ဖေဂျီးသွေး မြေဂျီးလေး interview

အနော် ငါးကြော်ကြိုက်တယ်ဆိုဒါ ငြင်းပါဒယ်၊ ငါးခြောက်ခိုးစားတယ်ဆိုဒါလည်း ငြင်းဒယ်၊ အညီအဟောက် နှစ်သက်တယ်ဆိုဒါ သာမဖြစ်နိုင်သေး..။ တချို့လည်း သွားပုပ်လေလွင့် ပြောဂျဒါရှိဒယ်.. ပြာသိုလမှာ အနော့်ဂို သောင်းဂျန်းသူဒဲ့.. ဖြစ်နိုင်ဗမလားခင်မျာ၊ ဒီလောက် ချမ်းအေးနေဒါ.. အေးတဲ့အချိန်ဆို အဲဒီဟာ ထွက်တောင်မလာဗူး.. တွင်းအောင်းနေဒယ်.. ဗျားတို့လည်း အတူတူဗဲလေ.. မသိခြင်ထောင် ထောင်မနေနဲ့..။

ငါးခြောက်ပြား မထောက်ထား သကောင့်သား စောင့်စား
ငါးခြောက်ပြား မထောက်ထား သကောင့်သား စောင့်စား

ဤဂါး အကြွင်းထောင်မှ လွတ်မြောက်လာသော အဖိုးဂျီး ဆန်ကုန်မြေးလေး ကြောင်နေဝံ၏ အင်တာဗျူး ဖြေသံဖြစ်သည်။ အထဲမှာဗျာ သူများလိုဗဲ စည်းနဲ့ကမ်းနဲ့ နေရ၊စားရ၊ လုပ်ရပါဒယ်။ သာထူး အခွင့်အရေးရတာ မရှိလို့ ပြောပါရစေ။ ပြောနိုင်ဆို သာထူးနဲ့ ကျနော်နဲ့က ဟိုဖက်တိုက် ဒီဖက်တိုက် နေတာလေ။ တခါတလေ သူအတွက် စားစရာတောင် လှမ်းပို့ရသေး.. ရွှေဘဲက အခေါက်ကင်၊ အသားကင် တို့ပေါ့ဗျာ.. မြန်မာဘီယာ၊ ဟန်နီကန် ဘီယာလေးနဲ့ တွဲလို့ပေါ့။ အပြင်လည်း ထွက်ခွင့်မရှိပါဘူး။ ထောင်နံရံဂျီး ချဲ့ပေးတာပဲ ရှိတယ်။ သူ့ အလိုလိုချဲ့သွားတာဗျ၊ အဲဒီအခါကြတော့ ရောမ ရောက်ရင် ရောမလို ကျင့်ရတာပေါ့။ အနော်လည်း လောကီ လူသားဗဲဟာ.. လူသား ဆိတ်သား ဝက်သား ကြက်သား အကုန်တီးတယ်။

ကြောင်နေဝံ လွတ်သွား၍ ဝမ်းနည်းဝမ်းသာ ဖြစ်နေသူဂါး.. သဌိန်းဂျီး မောင်ဝိဖြစ်သည်။ တောက်စ် မဟုတ်တာ လုပ်ခြင်းအတူတူ ဒင်းက စောလွတ်တယ်၊ ငါ့ကြတော့ စောင့်အုံးဒဲ့.. ဘာလဲကွ ငါလည်း နိုင်ငံတော် ပုန်ကန်ပီး မူးယစ်ဆေးဝါး ရောင်းခဲ့တာဗဲ။ အဆိုးထဲက အကောင်း အယင်လို ညဖက်အထဲခေါ်သွင်းလာတဲ့ ဇယားဒွေကို အပြိုင်လုစရာ မလိုတော့ဘူး၊ ငါတယောက်ထဲ တောထဲ ခြင်္သေ့လုပ် ဆော်ပလော်တီးယုံဗဲ၊ ကောင်းလဇွ…။

အနော့်အနေနဲ့ ပါတီနိုင်ငံရေး မလုပ်လိုဘူး ဒါပေမဲ့ အချက်လေးချက် ထိပါးလာရင်တော့ ငြိမ်ခံနေမှာမဟုတ်ဖူး။ (၁) အနော့်ဖင် (၂) အနော့်လဗျွတ်စ် (၃) အနော့်အသက် (၄) အနော့်စည်းစိမ် တို့ဗဲ။ ဖင်ကို နံပါတ်တစ်အချက် ထားရဒါ ထောင်ထွက်ဆိုပီး သွေးတိုးစမ်းဂျပြုဂျ လုပ်မှာစိုးလို့၊ နံပါတ်နှစ် လဗျွတ်စ်ကလည်း အရေးကြီးတယ်.. ဖြိုးခြစ်သူတို့ လိင်သူချသူအုပ်စု အနော့်ကို ပြန်ပေးဆွဲပြီး တော်ဝင်လဗျွတ်ဟင်းစားမယ် ကြွေးကြော်နေတာ သတင်းရတယ်။ နံပါတ်သုံးနဲ့လေးကတော့ရှင်းတယ် အသက်အိုးအိမ်စည်းစိမ် လာမထိနဲ့ အသက်ခြင်းလဲပစ် လိုက်မယ်.. ကျုပ်တပည့် လူမိုက်တွေ အသက်နဲ့ မင်းတို့အသက်…။

တရုတ်ကြီးနဲ့ သဘောထားကတော့ ကျုပ်တို့မျိုးနွယ်ဝင် ကြောင်ကြီးမျိုးတုံးအောင်လုပ်နေသရွေ့ ကြောင်သား ချက်စားနေသရွေ့ ဒင်းတို့နဲ့ မိတ်ဆွေမဖွဲ့ဘူး။ တီလုပ်မတွေ စကပ်တို ဘောင်းဘီတို ဝတ်တာတော့ ဝတ်ပါစေ၊ တခုရှိတာ လည်ဟိုက်လည်ပြတ် စွပ်ကျယ်ဝတ်ရင် အောက်ခံ ဘရာစီယာ မပါစေနဲ့.. ဒါမှ လွတ်လွတ်လပ်လပ် ရှိမှာ.. လိုက်ကြည့်တဲ့ မြန်တျန့်တောသားတွေလည်း အမျိုးသားရေးစိတ်ဓာတ် တက်ကြွလာမယ်။ အဲလိုဆိုရင် ဘဲစားဘဲခြေ တမျိုးစဉ်းစားပေးမယ်။

ခုတော့ ဒီလောက်နဲ့ ကျေနပ်ပါ။ မြန်တျန့်ဂဇက် အကြောင်းလဲ ဖတ်ရပါတယ်။ ပြောလိုက်ဗျာ ခင်ဗျာတို့သဂျီး မာမွတ်ခိုမ်ကို အနောက်တိုင်း ခေတ်မှီပညာတတ်၊ တိုင်းပြည်အတွက် အားကိုးရမည့်သူလို့ လွှတ်အထင်ကြီး ထားတာ အခုတော့ သူလဲ ဒီပုတ်ထဲက ဒီပဲဘဲ..။ အယင်ကတော့ ဒင်းနဲ့ပေါင်းလို့ အစုစပ် စီးပွားရေးလေးများ လုပ်ကိုင်စားသောက်ရပြီမှတ်တာ အလဂါး.. မြန်တျန့်ပြည်သား ငတုံးတွေအတိုင်းဗဲ.. တလပြည့်အောင် စုပေါင်း စပ်ပေါင်း မလုပ်နိုင်ဘူး..။ ဒါနဲ့များ ပြောလိုက်ရင် သူများကို ကွန်ဆာဗေးတစ်တဲ့..။ ဒင်းကြတော့ ဘာမိုလို့လဲ.. အလဂါး လွန်စွာရွေးညစ် မိစာ္ဆဒိဋ္ဌိ အဝီဇိငရဲ ဂျိုးကပ်မည့်သူဂျီး…။

12 comments

  • alinsett

    November 17, 2013 at 5:03 pm

    တိန်
    သဂျီးကို တော့ ပြောထားပြန်ပြီ။
    မှိုချိုးမျှစ်ချိုး

    🙂

    Reply

  • TNA

    November 17, 2013 at 5:20 pm

    အူးကြောင် အူးကြောင် အူးကြောင် အမြှောက်နဲ့ထုဒလား

    Reply

  • Don Juan Ronald

    November 17, 2013 at 11:07 pm

    ကြောင်သားဟင်းလျာ ကိုမြွေသား နဲ့ ရော မ ချက် ဘဲ ၊ ငါးခြောက်နဲ့ ရော ချက် ရင် ဘယ်လို နေ မ လဲ မသိဘူး ?

    Reply

  • captainamerica

    November 17, 2013 at 11:39 pm

    အောင်ကြူး အရောင်တစ်ကူး ရှောင်ဖူး ငါဟဲ့ကြောင်ကြီး :harr:

    Reply

  • KZ

    November 18, 2013 at 9:33 am

    ဘာပြောရမှန်းမသိတော့ပါဘူး ဒက်ဒီ။
    နေနဲ့လ မတည့်ရင်တော်သေးးးး
    ပေါင်းမိသွားမှဖြင့် ……

    😥

    Reply

    • Tristan

      November 18, 2013 at 9:42 am

      စိုးတယ် စိုးမိတယ် ..စိုးထိတ်မိတော့တယ်….

      Reply

  • Wow

    November 18, 2013 at 9:41 am

    ဒယ်ဒီကြောင် ကြေးမုံဂျီးလက်စတုံးလိုက်လို့ ပြာသိုမှာ တွင်းအောင်းနေတာလားဟင် :mrgreen:

    Reply

  • kyeemite

    November 18, 2013 at 1:27 pm

    ငဂျော်မကြိုက်ရင် ကြောင်မိုက်ပေါ့ 😀

    Reply

  • ဦး ဌက် ကြီး

    November 18, 2013 at 2:52 pm

    နံ ပါတ် တစ် ကို သ တိ ထားပါ အူးကြောင် :mrgreen:

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 20, 2013 at 6:08 pm

    . ပြောလို့ပြောတာ
    . မြန်မာပြည်ထောင်တွေကို လူမှု့ဝန်ထမ်းဆုတွေပေးသင့်တယ်
    . ထောင်ကထွက်လာသူတွေ အကုန်လုံး
    . အငြိုးတွေမရှိကြဘူး
    . အပြင်မှာရန်သူဆိုရင်တောင် ထောင်ထဲရောက်တော့
    . ဘော်ဘော်တွေဖြစ်သွားတယ်
    . NLD ကဆရာကြီးကလည်း ပြောတာဘဲ ဘယ်သူဆိုလား လူကောင်းလေးပါတဲ့
    . ဦးခင်ညွှန့်တို့ ကိုဇာဂနာတို့
    . ခု
    . သူတို့
    . ပြောလိုက်ကြတာ အာဃာတမရှိရေးတရားချည်းဘဲ
    . ဒီတော့ ဆရာကြောင်ကြီး နဲ့ မြို့ပိုင်မင်းကြီးလည်း
    . ထောင်ထဲဝင်ဘါလား ဘော်ဘော်တွေဖြစ်သွားရအောင်

    Reply

  • မဟာရာဇာ အံစာတုံး

    November 21, 2013 at 10:00 am

    စည်းတစ်ဖက်ခြားကို
    ထိပ်တင်ထားပုံထောက်ရင်
    ခညားဂျီး အနေနဲ့
    ဘယ်ဒေါ့မှ ငြိမ်းချမ်းရေးရမှာ မီဟုတ်ဘူးးး

    Reply

  • kai

    November 21, 2013 at 3:02 pm

    ကျုပ်လည်း.. ကွန်ဆာဗေးတစ်ပါလို့.. ပြောပြီးသားလေ..
    ပြောရရင်.. မြန်မာတွေတော်တော်များများ.. တစ်တာတွေချည်း..
    ဘာသာရေးကြောင့်ပါဗျို့..
    ဆိုတော့…
    တိုင်းပြည်က.. ဒီမိုကရေစီချက်ချင်းထွက်မရပဲ… လိပ်ခေါင်းလို..တစ်နေတာကြည့်…။
    အစိမ်းလိုက်ဖြတ်ပစ်မှအေး… :kwi:

    Reply

Leave a Reply

Your email address will not be published.