ပုဂံ ဘုရားဖူး

အလင်းဆက် ရဲ့ ကျွန်တော်ချစ်သော မြို့တစ်မြို့ ပို့စ်လေးကိုဖတ်ပြီး သကာလ …  ပို့စ် တင်ချင်သောငြား တင်စရာမရှိ ဖြစ်နေတဲ့ ရွှေမိုးတိမ် တစ်ယောက်  ဓါတ်ပုံအဟောင်းတွေမွှေနှောက် ပြီး သွားခဲ့တဲ့ ခရီးစဉ်တွေကို ပို့စ်အဖြစ်တင်ဖို့ ဝမ်းမြောက်ဝမ်းသာ အိုင်ဒီယာ ရရှိသွားပါတယ် ။

အခုပထမဆုံးတင်မယ့် ပို့စ် ဟာဖြင့် ပုဂံဘုရားဖူး ဆိုတဲ့ခေါင်းစဉ်နဲ့ ပုဂံသို့ တစ်ခါတစ်ခေါက် အလည်ရောက်ခဲ့စဉ်က ပုံလေးတွေနဲ့ တွဲတင်ပါ့မယ် ။ အဝေးရောက် ရွာသူ ရွာသားများ အလွမ်းပြေ ဘုရားဖူး ကြစေကုန် 🙂

ပုဂံခရီးစဉ်မှာ မန္တလေးကနေ ညခုနှစ်နာရီလောက် စထွက်ပြီး ပုဂံကို မနက် အစော တစ်နာရီ ရောက်ပါတယ် ။ မေခလာ တည်းခိုခန်းမှာ ခဏတာ အိပ်ပြီး မနက် ရှစ်နာရီ ကနေ စပြီး ပုဂံ မြို့ဟောင်းအနှံ့ဘုရားဖူး ပြီး  ည ခုနှစ်နာရီမှာ ပုဂံကနေ မန္တလေးကို ပြန်လာတာမို့ စိတ်အေးလက်အေး ဘုရားအစုံတော့ မဖူးခဲ့ရဘူး ။

သို့သော်ငြားလည် း            အနု မှာ အာနန္ဒာ
                                                  အမြင့် မှာ သဗ္ဗညု
                                                  ထု မှာ ဓမ္မရံ
                                                  ရှူ  ့ခင်းသာ ဗူးဘုရား   လို့ ဆောင်ပုဒ်ရှိတဲ့ ဘုရားလေးဆူကိုတော့ အစုံဖူးဖြစ်ခဲ့ပါတယ်။

 

ခု ပထမဆုံးတင်တဲ့ ပုံလေးကတော့ ပုဂံမြေပေါ်မှာ စေတီပုထိုးတွေ များပြားတာကြောင့် “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း” ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့မှတ်သားထားရတဲ့  ပုဂံရဲ့ စေတီတစ်ချို့တစ်ဝက် ကို ရိုက်ထားတဲ့ပုံလေးပါ ။  ကိန်းဂဏန်းနဲ့ပြောရရင် တော့ စေတီပုထိုးပေါင်း ၄၄၆၇၃၃ ပေ့ါနော်။  တစ်ခုပြောချင်တာက ရွှေမိုးတိမ် က ဖုန်းကင်မရာနဲ့ပဲရိုက်ရလို့ ပုံအရည်အသွေး ညံ့ဖျင်းတာကိုတော့ နားလည် ခွင့်လွှတ်ကြပါ လို့ …..

20130717_111816

 

 

ပုဂံမှာ ပထမဆုံးဖူးဖြစ်တဲ့ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ အာနန္ဒာဘုရားပါ။ အနု မှာ အာနန္ဒာ လို့ နာမည်ကြီးပြီး ရှေးဟောင်းအနုပညာတန်ဖိုး အပြည့်ရှိတဲ့ နံရံကပ် ကျောက်ရုပ်ထုတွေ ၊ နံရံဆေးရေးပန်းချီတွေ ၊ ၅၅ဝ ဇာတ်တော် သရုပ်ဖော်ပုံများ ကိုလည်း လေ့လာနိုင်ပါတယ် ။

20130717_113738

 

အာနန္ဒာဘုရားကို ဖူးမျှော်ပြီးတော့ သွားဖြစ်တာ က သရဗေတံခါးဖြစ်ပါတယ်။

20130717_115339

 

အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ သဗ္ဗညု ဂူဘုရားြဖစ်ပြီး ပုံဂံမှာ အမြင့်ဆုံး ဂူဘုရားကြီးြဖစ်ပါတယ်။ အုတ်စီလက်ရာကောင်းသော ဘုရားတစ်ဆူအဖြစ်လည်း ထင်ရှားပါတယ်။

20130717_120234

 

အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့တဲ့  မြစ်ကမ်းနံဘေးက လောကနန္ဒာစေတီ  ။ အနော်ရထာမင်းကြီးဟာ သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍  လောကနန္ဒာစေတီတည်၍ ဌာပနာပြုခဲ့တယ်လို့ မှတ်သားရပါတယ်။

20130717_131037

 

ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ ရွှေစည်းခုံ စေတီ

20130717_154248

20130717_155750

 

သက္ကရာဇ် ၅၄၅ ခုနှစ်မှာ တည်ထားခဲ့တဲ့ စူဋ္ဌာမဏိ စေတီတော်ြဖစ်ပါတယ် ။

(ရွှေမိုးတိမ် အိုင်ဒီယာလေး မနိပ်လားးးး ) 😛

20130717_163654

သူကတော့ သဲပန်းချီဆရာပါ ။ ဧရာဝတီမြစ်ကမ်းဘေး က ရတဲ့သဲမှုန်လေးတွေကို သုံးပြီး ပန်းချီဆွဲကြပါတယ် ။ ပုဂံ့ ရှု့ခင်း ၊ မြန်မာ့ရှု့ခင်း ၊ နတ်ရုပ် ၊ နွားလှည် း … ပန်းချီကားလေးတွေကတော့ အစုံပါပဲ ။ တစ်ချပ် ကို ပုံမှန် ၃၀၀ဝ ကနေ ၁၅၀၀ဝ လောက်ထိ ရောင်းကြတယ် ။ ဆယ်နှစ်အရွယ်လောက် ကလေးတွေတောင် သဲပန်းချီကောင်းကောင်းဆွဲတတ်နေကြပြီ ။ အသက်မွေးဝမ်းကျောင်း လက်မှုပညာတစ်ရပ် ပါ ။

20130717_121137

 

ဒါကတော့ ရွှေမိုးတိမ် ဟိုရိုက်ဒီရိုက် ရိုက်ရင်း သဘောကျမိတဲ့ ပုံလေးတစ်ပုံပါ ။ Road to Heaven လို့ ကွကိုယ် နာမည်ပေးထားတယ် 😀

20130717_164942

နရသူမင်း တည်ထားခဲ့သော ဂူဘုရားဖြစ်ပြီး ပုဂံမှာ ထုထည်အကြီးဆုံးဘုရားဖြစ်လို့ ထုမှာ ဓမ္မာရံကြီး လို့ပြောစမှတ်ပြုကြပါတယ်။

20130717_170456

ဗူးဘုရားပေါ်က လှမ်းရိုက်လိုက်တဲ့ ဧရာဝတီမြစ်နဲ့ ဆိပ်ကမ်း ….

20130717_181243

 

တုရင်တောင် ပေါ်က မမှိီမကမ်းလှမ်းရိုက်လို်က်ရတဲ့ ပုဂံဆည်းဆာ ။

20130717_190005

 

ဒါကတော့ ပုဂံက ပြန်ခါနီး နောက်ဆုံးဝင်ဖူးဖြစ်ခဲ့တဲ့ တုရင်တောင် စွယ်တော်မြတ်စေတီ ပါ။

ညမိုးချုပ်ခါနီးမို့ ဘုရားပေါ်မှာ ကိုယ်တွေပဲရှိတယ် ။ မိုးချုပ်လား မချုပ်လား … လတောင် စေတီအပေါ်ဘက်ရောက်နေပြီလေ … 🙂

20130717_191248

 

 

ပုံလေးတွေလဲတော်တော်များသွားပြီမို့ ပုဂံဘုရားဖူး ပို့စ်လေး ကို ဒီမှာပဲ ရပ်နားပါမယ်ရှင် ။ ပုဂံဘုရားဖူးကြတဲ့ ရွာသူ ၊ ရွာသားအပေါင်းလည်း စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေနော်။

 

 

 

 

 

27 comments

  • တကယ်တော့ ပုဂံဘုရားတွေသွားဖူးတာဟာ ကျေနပ်စရာကြီးပါဗျာ..
    အရင်ခေတ်က လက်ရာတွေကို လေ့လာနိုင်သလို ရှေးမြန်မာတွေရဲ့
    ဗိသုကာ လက်ရာအရည်အသွေး အဆင့်အတန်းမညံ့တာကို ပြနိုင်တဲ့ အထင်ကရ
    နေရာတစ်ခုပါပဲ။ မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးရမယ်ဆိုသလိုပဲ ကျွန်တော်တို့ မြန်မာလူမျိုးတွေ
    တစ်သက်မှာတစ်ခေါက်တော့ ရောက်သင့်တဲ့နေရာလေးပါ…….
    သို့သော်လည်း ……. ပြီးခဲ့တဲ့ နှစ်က ပုဂံကိုရောက်တဲ့အခါမှာတော့ စိတ်ပျက်စရာ ပုဂံရဲ့အလှဖျက်ဆီး
    နေတဲ့ ပတ်ဝန်းကျင်ကို နှမြောစွာ တွေ့ခဲ့ရပါတယ်။.နောက်မှ အဲဒီ ပုဂံအကြောင်းကို စီကာပါတ်ကုံးရေးပါဦးမယ်။

    Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 9:43 am

      ပုံလေးတွေဝင်ကြည့်သွားတာကျေးကျေးပါနော် 😀
      ခု intro ဝင်သွားတဲ့ မနှင်းဖြူလေးရေးမယ့် ပို့စ် များ ဖတ်ရန်စောင့်မျှော်လျက်ရှိပါကြောင်း 🙂

      Reply

  • မဟာရာဇာ အံစာတုံး

    October 29, 2013 at 4:38 pm

    ပုဂံ ပုံဒွေမြင်ဒေါ့
    ရောက်ခဲ့ဖူးတဲ့ တစ်ချိန်က ပုဂံကို သတိရမိဒယ် …
    အော် .. ကြာခဲ့ပြီပေါ့ကွယ် ..
    အလွမ်းတို့ ဝေဆာနေတဲ့ ရင်ခွင်မယ် …
    အော် .. လွမ်းလိုက်တာကွယ် ….
    ငါတို့ ရွာက လှမ်းကြည့်လိုက်ရင်ကွယ် …
    ပုပ္ပါးတောင်ကြီးကိုတောင် လှမ်းမြင်ရတယ် …
    (အဲ … အဲ .. ပုဂံ ကနေ ပုပ္ပါးရောက်တွားဒယ် .. ချော်တီး)
    :mrgreen:

    Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 9:44 am

      ငွင့်…
      ဘယ့်နှာ … အံချာတုံး ကတော့ နောက်တော့မယ် … 😕

      Reply

  • no non negative

    October 29, 2013 at 5:16 pm

    တ ခါ မှ မ ရောက် ဖူးဘူး ဒီ တ ခါ တွား အုံးမယ်

    Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 9:46 am

      အားပေးပါဒယ် …တွားဘာ တွားဘာ နိုနို ( တူညားခေါ်တာတွေ့လို့ လိုက်ခေါ်တာ 😀 )

      Reply

  • KZ

    October 29, 2013 at 6:14 pm

    မမ က ဟိုးးးးး အရင် ဘဝက ပုဂံက မိဖုရားကြီးတစ်ဦးပေါ့ကွယ်။
    ဘယ် မင်း လက်ထက်တုန်းလို့ မမေးနဲ့ မှတ်မိဘူးနော်။
    ဓာတ်ပုံတွေ မိုက်လို့ မနာလိုလို့ လျှောက်ပြောတာ။
    ပရီစန်တေးရှင်း ကလည်းကောင်းတယ်တော့!!

    :mrgreen:

    Reply

    • ဗုံဗုံ

      October 30, 2013 at 9:18 am

      ကြည့်လေ….ကြည့်လေ… နာ့မမဂျီး ဘယ်လောက်များအထီးကျန်သလဲဆိုရင်
      ဘုရင်မကြီးလို့ ပြောရင်ရရဲ့သားနဲ့
      ိမိဖုရားကြီးတဲ့……ခွိခွိ စိတ်ကူးယဉ်တာ.. စိတ်ကူးယဉ်တာ… :mrgreen:

      Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 9:47 am

      အာ့ကြောင့် မမကေဇီကို ညင်ဖူးပါဒယ် မှတ်နေတာ ..ပုဂံခေတ်မှာ သိကျွမ်းဖူးတဲ ့မိတ်ဟောင်းဆွေဟောင်း ဆွေတော်မျိုးတော် တွေဖစ်နေတာကိုးးးး
      😛

      Reply

  • Mr. MarGa

    October 29, 2013 at 7:27 pm

    အဟမ်းး အဟမ်းး
    ရွှေမိုးတိမ်လေး
    သတ်ပုံအဖွဲ့သားမို့ သတ်ပုံပဲ အရင်ပြောလိုက်ဦးမယ်
    ပထမ
    သရဗေ တံခါး တော့ မဟုတ်ဘူး ထင်တယ် သရပါ တံခါး လို့ ထင်တာပဲနော်
    နောက်
    ဓမ္မာရံကြီး အစား ဓမ္မရံကြီး လို့ ဖတ်ဖူးသလိုပဲ
    ပြီးတော့..ပြီးတော့လေ
    ရွှေစည်းခုံ စေတီ က အနော်ရထာ စ တည်ပြီး ကျန်စစ်သား လက်စသတ်တယ် လို့ မှတ်ဖူးတယ်နော့
    အဲဒါ အဲဒါလေးတွေ ပြောကြည့်တာပါ။
    ကျန်တာကတော့
    ဒီ အရေးအသားနဲ့တင် ပုဂံကို ပြန်သွားချင်လာတာ တကယ်။

    Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 9:51 am

      အမှားလေးတွေ ထောက်ပြတာ တကယ်ကျေးကျေးပါဂျာ
      သရပါ တံခါးလို့ပဲသိတာ။ ဒါပေသိ သရပါတံခါးသမိုင်းဆိုပြီးဖတ်ကြည့်လိုက်တော့ သရဗေ သရဗေနဲ့ ရေးထားတာတွေ့တော့ အော် နာသိတာ မွှားနေတာနေမှာပါလေ ဆိုပြီးးး 🙁
      ဓမ္မရံကြီးကတော့ တမီး စာလုံးပေါင်း မွှားသွားတာပါချင့် ။
      ပြီးတော့လေ ရွှေစည်းခုံစေတီကလည်း မောင်သိကြားကျောတာ မှန်ဒယ် ။

      ခုလို ပုံတွေကြည့် စာတွေဖတ်အများတွေပြင်ပေးတဲ့ မောင်သိကြားလေး ကျေးဇူးကမ္ဘာဆိုင်ရော 😀

      Reply

  • Ko chogyi

    October 29, 2013 at 7:50 pm

    သရပါတံခါးအမှန်ပါ မြှားတံခါးဆိုတဲ့ အမည်ပါ။
    ့ သဗ္ဗညုဘုရားရှေ့ကကွယ်နေတဲ့ စေတီလေးက ဂရိုချိုးဘုရားလို့ခေါ်ပါတယ်။
    တာလီချိုးထားတဲ့အုတ်တွေနဲ့ တည်ထားတာပါ။
    အနော်ရထာမင်းကြီးက စွယ်တော် ၄ ဆူလို့သတ်မှတ်ထားတဲ့
    ရွှေစည်းခုံစေတီ၊ တုရင်တောင်(တူရွင်းတောင်)စေတီ၊ လောကနန္ဒာစေတီနဲ့ တန့်ကြည်တောင်စေတီ
    တွေရဲ့ မူလဒါယကာဖြစ်ပါတယ်။

    Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 9:54 am

      ဟုတ်ကဲ့ အစ်ကို ။ ပြောပြပေးတာ ကျေးဇူးပါနော် ။

      Reply

  • alinsett

    October 30, 2013 at 7:36 am

    ရွှေမိုးရေ

    ပုဂံမြို့ဟာလည်း
    ကျနော်ချစ်သော မြို့တစ်မြို့ပါပဲ။
    လက်တွေ့မရောက်နိုင်သေးတော့လည်း
    ရွှေမိုးရဲ့ပိုစ့်ထဲကပဲ
    တစ်ခေါက်အရောက် သွားလိုက်ပါတယ်
    :kwi:

    Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 10:04 am

      အလင်းဆက်လေး ပိုက်ပိုက်မကုန်ဘဲ တစ်ခေါက်ရောက်သွားတာပေါ့ကွယ် ။။။
      အာ့ဆို ချွေမိုးတိမ်ကိုမုန့်ဝယ်ကျွေးတင့်ဒယ် 😆

      Reply

  • Wow

    October 30, 2013 at 9:25 am

    ၂၀၀ရ လောက်တုံးက တစ်ခေါက်ရောက်ဖူးတယ်… အခါခါထပ်သွားချင်တဲ့နေရာထဲမှာ ပုဂံလဲပါပါတယ်… 🙂

    Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 10:06 am

      ပုဂံဟာ စိတ်အေးလက်အေး နှစ်ရက်သုံးရက်နေပြီး ဘုရားဖူးရင် ပိုကောင်းမယ့်ပုံနော် ။ ညနေခင်းတွေမှာ စက်ဘီးလေးစီးပြီး ပုဂံမြို့ဟောင်းရဲ့ အလှအပတွေကို ခံစားရတာလည်း ရသတစ်ခုပဲ…

      Reply

  • ဗုံဗုံ

    October 30, 2013 at 10:46 am

    နာ ပုံဂံသွားတုန်းကလေ… အထင်ကရ နေရာတွေစိတ်မဝင်စားဘူး
    ချောင်ကြိုချောင်ကြား..တွေတအားသွားချင်တာ…
    ဟိုကြားတိုး ဒီကြားတိုးနဲ့… အမေက မိဗုံ နင် မဘွေးရှာတာလားလို့ပြောမှ
    လန့်ဖျန့်ပြီးမသွားတော့တာရယ်….. :mrgreen:

    Reply

    • KZ

      October 30, 2013 at 11:05 am

      ကျန်းးးးးးးး

      ဟိုး အရင် ဘွက မိဖုရား မမဂျီးကို လာ ဂါရဝ ပု မဘွေးမလေးက ဗုံဗုံ ကိုးးးးး

      :mrgreen:

      Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 11:14 am

      အဟီးးး တော်သေးဒါပေ့ါ မဘွေးနဲ့မတိုးလို့ 😀

      Reply

  • Ma Ei

    October 30, 2013 at 10:58 am

    ရွှေမိုးတိမ်ရဲ့ ပုဂံဓာတ်ပုံလေးတွေကြည့်ရတာ
    ပို့စ်ကတ်လေးတွေ လိုဘဲ လှတယ်…
    အန်တီအိလည်း ပုဂံကိုချစ်တယ်…
    ပုဂံ အနှံ့နဲ့ ကျောက်ပန်းတောင်းက ထီးတော်လှုပ်ဘုရား၊
    ပုပ္ပါးတောင်ပေါ်က ကျောက်နွားသိုး တစ်ကောင်ဘုရား တွေလဲရောက်ဖူးတယ်…
    ငါးခေါက်လောက် ရောက်ပြီးပေမယ့် လဲထပ်သွားဦးမှာ…
    🙂

    Reply

    • ရွှေမိုးတိမ်

      October 30, 2013 at 11:24 am

      မမအိ … ပုံလေးတွေကို ချီးကျူးလို့ ပျော်ထှာာာ
      😀 😀

      Reply

  • Crystalline

    October 30, 2013 at 11:36 am

    ဖုန်းနဲ့ရိုက်ပေမယ့်ပုံလေးတွေကောင်းတယ်.. ဘာဖုန်းလဲ.. ခုတလောရောဂါထနေလို့ :mrgreenn:
    ပုဂံကို၂ခါရောက်ဖူးတယ်.. ဘူဖေးအသားကုန်ဆွဲတယ်.. ဘယ်ဘုရားမှာလဲမသိဘူး.. စန်းဆက်သွားကြည့်တယ်.. ဘုရားကလည်းပြန်ဆင်းရော.. လေအသားကုန်တိုက်တာပါလား.. လုံချည်ကိုအတင်းဖိထားရတယ်.. :)) အောက်ကနေ ပြန်ကြည့်တော့ စကတ်နဲ့ဘိုမကြီးတွေ မီးပုံပျံတွေလွှင့်နေသလိုပဲ :mrgreenn:

    Reply

    • ရွှေမိုးတိမ်

      October 31, 2013 at 9:38 am

      ဖုန်းဂလေ ဆမ်ဆောင်း အက်စ် အက်ဒဗန့်စ် လေးဘာာ ။

      ဒါဆို ဆန်းစက်ကြည့်ရင်း မီးပုံပျံလွှတ်ခဲ့တာပေါ့နော် 😀

      Reply

  • အရိပ်စစ်

    October 31, 2013 at 6:25 pm

    တမ်းတမ်း တတ
    လွမ်းမိပါသည်
    ပုဂံမြေသို့ ခြေစုံချခွင့်
    ဘယ်သောအခါ ရပါလိမ့်ဟု
    မျှော်လင့် နိုးနိုး မျှော်ကိုးစိတ်ဖြင့်
    လွမ်းမိပါ၏ ပုဂံပြည်…

    ဓမ္မဗျုဟာ စာစောင်တစ်ထဲက
    ပုဂံကို မရောက်ဖူးသေးတုန်းက ဟတ်ထိပီး အရမ်းကြိုက်တဲ့ ကဗျာလေးပါ ( သဲပန်းချီပညာလေးကို အရမ်းသဘောကျတယ် )

    Reply

  • ရွှေမိုးတိမ်

    November 1, 2013 at 10:25 am

    ဟုတ်တယ် ။ ကျွန်တော်လည်း ဂျပန်လူမျိုးဆရာမကို တစ်ချပ်ဝယ်ပြီး လက်ဆောင်ပေးတာ သူအရမ်းသဘောကျတယ် ။ 3000ကျပ်ပဲ 😀

    Reply

  • Rose Minn

    November 13, 2013 at 11:50 pm

    ရှေ့လကတော့ ပုဂံရောက်ခဲ့ပေမယ့် မိုးတိမ်လိုမစုံခဲ့ဘူး။ အခုမှပဲ ဘုရားစုံရောက်သွားတော့တယ် မိုးတိမ်ရေ။
    ပန်းချီဆရာတွေရဲ့လက်ရာကတော့ အံ့ဩလောက်ပါပေရဲ့နော်။ ဘုရားပုံတစ်ပုံ ဝယ်ခဲ့တယ်။

    Reply

Leave a Reply

Your email address will not be published.