စွယ်တော်ရွက်ရဲ့ဘဝမှာ ပထမဦးဆုံးပုံနှိပ်ဖေါ်ပြခြင်းခံရတဲ့ဆောင်းပါး။

Swal Taw YwetOctober 9, 20131min023

အောက်တိုဘာ ၂၁၊၂၀၁၃ ထုတ် ကမာရွတ်တိုင်းမ်ဂျာနယ် အတွဲ ( ၁ ) အမှတ် ( ၈ ) Page No 19။

မန္တလေး ဂဇက်ရွာသူားများ ဝမ်းသာရအောင်လို့ပါခင်ဗျ၊

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကမာရွတ်တိုင်းမ် ဂျာနယ်မှာ
ကမာရွတ်တိုင်းမ် ဂျာနယ်မှာ

လျှပ်စစ်သတိ၊ လျှပ်စစ် အသိ

ဟို တစ်ချိန်တုံးက ခေတ်စားခဲ့တဲ့ “ သတင်းစာ ကိုင်ရင် ဓါတ်လိုက်တယ် ” ဆိုတဲ့စကားလေး မမေ့ကြသေးဘူးဟုတ်။ ဒီနေ့တွေမှာတော့ ဓါတ်လိုက်သေဆုံးမှု သတင်းတွေကို သတင်းစာကိုင်တိုင်းတွေ့နေရလို့ ဒီဆောင်းပါးလေးကို ရေးဖြစ်ပါတယ်။

လျှပ်စစ်ဓါတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေချင်လို့ပါ။

ဓါတ်လိုက်တယ်ဆိုတာက ကိုယ်ခန္တာအတွင်း လျှပ်စစ်ဓါတ်ဖြတ်သန်းစီးဆင်းသွားတာကိုခေါ်တာပါ။ လျှပ်စီးကြောင်းဖြတ်စီးလိုက်တဲ့အချိန်မှာ လူ့ခန္တာကိုယ်အတွင်း သွေးလှည့်ပတ်မှုရဲ့ အဓိကမောင်းနှင်သူဖြစ်တဲ့ နှလုံး ( Heart ) ပုံမှန် အလုပ်မလုပ်နိုင်တော့ဘဲ အသက်သေဆုံးစေသည်အထိ အန္တရာယ်ပေးလိုက်တာဖြစ်ပါတယ်။လျှပ်စီးကြောင်းရဲ့ သဘောသဘာဝ ကို လိုတိုရှင်း ရှင်းပြပေးပါရစေ။

လျှပ်စီးကြောင်းတစ်ခုဖြစ်ဖို့ လိုအပ်ချက် ( ၂ ) ခုဘဲ ရှိပါတယ်။

( ၁ ) က လျှပ်စစ်တွန်းအားပါ။ ဗို့အား ၄ဝ ဗို့ ကျော်တာနဲ့ အသက် အန္တရာယ်ပြုနိုင်ပြီလို့ သတ်မှတ်ထားပါတယ်၊ အိမ်တွေမှာ သုံးဘို့ လျှပ်စစ်က ပို့ပေးထားတာက ၂၂ဝ ဗို့ပါ။စက်မှုလုပ်ငန်း စီးပွားရေးလုပ်ငန်းတွေအတွက် ၄၀ဝ ဗို့အားပေးပို့ထားတာတွေလည်းရှိပါသေးတယ်၊ တြိသွင် ဝါယာလေးချောင်းစနစ်လို့ခေါ်ပါတယ်။ ဗို့အားများလေ၊အန္တရာယ်များလေ၊ဝေးဝေးနေသင့်လေ ပါ။

( ၂ ) ကလျှပ်စစ်ဓါတ် ဖြတ်သန်းစီးဆင်းသွားနိုင်မယ့် ပတ်လမ်းပြည့် ဖြစ်ဖို့ပါ။ တွန်းအားရှိနေပေမယ့် ပတ်လမ်းမပြည့်ရင် လျှပ်စစ်မစီးနိုင်ပါဘူး၊ဓါတ်ကြိုးပေါ်နားနေတဲ့ငှက်တွေ ဘာ့ကြောင့်ဓါတ်မလိုက်တာလဲ??? ဆိုတဲ့မေးခွန်းရဲ့ အဖြေပါ၊ ပတ်လမ်းမပြည့်လို့ပါ။

စာဖတ်သူရဲ့အိမ်မှာ မီးဖွင့်ဘို့ ခလုပ်လေးကိုနှိပ်လိုက်ရင် ပတ်လမ်းပြည့် ဖြစ်သွားပြီး လျှပ်စစ်စီးဆင်းမှုဖြစ်လာကာ မီးလင်းလာတာ ဖြစ်ပါတယ်။

လျှပ်စီးကြောင်းရဲ့သဘာဝ ကိုသိပြီဆိုရင် လျှပ်စစ်ဓါတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေနိုင်မယ့် “ဆောင်ရန်” လေးတွေ လိုက်လုပ်ကြည့်ရအောင်။

လိုအပ်ချက် ( ၁ ) က လျှပ်စစ်တွန်းအားရှိရမယ်ဆိုတော့ကာ တွန်းအားမရှိရင် ဓါတ်မလိုက်နိုင်တော့ဘူးပေါ့၊ ဟုတ်တယ်ဟုတ်? ခလုတ်ပိတ်ပြီးမှ ပလပ်ထိုးဗျာ၊ ပြီးမှ ခလုတ်ပြန်ဖွင့်၊ ကိုယ်ပလပ်ထိုးနေချိန်/ ဆွဲဖြုတ်နေချိန် အဲဒီပလပ်ပေါက်မှာဓါတ်အား မရှိအောင် လုပ်ထားရင် အန္တရာယ်ကင်းမှာပေါ့။ ထပ်ပြောပါဦးမယ် လျှပ်စစ်တွန်းအားမရှိရင် လျှပ်စီးကြောင်း မဖြစ်နိုင်ပါဘူး။

ဒီနေရာမှာ ကျနော်တို့အများစုရဲ့ အားနည်းချက်လေး နဲနဲထောက်ပြခွင့်ပြုပါ။ ပလပ်ပေါက်တိုင်းမှာ အဲဒီပလပ်ပေါက်ကိုထိန်းချုပ်မယ့်ခလုတ် ( Switch ) တတ်ဆင်ထားရမှာဖြစ်ပါတယ်။ “ခလုတ်မလိုပါဘူး ဒီအတိုင်းဆွဲဖြုတ် ပလပ်ထိုး လုပ်ရင်လည်းဖြစ်တာဘဲ” ဆိုပြီး ခလုတ်မတတ်ဘဲသုံးတဲ့၊တတ်ထားတဲ့ခလုတ်ကို အသုံးမပြုဘဲနေတဲ့ အားနည်းချက်တစ်ခုရှိနေပါတယ်၊ အန္တရာယ်ကို လက်ယပ်ခေါ်နေတာပါနော။

ပလပ်ပေါက်ကိုထိန်းချုပ်ဖို့ ခလုတ်တတ်ထားတယ်ဆိုရင်တောင် အဲဒီခလုတ်သည် ဓါတ်လိုက်နိုင်သောကြိုး( တနည်း ) အများအခေါ် အပူကြိုး ( Live Wire) ကိုဖြတ်ထားပေးဘို့လည်း အရေးကြီးပါသေးတယ်၊ အအေးကြိုးကိုသွားဖြတ်ထားမိရင် ခလုတ်ပိတ် ( switch OFF ) ထားပေမဲ့ ပလပ်ပေါက်မှာ ဓါတ်အားရောက်နေမှာပါ။ အခုလူသုံးများလာနေတဲ့ ထပ်ချဲ့ခလုတ်ခုံ ( Extension Cable with Switches ) မှာ ကျတော့ထိပ်ဆုံးမှာ နှစ်ချောင်း ပလပ် ( 2 Pins Plug ) သုံးတာဆို အပူကြိုး အအေးကြိုးပြောင်းပြန်ဖြစ်သွားနိုင်ခြေ ပိုရှိနေပါတယ်။ မြေဓါတ်ချကြိုး ( Earth Wire ) ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ သုံးချောင်းပလပ်နဲ့ ပလပ်ပေါက် ( 3 pins Plug and Socket ) ကို သုံးရင်တောင် အနည်းဆုံး အပူကြိုး အအေးကြိုး ပြောင်းပြန်တတ်မိခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါသေးတယ်။ 3 pins Plug  တွေရဲ့ Earth Pin ကို ချိုး၊ကွေး၊ဖြုတ် လုပ်ပြီး နှစ်ချောင်းသုံးပလပ်ပေါက် ( 2 Pins Socket ) မှာ သုံးနေကြသူများဆင်ခြင်နိုင်ဘို့ပါ။

လိုအပ်ချက် အမှတ် ( ၂ ) ပတ်လမ်းပြည့် ( Close Circuit ) ဆိုတာကိုကြည့်ရအောင်။

ဓါတ်လိုက်မှု အများစုမှာ MEPE / ( YESB )ကပေးတဲ့ အပူကြိုး (Live Wire ) နဲ့မြေဓါတ်( Ground ) ကြားထဲမှာ လူရောက်သွားပြီး ပတ်လမ်းပြည့်ဖြစ်-လျှပ်စစ်စီးဆင်း-ဓါတ်လိုက်ခံရတာ ဖြစ်ပါတယ်။ မြေဓါတ် ( Ground ) ဟာ နေရာတကာမှာရှိနေနိုင်တဲ့ အအေးကြိုးဖြစ်နေလို့ပါ။ နံရံမှာရှိတယ်၊မျက်နှာကျက်မှာရှိတယ်။ရေစိုနေတဲ့နေရာတွေမှာလျှပ်စစ်က အလွယ်တကူ ပိုစီးဆင်းနိုင်တယ်။ သမံတလင်းဆို လျှာထိုးကြမ်းခင်းထက်ပိုအန္တရာယ် ရှိပါတယ်။

လျှပ်စစ်ခုခံမှု ( Resistance ) နည်းပါးရင် လျှပ်စစ်စီးဆင်းမှု ပိုများပါတယ်။

ကိုယ်ခန္တာကိုမြေဓါတ်မမိအောင်နေထိုင်ခြင်းဖြင့် ဓါတ်မလိုက်အောင်ကာကွယ်နိုင်ပါတယ်။ကိုယ်ခန္တာနဲ့ မြေဓါတ်ရဲ့ကြားထဲမှာ လျှပ်စစ်မစီးနိုင်မယ့် ပစ္စည်းလေးတွေ ထားထားပေးလိုက်ရုံလေးပါခင်ဗျ။ ထမင်းဟင်းချက်တဲ့လျှပ်စစ်မီးဖိုနားမှာ၊ လျှပ်စစ်မီးပူတိုက်မယ့်နေရာ၊ တီဗွီ၊ပန်ကာ၊ဖုန်းချာဂျာ ပလပ်ထိုးရမယ့်နေရာတွေမှာ မြေဓါတ်ကင်းလွတ်နေအောင်စီမံထားသင့်ပါတယ်၊ သစ်သားခုံလေးရိုက်၊ရာဘာခြေသုတ်ဖုံလေးချပေးထားတာနဲ့တင် ခြေထောက်နဲ့ မြေဓါတ်အကြား လျှပ်စစ်စီးဆင်းမှုကိုကာကွယ်ထားနိုင်ပါတယ်၊ ထမင်းအိုးဟင်းအိုးမွှေမယ့်အချိန် ရာဘာလက်အိတ်စွပ်ထားလိုက်ရင်ပိုပြီးလုံခြုံသွားမှာပါ၊ ရာဘာလက်အိတ်မသုံးချင်ဘူးဆိုရင်တောင် အခုခေတ်မှာ လွယ်လင့်တကူဝယ်လို့ရနေပြီဖြစ်တဲ့ အဝတ်လက်ခုအိတ်လေးတွေစွပ်ပြီးသုံးသင့်ပါတယ်။

“မြွေကိုက်လျှင်ဆေးရှိသည်၊ ဓါတ်လိုက်လျှင်ဆေးမရှိ ”ဆိုတဲ့ ဆောင်ပုဒ်လေးကို အမြဲ သတိရနေစေချင်ပါတယ်။

( ၁ ) ခလုတ်ပိတ်ပြီးမှ ကိုင်တွယ်ပါ။

( ၂ )မြေဓါတ်မှကင်းလွတ်နေပါစေ။ ဆိုတဲ့ အချက်လေး ၂ ချက် ထဲကိုဘဲ သိထားပြီး အသုံးချပါ။

မိမိတင်သာမက မိမိပါတ်ဝန်းကျင်ကိုပါ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

လျှပ်စစ် အသိ၊ လျှပ်စစ် သတိလေးထားလိုက်ခြင်းအားဖြင့် လျှပ်စစ်အန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

ကလောင် အမည်။       ။ စွယ်တော်ရွက်။

ရွာမှာတင်ပြဘို့စုထားခဲ့တဲ့သတင်းစာဖြတ်ပိုင်းတွေလည်းဒီမှာဘဲပေါင်းတင်ပေးပါရစေ။

သတင်းစာဖြတ်ပိုင်းစုထားခဲ့တာလေးတွေ၊
သတင်းစာဖြတ်ပိုင်းစုထားခဲ့တာလေးတွေ၊

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

23 comments

  • ကထူးဆန်း

    October 9, 2013 at 12:05 pm

    Congratulation … အကြီးကြီးပါ ဗျိုှု

    Reply

  • Ma Ei

    October 9, 2013 at 12:10 pm

    ခုတစ်လော သတင်းစာတွေထဲ ဓာတ်လိုက်လို့သေဆုံးမှုတွေ
    မကြာခဏဖတ်နေရတဲ့ အချိန်မှာ လျှပ်စစ်နဲ့ ပါတ်သက်လို့
    သတိထားဘို့ အသိပေးတဲ့ စာလေးမို့ တန်ဘိုးရှိလှပါတယ်…
    အိမ်မှာလဲ အလွယ်တစ်ကူ ခလုတ်မပိတ်ဘဲ ပလပ်ဆွဲဖြုတ်နေကြ
    အကျင့်ကိုလဲ ပြင်ရပါတော့မယ်…ကျေးဇူးပါ ကိုစွယ်တော်ရွက်…

    Reply

  • kai

    October 9, 2013 at 12:29 pm

    “ဓါတ်မလိုက်အောင်.. လျှပ်စစ်မသုံးပဲနေကြစို့…”
    နောက်တာနော…
    တော်ကြာ..ဝန်ကြီးတွေတကယ်လုပ်ခိုင်းနေဦးမယ်…။

    စွယ်တော်ရွက်ရဲ့စာလေးတန်ဖိုးရှိပါတယ်..။
    လျှပ်စစ်အားကလည်းတန်ဖိုးရှိပါတယ်.. ။ နှလုံးခုန်ရပ်နေသူတွေလည်း.. ၁-၂-၃ဆိုပြီး ဖုန်း.. ဒိုင်း..ဆို.. လျှပ်စစ်အားနဲ့ပဲနှိုးရတယ်မဟုတ်ပါလား… နော..။ :mrgreen:

    Reply

  • ဂုဏ်ယူပါတယ် ဦးဦး။
    သမီးက လျှပ်စစ်ဆို တအားကြောက်တာ။ ဖိနပ်တော့အမြဲစီးထားတယ်။ ခုလိုလေးသိရတော့ ပိုဂရုစိုက်ဖြစ်သွားတယ်။ ကျေးဇူးအကြီးကြီးပါနော်

    Reply

  • ရာမည

    October 9, 2013 at 1:12 pm

    အားကျ အားရ ပါတယ်​ခင်​ဗျ
    အမြဲတန်​းဂုဏ်​ယူပါတယ်​

    Reply

  • alinsett

    October 9, 2013 at 1:15 pm

    ပုံနှိပ် ဖော် ပြ ခံရတဲ့ ဆောင်းပါးလေး
    ဝမ်းသာ ဂုဏ်ယူစွာနဲ့ ဖတ်လိုက်ပါတယ်

    Reply

  • Foreign Resident

    October 9, 2013 at 1:40 pm

    ကို Swal Taw Ywet ရေ ။
    ကျနော့် မိဘ အိမ်က ၁၉၈၈ မှာ ဆောက်ပြီးတာဗျ ။
    အဲဒီ အချိန်တုန်းက ကစလ ဝါယာကြိုးတွေ ထည့်ခဲ့တယ်ဗျ ။

    ဝါယာကြိုးတွေ ဆိုဒ်ပြည့် စံမှီ စံနစ် တကျထည့်ခဲ့တာတော့ အာမခံတယ်ဗျာ ။
    ( အဖေ B.Sc ( Engineering ) ( Civil ) စာအုပ်ကြီးသမား ကိုယ်တိုင် ဆောက်တာကိုး )
    ( စာအုပ်ကြီးသမား တော့ ဖြစ်သလား မမေး နှင့် ၊ အပေါ်ထပ်မှာ အခန်း ၂ ခုကြား ကန့်တဲ့ ၊
    အတွင်း နံရံ Partition ကို တောင် ၊ နံရံကို တစ်ပေ ဒု သုံးတယ် )

    အဲဒါ ၊ အဲဒီ ဝါယာကြိုးတွေ ဘယ်တော့လောက်ဆို လဲသင့်လဲဗျာ ။

    ဝါယာကြိုး လဲရမယ် ဆိုရင်တော့ ၊ တစ်အိမ်လုံး မြေလှန်သလို ဖြစ်တော့မှာဘဲ ။

    Reply

    • Swal Taw Ywet

      October 17, 2013 at 3:59 pm

      အဘဖေါ နဲ့ ကို သကြား အတွက် သီးသန့် ပို့စ် တစ်ခု တင်ပေးပါမယ်နော။
      အချိန်ရတယ်ဟုတ်။
      With respect,
      Swal Taw Ywet.

      Reply

  • koyinmaung

    October 9, 2013 at 3:14 pm

    လျှပ်စစ်အခြေခံလူတိုင်းသိသင့်တဲ့ဆောင်းပါလေးပါဘဲ…
    ဂုဏ်ယူပါတယ် ကိုစွယ်တော်ရွက်ရေ…….

    Reply

  • ကိုစွယ်တော် ဒီလို ပညာပေးဆောင်းပါးက လူတို်င်း မရေးနိုင် မသိနိုင်ပါ
    ထို့ကြောင့်…………………………………………………..

    Reply

  • padonmar

    October 9, 2013 at 7:03 pm

    ရွာသူားတွေက ဂုဏ်ယူပါတယ် စွယ်တော်ရွက်ရေ။
    ဆက်လက်ရေးသားဖော်ပြခံရပါစေ။

    Reply

  • KZ

    October 9, 2013 at 7:57 pm

    Very Congrats..!
    Thank you for sharing your knowledge … ,,
    🙂

    Reply

  • TNA

    October 9, 2013 at 8:21 pm

    ဂုဏ်ယူပါတယ်ကိုစွယ်တော်ရွက်ရေ။ ကျွန်မတော့ ဓါတ်လိုက်မဆိုးလို့ သတင်းစာမဖတ်တော့ဘူး 8)

    Reply

  • nozomi

    October 9, 2013 at 8:43 pm

    တကယ်အကျိုးရှိတာလေးမို့
    ဖတ်လဲဖတ် မှတ်လဲမှတ်ထားပါတယ်

    Reply

  • ဦးဦးပါလေရာ

    October 10, 2013 at 4:53 am

    ကိုစွယ်တော်ရွက် စာပြန်ရေးလာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျာ။

    နောင်လဲ ဒီလို ပညာပေးပိုစ့်လေးတွေ စောင့်ဖတ်ပါရစေ…။

    Reply

  • ရွှေတိုက်စိုး

    October 10, 2013 at 8:57 am

    ကျွန်တော်လဲ ဝမ်းသာဂုဏ်ယူပါတယ် ကိုဆွယ်တော်ရွက်ရေ..
    အဲလို အသိပညာပေးဆောင်းပါးလေးတွေက တကယ်လိုအပ်တဲ့ စာလေးတွေပါပဲဗျာ…
    ရွာထဲမှာ အဲလို ပုံနှိပ်ဖော်ပြခံရတဲ့ ဆောင်းပါးရှင်တွေ တွေ.တိုင်း ကိုယ်လဲ အဲလိုဖြစ်ချင်တာဗျ…. မရေးတတ်တာခက်သားလား………… :harr:

    Reply

  • black chaw

    October 10, 2013 at 10:01 am

    အပြင်မှာ ဖတ်ပြီးပေမယ့်
    ဒီမှာလည်း ထပ်ဖတ်သွားတယ် ကိုစွယ်တော်ရွက်ရေ…။
    ဂုဏ်ယူပါတယ်ဗျာ…။

    Reply

  • Mr. MarGa

    October 10, 2013 at 10:53 am

    လောလောလတ်လတ်ပဲ အဲဒီ လျှပ်စစ်ဓါတ်နဲ့ ထိုင်ဆော့လာတာ (UPS ကို ပါဝါဖြုတ်၊တပ်လုပ်လိုက်၊ ကွန်ပျူတာနဲ့ ဖြုတ်၊တပ် လုပ်လိုက်နဲ့)
    လောလောလတ်လတ် အဓိက သိချင်မိတာက
    အပူကြိုးနဲ့ အအေးကြိုး ဘယ်လိုခွဲသလဲ၊ ဘယ်လိုလုပ်သလဲ ဆိုတာ သိချင်တယ်ဗျ။
    အခုတော့ လျှပ်စစ်အသိ၊ ရှိသင့်သလောက် ရှိသွားပြီမို့ ဂရုစိုက် ဆင်ခြင် ကိုင်တွယ်တော့မှာ ဖြစ်ပါကြောင်း
    ပုံနှိပ်စာသားနဲ့ မြင်ရတာကိုလည်း ဂုဏ်ယူမိပါကြောင်းးးး

    Reply

  • kyeemite

    October 10, 2013 at 4:13 pm

    “မြွေကိုက်လျှင်ဆေးရှိသည်၊ ဓါတ်လိုက်လျှင်ဆေးမရှိ ”
    အမှန်ပါပဲဗျား
    ပြည်သူတွေအတွက်တကယ့်အကျိုးပြု ဆောင်းပါးလေးပါပဲ
    ပုံနှိပ်ဖေါ်ပြခံရတဲ့ အတွက် Congratulation ပါဗျာ

    Reply

  • Ma Ma

    October 11, 2013 at 9:42 am

    အမွှာညီအမရဲ့စကား ယူသုံးလိုက်အုံးမယ်။
    ယထာဝါရီ တထာကာရီ ၊ယထာကာရီ တထာဝါရီ ၊
    Do as say ,Say as do
    ပြောတဲ့အတိုင်း လုပ်တဲ့ စွယ်တော်ရွက်ကို ကွန်ဂရက်ကျူလေးရှင်းပါ။
    (Let’s try our best for our mother land.)

    ပုံနှိပ်မီဒီယာမှာ ဖော်ပြခြင်းခံရလို့……..
    သဂျီးဖြစ်စေချင်တဲ့ ပန်းတိုင်ကို ဝင်သွားနိုင်တဲ့ ရွာသူားတစ်ယောက်အနေနဲ့လည်း ဂုဏ်ယူပါတယ်။ 🙂

    Reply

  • Nyein Nyein

    October 11, 2013 at 6:25 pm

    ဂုဏ်ယူပါတယ် ဦးစွယ်တော်ရေ…………
    ပြီးတော့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ဗဟုသုတအတွက် ကျေးကျေးပါ။ 🙂

    Reply

  • koyinmaung

    October 13, 2013 at 3:57 pm

    ကိုစွယ်တော်ရွက်ရေ ကြုံတုန်းပြောပြရအုံးမယ်လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်တုန်းက
    ဘုရားပွဲတခုမှာ ဒီတုန်းကဘုရားပွဲတွေရဲ့လျှပ်စစ်မီရရေးအတွက်ကိုယ်ပိုင်မီးစက်မောင်းကြတာဆိုတော့
    ဗို့အားတော့သိပ်များပုံမရဘူး ဘုရားပွဲပို့ပေးတဲ့ကားတွေရပ်ထားတဲ့ကားတွေရဲ့အမိုးနဲ့ဓါတ်ကြိုးတွေကလဲနီးနီးလေး
    ကလေးတွေကကားခေါင်မိုးပေါ်ကစားနေတာတွေ့နေရတယ် ကလေးတယောက်ကဓါတ်ကြိုးတစ်ပင်ကို
    ကိုင်ပြီးသူတို့အချင်းချင်းပြောနေကြတယ် ဓါတ်မလိုက်ဘူးဆိုဘဲ ကျနော်ကလဲမြင်တော့ တယ်ဟုတ်ပါလား ဗို့အားနည်တော့ဓါတ်မလိုက်ဘူးထင်တာပေါ့ မီးကလဲမှိန်မှိန်လေးကို မကြာပါဘူး
    ကလေးတယောက်က ဟေ့ကောင် ဟော့ကောင် ဆိုပြီးသုံးလေးခါလောက်ခေါ်နေသံကြားလို့
    ကြည့်လိုက်မိတဲ့အခါ မှာတော့ ကလေးတယောက်က ဓါတ်ကြိုးနှစ်ပင်ကိုကိုင်ရက်နဲ့သတိလစ်နေတာကိုတွေ့ရပါရောဗျို့ ကျနော်လဲကားခေါင်မိုးပေါ်အမြန်တက်ပြီး ဘယ်လို့လုပ်ရင်ကောင်းမလဲလို့စဉ်းစားရတာပေါ့
    ကိုယ်ကလဲလျှပ်စစ်အကြောင်း ကောင်းကောင်းသိတာလဲမဟုတ် ကလေးကိုကယ်ချင်တဲ့စိတ်ဘဲရှိတာကို
    ကိုယ့်ကိုဓါတ်လိုက်မှာလဲကြောက်ဆိုတော့ ဘာပြောကောင်းမလဲ ဝတ်ထားတဲ့ပုဆိုးကိုချွတ်
    ဟိ..အောက်ခံဘောင်းဘီတော့ပါတာပေါ့လေ..အဲ့ဒီပုဆိုးနဲ့ကောင်လေးရဲ့လက်တဖက်ကိုကျော်ပြီး
    တဖက်ကနေပုဆိုးစကိုပြန်ဆွဲဒီလိုနဲ့လက်နဲ့ဓါတ်ကြိုးနဲ့လွတ်အောင်ဆွဲချရတာပေါ့..
    သုံးလေးခါလောက်ဆွဲယူရတယ်ဒီတော့မှလက်ကဓါတ်ကြိုးနဲ့လွတ်သွားတော့တယ်
    အဲဒီတော့မှကျတဲ့လက်တဖက်ကိုဆွဲဖြုတ်ရဲတာ လက်နဲ့ဓါတ်ကြိုးနဲ့လွတ်သွားတော့မှကလေးကို
    ကားအောက်ချပေးလိုက်တယ် ကလေးကအောက်ရောက်တာတောင် သတိမရသေးဘူး
    ကျောပြင်ကိုသုံးလေးချက်လောက်ရိုက်လိုက်တော့မှသက်ပြင်းချသံနဲ့ပြန်သတိရသွားတော့တယ်..
    အဲ့ဒီလိုကလေးတယောက်ဓါတ်လိုက်တာတော့ကယ်ခဲဘူးတယ်ဗျို့………

    Reply

  • ဦးကြောင်ကြီး

    October 14, 2013 at 9:54 am

    စွယ်တော်ရွက်
    မယ်တော်နတ်
    ငယ်ဖော်ဆက်
    ဆယ်ကျော်သက်…

    Reply

Leave a Reply to Ma Ei Cancel Reply

Your email address will not be published.