သာဓုခေါ်. . .သက်ပြင်းချ. . .ခေါင်းခါ. . .

alinsettNovember 18, 20133min021

အဟက် ။

 

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရတာ နာလွန်းလို ့ . . .

သူများပေါင်တွေ

လိုက် လှန်ထောင်းလိုက်ဦးမယ် ။

 

:kwi:

 

********************

 

ဗမာတချို ့ပြောပါတယ်. . .။

 

သင့်တော်၏ မသင့်တော်၏ တောင် မစဉ်းစားကြတော့ပဲ . . .

တလွဲတချော်တွေ လုပ်နေလိုက်ကြတာများးးးး

 

မြင် မကောင်း / ကြား မကောင်း ဖြစ်ချင်တိုင်းကို ဖြစ်လို ့ ။

 

တန်ဆောင်မုန်းလပြည့်နေ ့ မတိုင်ခင်ကတည်းက . . .

ဘုံကထိန် အလှူတော်မင်္ဂလာတွေ ခြိမ့်ခြိမ့်သဲသဲ . . .

 

လှူတာ ကောင်းပါတယ် ။

 

ပဒေသာပင်ကြီးတွေမှာ

ပိုက်ဆံတွေ / ဘုန်းကြီးတွေ အတွက် အသုံးအဆောင်ပစ္စည်းတွေ . . .

စုပြုံ ချိတ်ဆွဲ လို ့ . . . အားရကျေနပ်စရာကြီးပေါ့ ။

 

ဒါတွေ မြင်ရင် သာဓု ခေါ်ချင်ပါတယ် ။

 

ဒါပေမယ့် . . . . .

 

*************************

 

ဒါပေမယ့် . . . .

ပဒေသာပင်ကြီးတွေနဲ ့ ဘုန်းကြီးကျောင်းဆီ အသွားမှာ . . .

ကားတွေ နဲ ့စီတန်းပြီး . . .သွားကြတာတော့ ဟုတ်ပါရဲ ့ ။

 

ဟို အရင်ခေတ်ကလို . . .

အိုးစည် ဒိုးပတ် . . . .ဆိုင်းနဲ ့ဝိုင်းနဲ ့ အလှူမင်္ဂလာ သီချင်းတွေ အော်ဟစ် သီဆို ကခုန် ပြီး သွားတဲ့ခေတ် မဟုတ်တော့လို ့. . ဆောင်းဘောက်ကြီးတွေနဲ ့

သီချင်းတွေ အုန်းအုန်းထအောင် ဖွင့်သွားကြတာလည်း. . . . အပြစ်မပြောလိုပါဘူး။

 

ဒါပေမယ့် ဖွင့်သွားကြတဲ့ သီချင်းတွေကို ကြားပြီး ရင်ထဲမှာ ကလိကလိဖြစ် လာတယ် ။

 

ကိုကြီးကျော် . . .ကိုကြီးကျော်

ဒို ့ကိုကြီးကျော် . . .

အရက်သမားမှန်ရင်ကွယ်. . .

ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ်. . .

 

အဲဒီ သီချင်းကို အားရပါးရ ဖွင့်ပြီး ပဒေသာပင်တွေ လှည့်တာ ။

 

အံ့ရော ။

 

အဲဒီ သီချင်းကို အာခေါင်ကွဲမတတ်လိုက်အော်ဆိုပြီး

ကလို ့ခုန်လို ့ကားပေါ်မှာ . .

ပဒေသာပင်နဲ ့ပါလာတာက အရက်မူးနေတဲ ့ လူငယ်တချို ့ ။

 

ဟိုနေ့ကလည်း . . .ကြားလိုက်ရပါသေးတယ် ။

ဘာတဲ ့. . .

 

စိမ်းတယ်လို ့မှတ်မှာလားးး တဲ ့ ။

 

————-

 

ကိုကိုမကြိုက်ဘူး..ဒါမလုပ်နဲ့ဆို.. ဟုတ်ကဲ့ကိုကို…တဲ ့…

 

နောက်တဖွဲ့ကတော့

သားစိုးရဲ ့ရောမွှေသီချင်းတွေ ဖွင့်လို ့ ။

 

ကထိန်အလှူ ပဒေသာပင် လှည့်တာနဲ ့ စိမ်းတယ်လို ့မှတ်မှာလား နဲ ့ ဘာ ဆိုင်တုန်း

 

ဟို အရက်သမားကြီးကိုကြီးကျော်နဲ ့ရော

ဒီ အလှူဒါနကိစ္စနဲ ့ဘာဆိုင်တုန်း ။

 

ခက်သကွာာာာ

 

အလှူကို အလှူနဲ့တူအောင်

အလှူပီပီသသ ဖြစ်အောင် မလုပ်တတ်ကြတော့ဘူးလား . . .ကိုရွှေဗမာ

မရွှေဗမာတို ့ရယ် . . .

လို့သာ မေးလိုက်ချင်တယ် ။

 

ကျွန်တော် လွန်လား ။

 

********************************

 

အဟက် ။

 

ပြောရဦးမယ် ။

အလှူကို အလှူနဲ့တူအောင် လှူခြင်းနဲ ့ တလက်စတည်း . . . . .

 

အလင်းဆက်တို ့ မိတ်ဆွေတစ်စု . . .

ကထိန်သင်္ကန်း ကပ်ကြမယ် ။

စုပေါင်း ဘုံကထိန် လှူကြမယ် ဆိုပြီး . . .

ကြံစည်ပြီးတာနဲ ့. . .

လှူရမယ့် ဘုန်းကြီးကျောင်းကို ရှာကြပါလေရော ။

 

ကျွန်တော်တို ့အဓ်ိက ထားပြီး ရှာတာက

အဲဒီ ဘုန်းကြီးကျောင်းဟာ . . . .

သီလ သမာဓိ ပညာ အထိုက်အလျောက်ရှိတဲ့

ဘုန်းကြီးတွေရဲ ့ကျောင်း ဖြစ်ရမယ် ။

တကယ်ချို ့တဲ့ နွမ်းပါးပြီး တကယ်လိုအပ်နေတဲ့ ့ဘုန်းကြီးကျောင်းဖြစ်ရမယ် ။

ဒါပဲ ။

 

ပုဂိ္ဂုလ်စွဲ ကျောင်းစွဲ ဒေသစွဲ စတဲ့ အစွဲတွေကိုရှောင်ပြီး ရှာကြတာ . . . .

 

ကထိန် အလှူဒါနပြုသူတွေ များနေတဲ့ကျောင်းကြီးတွေမှ အများကြီးပဲ။

 

အဲဒီ အများကြီးက နဂိုကလည်း လှူဒါန်းသူ မပြတ်လို ့

့ပြည့်စုံ နေတဲ ့ကျောင်းကြီးတွေ ။

 

အဲဒါနဲ ့. . .

သေချာထပ် ရှာကြည့်ကြပါတယ် ။

 

ဆင်းရဲချို ့တဲ ့တဲ ့ရပ်ကွက်ကလေးတွေထဲ လမ်းကြိုလမ်းကြားထိ လိုက်ရှာကြည့်လိုက်တော့ . . . . .

 

တကယ့်ကို နွမ်းပါးချို ့တဲ့ပြီး . . .

လှူမယ့်သူ မရှိလို ့ ပြတ်လပ်နေတဲ့ ဘုန်းကြီးကျောင်းလေးတွေ . . .

တွေ ့တယ် ။

 

အများကြီးပဲ ။

တကယ်လိုအပ်နေတဲ ့နေရာတွေ. . . . . .

 

တချို ့ဘုန်းကြီးကျောင်းလေးတွေဆ်ို . . .

အမိုးအကာတောင် လုံလုံခြုံခြုံ မရှိသေးဘူး။

 

ဒီကျောင်းကို သွားခဲ့တယ် ။
ဒီကျောင်းကို သွားခဲ့တယ် ။

 

တော်တော်ချို့တဲ့နေတဲ့ကျောင်းပါ
တော်တော်ချို့တဲ့နေတဲ့ကျောင်းပါ

 

အမိုး / အကာတောင် မလုံခြုံသေး
အမိုး / အကာတောင် မလုံခြုံသေး

 

00000

 

 

ဆွမ်းဘုန်းပေးနေရင်း..မီးပျက်သွားတယ် ။ မှောင်ရီဝိုးဝါးထဲ...။ မီးလာတုန်းကလည်း..ကျောင်းပေါ်မှာ.ပန်ကာတောင် ဖွင့်စရာမရှိ...
ဆွမ်းဘုန်းပေးနေရင်း..မီးပျက်သွားသေးတယ် ။ မှောင်ရီဝိုးဝါးထဲ…။ မီးလာတုန်းကလည်း..ကျောင်းပေါ်မှာ.ပန်ကာတောင် ဖွင့်စရာမရှိ…လို ့ပဒေသာပင်မှာချိတ်လာတဲ့ ပန်ကာကို ပြေးယူဖွင့်ပေးခဲ့ရတယ်..။

 

ကောင်းရဲ ့ဘုရားစင်ရှေ ့ကိုဒီလှေကားပေါ်က တက်ရတာ..
ကျောင်းရဲ ့ဘုရားစင်ရှေ ့ကိုဒီလှေကားပေါ်က တက်ရတာ..

 

ဒါလေးတွေ..လှူခဲ့တယ်..။ ဒီဘုန်းကြီးကျောင်းအတွက်တော့.. ဒီနှစ်မှာ..ဒါလေးတွေပဲမို ့...နည်းနေပါသေးတယ်..။
ဒါလေးတွေ..လှူခဲ့တယ်..။ ဒီဘုန်းကြီးကျောင်းအတွက်တော့.. ဒီနှစ်မှာ..ဒါလေးတွေပဲမို ့…နည်းနေပါသေးတယ်..။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဲဒီလို အဲဒီလို . . . .

တကယ့်ကို လိုအပ်နေတဲ့

ချို ့တဲ့နွမ်းပါးသော

ကျောင်းကလေးတွေ ဆီမှာတော့. . . .

လှူမယ့်သူ မရှိ ။

 

(( ရှိရင်လည်း နည်းနည်းကလေးးးး ))

 

***************************

 

အဲဒီလို လွဲနေတာတွေ

မြင်ရ ကြားရတော့လည်းးး

အလင်းဆက်လေ . . . .

သူတို ့ သူတို ့အလှူဒါနတွေကို မြင်ပြီး

သာဓုခေါ် . . .

ပြီးတာနဲ ့. . .

သက်ပြင်းချ. . .

ခေါင်းကိုသာ တွင်တွင်ခါနေမိပါလေရော. ..

 

. . . . . . .

 

(( ဒါတောင် . . .တချို့ဆရာတော်ကြီးတွေ မွေးနေ့မင်္ဂလာဆိုပြီး . . .

ဒိန်းဒေါင်တို့ဘာတို့ညာတို ့ / အဆိုတော်တွေ မော်ဒယ်ဂဲတွေ /လူရွှင်တော်တွေနဲ ့ ပျော်ပွဲရွှင်ပွဲ ခြိမ့်ခြိမ့်သဲလုပ်ကြတာတွေအကြောင်းးး

မပြောချင်တော့လို ့ ။ ))

 

**********************************

 

🙁

 

🙁

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

21 comments

  • Ko chogyi

    November 18, 2013 at 8:01 am

    ပြောရဦးမယ်အလင်းဆက်ရယ် (ကြုံတုန်းလေး)
    မနေ့က ရှားရှားပါးပါးအားလပ်ရပ်ကလေးဖြစ်တာနဲ့
    အမေဆီကို မရောက်နိုင်တာ ရက်သတ္တပတ် ၅ ပတ်ခန့်ရှိပြီမို့
    (အမေက ကျွန်တော့်အစ်မအိမ် တစ်လှည့်သွားနေတာလေ)
    ဘတ်စ်ကားနဲ့ထွက်ခဲ့တယ်။
    ကျွန်တော်စီးတဲ့ဘတ်စ်က ဗိုလ်တထောင်ဘုရားနှင့် ရွှေတိဂုံဘုရားနှစ်ခုလုံးရောက်တော့
    ဘုရားဖူးသွားသူတွေ အများကြီးမို့ ကြည်နူးပီတိဖြစ်မိပါတယ်။
    အဲဒီသာယာမှုကို ဖျက်ဆီးလိုက်တာကတော့ ငှက်ဆိုးထိုးသံနဲ့တူတဲ့
    စပယ်ယာအသံပါပဲ။ ဒီနေ့လပြည့်နေ့မို့ ဟိုနားဒီနား ၁၀၀၊ ရွှေတိဂုံ ၂၀၀၊ ဝေးရင် ၃၀ဝ လှမ်းထား၊ နောက်နေ့ပုံမှန်အတိုင်းကောက်မယ်တဲ့။ လပြည့်နေ့မို့ အလှူလုပ်မလားမှတ်တယ်။
    ဈေး ၂ ဆ တင်ပြီးကောက်တယ်။ ဒေါသထွက်လာပေမယ်.။ မဟေသီက အတင်းကြိတ်ပြီး
    ဗိုက်ခေါက်ဆွဲထားလို့ ငြိမ်နေလိုက်ရတယ်။ စီးပွားရေးအကွက်မြင်တဲ့ ဒို့ဗမာပါ။

    Reply

    • alinsett

      November 18, 2013 at 11:46 am

      စီးပွားရေးအကွက်မြင်ချက်ကတော့ ပြော မပြောချင်ဘူး လေးချိုရေ

      မတော်လောဘကို ဘယ်လို ထုတ်သုံးရမလဲပဲ ကြည့်နေတာ
      နာဂစ်တုန်းကတောင် ကျိပါလား
      ငါးဆယ်လောက်ခရီးကို ငါးရာတောင်းကြတာ
      လူတွေ ဒုက္ခရောက်ချိန်တောင် မရှောင်
      လုပ်စားကြတာ

      🙁

      Reply

  • KZ

    November 18, 2013 at 9:58 am

    နောက်ခါ ဂလိုလုပ်။
    အဲဒါတွေကို သည်းခံနိုင်တဲ့ ကိုယ့်ကိုယ်ကိုပဲ သာဓုခေါ်တော့။

    :kwi:

    Reply

    • alinsett

      November 18, 2013 at 11:42 am

      ကိုယ်က အက်ဒါတွေ မြင်ရင်
      တွေးမဆုံး ရေးမဆုံးဖြစ်နေတတ်လို ့
      :kwi:

      Reply

  • ဦးကြောင်ကြီး

    November 18, 2013 at 10:54 am

    အလင်းဆက် ဓညင်းဝက် နင့်အတွက် ဘုံပြသာဒ် ဘဝဂ်ထက် ဝင်းဝင်းလက်…

    Reply

    • alinsett

      November 18, 2013 at 11:41 am

      ဟင်

      ဂယ်လားးး

      :kwi:

      Reply

  • TNA

    November 18, 2013 at 1:15 pm

    ဘယ်နားကကျောင်းလေးလဲအေ့။ ငါလဲကထိန်ခင်းဖြစ်ရင် အဲလိုကျောင်းမျိုးရှာခင်းမလို့စိတ်ကူးထား တယ်။ နောက်တခါ ဒညင်းဝက်ပဲအကူညီတောင်းရမယ်။ အလှုလှည့်တာကတော့ပြောချင်ဘာဘူးအေ။ မနေ့က ငါအပြင်ထွက်တော့ ကထိန်လှည့်လာတာနဲ့တိုးတယ်။ မိုက်နဲ့ သူကတောင်းပန်ပါတယ်။ ကျွန်တော်တို့က ကားအစီးနှစ်ဆယ်လောက်ပဲပါတာမို့ သီးခံကြပါ။ အခါကြီးနေ့ကြီးမှာ ကုသိုလ်ရေးမို့နား လည် ပေးကြပါတဲ့။ အင်းနားမလည်ဘူးဆိုရင် ငါတို့ကပဲငရဲရောက်တော့မလိုပဲ။ ကြည့်အုံးလေ သူ့ကားအစီး နှစ်ဆယ်ဆိုတာ ဆယ်ဘီးကားကြီးတွေ။ လမ်းတခြမ်းလုံးပိတ်ပီးအရှေ့ကဝင်းခင်း အနောက်က ဖွင့်ချက်ရာဖွင့်လာတာအေ။ နောက်ကားပေါ်မှာက ပဒေသာပင်ကနဲနဲ လိုက်လာတဲ့လူတွေ တူညီဝတ်စုံတွေနဲ့ကနဲတာမဟုတ်ဘူး။ ကျန်တဲ့လမ်းတခြမ်းကို ဟိုဖက်ကားဒီဖက်ကားမျှမောင်းရတယ်အေ။ စိတ်ကုန်ချက်

    Reply

    • alinsett

      November 18, 2013 at 5:29 pm

      အန်တီသဲရေ
      အဲဒီကျောင်းလေးက
      မရမ်းကုန်းမြို့နယ်(ကျောက်ရေတွင်းမြောက်ပိုင်း)
      ဝေဠုဝန်ကျောင်းတိုက်ပါ။
      အဲဒီကျောင်းရှေ ့ကို ကားဝင်ဖို ့နည်းနည်းခက်လို ့ ဖြေးဖြေးချင်း ဝင်ရတယ်။
      တကယ့် လမ်းကြိုလမ်းကြားပါပဲ ။

      အဲဒီကျောင်းထက် ဆင်းရဲချို ့တဲ ့တဲ့ ကျောင်းတွေရှိသေးတယ်။
      မြေစိုက်တဲသာသာ ကျောင်းတွေပေါ့
      အဲဒါတွေကတော့ တခြားမြို့နယ်မှာပါ။

      Reply

      • TNA

        November 21, 2013 at 12:10 pm

        မှတ်ထားလိုက်ပီအလင်းဆက်ရေ နောက်နှစ်မှမေးတော့မယ်

        Reply

  • kyeemite

    November 18, 2013 at 2:38 pm

    ဘာမှမပြောချင်တော့ဘူးအလက်ဆင်းရေ…မြင်ရတွေ့ရစိတ်ကုန်လို့ :kwi:
    အလက်ဆင်းတို့ရဲ့ ရွေးချယ်လှူတန်းမှုကိုချီးကျူးပါတယ်…
    သာဓု…သာဓု…သာဓု

    Reply

    • alinsett

      November 18, 2013 at 5:41 pm

      အဲဒီလို ကျောင်းလေးတွေက
      ရှာဖွေလေ တွေ ့ရှိလေ ပါပဲ ဦကြီးရယ်

      🙂

      Reply

  • aye.kk

    November 19, 2013 at 1:13 pm

    အလင်းဆက်ရဲ ့စိတ်တံခါးပေါက် အလင်းတွေနဲ ့ပြည့်နေတာ ချီးကျူးမိပါတယ်။
    သာဓုခေါ်မိပါတယ်။
    ကိုယ်နေထိုင်တဲ့မြို့ရွာလေးမှာ တော့နွမ်းပါးတဲ့ကျောင်းမှန်သမျှ
    ရောက်ဖြစ်အောင်သွားပြီးလှူမိတယ်။

    Reply

    • alinsett

      November 19, 2013 at 3:27 pm

      တီ အေးကေ..
      မတွေ့တာတောင်ကြာပေါ့ …။

      🙂

      Reply

  • ကြောင်ဝတုတ်

    November 19, 2013 at 4:59 pm

    ဒမယ်ကိုရင်…
    တော်ရုံခေါင်းမကောင်းဘဲနဲ့ ကျုပ်နောက်လိုက်မလာနဲ့တော်…
    အခုတော့ အရေးပေါ်သွားပြီး လေးချက်လောက်သွားချုပ်လိုက်ဦးမယ်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    Reply

    • alinsett

      November 20, 2013 at 7:49 am

      🙂

      ကျနော် ခေါင်း ကောင်းတယ်

      :kwi:

      Reply

  • padonmar

    November 20, 2013 at 2:10 pm

    သာဓုလည်​း​ခေါ်၊သက်​ပြင်​းလည်​းချ။​ခေါင်​းလည်​းတဆတ်​ဆတ်​ငြိမ်​့။
    ​ပြောရတာ​မော​ပေမယ်​့ တ​ယောက်​​လောက်​ စိတ်​​ပြောင်​းရင်​လည်​း အမြတ်​ပဲ သ​ဘောထားြပြီး ကြယ်​ငါး​လေး​တွေ ​ရေထဲ ဆက်​ပစ်​မယ်​

    Reply

    • alinsett

      November 20, 2013 at 5:54 pm

      တစ်ယောက်ပဲ စိတ်ပြောင်း
      မြတ်တာတော့ အမှန်ပါပဲ အန်တီရေ။

      မောတော့ မောတာပေါ့
      🙂

      Reply

  • မဟာရာဇာ အံစာတုံး

    November 21, 2013 at 12:17 pm

    သာဒု .. သာဒု …
    ဟင်းးးးးးးးးးးးးးးးး
    ဟင့်အင်း .. ဟင့်အင်းးး

    ကိုင်း .. နာလည်း ပီးဘီ

    Reply

    • alinsett

      November 21, 2013 at 1:19 pm

      မပြီးဘူး
      သာဒုက သုံးခါခေါ်ရတာ
      တစ်ခါကျန်သေးတယ်လေ
      🙂

      Reply

  • Swal Taw Ywet

    November 21, 2013 at 2:34 pm

    အဲဒီ ကိုကြီးကျော် ပေါ့ဗျာ၊
    အရုပ်ကြီးလုပ်ထားလိုက်တာ ကြက်ရော ပုလင်းရော ပါသဗျ။
    ရွာ ကွပ်ပျစ်လေးနားမရောက်ခင် “ တို့ ကိုကြီးကျော် ” လုပ်လာတယ်ဗျာ။
    ဟော…ကွပ်ပျစ်လေးလဲကျော်ရော “ က ”တဲ့သူလဲလိုက်ပြီးတဲ့နောက်….
    “ အိုပါ ဂမ်းနားစတိုင် ” ဖြစ်သွားပါရောလားးး
    ကိုကြီးကျော်တို့များတော်ချက်ကတော့…..
    ( ကူးထားလိုက်ပါတယ် အလင်းဆက်ရေ။ Bravo )
    With respect,
    Swal Taw Ywet.

    Reply

    • alinsett

      November 21, 2013 at 5:42 pm

      ကိုဂျီးကျော် ကို ပူဇော်ပသသူတွေကို အံ့ဩမိတယ်
      ကိုဂျီးကျော်ရဲ့ နာမည်ကျော်မှုကိုလည်း အံ့ဩတယ်ဗျာ

      လောက ကောင်းကျိုးအတွက် သက်စွန့်ဆံဖျား ကြိုးစားသွားသူတွေအများကြီး
      ကိုဂျီးကျော်လို နာမည်ကြီးမသွားရှာဘူး

      အဟိ။

      ဦးစွယ်ရေ ကျေးဇူးပါ

      Reply

Leave a Reply to Swal Taw Ywet Cancel Reply

Your email address will not be published.