ရန်ကုန်တိုင်းမှ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ ဆန်တင်ပို့ခြင်းအား ဩဂုတ်လ (၁)ရက်နေ့မှ စတင် ပိတ်ပင်လိုက်ပြီ

zaw mgAugust 6, 20101min01

ရခိုင် တနင်္သာရီ ဆန်မပို့ရ

ရန်ကုန်တိုင်းမှ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ ဆန်တင်ပို့ခြင်းအား ဩဂုတ်လ (၁)ရက်နေ့မှ စတင် ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် တနင်္သာရီသို့ ဆန်သယ်ဆောင်ခြင်းမပြုရန် ဘုရင့်နောင် ကုန်တင်ကားဂိတ်များ အားလုံးသို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းမှ ညွှန်ကြားစာများ ပေးပို့ထားသည်။

ရန်ကုန်တိုင်း တ.ယ.က မှ ညွှန်ကြားချက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဘုရင့်နောင် အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဝင် တဦးက ဆိုသည်။

“တိုင်းညွှန်ကြားချက်မှာ တခြားဘာမှ ထွေထွေထူးထူး မပါဘူး။ ဆန်မသယ်ရဘူးဆိုတာကို ကားဂိတ်တွေ အားလုံးသိအောင် ဖြန့်ဝေပေးဖို့ ပါတယ်။ “ဟု ယင်းက ဆိုသည်။

ယင်းညွှန်ကြားစာတွင် “ရန်ကုန်တိုင်းမှ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ ဆန်စပါး သယ်ယူပို့ဆောင်ခွင့် ယာယီ ပိတ်ပင်ထားကြောင်း၊ အခြားပြည်နယ်နှင့် တိုင်းများသို့မူ လွတ်လပ်စွာ သယ်ဆောင် တင်ပို့နိုင်ကြောင်း ” ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတဦးက ဆန်နယ်ကျော်ခွင့် ယာယီပိတ်ပင်ထားသည်မှ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပြီး အဘယ့်ကြောင့် ပိတ်ပင်ရသည် ဆိုခြင်းနှင့် မည်သည့် အာဏာပိုင်အဖွဲ့အစည်း၏ ညွှန်ကြားချက်ဖြင့် ပိတ်ပင်ရခြင်း ဖြစ်သည်ကို ပြောကြားနိုင်ခြင်း မရှိကြောင်း ပြောဆိုသည်။

“အခု တခြား ပြည်နယ်နဲ့ တိုင်းတွေကို ကုန်ပို့တဲ့ ကားဂိတ်တွေက ဒီညွှန်ကြားချက်ကို မိတ္တူဆွဲထားတယ်။ တခြားပြည်နယ်နဲ့တိုင်းတွေကို လွတ်လပ်စွာ သယ်လို့ရတယ်လို့ ပါတာကိုး။ မြဝတီတို့ ဘာတို့ဘက်ကို ဆန်သယ်တဲ့ကားတွေဆို ဒီမိတ္တူလေး ပြပြီးသွားတာ လမ်းဂိတ်တွေမှာ ဘော်ဒါကြေးပေးရတာ လျော့သွားတယ်တဲ့”ဟု ကုန်တင်ကားဂိတ်တခုက ဆိုသည်။

http://www.mizzimaburmese.com/news/breaking-newsbrief/5816-2010-08-05-12-35-51.html

One comment

  • Pyaung Gye

    August 6, 2010 at 3:02 am

    တော်တော်တော် တော်နေကြတဲ့ဟာတွေဘဲ
    ရွေးကောက်ပွဲတောင်မစသေးဘူး
    စရိုက်မျိုးစုံပြနေဘီ
    I တို့က SORRY ဘဲ

    Reply

Leave a Reply

Your email address will not be published.