ပျော် မျှော် အော် ရော် ဖူးတဲ့ သီတင်းကျွတ်

ခင္ခOctober 21, 20131min012

ပျော် မျှော် အော် ရော် ဖူးတဲ့ သီတင်းကျွတ်

 

ပျော် ခဲ့ဖူးတဲ့ သီတင်းကျွတ်

ငယ်တုန်းအရွယ် ကလေးဘဝရယ်ကပေါ့ သီတင်းကျွတ်ဆိုရင် လမ်းတွေလမ်းတွေမှာ ဆီမီးထွန်း တေးသရုပ် ဖော် ဇာတ်စင်တွေနဲ့ ဖျော်ဖြေကြ၊ တစ်ချို့လမ်းတွေမှာ လမ်းလည်ပိတ်ကားထောင်ပြီး ၃ ကားပေါင်းမိုးလင်း ရုပ်ရှင်တွေပြကြ၊ ပြီးတော့ ပွဲဈေးတန်းတွေကလည်း အစီအရီမို့ မိဘတွေ အဖိုးအဖွားတွေ ထံကဝါကျွတ် ကန့်တော့ မုန့်ဖိုးလည်းရသမို့ မုန့်စားလိုက် တေးသရုပ် ဖော်တို့ ရုပ်ရှင်တို့ကြည့်လိုက် အိမ်ရှေ့ မီးပန်း လွှတ်လိုက်နဲ့ အဲဒီရက်တွေက ကျောင်းကလည်း သီတင်းကျွတ် ကျောင်းပိတ်ရက်မို့ ကျောင်းစာလည်း မကျက်ရ ဆိုတော့ ငယ်စဉ်ကလေးဘဝ ဒီသီတင်းကျွတ်ကို အခုလို ဆိုရင်ရတယ်ပေါ့ဗျာ ပျော် ခဲ့ဖူးတဲ့ သီတင်းကျွတ်။

 

မျှော် ခဲ့ဖူးတဲ့ သီတင်းကျွတ်

အဲဒီလိုနဲ့ တက္ကသိုလ်ကျောင်းပြီးဘွဲ့လည်းရတော့ အလုပ်ထဲရောက်ကာ ဘဝကိုရုန်းကန်လှုပ်ရှားရပြီပေါ့ဗျာ။ အလုပ်လုပ်နေပြီဆိုတော့ လှုပ်ရှားမှ မုန့်စားရ ဆိုသလို အလုပ်တွေလုပ်ကြရတယ်ပေါ့ဗျာ။ အလုပ်တွေလုပ် နေရင်း ချစ်ရမည့်သူတွေတစ်ယောက်နဲ့ဆုံကာ ရှေးဖူးစာကံပါလာတော့ ရည်းစားဘဝချစ်သူရပြီမို့ အတူနေဖို့ အရေးတွေးကာဆွေးနွေးပြီး နှစ်ဖက်မိဘသဘောတူကြလို့ ဒီတစ်ဝါသီတင်းကျွတ်ရင်ဖြင့် လက်ထပ်ကြစို့ မောင်မယ်စုံဆိုတော့ အဲဒီနှစ်က သီတင်းကျွတ်ကိုတော့ အခုလို ဆိုရမပေါ့ဗျာ မျှော် ခဲ့ဖူးတဲ့ သီတင်းကျွတ်။

 

အော် ခဲ့ဖူးတဲ့ သီတင်းကျွတ်

ဪ ဘဝ ဘဝ ဘကုန်းနဲ့ဝပေါင်းလို့ဘဝဖြစ်သလို မောင်နှံစုံပေါင်းလို့ အိမ်ထောင်ဘဝတည်ထောင်ကြပြီး နှစ်အချိန်တွေလည်း ကြာလာတော့ သားသား မီးမီး စုံကာညီလို့ မိသားစုလေးဖြစ်ကြလာပြီပေါ့။ ကိုယ်ငယ်ငယ် တုန်းက ကလေးဘဝကလို ကိုယ့်သားသမီးတွေလည်း သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ အိမ်ရှေ့ထွက်ပြီး မီးပန်း လွှတ်ချင်တယ် မီးပုံးတွန်းချင်တယ် ပွဲဈေးလျှောက်ချင်တဲ့အခါ မိဘတို့ဝတ္တရားလိုက်ကာပို့ ထိန်းပါစို့ပေါ့။ အဲလို လိုက်ကာပို့ ထိန်းပါစို့ဆိုပေမယ် ပါးစပ်ကလေးကတော့ သားသမီးတွေ ဘေးကင်းရေးအတွက် မီးပုံးတွန်းရင် လည်း လမ်းပေါ်အရမ်းကြီးမတက်နဲ့ မီးပန်းလွှတ်တော့လည်း မျက်နှာနဲ့ခွါထား ပွဲဈေးလျှောက်တော့လည်း အဖေ့လက်တွဲထား အမေလက်တွဲထား ကောင်းကောင်းလျှောက်စမ်း စသည်ဖြင့် ပြောနေဆိုနေအော်နေရသမို့ အဲဒီအခါ သီတင်းကျွတ်ကိုအခုလိုပြောလို့ရမယ်လေ အော် ခဲ့ဖူးတဲ့ သီတင်းကျွတ်။

 

ရော် ခဲ့ဖူးတဲ့ သီတင်းကျွတ်

လောကကြီးမှာ ရပ်မရတဲ့အရာသည် အချိန်ပင်ဖြစ်ပေသည်ဆိုသလို ရက်ကို လစား လကို နှစ်စား နှစ်ကို ဆယ်စုနှစ်စား ဆိုသလို ရပိမရတဲ့အချိန်တွေကြောင့် အသက်တွေလည်းကြီး အိုလာပြီးတော့ သားတွေသမီး တွေလည်း အိမ်ထောင်တွေသူတို့တောင် အသီးသီးကျ အလုပ်တွေရသမို့ တစ်ချို့လည်း အဝေးမှာ တစ်ချို့လည်း အနီးမှာရှိခဲ့ကြပေမယ့် သူတို့အလုပ် သူတို့အိမ်ထောင် အလုပ်တွေရှုပ်ကာပြုသမို့ အချိန်အားရတယ်မရှိကြတဲ့ခေတ် ပြေးလွှား ရှာဖွေစုနိုင်မှာချမ်းသာမယ်ဆိုသလိုဖြစ်နေသမို့ သီတင်းကျွတ်ခါနီး မိဘထံဆီကန့်တော့လာကာမှ မြင်ရတွေ့ရ စုံညီလှတဲ့ သားနဲ့သမီး မြေးနဲ့မြစ်တို့ မိသားစုမျက်နှာငေးကာတစ်ဝကြည့်ဖို့ ဒီလိုသီတင်းကျွတ် ကိုတော့ဖြင့် ရော်ရမ်းကာ မျှော်တမ်းတတွေးကာ ငေးပါပေါ့ဆိုသိုဖြစ်ရပြီမို့ ရော် ခဲ့ဖူးတဲ့ သီတင်းကျွတ် လို့သာ ဆိုလိုက်ချင်ပါရဲ့လေ။

 

 

ခင်ခ။

( ၁၃၇၅ ခုနှစ် သီတင်းကျွတ်ကာလ၌ ရေးသီသည်။)

12 comments

  • KZ

    October 21, 2013 at 2:22 pm

    အမြဲတမ်း ပျော်ချင်ပါဗျို့။
    ရေးထားတာလေး ကောင်းလိုက်တာ ကိုကြီးခရေ။

    သင်္ကြန်လို ဖော်ရ ပေါ်ရ တာတွေ မဟုတ်လို့ တော်သေးမှတ်ရ။

    😀

    Reply

    • ခင် ခ

      October 21, 2013 at 2:27 pm

      သူပြောမှဘဲ ခေါင်းစဉ်တောင် ထပ်တိုးရမလိုဘဲ ဖော် ခဲ့ဖူးတဲ့ သီတင်းကျွတ်တို့ ပေါ် ခဲ့ဖူးတဲ့ သီတင်းကျွတ် တို့လေ။

      Reply

  • ဦးကျောက်ခဲ

    October 21, 2013 at 2:25 pm

    ကျောက်စ်ကတော့ “ပျော် ခဲ့ဖူးတဲ့ သီတင်းကျွတ်” လွန်ခဲ့လို့….
    အခု “မျှော် ခဲ့ဖူးတဲ့ သီတင်းကျွတ်” ရောက်ပြန်ပြီ….
    ကျန်တာတွေကတော့ နောင်မှ… ဟီ ဟိ
    😀

    Reply

    • ခင် ခ

      October 21, 2013 at 2:29 pm

      အရမ်းကမ်ရောလည်း မျှော် မနေနဲ့အုံး ဆရာကျောက်ရေ။ မင်္ဂလာပွဲမှာ မြန်မာဆန်ဆန် စတစ်ကော်လာ တိုက်ပုံဝတ်မယ်ဆို လည်ပင်က အရမ်းရှည်နေရင် ကြည့်မကောင်းဘူးဗျ။

      Reply

      • TNA

        October 21, 2013 at 2:59 pm

        ကျောက်စ်ကလွတ်လပ်ရေးနေ့မျှော်ရမှာမဟုတ်ဘူးလား။ အိုက်ဒေါ့ကျောက်စ်အတွက် သတင်းကျွတ်ကျော်မှရမှာဆိုတော့ ကျော်ခဲ့ဖူးတဲ့သတင်းကျွတ်ဖြစ်ရတော့မပေါ့နော့ကိုခင်ခရေ။

        Reply

  • kyeemite

    October 21, 2013 at 2:58 pm

    ကိုခရေ ရန်ကုန်သီတင်းကျွတ်ကတော့ တိတ်ဆိတ်စွာနဲ့ ပြီးသွားလေရဲ့ဗျာ

    Reply

  • ဗုံဗုံ

    October 21, 2013 at 3:15 pm

    ဒီနှစ်လည်းမိဗုံတို့ ကျွတ်သေးပါဘူး…
    နောင်နှစ်ခါလည်းဆီးလို့ကြိုမယ်….. ဒန့်..တန်..တန်.. :mrgreen:

    Reply

  • Mr. MarGa

    October 21, 2013 at 3:18 pm

    ပျော်ဖူးတယ်…
    မီးတွေထွန်း…..ဗျောက်သေးသေးလေးတွေ ဖောက်လို့
    မျှော်ဖူးတယ်…
    မရောက်ခင်က ကြိုပြီးတော့
    အော်ဖူးတယ်…
    အိမ်ရှေ့က လက်ကမြင်းတဲ့ ကလေးတွေကို
    ရော်ဖူးတယ်
    လာဖမ်းမယ်လို့ အမြဲ ပုံပြင်ပြောတတ်တဲ့ ဦးဦးရဲကြီးများကို ရော်ရမ်း မျှော်မှန်းကာ တမ်းတဖူးတယ်….
    :mrgreenn: :mrgreenn:

    Reply

  • alinsett

    October 21, 2013 at 6:15 pm

    လေးခရေ

    လေးခရေးတဲ့ သီတင်းကျွတ်ကဗျာလေးကို ပို သဘောကျမိတယ်ဗျာ
    လေးခ က ကဗျာ ရေးတာပိုကောင်းတယ်။
    အခုပိုစ့်လေးကလည်း ပိုစ့်နာမည်လေးက ချစ်စရာလေးး

    Reply

  • surmi

    October 22, 2013 at 12:10 am

    အဟမ်​းးးးးးး…
    ကျ​နော်​က​တော့ ယခုလက်​ရှိ ​အော်​​နေရတဲ့သီတင်​းကျွတ်​ပါဗျို့….
    ​ရော်​ဖို့လည်​း နီးလာပြီထင်​ရဲ့..

    Reply

  • ရွှေမိုးတိမ်

    October 22, 2013 at 4:33 pm

    ပျော်တဲ့အရွယ်လွန်ခဲ့ပြီ … ဘာလိုလိုနဲ့ မျှော်တဲ့အရွယ်ရောက်ပါပေါ့လား … သို့ပေသောလည်း မျှော်တော့ မမျှော်လိုသေးပါဘူးဗျာာာ …

    အချိန်တန်တော့လည် း အော် ရ ၊ ရော် ရ ဦးပေမည်။

    Reply

  • padonmar

    October 22, 2013 at 6:55 pm

    ပျော်ခဲ့ဖူးတယ် မမျှော် မအော် ဖူးတော့ဘူး
    ရော် တော့ မရော်ပါရစေနဲ့
    ရင့်ရော်တာတော့ဖြစ်နိုင်တယ်

    Reply

Leave a Reply to kyeemite Cancel Reply

Your email address will not be published.