တေဂျင်ဒဲ့ ကျား. . .တောပြောင်းဒယ်ပေါ့. .ahak ahak

alinsettOctober 24, 20131min027

011

 

 

“ အဝေးက မြက်ခင်းလေး…. စိမ်းတယ်. . .။´´

 

 

အဲဒီ စကားလေးကို

ဘယ်မှာ ဘယ်သူပြောတာလဲ မမှတ်မိတော့ပေမယ့်

စကားရဲ့ အဓိပ္ပါယ်လေးကို သဘောကျပြီး စွဲနေခဲ့တယ် ။

 

မြက်ခင်းလေးတွေ ဟာ အဝေးက လှမ်းကြည့်ရင်တော့ စိမ်းစ်ိုလန်းဆန်းပြီး သွားရောက်ချင်စရာ … ကောင်းတယ် ။

 

တကယ်တမ်း အနားကို အရောက်သွားတဲ့အခါမှာတော့ ………

အဝေးက မြင်ရသလောက် မစိမ်းတော့ပဲ ခပ်ကျဲကျဲနဲ့ အလဲလဲအကွဲကွဲ သာမန်မြက်ခင်းလေးပါပဲ. . .။

 

{{ အဝေးကကြည့်ကြည့်

အနီးက ကြည့်ကြည့် စိမ်းမြဲစိမ်းတဲ့ မြက်ခင်းတွေတော့ ရှိမှာပေါ့။

အဲဒီလို စိမ်းစိုနေတဲ့ မြက်ခင်းတွေ ဆီ အရောက်သွားနိုင်ရင် ကောင်းတာပေါ့။ }}

 

ဒါပေမယ့် တော်တော်များများကတော့ အဝေးက ကြည့်ရင်သာ စိမ်းလန်းတဲ့ သာမန်မြက်ခင်းတွေပါ။

 

အဲဒီလို အဝေးက မြင်ပြီး စိမ်းနေတဲ့မြက်ခင်းဆီကို

မက်မောစွာ လှမ်းသွားတဲ့ လူတိုင်းဟာ အစက ကိုယ် ရပ်တည်နေတဲ့

(အဝေးကမြက်ခင်းလောက်မစိမ်းတော့ဘူးလို့ ယူဆလိုက်တဲ့ ) လက်ရှိ နေရာလေး ကို စွန့်ခွါထားခဲ့ရတော့တာပါပဲ ။

 

အဲဒီလို မူလနေရာကို အထင်မကြီးတော့တဲ့ စိတ်နဲ့ အဝေးကမြက်ခင်းစိမ်းတွေဆီ ပြေးထွက်လာတဲ့အခါ. . . .

အနီးရောက်တော့မှ အဝေးကမြင်ရသလောက် ………

မစိမ်းတဲ့ မြက်ခင်း ပေါ်မှာ အဆီအငေါ်မတည့်ပဲ ………

အိုးနင်းခွက်နင်းတွေ ဖြစ်ကုန်ပါလေရော ။

 

ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား နေရာကို စွန် ့ခွါ ခဲ့ရတဲ့အတွက်

အဝေးကမြက်ခင်းလေးဆီရောက်တဲ့အခါ ထင်သလောက် မစိမ်းစို မလန်းဆန်းတဲ့အပြင်. . . .

သူစိမ်းဆန်တဲ့ နေရာတစ်ခုဆီမှာ အသားမကျနိုင်တော့ဘူး ။

 

ကိုယ် ့ မူလနေရာကလေးဆီလည်း ပြန်ပြေးလို့မရ ။

အနီးရောက်မှ ထင်သလောက်မစိမ်းတဲ့ မြက်ခင်းကိုလည်း စိမ်းလာအောင် ကိုယ်ဖန်တီးလို ့မရ ။

 

အဲဒီလို ရှေ့တိုးရလည်း ခက် နောက်ဆုတ်ဖို့လည်းမလွယ်တဲ့ အခြေအနေမျိုးကို. . . .

အဝေးက မြက်ခင်းလေး စိမ်းတယ်လို ့ထင်ပြီး နေရာအပြောင်းအရွှေ့လုပ်သူတွေ ကြုံင်္ပါတယ် ။

 

~~~~~~~~~~~~~~~~~~~~~~~~

 

တစ်ရွာမပြောင်းရင် သူကောင်းမဖြစ်ဘူးဆိုတဲ့ ရှေးလူကြီးတွေရဲ့စကား … … … မှန်သင့်သလောက်မှန်လိမ့်မယ် ။

 

ဒါပေမယ့် … … …

အမြဲတမ်းတော့ မှန်နေမှာ မဟုတ်ပါဘူး။

မှားတဲ့ အခါလည်း အကြီးအကျယ်မှားနိုင်ပါတယ် ။

 

~~~~~~~~~~~~~~~~~~~~~~~

 

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဝေးကမြက်ခင်း စိမ်းတယ်ထင်ပြီး နေရာဟောင်းကို စွန့်ခွါ ပြေးထွက်သွားသူတွေ မကြာခဏတွေ့ရပါတယ်။

 

အလုပ်အသစ်တစ်ခုကို နဂိုအလုပ်ထက်ပိုကောင်း မှာပါ ဆိုတဲ့မျှော်လင့်ချက်နဲ့ အလုပ်ဟောင်းဆီကနှုတ်ထွက်သွားတယ်။

အဝေးကမြက်ခင်း ( အလုပ်သစ်)ဆီမှာ ဝင်တယ် ။

ဒါပေမယ့် … … … အလုပ်ဟောင်းမှာတုန်းကထက်

ပို စိတ်ညစ်စရာ ကောင်းတဲ့ ကမောက်ကမအခြေအနေတွေကို အလုပ်သစ်မှာ ကြုံရတယ်။

 

စိမ်းမယ်လို့ထင်တဲ့ မြက်ခင်းလေးးး

ထင်ထားသလောက် မစိမ်းတဲ့အခါ. . . .

{ စိမ်းလာအောင်လည်းးး ကိုယ်က လုပ်ယူလို့မရသေးတဲ့အခါ. . . .}

ကိုယ့်ရပ်တည်ချက်တွေဟာ ကစဥ့်ကလျားနဲ့ . . .

ဟန်ချက် ပျက်ခဲ့ရပါတယ် ။

 

~~~~~~~~~~~~~~~~~~~~~~~

 

အနီးနားက အကြောင်းသိ ဆိုးတူကောင်းဖက် သူငယ်ချင်းလေးက

ချစ်သူအဖြစ်တဆင့်တက်ဖို့ ကမ်းလှမ်းလာတဲ့အခါ … … …

တွေ ့နေမြင်နေကျ ငယ်ပေါင်းကြီးဖော်မို ့ရိုးအီပြီး ရင်မခုန်ပါဘူး။

 

{{ အနီးက မြက်ခင်းလေးး  ………..  ရိုးလွန်းတယ်ထင်ပြီး ငြင်းဆန်ခဲ့ပါရဲ့ ။ }}

 

အဝေးကမြက်ခင်းလေးဖြစ်တဲ့ တစ်နယ်တစ်ကျေးသား ကိုလေထွားကို မြက်ခင်းစ်ိမ်းစိမ်းထင်ပြီး

ယုံကြည်လက်တွဲမိတော့မှ …..

အစက မမြင်မိတဲ့ အပြစ်အနာအဆာတွေ တစ်ခုပြီးတစ်ခုပေါ်လာ… … … …. .

 

အဲဒီတော့ မှ … … … …

အရင်က အနီးကပ်ဆုံးနေခဲ့ရတဲ့ မြက်ခင်းလေးကို နှမြောတသ ရ . . . . .

 

ဒါမျိုးတွေလည်းးးရှိတာပါပဲ ။

 

———————————-

 

တကယ်တော့လည်း. . . . . . . . . . . .

ကျွန်တော်တို့ဟာ တွေ ့နေမြင်နေကျ မြင်ကွင်းတွေကို ရိုးအီလာတဲ့အခါတိုင်း . . . . . .

အဝေးက မြက်ခင်းလေးတွေကို

စိမ်းတယ်လို ့ထင်မိတတ်တာပါပဲ ။

 

အဲဒီ အဝေးက မြက်ခင်းစိမ်းစိမ်းလေးတွေဆီကို အပြေးကလေးသွားပြီး

လန်းဆန်းကြည်လင်ပစ်လိုက်ချင်တဲ့ တပ်မက်စိတ်ကလေးတွေ ဖြစ်လာတဲ့အခါ. . . . .

လက်ရှိနေရာလေးမှာ မသာယာနိုင်တော့ပဲ. . . .

မနှစ်သက်ဖွယ်ရာ အချက်တွေကိုသာ ဆွဲတွေးလို့ . . . .

မြက်ခင်းစိမ်းတဲ့ အဝေးကိုသာ တမ်းတမျှော်မှန်းနေပါလေရော ။

အဝေးက မြက်ခင်းစိမ်းပါရဲ့ ။

 

တကယ်တမ်းအနီးကပ်ကြည့်တဲ့အခါ ထင်သလောက်မစိမ်းတာကို နောင်တနဲ့အတူ သိလိုက်ရမယ့် အစား

နောင်တ မရခင် …..ကျွန်တော်တို့ လုပ်နိုင်ခွင့် ရှိတာကို လုပ်ကြည့်ဖို့ လိုပါတယ် ။

 

~~~~~~~~~~~~~~~~~~~~~~~~

 

တကယ်လို ့အဝေးက မြက်ခင်းစိမ်းစိမ်းလေးကို မြင်သွားပြီးးး

လက်ရှ်ိနေရာကလေးဆီက ပြေးထွက်သွားချင်လာပြီဆိုရင်. . . . . .

 

လက်ရှိ ရပ်တည်နေတဲ့ နေရာမှာရော

အဲဒီလို . . . .

လှမ်းမြင်ရသလောက် စိမ်းတဲ့မြက်ခင်းမျိုးးး   ပျိုးကြည့်လို ့မရဘူးလားးး။

 

အဲသလိုမေးခွန်းမျိုးကို မေးဖို့ လိုပါတယ်။

 

အဖြေကတော့ . . . . . .

 

ရ ရမှာပေါ့။

 

” မရဘူးဆိုတာ မသေချာသေးသ၍တော့ . . . မရနိုင်ဘူးလို ့မပြောပါနဲ့ဦးနော် ”

 

———————————-

 

တကယ် စိမ်းတာ သေချာသလား…. မသေချာဘူးလား မသိနိုင်တဲ့ . . . . . .

အဝေးက မြက်ခင်းစိမ်းထက်   ပို စိမ်းပြီးးပိုလှပတင့်တယ်တဲ့ မြက်ခင်းမျိုး..

ကျွန်တော်တို့ အခု ရပ်နေတဲ့နေရာမှာ ………..အရင်ပျိုးကြည့်ရအောင်. . .

 

ဖြစ်ရမယ်လို ့ ယုံကြည်နိုင်ရင်  …ဖြစ်နိုင်ဖို ့50 %လောက် သေချာပါပြီ ။

 

———————————-

 

“” ကံကို ယုံပါ။  ဒါပေမယ့် စိုက်ခင်းလေးကိုတော့ ရေလောင်း ပေါင်းသင်ပါ ။ “”

 

အဲဒီစကားလေးကို ဆရာတော်ဦးဇောတိက ရေးဖူးတယ် ။

 

ဟုတ်တယ် ။

ကျွန်တော်တို ့ယုံထားတဲ့ ကံဆိုတာကလည်း …..အလုပ်ပဲ ဖြစ်ရမယ် ။

 

လက်တွေ ့ကျတဲ့ အလုပ်ကို လုပ်ပြီးးး…………

ပိုစိမ်းလန်းမယ့်မြက်ခင်းတွေကို……………….

ဒီနေရာမှာပဲ စိုက်ပျိုး ယူကြပါစို ့။

 

အဝေးက မရေရာတဲ့ မြက်ခင်းစိမ်းထက်…………..

ပိုပြီး စိမ်းလန်းစိုပြေနေမယ့်……………

ဟောဒီ . . .မြက်ခင်းပေါ်မှာ. . ………………

သာသာယာယာ. . . . . . . . . . . နင်းလျှောက်ပျော်ရွှင်နိုင်မယ်လို ့……………….

ယုံကြည်ကြပါစို ့။

 

——————————-

 

{{ စကားမကျန်အောင် ပြောကြည့်ရ ရင် တော့. . . .

လက်ရှိ နေရာမှာ အဝေးကထက်   ပို စိမ်းလန်းမယ့် မြက်ခင်းမျိုး ပျိုးယူကြည့်ပြီးလို ့မှ

အခြေအနေက ထူးမလာဘူးဆိုတော့လည်းးးးးးး

ဟိုအဝေးက မြက်ခင်းစိမ်းဆီသွားရုံပါပဲ။

ထင်ထားသလောက် မစိမ်းတော့လည်း  ထင်ထားသလောက် စိမ်းအောင် လုပ်ယူရုံပဲပေါ့ ။ }}

 

 

စကားတစ်ခုကိုတော့ သတိရနေလိမ့်မယ် ။

 

” လက်ထဲက ငှက်တစ်ကောင်က…. ချုံထဲက ငှက်နှစ်ကောင်လောက် တန်တယ်”

 

**********************************

 

 

တွေးမိတာလေး ချရေးမိတာပါ။

ဝေဖန်ဆွေးနွေးပေးကြပါဦးနော် ။

 

လေးစားစွာဖြင့်. . .

 

အလင်းဆက်

 

24 / 10 / 2013

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

27 comments

  • KZ

    October 24, 2013 at 2:10 pm

    အခြေအနေအရပဲ။
    လက်ရှိ အနေအထားကိုပဲ ကောင်းအောင်နေတယ်။
    ……………..
    စိတ်ချမ်းသာသလောက် အရွေ့ပဲ ရွေ့တယ်။
    ကံ ပေးလို့ အကြီးကြီးရွေ့ရရင်လည်း အသစ် ကြုံရပဟဆို ပျော်အောင်နေတယ်။
    …………………
    ပြန်ရစရာမရှိအောင် ရှုံးတဲ့ အရှုံး မရှိဘူးဆိုတာ ယုံ လို့
    ရှုံး ရင်လည်း ဘယ်လို အရှုံးမျိုးကဖြစ်ဖြစ် ရစရာ တစ်ခုခုပြန်ရှာတယ်။
    …………………..
    ဘယ်အရာမှ မမြဲဘူးးးး
    အဲတော့ ဘယ်ဟာမဆို ခဏပဲ ဆိုတဲ့ စိတ်ထားတယ်။
    ……………………
    အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိတယ်။
    ………….
    စားနိုင်သလောက်ပဲ ကိုက်မယ်။ လောဘမကြီးဘူးးး
    ………………..
    ဘာလုပ်လုပ် သတိလက်လွတ်မလုပ်ဘူးးး
    ………………
    လောကမှာ ဘယ်ဟာကမှ ကောင်းတယ်။ ဘယ်ဟာက မကောင်းဘူး ဘောင်မခတ်ဘူးးးး
    …………….

    ဟောဟဲ။ မောတာအေ။ ဘီယာလေး တစ်ခွက်လောက်!!!
    😀

    Reply

    • alinsett

      October 24, 2013 at 2:59 pm

      good

      🙂

      ———

      ဘီယာကတော့
      ကျွန်တော်တောင် လစာထုတ်ပြီးမှ သောက်နိုင်မှာ

      🙂

      Reply

  • TNA

    October 24, 2013 at 2:41 pm

    တရွာမပြောင်းသူကောင်းမဖြစ်။ သေချင်တဲ့ကျားတောပြောင်း။ ကံထမ်းလာတာမမြင်ရလှံထမ်းလာတာပဲမြင်ရတယ်။ ကံကိုယုံပြီးဆူးပုံမနင်းရာ။
    အင်းရှေးလူကြီးတွေများဘာပြောချင်မှန်းကိုမသိဘူး ဖွင့်လိုက်ပိတ်လိုက်နဲ့။ ဘယ်ဟာကိုလိုက်လုပ်ရမ လဲတောင်မသိဘူး။ အိုက်ဒေါ့လဲ ကိုယ်ထင်ရာပဲကိုယ်လုပ်လိုက်တယ်အေ။
    နောက်ခါလာနောင်ဈေး ကိုယ်ဖြစ်ကိုယ်ခံ သေရင်မြေကြီး ရှင်ရင်ရွှေထီးတဲ့ 😥

    Reply

    • alinsett

      October 24, 2013 at 3:03 pm

      အက်ဒိလို ဖြစ်နေရမှာ

      အန်တီသဲ လည်း အတွေးအခေါ်တွေက ဂျွမ်းပစ်နေပြီ။
      ကောင်းပါလေ့

      🙂

      Reply

  • kyeemite

    October 24, 2013 at 3:27 pm

    ´*•♫✿*•♫ဝါဝါမြင်တိုင်း၊ ရွှေအစစ်လို့မထင်လိုက်ပါနဲ့ ချစ်တဲ့သူရယ်♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫
    ´*•♫✿*•♫ဘုရားမှတ်လို့ရှိခိုးကိုးကွယ်၊ ဖွတ်ထွက်ခါမှ တောင်ပို့မှန်းသိပါတယ်ကွယ်
    ♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫ကျားရဲရာ ကြမ္မာမယိုးသာတယ်…☺♪♫♀♫☼♫☺မြေနိမ့်ရာ လှံမစိုက်ချင်နဲ့
    ♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫ဘူးသီးမှ အရီးလာမတော်နဲ့ကွယ်♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫ 😀
    ကြားဘူးတဲ့ စကားပုံသီချင်းတပိုင်းတစပါ 🙂

    Reply

    • အရီးခင်

      October 24, 2013 at 3:35 pm

      ကကြီးမိုက်
      ကျုပ်မှာ ဘူးပင် မရှိပါဘူးတော့။ 😉

      Reply

    • alinsett

      October 24, 2013 at 5:19 pm

      ဦးကြီး ရေ

      အဲဒီ သီချင်း ကို
      အခုဆိုသွားတယ်နော်

      ဒီတစ်ခါတွေ့ဆုံပွဲကျရင်လည်း
      ဆိုပြပါလားဟင်

      :kwi:

      Reply

  • အရီးခင်

    October 24, 2013 at 3:29 pm

    တစ်ချို့ မြေ တွေက မြက်ခင်း ကို ဖျက်နေတဲ့ အရိုင်းပင် တွေ ကို ပိုသန် ဖို့ အားပေး နေတတ်တာ။
    ဒီတော့ ဘယ်လောက်ကြိုးစား ကြိုးစား စိမ်းနေမဲ့ မြက်နုနုလေး တွေ တက်မလာနိုင်တော့ဘူး။
    တစ်ခု ဘဲ လုပ်လို့ ရတာက။
    အဲဒီ မြေ ကို အစ အဆုံး မြေလှန် လိုက်ဖို့ဘဲ။
    မလုပ်နိုင်ရင်တော့ ကိုယ့်အားနဲ့ ကြိုးစားပျိုးတိုင်း တက်လာနိုင်မဲ့ မြက်ခင်းလေး ကို အားပေးတဲ့ မြေရှိရာ ကို သွားကြရမှာဘဲ မဟုတ်လား။။
    😛

    Reply

    • alinsett

      October 24, 2013 at 5:39 pm

      အရီးရေ

      comment လေး အတွက် ကျေးဇူးပါဗျ

      အခု ကျွန်တော်လည်းလေ
      မြင်ခင်းလေးကို အားပေးနိုင်မယ့်
      မြေ
      ရှာနေတယ်

      Reply

  • Mr. MarGa

    October 24, 2013 at 3:51 pm

    ဘယ်မြက်ခင်းမဆို
    တူတာ တစ်ခုတော့ ရှိတယ်။
    အဲဒါက အစိမ်းရောင် ဖြစ်နေတာပဲ
    နင့်ဟာနင် ဘယ်မြက်ခင်းမှာပဲ နေနေ
    ဟိုပဲ ပြောင်းပြောင်း ဒီပဲ ပြောင်းပြောင်း
    ကြိုက်ရာ လုပ်လို့ရတယ်။
    အဲ…. တစ်ခုတော့ ရှိတယ်
    အဆင်ပြေလို့ ကျောချ အိပ်တော့မယ် ဆိုမှ
    ခွေးချေးနဲ့ မတွေ့အောင်တော့ သတိထား
    ငိငိ

    Reply

    • alinsett

      October 24, 2013 at 5:40 pm

      ဒဂျားမဲ ရာ
      နီ ့ဒဿနကလည်း
      ကဗျာမဆန်လိုက်တာ

      :kwi:

      Reply

      • Mr. MarGa

        October 24, 2013 at 8:00 pm

        ဒဿန လေ
        ကဗျာမှ မဟုတ်တာ
        ကဗျာဆန်ဖို့မလိုဘူး
        ရှင်းဖို့၊ နားလည်လွယ်ဖို့ပဲ လိုတယ်
        အမှန်တကယ်က ရေးချင်ရာရေးထားတာ ငိငိ

        Reply

        • alinsett

          October 24, 2013 at 8:51 pm

          ကဗျာမဆန်ရင် မကြိုက်ဘူးကွာ..။
          :kwi:

  • lele kyi

    October 24, 2013 at 4:29 pm

    ပြောရခက်လွန်းတယ်။ ကျမ လည်းမွေးရပ်မြေမှာမြက်ခင်းစိ်မ်းစိမ်းလေးဖြစ်ချင်ခဲ့ပါတယ်။ အခြေအနေတွေနဲ့ပတ်ဝန်းကျင်ရယ် ခေါင်းမာလွန်းတဲ့ ခံယူချက်ကြောင့် အဆင်မပြေခဲ့ပါဘူး။ ဟိုတနေ့ကတောင် အဖြူအစိမ်းတွေဝတ်ပြီး အိပ်ငိုက်နေတဲ့ အဒေါ်ကြီးတွေပုံမြင်လိုက်သေးတယ်။ မွေးရပ်မြေမှာစိမ်းလန်းနေပုံများ အားကျစရာ။

    Reply

    • alinsett

      October 24, 2013 at 5:44 pm

      ဆိုတော့

      ပထမ အဆင့်အနေနဲ့
      အိပ်နေတာတွေထဲက နိုးထ ဖို ့ လည်း လိုသေးတယ်

      ပြီးမှ မြက်ခင်းစိမ်းဆီရောက်ဖို ့ ကြိုးစားရမယ်ပေါ့

      🙂

      Reply

  • ဗုံဗုံ

    October 25, 2013 at 10:44 am

    တေဒင်ဒဲ့ ကျား တောပြောင်း…..
    နာ ပြောဝူးလား..ဒေါ်ဖွားမေဘဲ အေးဆေးပါတယ်ဆို
    နီကမှ….ဒေါ်ဖွားမေထက် 10 နှစ်လောက်ကြီးတဲ့…..
    အမီနာကို သွားကြိုက်တာဂိုး…..ခံပေါ့…. ဝက်ရယ်..
    :mrgreen: :mrgreen:

    Reply

    • alinsett

      October 25, 2013 at 5:49 pm

      အမီနာ ဆိုဒါ

      ဒေါ်ဂျီးဗုံရဲ့ ငယ်နာမည်လား

      :kwi:

      Reply

  • Wow

    October 25, 2013 at 11:04 am

    အဝေးကျိကျိ အနီးကျိကျိ ကျိလို့ကောင်းဖို့အရေးကြီးတယ်… ဒီတစ်ခါ ဒါ့ပုံရိုက်ရင် လူဖယ်ပြီး ရှုခင်းပဲရိုက်ပါ တညင်းဝက်ရယ် :mrgreen:

    Reply

    • alinsett

      October 25, 2013 at 5:51 pm

      အော်
      မမဝေါ

      ကျွန်တော့်ကို တော်တော် မြင်ဖူးချင်ပုံ ရတယ်နော်

      🙂

      Reply

  • ကျော်စွာခေါင်

    October 25, 2013 at 12:42 pm

    ကမ ္ဘာကြီးရဲ ့ တနေရာမှာ…
    မြက်ခင်းတခုပေါ့..
    နှလုံးသားဗဟိုပြုလို ့…အချစ်တွေ ယိမ်းတဲ့အခါ
    မြက်ခင်းတွေ စိမ်းမှာပေါ့..
    လှည့်စားချင်သူ လေယူရာတိမ်းသူအတွက်.
    နှလုံးသား ပဉ္စလက်
    အရောင်ရဲ ့လှည့်ကွက်နဲ ့…ပ ထုတ်တတ်တယ်..။
    ကြင်နာခြင်းမိုးစက်တွေ နမ်းတဲ့အခါ..
    နှလုံးသားဟာ မြစိမ်း ကဗ္ဗလာပေါ့ ချစ်သူ..။
    မင်းလက်လေးတွေ မငြူစူဘူးဆိုရင်
    မြက်ပင်လေးတွေ ချည်ငင်လို ့
    ယက္ကန်းခတ်လိုက်ပေါ့
    ကိုယ်တောင့်တ တဲ ့
    နှလုံးသား အနွေးထည်…။ ။

    ….
    ပြောသာ ပြောရတာ…ခွကျတယ်….ဘယ်မြက်ခင်း ပြောင်း ပြောင်း…ဒီ ကျား အဆင်ပြေမှာ မဟုတ်ဘူး
    ဘာဖြစ်လို ့ လဲ ဆိုတော့ ကျားက မြက်မှ မစားတာ။

    Reply

    • alinsett

      October 25, 2013 at 5:47 pm

      ဦးခေါင်ရည်က
      အမြဲလိုလိုပဲ
      ကျွန်တော်တို ့မတွေးမိတဲ့ ထောင့်လေးတွေက တွေးတတ်တယ်
      အခုလည်း ဦးခေါင် စကားလေးကို သဘောကျသွားပြီဗျာ
      ဒါကြောင့် စိမ်းထားမယ်နော်

      comment လေးအတွက် ကျေးဇူးပါ ဦးခေါင်ရည်

      Reply

  • Ko chogyi

    October 26, 2013 at 12:16 am

    “ တကယ်လို ့အဝေးက မြက်ခင်းစိမ်းစိမ်းလေးကို မြင်သွားပြီးးး

    လက်ရှ်ိနေရာကလေးဆီက ပြေးထွက်သွားချင်လာပြီဆိုရင်. . . . . .”

    ဂေါက်ကွင်းထဲက မြက်ခင်းပေါ်မှာ သွားအိပ်နေလိုက်ပါ။

    သေချာပါတယ် မြက်ခင်းပျိုးကြည့်စရာ မလိုတော့ဘူးလေ………………..

    Reply

    • alinsett

      October 26, 2013 at 9:49 am

      စိမ်းနေအောင် ပျိုးထားပြီးသား
      မြက်ခင်း တွေဆီ သွားရမယ် ပေါ့လေ

      ဂေါက် ကွင်းထဲက မြက်ခင်းကတော့ စိမ်းချက်
      🙂

      Reply

  • ရွှေမိုးတိမ်

    October 26, 2013 at 10:22 am

    အဝေးက မြက်ခင်း စိမ်းတယ်ထင်သော်ငြားလည်း …ကိုယ့်မြက်ခင်းကိုယ် မစွန့်ခွာနိုင်သူပါကွယ်ရို့ …

    Reply

    • alinsett

      October 26, 2013 at 10:55 am

      အော် သံယောဇဉ်ကြီးသူရယ်
      ဒါဆိုလည်း
      ကိုယ့်မြက်ခင်းလေး စိမ်းအောင်ပဲ
      ကိုယ်တိုင် အားထုတ်မယ်ပေါ့လေ

      :kwi:

      Reply

  • ရွှေမိုးတိမ်

    October 26, 2013 at 11:02 am

    ဒါပေ့ါဒါပေ့ါ ။ မြက်ခင်းချည်းပဲ မစိမ်းလို့ အိမ်ရှေ့ဝရန်တာမယ် ငရုတ် ကြက်သွန်မြိတ် ခရမ်းချဉ် ၊ ပန်းထိမ်ငို ၊ချဉ်ပေါင် ၊ ခိုင်ရွှေဝါ ၊ သပြေ … .စိုက်ရသမျှ အကုန် မြေအိုးတွေနဲ့စိုက်ထားသကွယ် ။ စိမ်းလို့ စိုလို့ … ဟိဟိ 😀

    Reply

Leave a Reply to alinsett Cancel Reply

Your email address will not be published.