CCTVတပ်ဆင်ပြီ

Hlaing Zar ChiNovember 13, 20131min00

မကွေးတိုင်းဒေသကြီးနှင့်အညီ မကွေးမြို့နယ်စည်ပင်သာယာဈေးများ လုံခြုံရေး CCTV ကင်မရာများတပ်ဆင်ဆောင်ရွက်နေ

မကွေးတိုင်းဒေသကြီးရှိ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီပိုင်ဈေးများတွင် နေ့စဉ်ရောင်းဝယ်ဖောက်ကား သွားလာနေကြသော ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် နှင့် ဈေးအတွင်း၌  မလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာပါက အထောက်အထားတစ်ရပ်အဖြစ် စောင့်ကြည့်ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ မကွေးမြို့၊ မြို့မဈေး၌ ရတနာဆိုင်များအပါအဝင် အခြားလိုအပ်သောနေရာများတွင် CCTV ကင်မရာ (၅)လုံး၊ရန်ပယ်ဈေးတွင် ရတနာဆိုင်များအပါအဝင် အခြားလိုအပ်သောနေရာများတွင် CCTV ကင်မရာ(၅)လုံး၊ကန်သာဈေးတွင် CCTV ကင်မရာ(၂)လုံး တို့အား နိုဝင်ဘာ(၇)ရက်နေ့ကစတင်တပ်ဆင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ယခုကဲ့သို့ဈေးများတွင် စည်ပင်သာယာရေး ကော်မတီ မှ CCTV  ကင်မရာများတပ်ဆင်ထားမှုအပေါ် ရန်ပယ်ဈေး၌ ဈေးရောင်းချနေသည့်ဈေးသည် ဒေါ်သန္တာအောင်အား မေးမြန်းရာတွင် ယခုကဲ့သို့ ခေတ်မီသော လုံခြုံရေးအထောက်အကူပြု ပစ္စည်းများတပ်ဆင်ပေးသည့်အတွက် ဈေးသူဈေးသားများ နှင့် ဈေးဝယ်သူများအတွက် ဘေးကင်းလုံခြုံစွာဈေးရောင်းဝယ်မှုပြုနိုင်သဖြင့်ကျေးဇူးတင်ရှိကြောင်း ယခုလို လုံခြုံရေး CCTV ကင်မရာများကို မကွေးမြို့ဝင်မြို့ထွက်ဂိတ်များနှင့် ဧရာဝတီတံတားဂိတ်များတွင် တပ်ဆင်အသုံးပြုသင့်ကြောင်း အရေးပေါ် ကိစ္စများ၊ လုံခြုံရေးကိစ္စများပေါ်ပေါက်လာပါက အထောက်အကူပြုနိုင်ကြောင်းဒေသခံများမှပြောကြားသည်။

Leave a Reply

Your email address will not be published.