ရမ်းဖြီးကျွန်းပြန် ဓေါက်သာ အံချာဒုံး၏ ခွေးသုတေသန မှတ်တမ်း

====================================

ခွေးတွေ ချွေးထွက်ကြတယ်

ခွေးတွေ ဟောဟဲ ဟောဟဲ ဖြစ်နေတာကို ခင်ဗျားတို့လည်း ကြားဖူးကြမှာပါ။ ဒါပေမယ့် ချွေးထွက်တာကို တွေ့ဖူးကြပါသလား။ နိုးစ် … မတွေ့ဖူးဘူး။ ဘတ်ထ် … ခွေးတွေ ချွေးထွက်ကြတယ် ခင်ဗျ။

ဟုတ်ပါတယ်။ ခွေးသုတေသန ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ အနန္တစကြဝဠာ မဟာရာဇာ အံစာတုံးက ပြောပါတယ်။ ခွေးတွေရဲ့ ခြေလေးချောင်းကြားထဲမှာဆိုရင် ချွေးထုတ်တဲ့ အကြိတ်လေးတွေ ရှိနေပါသတဲ့။ အဲ့ဒီနေရာတွေက ချွေးထွက်တယ်ပေါ့ဗျာ။

မယုံ ပေါင်လှန်ကြည့်။

ခွေးထီးတွေက ခြေထောင်ပြီး သေးပန်းတယ်

ခွေးထီးတွေဟာဆိုရင် သစ်ပင်တွေ တိုင်တွေကို သေးပန်းတဲ့အခါမျိုးမှာ သူတို့ရဲ့ ခြေထောက်ကို ထောင်ပြီးတော့ သေးပန်းတတ်ကြပါသတဲ့။ ဒီလိုမျိုး ပန်းတာကလည်း ရည်ရွယ်ချက်ရှိရှိ ပန်းကြတာပါ။ အကြောဆန့်တဲ့အနေနဲ့ အပျင်းပြေ ခြေထောက်ထောင်ပန်းတာ မဟုတ်ဘူး။ သူတို့ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ သူတို့က ရှည်ကြတယ် ဆိုတာနဲ့ ဘယ်နှစ်ကောင်မိုက်လဲ ဆိုပြီး စိန်ခေါ် ခြိမ်းခြောက်လိုက်ခြင်းပါပဲတဲ့။

အာဖရိကမှာရှိတဲ့ အချို့သော ခွေးရိုင်းများကတော့ဖြင့် သစ်ပင်ကို ပြေးတက်ပြီးတော့မှ သေးပန်းတတ်ကြပါတယ်။ ဒါက ဘာအတွက် ရည်ရွယ်ကြသလဲဆိုတော့ကာ သူတို့ အရမ်းကြီးတဲ့အကြောင်း ပေါ်လွင်စေဖို့ပါတဲ့။

ပရော်ဖက်ဆာ ဒေါက်တာ အနန္တစကြဝဠာ မဟာရာဇာ အံစာတုံး ဦးဆောင်တဲ့ ခရိုအေးရှား သိပ္ပံပညာရှင်အဖွဲ့ကတော့ ဒီလို ခွေးထီးများ သေးပန်းခြင်းနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိထားတာ တစ်ခု ရှိပါသေးတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ကာ … လမ်းဘေး မီးတိုင်တွေပေါ့။ လမ်းဘေး မီးတိုင်တွေကို ခွေးထီးတွေ သေးပန်းတဲ့အခါ ဓာတုဗေဒနည်းအရ ခွေးထီး သေးကထွက်တဲ့ ဓာတ်က ဓာတ်မီးတိုင်တွေကို လဲပြိုစေနိုင်ပါသတဲ့။

ဘယ်နှစ်ကောင် မိုက်လဲကွာ …။

ချောကလက်က ခွေးကို နာကျင်စေပါတယ်

စပျစ်သီး၊ စပျစ်သီးခြောက်၊ ချောကလက်၊ ချက်ထားတဲ့ ကြက်သွန် စတဲ့ စတဲ့ ကဖိန်းဓာတ် ပါဝင်တဲ့ အစားအစာတွေကို လိုတာထက် ပိုစားမိတဲ့အခါမျိုးမှာ ခွေးတွေမှာ ကျောက်ကပ်နဲ့ ပတ်သက်ပြီး ဒုက္ခနဲ့ လှလှ တွေ့ရတတ်ပါသတဲ့။ ဒီလိုပဲ .. ပန်းသီးနဲ့ သစ်တော်သီးများရဲ့ အစေ့များထဲမှာလည်း ခွေးတွေအဖို့ သေလောက်အောင် ဖြစ်စေတတ်တဲ့ အဆိပ်များ ပါဝင်ပါသတဲ့။

ခွေးရဲ့ မျက်နှာကိုကြည့်ပြီး အသက်ကို ခန့်မှန်းလို့ ရနိုင်တယ်

ဟုတ်ကဲ့။ ခွေးရဲ့ မျက်နှာကို ကြည့်ပြီး သူတို့ရဲ့ သက်တမ်းကိုလည်း အတန်ငယ် မှန်းလို့ ရနိုင်ပါသတဲ့။ ချွန်မြ ထက်မြ နေတဲ့ မျက်နှာကို ပိုင်ဆိုင်သူ ခွေးမျိုးများဟာ၊ တစ်နည်းအားဖြင့် ဝံပုလွေ မျက်နှာနဲ့ ဆင်တူဟန်ရှိတဲ့ ခွေးမျိုးများဟာဆိုရင် အသက် ရှည်တတ်ကြပါသတဲ့။ Bulldogs လို မျက်နှာမျိုး ရှိကြတဲ့ ခွေးများမှာတော့ဖြင့် သက်တမ်း တိုတတ်ကြပါသတဲ့။

ငါ့ကို အသက်တိုတယ်လို့ ပြောတာ မင်းတို့ ကောင်တွေလား။ ထောင်ပန်းလိုက်ရမလား။

“dog days of summer” ဆိုတာ ရိုမန်တွေ ထွင်ခဲ့တာ

“dog days of summer” ဆိုတဲ့ စကားစုကို တီထွင်ဖန်တီးခဲ့ကြသူများဟာဆိုရင် ရှေးခေတ်ဂရိများနဲ့ ရိုမန်များပါတဲ့။ ဒါကလည်း နွေရဲ့ အပူဆုံးနေ့ရက်များ ဆိုတာကို ဖော်ပြဖို့ အတွက်ပါတဲ့။ ဒီလို အခါမျိုးမှာဆိုရင် ခွေးများကို ရေခဲချောင်းတွေနဲ့ ဆော့ကစားစေကြပါသတဲ့။

တကယ်တမ်း .. “dog days of summer” ဆိုတာကို ဘာသာပြန်ရရင် နွေရာသီရဲ့ ခွေးဖြစ်သော နေ့ရက်များရယ်လို့ ဘာသာပြန်ရလေမလားပဲ။ ခွေးဖြစ်တဲ့ နေ့ရက် ဆိုကတည်းက ဆိုးရွားလွန်းတဲ့ နေ့ရက်များလို့ပဲ နားလည်တတ်ကြမှာပါ။

ဒီစကားလုံးရဲ့ အဓိပ္ပါယ်က မကောင်းတာနဲ့ ဆက်နွှယ်နေတာ မဟုတ်ဘဲ ကောင်းတာနဲ့ ဆက်နွှယ်နေတယ်လို့ ပြောရမယ်။ ကောင်းကင်ယံမှာ အထွန်းလင်းဆုံး ကြယ်တစ်လုံး ဖြစ်တဲ့ Dog Star ဖြစ်လာခြင်းနဲ့ “dog days of summer” ဖြစ်လာပုံဟာဆိုရင် တစ်ချိန်တည်းမှာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်တဲ့အတွက် မကောင်းတဲ့ အဓိပ္ပါယ်နဲ့ မတွေးဖို့အကြောင်း ပရော်ဖက်ဆာ ဒေါက်တာ မဟာရာဇာ က ပြောကြားသွားခဲ့ပါတယ်။

Day of the Summer

ရောဂါတွေကို အနံ့ခံနိုင်

ခွေးတွေဟာ ဆိုရင် တကယ့်အထူးခြားဆုံး နှာခေါင်းပိုင်ရှင်များပါပဲ။ သူတို့ဟာဆိုရင် ကင်ဆာ ရောဂါ ဖြစ်စေနိုင်တာတွေကို အနံ့ခံနိုင်သလို ဝက်ရူးပြန်ရောဂါနဲ့ ဆီးချိုရောဂါတွေကိုလည်း အနံ့ခံနိုင်ကြပါသတဲ့။ ဒါကြောင့် ရောဂါ ဖြစ်နေသူတွေ ခွေးတွေကို အနံ့ခံခိုင်းကြပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်။ ရောဂါ အနံ့မခံဘဲ ကိုက်လိုက်ရင်တော့ ကျုပ်နဲ့ မသက်ဆိုင်ပါကြောင်း။

ခွေး ဖင်းဂါးပရင့်

ဖင်းဂါးပရင့် ဆိုလို့ လက်ကို သွားကြည့်မယ်ဆိုရင် အမှားကြီး မှားသွားပါလိမ့်မယ်။ ခွေးတွေရဲ့ ဖင်းဂါးပရင့်ကတော့ သူတို့ရဲ့ နှာခေါင်းများပါပဲ။ ဒါကြောင့် ခွေးတွေကို မမှားရလေအောင် နို့စ်ပရင့် .. ဟုတ်ဘူး .. ဖင်းဂါးပရင့်နဲ့သာ မှတ်ထားကြပေတော့။

ကျော့်ရဲ့ နို့စ်ပရင့် .. အော် .. ဖင်းဂါးပရင့် …

တိုက်တန်းနစ်နဲ့ ခွေးများ

ဟုတ်ကဲ့။ ကမ္ဘာကျော် တိုက်ပြီးတန်းနစ်သွားခဲ့ရတဲ့ တိုက်တန်းနစ် သင်္ဘောကြီးပေါ်မှာဆိုရင် ခွေးများလည်း လိုက်ပါစီးနင်းခဲ့ကြပါတယ်။ ဒီအထဲကမှ သုံးကောင်ကတော့ အသက်ရှင် ကျန်ရစ်ခဲ့ကြပါတယ်။ ၁၂ ကောင်ကတော့ ကြွသွားတယ် ဆိုသလားပဲ။

ကျော်တို့ကတော့ သူရဲဂေါင်းသုံးဖော် ပေါ့ ခညာ ….။

Source : buzzfeed.com
===========================
ဘာဒါပျံ စယာဂျီး ..
ဓေါက်သာ အံချာဒုံး (ရမ်းဖြီးကျွန်းပြန်)
===========================

17 comments

  • လပ်ဘာရီး

    October 9, 2013 at 12:31 pm

    ဝုတ် ဂဲ့… ဝုတ်ဂဲ့

    Reply

    • မဟာရာဇာ အံစာတုံး

      October 9, 2013 at 2:07 pm

      ဒါ .. ဘီဒူလဲ …
      သိတော့ သိဒလိုဘဲ …
      ဘာဘဲဖစ်ဖစ် သန်းကျူးး

      Reply

  • sorrow weaver

    October 9, 2013 at 12:31 pm

    အတော်စုံစုံလင်လင်ပါလား အံစာရယ်…

    Reply

  • TNA

    October 9, 2013 at 12:52 pm

    စုံလှချည်လား မိအံရေ။ ညီးတော်တော်လေး သုသေသနလုပ်ထားဒါဂိုး။ အတူအိပ်အတူစား မနေမနားလုပ်ထားပုံရတယ်။ မှတ်သားသွားပါတယ်အေ။ 😀

    Reply

  • alinsett

    October 9, 2013 at 1:07 pm

    ကြောင် သုတေသန လုပ်ဦးကွာ

    🙂

    Reply

  • ရာမည

    October 9, 2013 at 1:22 pm

    ​အမြီးနှံ ့ တယ်​ဆိုတာ
    ပြုံးပြတာပါ တဲ့ ခင်​ဗျာ

    Reply

  • Wow

    October 9, 2013 at 3:02 pm

    ခွေးအကြောင်းသုသေသနပြုပီး ဒေါက်တာဘွဲ့ရသွားတော့… ခွေးဒေါက်တာပေါ့နော်… :mrgreen:

    Reply

  • koyinmaung

    October 9, 2013 at 3:46 pm

    ဟဲ့…အံစာတုန်းရဲ့ ခွေးထီးသေးပန်းတာ တိုင်ကပ်ခြေတဖက်မြောက်သေးပန်းရတဲ့
    အကြောင်းကဒီလိုကွဲ့..အဲ့ဒီလိုတိုင်ကပ်ခြေတဖက်မြောက်သေးမပန်းဘဲ ထိုင်ပန်းယင်ခွေးသေးကဘယ်ရောက်သွားမလဲ..ဟေဟေ့….

    Reply

  • padonmar

    October 9, 2013 at 7:42 pm

    Canis Major ဆိုတော့ မိုင်နာလည်းရှိအုံးမှာပေါ့။
    အဲဒါ ဘာကြယ်လဲဖြေပြ။
    Canine ဆိုရင် ခွေးစွယ်တဲ့။

    Reply

  • ဦးကြောင်ကြီး

    October 10, 2013 at 8:32 am

    ခွေးဒဂေါင် ကြောင်တမြီးဒဲ့… အဓိပါယ်က ခွေးဂျီးဒဂေါင်လုံးမှ ကြောင်အမြီး တခုစာပဲရှိဒယ်…

    Reply

  • ရွှေတိုက်စိုး

    October 10, 2013 at 9:31 am

    အမယ်အမယ်… အံစာဒုံး ပွဲဈေးမှာ ဂလုံး ဂလုံးတွေ ဖမ်းတော့ စီးပွားပျက်ပြီး ခွေး ဒေါက်ချာ လုပ်နေတယ်ပေါ့လေ….
    အေး နင်လို. ခွေးအကြောင်းပဲသိပြီး လူအကြောင်းမသိဒဲ့ အကောင်နဲ. နာတမီးနဲ. ပေးစားနိုင်ဘူး ဒါဘဲ… ဟိုဟာကြက်……ဒီဟာခွေး………ဟွန်.

    Reply

  • Mr. MarGa

    October 10, 2013 at 9:39 am

    ခွေး သုတေသနပေါ့
    ဒါပြီးရင် ကြောင်၊ ကြွက် သုတေသနတွေ လုပ်ဦး

    Reply

  • black chaw

    October 10, 2013 at 9:45 am

    အော်…
    ခွေးဇာတ်…ခင်းတဲ့…အံစာကြီးပါလားဟ…။
    နောက်တာနော်…။
    စိတ်မဆိုးကြေး…။
    :mrgreen:

    Reply

  • Mahar Myanmar

    October 10, 2013 at 11:35 am

    ခွေးထီကာ ဆို ပါတော့ ..
    တော်ပါ ပေ့.. အံစာ ရယ်..
    ခွေး ဘဝ ကို ဘယ် လို
    ဝင်စား ရှာ ဖွေ ထား တာပါ လိမ့်..
    အံ့ ချက် တော့…

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 10, 2013 at 1:05 pm

    ခွေးတွေဟာ ဖင်ယါးရင် လူတွေလိုဖင်ကုတ်လို့မရပါဘူး
    ဒါ့ကြောင့်
    သူတို့ဟာ ဖင်ယားရင်ဆောင့်ကြောင့်ထိုင်လိုက်ပါတယ်
    အောက်ဆုံးပုံမှာပါတဲ့ ရှေ့ခြေထောက်ပြီးထိုင်နေတဲ့ပုံမျိုးပါ
    အဲ့သည်အခါ
    အနောက်ခြေနှစ်ဖက်ကို မြှောက်တင်လိုက်ပြီး အရှေ့လက် နှစ်ဖက်နဲ့
    မြေကြီးကိုနင်းပါတယ်
    ခန္ဓာရဲ့ဝိတ်ကဖင်ဆီမှာရှိသွားပါတယ်
    အဲ့သည်အခါ အရှေ့လက်နှစ်ဖက်ကရွှေ့လျှားခြင်းဖြင့် ဖင်ယားလို့ ဖင်ကုတ်ခြင်းအမှု့ကို
    ပြုကြပါတယ်
    လောကကြီးကဆန်းကြယ်ပါတယ်
    ခွေးဖင်ယားခြင်းဟာ သင်္ကေတတစ်ခုကိုပြပါတယ်
    ဥပမာ မိမိအိမ်ရှိခွေးတစ်ကောင်ဖင်ယားလို့ဖင်ကုတ်တာကို တွေ့ရှိတဲ့အခါ
    ၎င်းခွေး ဖင်ကုတ်တဲ့အခါ သူမျက်နှာမူပြီးရွေ့သွားတဲ့ အရပ်ဖက်ကနေ
    အိမ်ကိုဧည့်သည်လာတတ်ပါတယ်
    ဒါက အကျဉ်းမျှပြောခြင်းဖြစ်ပါတယ်
    မကြာမီတင်ဆက်တဲ့
    မိုက်ကယ်ဂျော်နီအောင်ပုနှင့် ခွေးဖင်ယားခြင်းအကြောင်းသိကောင်းစရာ ဆိုတဲ့
    စာအုပ်ကြီးထွက်ရှိလာတဲ့အခါ အပြည့်စုံဖတ်ရှု့ရမှာဖြစ်ပါတယ်။
    မေတ္တာလက်ဆောင်အနေနှင့်
    အချို့ခွေးတွေဟာ မျက်ပင်တွေရဲ့ အသီးကို စားတတ်ပါတယ်
    မြက်သီးတွေစားပြီး ချီးပါတဲ့အခါ သူတို့ရဲ့ချီးပုံတွေမှာ ဆန်စေ့လိုမျိုး
    မြက်သီးတွေပြန်ပါလာတတ်ပါတယ်
    အဲ့ဒါကို ခွေးချီးဆန်ပါလို့ခေါ်ပါတယ်
    ပုံ
    ခွေးဖင်ယားသုတေသီ မိုက်ကယ်ဂျော်နီအောင်ပု

    Reply

  • kyeemite

    October 10, 2013 at 1:15 pm

    ဒီမယ်အံစာတုံး…ရွာထဲလာပီး ခွေးစကားမပြောနဲ့ကွ
    ဘူမှနားအလည်ဝူး 😀

    Reply

Leave a Reply to sorrow weaver Cancel Reply

Your email address will not be published.