ဘဝဖော်ဆိုတာ

etoneAugust 6, 20101min00

ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။ ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။  ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။  ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။  ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး “ချစ်တယ်”ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။  ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။

Leave a Reply

Your email address will not be published.