သတိုးကြီးမိုက် နဲ့ ပထမ မန်းဂဇက် နိုင်ငံတော်…။ (အပိုင်း-၂)

black chawOctober 4, 20131min015

သတိုးကြီးမိုက် ဘုရင်ဖြစ်လာတော့ လူယုံတော်ကြီးမောင်ကျောက် ကို ကိုယ်ရေးအရာရှိအဖြစ်ခန့်အပ်တော်မူခဲ့ပါတယ်…။
ရနောင်မောင်မောင်ကျောက် ဆိုတဲ့ ဘွဲ့အမည်နဲ့ ရနောင်မြို့ကို စားစေခဲ့ပါတယ်…။
အဲဒီ ရနောင်မောင်မောင်ကျောက် က မ ဆိုရင် ရင်မတောင်မသမ်းဖူးသေးတဲ့ လူပျိုသိုးကြီးတဲ့ဗျာ…။
သတိုးကြီးမိုက် ဘာကြိုက်လို့ ဘာလုပ်ချင်တယ်ဆိုတာကိုလည်း မောင်ကျောက် က အလိုက် သိ တယ်တဲ့…။
(သတိုးကြီးမိုက်ကြီး ဘာကြိုက်တတ်တယ်ဆိုတာ မောင်ကျောက် နဲ့ တွေ့ရင်မေးသာကြည့်ကြ ကိုကိုတို့ရေ…။)
သတိုးကြီးမိုက်ကလည်း မောင်ကျောက် မဟုတ်တာလုပ်နေပါစေဦးတော့…။
(မောင်ကျောက် ဘယ်လို မဟုတ်တာတွေ လုပ်နေသလဲဆိုတာ သတိုးကြီးမိုက်ကြီးနဲ့ တွေ့ရင် မေးကြည့်…။)

မသိချင်ယောင်ဆောင်ပြီး အလိုလိုက်ထားတယ်တဲ့…။
အတွဲညီကြလေတဲ့ ဆရာတပည့်တွေပေါ့ကွယ်…။
အခုလည်းကြည့်…။

သူခိုး ငအံစာပြား ကို ရွှေတိုက်စိုးရာထူးခန့်အပ်လိုက်တော့…
လက်ရှိ ရွှေတိုက်စိုးကြီး ဗညားအောင်တိုက် တစ်ယောက်
တက်တစ်ခေါက်ခေါက်နဲ့ ရနောင်မောင်မောင်ကျောက် ထံပါး အခစားဝင်ရောက်ရပြန်တယ်ပေါ့ကွယ်…။
ဘုရင်ကြီး ရွှေနားတော်ကို အရောက်ပို့ဖို့ကလည်း မောင်ကျောက် ကိုသာ အားကိုးနေကြရဆိုတော့…။
မောင်မောင်ကျောက် ။ ။ ဟယ် အောင်တိုက်ငယ်…။ အဘယ်အကြောင်းကြောင့် ကျုပ်ထံ အခစားဝင်ရောက်လာသတုန်း…။

အောင်တိုက်။ ။ မှန်လှပါ…။ ကျွန်တော်မျိုးကြီး တာဝန်ယူထားသော ရွှေတိုက်စိုး ရာထူးအား
မင်းကြီးမှ သူခိုး ငအံစားပြား အား ပေးအပ်လိုက်ကြောင်း ကြားသိရပါတယ်…။
သူခိုးကို ရွှေတိုက်စိုး ရာထူး ပေးအပ်သည်မှာ မသင့်လျော် မအပ်စပ် ဘူး ထင်မြင်မိကြောင်းပါ…။

မောင်မောင်ကျောက်။ ။ ဟယ် အောင်တိုက်ငယ်…။ မင်းကြီးမှာ အကြံရှိတယ်ကွယ့်…။

အောင်တိုက်။ ။ ဘယ်လိုအကြံများလဲ အစ်ကိုတော်ရဲ့…။

မောင်မောင်ကျောက်။ ။ နင်တာဝန်ယူထားတဲ့ ဘဏ္ဍာတိုက်ထဲမှာ
လက်ကျန်ဘဏ္ဍာတော်က မရှိသလောက် ဖြစ်နေပြီ ဆိုတာ မင်းကြီးသိတယ်ကွယ့်…။
အဲဒါနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ငအံစာပြားဆိုတဲ့ သူခိုးကို ရွှေတိုက်စိုးခန့်လိုက်တာပေပဲ…။

အောင်တိုက်။ ။ ကျွန်တော်မျိုးနားမရှင်းသေးပါ…။

မောင်မောင်ကျောက်။ ။ ကွယ်…။ ဘဏ္ဍာတိုက်ထဲမှာ ဘဏ္ဍာတော်တွေ ပြန်ပြည့်လာစေဖို့
သူခိုး ငအံစာပြားက သူဌေးတွေ ဆီက ခိုးပြီး ပြန်ဖြည့်လိမ့်မယ်ကွယ့် အောင်တိုက်ရဲ့…။
နင် သူ့လို ခိုးတတ်လို့လား…။

အောင်တိုက်။ ။ အော်…။ ဒီလိုလား…။ ဒီလိုဆိုတော့လည်း မင်းကြီးက အကြံပိုင်ပါပေတယ်…။

မောင်မောင်ကျောက်။ ။ သတိုးကြီးမိုက် ကြံရင် ဘာခံနိုင်မတုန်း အောင်တိုက်ရဲ့…။
မင်းကြီးအပေါ် စိတ်မကွက်ပါနဲ့ ကွယ့်…။
သူ့ခင်ဗျာ ကာရာအိုကေတို့ မာဆတ်တို့ လောက်ပဲ သွားတတ်ပြီး
အရက်လေး တစ်နေ့တစ်လုံးလောက် သောက်တတ်တာလေးပဲ ရှိတာပါကွယ်…။
တစ်ခါတစ်လေ စင်တင် စားသောက်ဆိုင်တွေမှာ သီချင်းဆိုတဲ့ ကောင်မလေးတွေကို
ပန်းကုန်းတွေ ကန်ထရိုက်ယူထားသလို စွပ်တတ်တာလေးတော့ ရှိတာပေါ့…။
ဒါကြောင့်လည်း ဘဏ္ဍာတိုက်ကြီး ပြောင်သွားတာပေါ့ကွယ်…။

အောင်တိုက်။ ။ ကောင်းပါလေ့ဗျာ…။ အဲဒီတော့ ကျွန်တော်မျိုးကြီး ဘာဆက်လုပ်ရမလဲ…မိန့်တော်မူပါဦး…။

မောင်မောင်ကျောက်။ ။ ကွယ် ကိုယ်နဲ့ တန်ရာတန်ရာ ဆယ်အိမ်ခေါင်းရာထူး ယူပြီး
အေးရာအေးကြောင်း နေတာ အကောင်းဆုံးပေါ့ကွယ်…။

မန်းဂဇက် နိုင်ငံတော်ကြီး၏ ဘဏ္ဍာတိုက်သော့ကို ကိုင်ဆောင်ထိန်းသိမ်းခွင့်ရှိသော ရွှေတိုက်စိုးရာထူးကြီးမှ
ရပ်ကွက် အတွင်းမှ သာမာန် ဆယ်အိမ်ခေါင်း ရာထူးသို့ ပြန်သွားရတော့မည်ဖြစ်သဖြင့် အောင်တိုက် တစ်ယောက်
စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်…။
သို့ပေတဲ့လည်း အောင်တိုက်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် အားပြန်ပေးမိပါသတဲ့…။
ဟယ် ငါနဲ့ တန်တာလည်း ဒီ ဆယ်အိမ်ခေါင်းရာထူးပေပဲလေ…။
အထွန့်တက်မနေတော့ပါဘူး
…။
မောင်မောင်ကျောက် ထံက အပြန်မှာ အောင်တိုက် ရဲ့ ခြေလှမ်းတွေ ပေါ့ပါးသွက်လက်လွန်းလှပါသည်…။
အရပ်တောင် တစ်ပေလောက်ပိုရှည်ထွက်လာသယောင်ယောင်…။
အမြင်မှန် ရသွားတော့လည်း လောကကြီးက သာသာယာယာရှိလှပါတကား…။

နားဦးမယ်ကွယ်…။

Real Black for Real Gazette…

15 comments

  • surmi

    October 4, 2013 at 8:08 pm

    မန်​းဂဇက်​ပထမနိုင်​ငံ​တော်​​တော့ အ​ဆော်​ခံ​နေရဘီ
    လူသူအင်​အားစု​ဆောင်​းကြပါဗျို့

    Reply

  • alinsett

    October 4, 2013 at 8:40 pm

    ဆက်လက်၍ စောင့်ဖတ်နေပါဥိီးမည်..လေးဘလက်ရေ…

    Reply

  • ရွှေတိုက်စိုး

    October 5, 2013 at 9:02 am

    ကျုပ်ဟာကျုပ် ဆယ်အိမ်ခေါင်းပဲကောင်းပါတယ်ဗျာ….. ဖုန်းကဒ်လေးထုတ်ရောင်းရောင်းစား တာ ရွှေတိုက်စိုးထက် ဝင်ငွေပိုရသေးဟေးဟေးဟေး…………
    ဗညားအောင်တိုက် ဆိုပါလား…………ဗညားဟန် အမျိုးနဲ.တူတယ်နော်……..ဟဲဟဲဟဲ…
    အရပ်တောင်တစ်ပေလောက်ရှည်လာတယ်ဆိုပါလား………..ကွယ်ရှို… ဒီအရပ်နဲ. ဒီဇတ်ပဲ ကောင်းပါတယ် ဦးဘလက်ရယ်………. ကိုယ်လို ပုပုလေးနဲ.ချောတာ ဘယ်မှာရှိလိမ့်မတုံးဗျာ………ငှဲငှဲငှဲ :kwi: :hee:

    Reply

    • မဟာရာဇာ အံစာတုံး

      October 5, 2013 at 11:18 am

      (၁) နှစ်ခန့် ကြာပြီးနောက် ….

      ဗညားကြောင်ကိုက် တစ်ယောက် ..
      ဆင်းကတ် ဘတ်မှု၊ ခြုံခိုမှု၊ ပုမှု စသည်တို့ဖြင့်
      ဖမ်းဆီးခံလိုက်ရတီဟူသတတ် ……။
      :mrgreen:

      ဘဘလက်ဂျီးးး
      မင်းဂျီး မိဖလားခေါင်ဂျီးနဲ့
      ကျော် တစ်ညအိပ်လိုက်ရဒေးလားဆိုတာ …
      ခုထိ ချင်းသေးဘူးဂျာ …
      အိုက်ဒါလေးကို ကလီးယား လုပ်အုံးးးးးဂျ …
      :mrgreen:

      Reply

    • black chaw

      October 10, 2013 at 10:05 am

      @ ကိုဆာမိ
      @ အလင်းဆက်
      @ ရွှေတိုက်စိုး
      @ အံစာတုံး
      @ sorrow weaver
      @ kyeemite
      @ ဦးကျောက်ခဲ
      @ wow
      @ Mr. MarGa
      @ MaMa
      ကွန်းမန့်လေးတွေ ချီးမြှင့်ပေးကြတာ ကျေးဇူးပါဗျာ…။
      အချိန်မရလို့ တစ်ယောက်ခြင်းစီ မပြန်နိုင်တာ ခွင့်လွှတ်ပါ…။
      အဆင်ပြေရင် ဒီဇာတ်ကို ဆက်ရေးပါဦးမယ်…။
      လေးစားခင်မင်တဲ့…
      ဘလက်ချော…။
      :mrgreen:

      Reply

  • sorrow weaver

    October 5, 2013 at 9:15 am

    အဟိဟိ ဦးဦးဘလက်…..ဦးကျောက်က ရနောင်မောင်မောင်ကျောက်လား .ထင်တော့ထင်သား ..စွမ်းသကွာ …အဟိဟိ

    Reply

  • kyeemite

    October 5, 2013 at 10:02 am

    မင်းတရားကြီး သတိုးကြီးမိုက်မှာကား
    နားစွန်နားဖျားရပ်ကွက်သား
    ရဲမက် ဘလက် ဆက်သလာသော
    ဒါဘယ်ဘလက်ပုလင်းကို အပြောင်ရှင်းကာ
    လူယုံတော်ကြီး ရနောင်မောင်မောင်ကျောက်နှင့်အတူ
    နိုက်ကလပ်သို့ကြွမြန်းတော်မူလေသည်။
    😀

    Reply

  • ဦးကျောက်ခဲ

    October 5, 2013 at 11:49 am

    သတိုးကြီးမိုက် ဘာကြိုက်တတ်တယ်ဆိုတာ ရနောင်မောင်မောင်ကျောက် သိသလို…
    လှည်းတန်း အဲ အုတ်ကျင်းစား ရာဇာဘလက်ချော အကြိုက်ကိုလည်း သိပါတယ်…
    ဒီတစ်ခါလည်း ချစ်ကိုကြီး ၂ယောက်ကို ဒဘယ်လ်ဘလက်နဲ့ ပသပါမည်… လို့ ဟိ
    😀

    Reply

  • Wow

    October 7, 2013 at 12:47 pm

    ရနောင်မောင်မောင်ကျောက်တော့ စုဖုရားလတ်နဲ့တွေ့ရင်နာတော့မယ်… :mrgreen:

    Reply

    • Mike

      April 7, 2015 at 11:15 am

      .အခုတော့ ရနောင်မောင်မောင်ကျောက်စ်တစ်ယောက် အနှီးလျှော်ခြင်းအလုပ်ဖြင့် ကျုပ်ထံပင် .အခစားမဝင်နိုင်ရှာတော့ပေ :k:

      Reply

  • Mr. MarGa

    October 7, 2013 at 5:00 pm

    အင်း….
    ရနောင် မောင်မောင်ကျောက်
    ရွှေတိုက်စိုး အံစာပြား
    ဆယ်အိ်မ်ခေါင်း အောင်တိုက်
    သူ့နေရာနဲ့သူတော့ လုပ်တတ်ကိုင်တတ်ကြသားပဲ….. :mrgreen:

    Reply

  • Ma Ma

    October 8, 2013 at 8:21 am

    လူပြောမသန် လူသန်မပြောတဲ့……….
    ရချင်တဲ့စည်းစိမ်တွေကို virtual life ထဲမှာ လာရှာနေကြတယ်။ :loll:

    Reply

  • naywoon ni

    April 5, 2015 at 10:20 pm

    ဟိုက်​ အင်​းဝနဲ့ ကုန်​း​ဘောင်​ ​ရောသမ​မွှေလိုက်​ပြန်​ပြီ 🙂

    Reply

  • ဦးကျောက်ခဲ

    April 8, 2015 at 12:21 pm

    ရနောင်မောင်မောင်ကျောက်လည်း အခု ဘယ်လို မဟုတ်တာတွေမှ မလုပ်နိုင်တော့ဘူး…
    ကလေးအနှီးမလျှော်ရပေမည့် Diaper လဲပေးရ ၊ နို့တိုက်ရ ၊ ရေချိုးပေးရ…
    မီးနေသည်အတွက် ချက်ရပြုတ်ရ ဈေးသွားရ… ပန်းကန်ခွက်ယောက်ဆေးရ …
    ခင်ပွန်းဝတ်ရော … ဖခင်ဝတ်ရော… တန်းစီပြီး ပါရမီဖြည့်နေရတယ် အရပ်ကတို့…
    :k:

    Reply

  • Mike

    April 8, 2015 at 1:34 pm

    .မမှီပြောသလို အဖြူရောင်မီးတောက်လေးတစ်စ တိုးလာပီပေါ့ ကျောက်စ်ရေ :k:

    Reply

Leave a Reply to Mike Cancel Reply

Your email address will not be published.