ကန်ထဲကငါး
အရိုးဘယ်လောက်များများ
နောက်ဆုံး……………..
ချိန်ခွင်ထက်မှ
ဒယ်အိုးအရောက်…………..
ခံတွင်းစောက်နက်ထဲ
အစားခံရ မှာမို့
ရသလောက် ရေမှာကူးခတ်
ဒါ…..
ဘဝပဲမို့…။
(လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရေးထားတဲ့ ကဗျာလေးပါ ဘာရယ်တော့မဟုတ်ဘူး ပြန်တွေ့လို့တင်လိုက်မိတာပါ။)
အရိုးဘယ်လောက်များများ
နောက်ဆုံး……………..
ချိန်ခွင်ထက်မှ
ဒယ်အိုးအရောက်…………..
ခံတွင်းစောက်နက်ထဲ
အစားခံရ မှာမို့
ရသလောက် ရေမှာကူးခတ်
ဒါ…..
ဘဝပဲမို့…။
(လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရေးထားတဲ့ ကဗျာလေးပါ ဘာရယ်တော့မဟုတ်ဘူး ပြန်တွေ့လို့တင်လိုက်မိတာပါ။)
19 comments
Mr. MarGa
November 7, 2013 at 8:19 pm
ကိုဂ ရဲ့
အဲ့ဒီ ငါးက
အလှမွေးငါး ဖြစ်နေရင်ရောဗျာ………
အာဂ
November 9, 2013 at 3:54 pm
အလှမွေးငါးဘဝ ကပိုဆိုးပါတယ်။ ကန့်သတ်ချက်ဘောင်တွေထဲမှာ ကျွေးသမျှလေးစားပြီး ကူးခတ်နေရတာ လေ။ သူဘဝ က ရှင်သန်ခြင်းထက် သေဆုံးခြင်းက ပိုလှပနေမယ်လို့ကျွန်တော်တော့ ထင် မိတယ်။
အရိပ်စစ်
November 7, 2013 at 10:02 pm
ကဗျာလေးဖတ်ပီး
ဘာလဲဘာလဲကို တော့ မတိဘူး
တိမီး နည်းနည်းကြောက်တွားတယ်..တကယ်
အာဂ
November 9, 2013 at 3:57 pm
ဘာကိုကြောက်မိသွားတာလည်း သေဆုံးခြင်းတရားလား။ ဘဝ များလား။
ငှက် ငယ်
November 7, 2013 at 11:34 pm
ကောင်းပါတယ်
kyeemite
November 8, 2013 at 9:52 am
ကဗျာက တိုပေမဲ့
ဘဝကို သရုပ်ဖေါ်
အဟုတ်တော်တဲ့
မောင်အာဂ ပဲ။ 🙂
မဟာရာဇာ အံစာတုံး
November 8, 2013 at 10:10 am
ကူးသာ ကူး
မင်း ဂရု မစိုက်နဲ့ …
ကူးသာ ကူး
မင်း ဂရု မစိုက်နဲ့ …
ရို့ .. ရို့ ..
အာဂ
November 9, 2013 at 3:59 pm
အံအံ….. ရို့ရို့….
alinsett
November 8, 2013 at 1:24 pm
ငါးတစ်ကောင်အတွက် ဆုံးမစာလေး လိုပဲ
:kwi:
အာဂ
November 9, 2013 at 4:14 pm
ငါးထက်စာရင် သတ္တဝါတွေရဲ့လောကဆိုပိုခံစားလို့ကောင်းမလား။
TNA
November 8, 2013 at 5:53 pm
စားခံရမယ့်အတူတူတော့ အမောခံပီးကူးတော့ဘူးအေ။
အာဂ
November 9, 2013 at 4:17 pm
ဘဝဆိုတာ ရန်တန့်နေလို့ရရင်ကောင်းသားပေါ့ အန်တီရာ ။ မကူးချင်သော်လည်း ကုူးခတ်နေရတာကိုက ဘဝဖြစ်နေတာခက်တယ်ဗျ.။
ခင် ခ
November 8, 2013 at 11:24 pm
ကဗျာဖတ်ပြီး ဒီဆိုစကားသွားသတိရတယ်
အင်းငါးသေတော့ အင်းသားစားတယ်
အင်းသားသေတော့ အင်းငါးစားတယ် တဲ့။
အာဂ
November 9, 2013 at 4:18 pm
အင်းဒီစကားလေးက တော့ မှတ်သားစရာပဲ ကိုခင်ခရေ.။ သေဆုံးခြင်း ကို သေဆုံးခြင်းက စားတယ်လို့တောင် တွေးမိသေး။
padonmar
November 9, 2013 at 1:11 am
ငါးဘဝ မကူးတော့လည်း သေမှာမို့
အာဂ
November 9, 2013 at 4:20 pm
အမှန်ပဲ….။ သံသရာထဲက လူတွေလည်း တစ်ဝဲလည်လည်ကူးခတ်နေရတာ။မကူးလည်း သံသရာက လည်နေတော့…။
kai
November 9, 2013 at 4:22 pm
ငါးခေါင်းထဲ..လူဦးနှောက်ကြီး အတင်းထည့်ထည့် လိုက်တွေးစဉ်းစားသူကို…
ဂေါမဗုဒ္ဓက…လူက.. ငါးဘဝပြောင်းတယ်လို့… ပြောချင်ခဲ့ဟန်တူတယ်..။
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲ.. ထည့်ကြည့်ပေါ့….
အာဂ
November 9, 2013 at 4:39 pm
ဂေါတမ လုပ်ပါသူကြီးရယ်။
Ma Ma
November 9, 2013 at 8:24 pm
တိုတို ထိထိ 🙂