနားမလည်မှုတွေ /

ကိုယ့်အလွဲအချော်အယူအဆတွေ ကို အားလုံးရှေ ့ ဖြန့်ခင်းပြလိုက်သလို ဖြစ်ဖြစ်သွားတဲ ့ဗျူးတွေ တွေ ့နေရလို ့။

ပြီးတော့… ကျွန်တော်ကလည်း စာရေးရင်သာ စီကာစဉ်ကာရေးလို့ရတာ ။

စကားပြောရင် တောရောက်တောင်ရောက်နဲ့ အဆီအငေါ်က သိပ်တည့်တာ မဟုတ်ဘူး။

အဲဒါတွေကြောင့် အင်တာဗျူး ဟေ့ ဆို နည်းနည်း အော့ကြောလန်ပြီးသား ))

ဒါပေမယ့် . . . .

အလင်းတန်းဂျာနယ်ဆိုတာ . . .

ကျွန်တော် နဲ့မကင်းတဲ့ ဂျာနယ်တိုက်တစ်ခုလည်းဖြစ် ရွှေအမြုတေဆိုတာနဲ့လည်း ဆက်စပ်နေလေတော့ သိပ်မငြင်းချင် ။

ဦးဝင်းငြိမ်းတို ့ မသီတာ(အဆံချောင်)တို့ နဲ့ကလည်း ရင်းနှီးကျွမ်းဝင် /အဆက်အဆံလေးကလည်း ရှိတော့ . . . ။

အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်မယ်လေ ဆိုတဲ့အတွေးနဲ ့ . . .

ဘယ်နေရာမှာ . . .

ဘယ်အချိန်

ဘယ်လိုတွေ ့ကြဆုံကြမယ် ဆိုတာတွေကို …

တစ်ဖက်ကစကားပြောသူနဲ့ ညှိကြည့်တယ်။

ကျွန်တော့်ဘက်က မအားနိုင်လို ့ ညနေရုံးဆင်းချိန်မှာ ကျွန်တော့်ရုံးနဲ့ နီးတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ထဲမှာ ဆုံကြမယ် ဘာညာ ဆိုပြီး

တစ်ဖက်က ပြောပါတယ်။

အစီအစဉ်တွေကို

alinsett.art@gmail.com ထဲ ပို့ပေးထားပါ့မယ် လို ့လည်း ပြောပါရဲ့ ။

အဲဒီထိ မရိပ်မိသေးဘူး။

 

:hint:  :hint:

*******************************

အင်တာဗျူးကိစ္စ အားရပါးရ ပြောပြီးလို ့………….  ဝ တော့မှ တစ်ဖက်က ဖုန်းထဲကနေ ရီသံဂျီးနဲ့ …………

” ဟေ့လူ ဒညင်းဝက် ။ ခင်ဗျားကို ဘီယာတိုက်မလို ့…..  ချိန်းမလို ့ဗျ ” တဲ့။

အဲဒီကျတော့မှ ကျွန်တော်လေ. . .

ဟာာာာခနဲ ဖြစ်သွားတာ ။

ဘာပြန်ပြောရမှန်းတောင်မသိ ။

အဲဒီကျမှ ဂီဂီ အနောက်သန်ချက်ဆိုတာ……… ရိပ်မိပြီး………….

တော်တော်နောက်တဲ့ဂီဗျာ ဆိုတာပဲ ပြောနေမိတော့တယ် ။

ကျွန်တော်က အဟုတ်ကြီးထင်ပြီး ကျကျနနပြန်ပြောနေတာ ။

သူကလည်း ကျကျနနပဲ ပြန်ပြောနေတာမှ အကြာကြီး ။

(( သူ ့အသံကလည်း ရွှေ/ အလင်းတန်းက ကိုဦးဆွေအသံနဲ့ ခပ်ဆင်ဆင် ။  ကျွန်တော်က ကိုဦးဆွေကြီးလို့တောင် ထင်နေမိသေးတာ ။ ))

 

ဂီမှန်းသာ ရိပ်မိရင် အစကတည်းက ကလော်တုတ်ထည့်လိုက်တယ် ။

 

👿  👿

ဟုတ်တယ် ။

ကျွန်တော်လေ. . .

အခုပြန်တွေးရင်အခု ရှက်ကိုးရှက်ကန်းဖြစ် ဖြစ်လာတယ် ။

အဟုတ်မှတ်ပြီး ပြောနေမိခဲ့တာတွေများ ။

 

😳   😳    😳

 

အတော်အနောက်သန်တဲ့ဂီ ။

ဂီဂီ ကနားစီးဘဝကနေ . . .

ကနားထဲမှာ . . . . နတ်ဂဒေါ်တွေစားဖို ့ထမင်းချက်ပေးရတဲ့ ကနားချက်ဘဝရောက်ပါဇေ

သူ ့ဘဝတစ်သက်တာလုံး… အနောက်ပဲ…သန်နေပါဇေ…

အနောက်မသန်တော့ဘူးဆိုရင်လည်း…

ဒါဂျီးနဲ ့…ညားပါဇေ…လို ့…

ဆုတောင်းပေးလိုက်ပါတယ်..ဂွီဂွီရေ….

 

 

 

 

ဒါမှမဟုတ်လည်း.ဒါလေးနဲ ့ညားပါဇေ...
ဒါမှမဟုတ်လည်း.ဒါဂျီးနဲ ့ညားပါဇေ…

 

 

 

.

.

.

.

.

.

.

.

.

.

.

..

နောက်ထာနော်….

ကရင်မမလေးနဲ ့ပဲ..ညားပါဇေ….

 

🙂

 

🙂

 

 

 

 

 

42 comments

  • Shee

    November 22, 2013 at 10:17 pm

    ကျွနုပ်မှာဖြစ်ရီလိုက်ရတာ. .ကြာပေါ့. . .ကောင်ကလေးရှက် ရှက်. .:P

    Reply

  • အဘရဟူဒီ

    November 22, 2013 at 10:25 pm

    အဲ့ဒါယီးနဲ့ ညားလို့ ကတော့ … ဘယ်တလုံး ညာတလုံး အတွဲလိုက် ကိုင်ပီး ဂင် ပလိုက်မယ်…
    ငိငိ x သုံးယာခွင်နှဆယ့်ခွင် နှခါ…

    အော်… ကင်မလောဒွေပြောပါတယ်….

    အာဟိ

    🙂

    Reply

  • မောင်မိုဘိုင်(သလ္လာဝတီ)

    November 23, 2013 at 2:01 am

    အသံဖိုင်လေး ရကော့ဒီလုပ်ထားပြီး ပြန်လည်မျှဝေပေးရင် ပိုရီရမယ်ထင်တယ်…
    ကျနော်လည်း အဲ့ဒါမျိုး သူများကိုလုပ်နေကျ.. ကိုယ်တိုင်တော့ မခံရသေးဘူးးးးး

    Reply

  • kyeemite

    November 23, 2013 at 9:55 am

    ကျုပ်ကိုလည်းအတည်ပေါက်ဖုန်းဆက်ပြီးနောက်သေးတယ်…တော်တော်ပြောပြီးမှ အသံမှတ်မိသွားလို့ 😀

    Reply

      • TNA

        November 23, 2013 at 12:45 pm

        အာဟိဘာဒဲ့ ခြင်ဆေးခွေကိုယ်စလှယ်ယူပီး ပတ်ကညောကိုညှော်တိုက်မို့ဆိုလားကြားမိလိုက် သလားလို့ :mrgreen: ပြေးဘီ ငိငိငိ

        Reply

  • sorrow weaver

    November 23, 2013 at 9:58 am

    အဟီးဟီး …ဖစ်မှဖစ်ရလေ. …

    Reply

  • ခရီးသည်ကြီး

    November 23, 2013 at 11:30 am

    ဘီယာတိုက်​လား
    မတိုက်​ရင်​ပြန်​​လျော်​ခိုင်​းရမယ်​ဗျ
    ချိန်​းထားတာဘယ်​လိုရှင်​းမလဲ

    Reply

    • ခီးသယ်ဂျီးရေ

      သူ တိုက်မယ့် ဘီဘီကို
      စိတ်မကောင်းကြီးစွာနဲ့ပဲ ငြင်းခဲ့ရတယ်

      ချိန်းထားတဲ့ဆီကိုလည်း
      နောက်ကျမှရောက်သွားလို ့. . . .
      . . . . .
      🙂

      Reply

  • နန်းခင်ဝင့်ဝါ မိုးစက်ထက်ထက်ချာ

    November 23, 2013 at 11:35 am

    ဖွဟဲ့ ဖက် ဖက် နှုတ်စီးပါဇီ 😛

    Reply

  • TNA

    November 23, 2013 at 12:46 pm

    ဘူနဲ့ညားအောင်ဆုတောင်းပေးရမလဲ ကုလားလေးရဟူဒီရေ။ ပေါပြဘာကွယ်

    Reply

    • တီသဲရေ
      ကျနော်တော့
      ချစ်သုဝေနဲ့ဖြစ်ဖြစ်
      ဖြူဖြူကျော်တိန်းနဲ့ဖြစ်ဖြစ်
      ဒေါ်ဖွားမေနဲ့ဖြစ်ဖြစ် ညားပြီးရင်
      မွေးလာတဲ့ခလေးကို
      ဂီ လို့နာမည်ပေးပြီး
      ကောင်းကောင်း သမ ပစ်မယ်
      မှတ်ထား
      :kwi:

      ရာဂျူး တဲ့ ဒဂျူးပဲ ရှိတယ်

      Reply

      • TNA

        November 23, 2013 at 3:26 pm

        အထုတလော မယ်ဂိ့ရွာထဲပါတ်မွှေနေဒဂိုး ငိငိငိငိ

        Reply

        • TNA

          November 23, 2013 at 4:30 pm

          အေးခေါ်အေ ဘာတဲ့သူ့နာမည်ရှိသေးတယ် နာမည်တသောင်းနဲ့ဒေါင်းကားယားဆိုလား :mrgreen:

      • Wow

        November 25, 2013 at 1:37 pm

        ကနားစီးဂီကနေ ဒေါင်းကားယားဂီ… ဖစ်တွားဘီလေ… သူညားဒေါင်းက ခြေထောက်လေးစိလို့ ဘယ့်နှယ်အေ.. စင်ပြိုင်လုပ်ချင်လဲ တူ့ထက်သာတာလုပ်ပေါ့ ခုတော့ ကားယားဂျီး…. :mrgreen:

        Reply

  • Mr. MarGa

    November 23, 2013 at 3:11 pm

    အင်းးး
    ဘာပဲဖြစ်ဖြစ် ဒီ သိကြားမင်းဆီတော့ ရောက်မလာသေးဘူး
    ဒါမျိုးဆို သတိထားမှ ဟီဟီ
    တကယ်တော့
    ဒညင်းဝက်ရယ် နင်ကိုက တုံးတာကိုး ဟဲ့
    ခံရမှာပေါ့…..ငိငိ
    နည်းတောင် နည်းသေးတယ် :mrgreenn:

    Reply

    • ဟွန်းး
      နီ မသိတဲ့ ဖုန်းနံပါတ်တစ်ခုဆီက နီနဲ့အဆက်အသွယ်ရှိတဲ့ ဂျာနယ်တိုက်ကဆိုပြီး
      အဲ့လိုမျိုးပြောလာရင်
      နီလည်း နာ့နေရာမှာဆို အိုက်လို ခံရမှာပဲ။

      နာက ဂီနဲ့ အက်ဒါပထမဆုံးအကြိမ် စကားပြောဖူးတာ။

      တကယ်လို့သာ တခြားဂျာနယ်တိုက်တစ်ခုခုကို သူပြောလာရင်
      နာ ယုံမှာမဟုတ်ဘူးလေ။

      :kwi:

      Reply

  • ဗုံဗုံ

    November 23, 2013 at 7:47 pm

    ငါ့နှယ်နော်…
    ညက်စိထဲ မြင်ယောင်သေး
    အဟုတ်မှတ်ပြီး….ဆာဂျီးလေသံနဲ့ ပြောနေမှာ
    ဝက် တို့ကတော့ :mrgreen:

    Reply

  • padonmar

    November 24, 2013 at 6:56 am

    အင်​တာဗျူးဆိုလို့ ​တွေ့ဆုံပွဲတုံးက သထင်​း​ထောက်​ ​ကောင်​းကင်​က အန်​တီ့ကို ဗျူးချင်​လို့ဆိုြပြီး သူကလည်​း ​မေးချင်​ရာ​တွေ​မေး၊ ကိုယ်​ကလည်​း ​ဖြေချင်​တာ​တွေ​ဖြေ။ဂျာနယ်​လည်​း ဝယ်​တာ​နောက်​ကျလို့မဖတ်​ရ​တော့ ဘာ​တွေပါမန်​းမသိ။​အေး​ရော။

    Reply

    • အယ်

      အန်တီ ့ကို ဗျူးထားတာတွေ ဖတ်ချင်လိုက်တာ။
      နောက်တစ်ခါ အမှတ်တရစာအုပ်ထုတ်ဖြစ်ရင် အန်တီ ့အင်တာဗျူး ထည့် ရိုက်သင့်တယ်နော်

      Reply

  • လုံမလေးမွန်မွန်

    November 24, 2013 at 8:27 am

    ခိခိခိ… နာလည်​း နိကို ​ဆေးထိုးရင်​​ကောင်​းမားလို့…

    ဒါနဲ့ ချိန်​းတယ်​ဆိုတာ ဘူနဲ့လဲ..:-) ​နောက်​ထပ်​ပန်​းတစ်​ပွင်​့များလား … 🙄

    Reply

  • မိုး မင်းသား

    November 24, 2013 at 9:57 am

    တို ့သာဆိုရင်……ကိုဂီကိုမယူဘူးနော်……….

    တို ့မှာအစဉ်လေးရှိတယ်………

    မကြီးစန်းနဲ ့သာပေးစားလိုက်ပါအေ……..

    ဒါမှ……….ဟိ

    Reply

  • ဦးကြောင်ကြီး

    November 25, 2013 at 11:21 am

    အိုက်လိုကောင်မျုးိ ဘိခေါ်သွားပီး နှစ်ဆက်ရှင်စာ ဒဂါခံခိုင်းရတယ်.. ဒါမှ ဒင်းနောက် မစရဲမှာ..

    Reply

  • Paing Lay

    November 25, 2013 at 8:42 pm

    ဒါက ကို အလင်းဆက်ရဲ့ 8834 တွေပေါ့နော် 😀 😀 😀 😛

    Reply

  • KZ

    November 26, 2013 at 9:06 am

    နာ နဲ့ ဖေ့ဘုတ်မှာ သူငယ်ချင်းဖြစ်ပြီး နောက် ရက်မှာ
    မက်ဆေ့လေး တစ်ခု ပို့လာတယ်။
    မေသန်းနု ဆုံးပြီ ဆိုပဲ။
    မက်ဆေ့ ပို့တဲ့ ချာတိတ်က နန္ဒာလှိုင် နဲ့လည်း အမျိုးနီးနီး လို့ သိထားတော့ အဟုတ်မှတ်ပြီးးး စိတ်မကောင်းစွာနဲ့ ဘေးက လူတွေကို တောင် ပြောမိလိုက်သေးတယ်။

    ဒါမဲ့ နောက် မက်ဆေ့ တစ်ခု ရောက်လာတယ်။
    သွေးဆုံး တာ တဲ့လေ။

    ကိုယ့်မှာ သူများတွေ ကို ပြောမိတာ အရှက်ကို ကွဲပါရောလားးးး

    အဲဒါ ဘယ် ချာတိတ်တုန်း သိလား အလက်ဆင်းးးးးး

    😀

    Reply

    • အဘရဟူဒီ

      November 26, 2013 at 9:21 am

      ရေထိုးဘီ
      အဲ့လာယီးနဲ့တော်ဇာလား. တော်ဘာဘု

      :'(

      Reply

      • KZ

        November 26, 2013 at 9:34 am

        နာ က ဘယ်ဒူ ဘယ်ဝါ ပါ လို့ ပြောမိလားဟမ်?
        😀

        Reply

Leave a Reply to အဘရဟူဒီ Cancel Reply

Your email address will not be published.