ပျောက်ဆုံးသွားသော မြတ်နိုးမူ့ အတွက် အလွမ်းစာ….

အရိပ္စစ္October 28, 20131min010
ကြိုသိခဲ့လို့ မဟုတ်ဘူး
ရလဒ်တစ်ခုက ဒဏ်ရာတွေပဲဖြစ်မယ်ဆိုတာ  သေချာနေလို့
အဲဒီတုန်းက တွေဝေခဲ့တယ်ဆိုတာ
ရှားရှားပါးပါး မြတ်နိုးမူ့တစ်ခုကို နှမျောမိလို့..
ဝေးကွာခြင်းတစ်ခုကို  သယ်ဆောင်သွားတဲ့အတွက်
နောင်တရနေမလား…
လုံးဝမေ့ထားခဲ့သည်ပဲဖြစ်စေ
အရင်လိုဆောင်းညမှာ သီချင်းတွေ အော်ဆိုကြဦးစို့…
ခပ်မဲ့မဲ့အပြုံးတစ်ချက်နဲ့
ခပ်အောင့်အောင့်ပဲ ရယ်မောလိုက်ပေါ့..
နင်ပြုစားမရတဲ့ ကျောက်ရုပ်ရဲ့
မျက်ရည်တစ်စက
ဟာသဖြစ်နေမလား…
နေရာဟောင်းတစ်ခုမှာ
ငါ စိုက်ခဲ့တဲ့ သစ်ပင်လေးကို
ကိုယ်တိုင်ပဲ ရိတ်သိမ်းနေပါတယ်
 ရွေးချယ်ခဲ့တဲ့ လမ်းမတစ်ခုက
နင့်အမုန်းတွေအတွက်
ဖြေဆေးတစ်ခုရှိပြီးသားပါ
အချိန်လွန်ကာမှ ငါ့ကိုခွင့်လွှတ်ရင်း  နင်ပြန်လွမ်းပစေပေါ့.။  ။
                                                             အရိပ်စစ်

10 comments

  • KZ

    October 28, 2013 at 8:49 am

    ကတောက်!
    ဂလိုမိုးလေး ရေးတတ်ချင်တာ။

    :mrgreenn:

    Reply

    • surmi

      October 28, 2013 at 8:56 am

      ဟုတ်​ကဲ့ …
      မခိုင်​ဇာ​ပြောတဲ့အတိုင်​းပါဘဲ …
      ​လေးစားအားကျမိပါ​ကြောင်​းးး

      Reply

    • အရိပ်စစ်

      October 28, 2013 at 10:45 am

      ခိခိ…..

      Reply

    • အရိပ်စစ်

      October 28, 2013 at 10:47 am

      ကျေးကျေးပါ နော့…

      Reply

      • alinsett

        October 28, 2013 at 11:12 am

        အရိပ်ရေ
        အားပေး ခံစားနေမြဲပါနော့

        Reply

        • အရိပ်စစ်

          October 29, 2013 at 5:46 am

          ကျေးကျေးပါ ချင့်…

  • ဗုံဗုံ

    October 28, 2013 at 10:51 am

    အချိန်လွန်ကာမှ ငါ့ကိုခွင့်လွှတ်ရင်း နင်ပြန်လွမ်းပစေပေါ့.။ ။
    ငါ့များ စောင်းရေးသလားမယ်နုရယ်
    😥 😥

    Reply

    • အရိပ်စစ်

      October 29, 2013 at 5:48 am

      ဗုံဗုံရေ..
      ဟဲဟဲ
      စောင်းရေးရပါဝူး
      တည့်တည့်ဂျီးကို ရေးတာပါညော်….

      Reply

  • ရွှေမိုးတိမ်

    October 28, 2013 at 11:06 am

    ကဗျာလေး ဖတ်သွားတယ် ရိပ်ရိပ်ရေ။
    ကိုယ်တောင် လွမ်းချင်ချင်ဖြစ်တွားတယ် …. 🙁

    Reply

  • အရိပ်စစ်

    October 28, 2013 at 2:30 pm

    တိမီးကဒေါ့
    လွမ်းဒေါ့ဝူး
    အလွမ်းဟောင်းဒွေမို့ယေ…

    ကျေးကျေးပါ ရွှေမိုးတိမ်လေးရေ…

    Reply

Leave a Reply to အရိပ်စစ် Cancel Reply

Your email address will not be published.