လေးဇီးကွတ် Lazy Cook

Ma MaOctober 12, 20131min033

သူများကွတ်တဲ့နာမည်တွေကို ယူပြီး………..

အီးဇီးကွတ် (ခရက်ဒစ်တူ ဝေဝေ)၊

ရမ်းသမ်းကွတ် (ခရက်ဒစ်တူ မရွှေတုတ်) လို့  နာမည်ပေးပြီး ရေးထားတာတွေကို …………

 

တညင်သားက ဘီးဇီးကွတ် (အမှန်လည်း ဘီးဇီး) လို့ ပြောတာကို မခံနိုင်လို့ :hint:

အပျင်းနည်းနဲ့ ချက်ထားတဲ့ ကိုယ့်ကွတ်ကို လေးဇီးကွတ်လို့ နာမည်မူပိုင်ပေးလိုက်မယ်။ 🙂

 

မြန်မာမုန့်တွေက ဆန်နဲ့ ကောက်ညှင်းကိုသာသုံးလေ့ရှိတာမို့

ဂျုံမှုန့်နဲ့လုပ်ရမယ့် မုန့်ဆိုရင် ကြောက်တယ်။

မလုပ်ရဲဘူး။

 

အဲဒီတော့ ဂျုံနဲ့လုပ်တဲ့ ပီဇာကို ဝယ်စားရမှာလည်း နှမျော၊

ကိုယ်တိုင်လည်း မလုပ်တတ်ရာက ကံကောင်းထောက်မစွာနဲ့ လေးဇီးကွတ်နည်းကို တွေ့တော့ ကိုယ့်ရွာသူားတွေကို ကြွားချင်…..

အဲ- မျှဝေချင်မိတယ်။ 😀

 

အဆင်သင့် လုပ်ပြီးသားဂျုံပြားကို ဝယ်တယ်။

 

ရယ်ဒီမိတ် ဂျုံပြား
ရယ်ဒီမိတ် ဂျုံပြား

 

ပန်းကန်ပြားတစ်ချပ်ပေါ် ထောပတ်သုတ်ပြီး ဂျုံပြားကို ခင်းတယ်။

ကြက်ဥတစ်လုံး ဖောက်ထည့်ပြီး ဂျုံပြားအပေါ်ကို နှံ့သွားအောင် သုတ်လိုက်တယ်။

ဂဏန်းသား၊ ကြက်အူချောင်းနဲ့ ချိစ်အမှုန့်တွေကို အဲဒီအပေါ်တင်တယ်။

အချိန်အဆကတော့ များလေ ကောင်းလေပေ့ါ။ 😀

 

အပေါ်ကနေ Tomato sauce လေး နည်းနည်း ဖြူးပေးတယ်။

 

မိုက်ခရိုဝေ့ဖ်အာဘန်မှာ ၅မိနစ်ချက်တယ်။

 

 

 

စားလို့ရပြီ။
စားလို့ရပြီနော်။

လေးဇီးကွတ်နဲ့ စားကောင်းတဲ့ ပီဇာလေး အားပေးကြပါအုံး။ 🙂

33 comments

  • KZ

    October 12, 2013 at 3:56 pm

    ဟယ်၊
    အဲလို ရမှန်း ခုမှ သိသွားပြီ။

    :chit:

    Reply

    • Ma Ma

      October 12, 2013 at 9:14 pm

      ဝါသနာတူချင်းတွေ ဝိတ်တက်ရင် စိတ်မဆိုးကြေးးးးးးးးးး :loll:

      Reply

  • alinsett

    October 12, 2013 at 5:53 pm

    ဒါမျိုး အစားအသောက် ဖန်င်္တီး ပိုစ့်တွေ မြင်ရင်
    ချစ်သုဝေကိုပဲ ပြေး သတိရတယ်

    :kwi:

    Reply

    • Ma Ma

      October 12, 2013 at 9:18 pm

      မစ်စတာ အလက်ဆင်း ပြောချင်တာက ချစ်သုဝေကို ချက်ကျွေးခိုင်းဖို့….
      နားလည်လိုက်တာက မစ်စတာက ပြန်ချက်ကျွေးဖို့ :loll:

      Reply

      • Ko chogyi

        October 14, 2013 at 8:10 am

        မဟုတ်ပါဘူး အကြွေးပြန်ပေးဖို့ သတိရသွားတာ။

        Reply

        • alinsett

          October 14, 2013 at 11:11 pm

          တိန်

  • ရွှေ ကြည်

    October 12, 2013 at 7:02 pm

    ဟယ်…………နိပ်သဟ ကိုယ့်ဘာသာတော့မလုပ်ကြည့်တော့ဘူး အစ်မကေဇီလုပ်စားရင် လက်တို့ 😀

    Reply

    • Ma Ma

      October 12, 2013 at 9:48 pm

      အဲ- အဲဒီတစ်ယောက်ကတော့ အကြံတူ 🙂

      Reply

    • Ma Ma

      October 12, 2013 at 9:50 pm

      ကိုယ်တိုင်လည်း အလွယ်တကူ လုပ်စားလို့ရတာကို ပိုသဘောကျတယ်။
      နန်းတော်ရာသူတို့ဆီမှာ ပုစွန် ဂဏန်းတွေပေါတာနဲ့ဆို ဂွတ်ရှယ်ပဲ။
      🙂

      Reply

  • padonmar

    October 12, 2013 at 8:51 pm

    အမြည်းကျွေးပါ။

    Reply

    • Ma Ma

      October 12, 2013 at 9:53 pm

      ကျွေးချင်ပါသော်လည်းးးးး
      မြည်းတာနဲ့တင် ကုန်သွားလို့ :loll:

      Reply

  • ဦးဦးပါလေရာ

    October 12, 2013 at 9:53 pm

    ရိုတီပြားကတော့ စီတီမတ်မှာရမယ်-

    ချီးအမှုန့်က ဘယ်ကရမလဲ

    ပီဇာ ကလဲ cheese က အဓိက ဆိုတော့ … ?

    Reply

    • Ma Ma

      October 12, 2013 at 10:10 pm

      ချီးအမှုန့် (မဆလ ခေတ်လူသားလေသံဖြင့် 😀 ) ကို စီတီးမတ်မှာ ရနိုင်ပါတယ်။

      Reply

      • မဟာရာဇာ အံစာတုံး

        October 13, 2013 at 10:39 am

        အွမ် ….
        ချီးအမှုန့် များဂျာ …
        စီးတီးမတ် တွားစရာ လိုဘာဝူးးးး
        ဟိုလူဂျီး လိုဂျင်ယင် ဖရီး လာပေးရမားးး ဟီးးဟီးးး စဒါ ..
        :mrgreen:

        Reply

  • TNA

    October 13, 2013 at 10:08 am

    မိုက်တယ် မမရေ။ မှတ်ထားရမဲ့ထဲမှာပါသွားပြီ။ တခါတလေ အမြန်လုပ်စားချင်ရင်ရတာပေါ့။ ဖတ်စ်ဖုထဲထည့် ထားလိုက်ပါ့မယ်။ :sar:

    Reply

    • Ma Ma

      October 13, 2013 at 6:36 pm

      သဲနုအေးနဲ့ မအိတို့ ရေးတဲ့ ဂျုံနဲ့လုပ်တဲ့မုန့်တွေကို အားကျတယ်။
      ဂျုံကို မကျွမ်းတော့ ရယ်ဒီမိတ်သုံးပြီး အပျင်းနည်းနဲ့ အလွယ်လုပ်စားလိုက်တာ။ 🙂

      Reply

  • Crystalline

    October 13, 2013 at 11:03 am

    ချစ်သောအန်တီမမရယ်.. အိုက်ဒါလေးကို ပလာတာလိုကြော်စားတာ.. လေးဇီးကွတ် အန်တီမမရဲ့ အိုင်ဒီယာကိုလေးစားသွားပြီ.. သူများက ဗဲရီးလေးဇီးထဲပါတယ်ဆိုတော့ ကွက်တိပဲ :))

    Reply

    • Ma Ma

      October 13, 2013 at 6:41 pm

      လေးဇီးနဲ့ ဗဲရီးလေးဇီး တစ်ဂိုဏ်းထဲပဲ 😀

      Reply

  • surmi

    October 13, 2013 at 3:23 pm

    အခုဘဲ စီးတီးမတ်​ကိုသွားပါ​တော့မယ်​ အန်​တီမမ​ရေ..
    ​​ကျေး​ကျေး

    Reply

    • Ma Ma

      October 13, 2013 at 6:51 pm

      ပိတ်ရက်မှာ လုပ်စားရအောင် အချိန်မီတင်ပေးလိုက်တာ။
      အဆင်ပြေတယ်… ဟုတ် 🙂

      Reply

  • ဖွတ်ပြောင်

    October 13, 2013 at 6:43 pm

    ဒီလိုလက်ရာမျိုး ရှားသဗျ

    ကွိကွိ

    ကျော် လဲ ခေါက်ဆွဲပြုတ်တို့ ကော်ဖီမစ် တို့

    တယ်လက်မှန်တာကလား

    Reply

    • Ma Ma

      October 13, 2013 at 7:13 pm

      အော်ပီကျယ်ရဲ့ ထမင်းစာနည်း ရေသောက်နည်း သင်တန်းတက်ထားတာ ဒီလောက်တော့ ရှိပေမပေ့ါ။ 🙁

      Reply

  • ကျော်စွာခေါင်

    October 14, 2013 at 12:19 am

    မမ
    ကျနော်လဲ ပီဇာကို ဂျုံပြားဝယ်ပြီး အိမ်မှာ ကွာ့ကို ဖုတ်တယ်..ကွာ့ကို လုပ်တာ ပိုကောင်းတယ်..
    မမနဲ ့တော့ နည်းမတူဘူး..
    ကျနော်က ခရမ်းချင်သီး အနှစ်ကို အောက်ခံ သုတ်တာ.. နောက် ကြုံရင် လုပ်တဲ့အခါ ဓါတ်ပုံရိုက်ပြီး တင်ပေးမယ်.
    ခဏ ခဏ လုပ်စားတာ…
    ခု…အရင်ကလို ရှေ ့ဂျွမ်း နောက်ဂျွမ်း ထိုးလို ့မနိုင်တော့ဘူး…ဟီး

    Reply

    • Ma Ma

      October 14, 2013 at 5:46 pm

      @ဆရာခေါင်
      အောက်ခံဂျုံပြားနဲ့ အစာတွေ မကပ်မှာစိုးလို့ ဘဲဥကို ကြားခံအနေနဲ့ သုံးလိုက်တာ။
      စားကောင်းရင်ပြီးရောဆိုပြီး ကိုယ့်အတွေးနဲ့ ကိုယ်ကြံဖန်ပြီး လုပ်စားလိုက်တာ ကမောက်ကမပဲ။
      ဆရာခေါင် လုပ်စားတဲ့နည်းလည်း သိချင်ပါတယ်။ 🙂

      Reply

  • ဦးကြောင်ကြီး

    October 14, 2013 at 8:06 am

    အနော့်လည်း ဂွေးသီးကွပ် ဆိုပီး မူပိုင် ဦးထားမယ်..။ လာမည့်အပတ် ဆိတ်ဖိုက်တင်းဘော မျှော်…

    Reply

  • kyeemite

    October 14, 2013 at 4:22 pm

    မမ ရဲ့နည်းနဲ့ လုပ်စမ်းကြည့်အုံးမယ်
    အိမ်က ဘေဘီမိုက်နှစ်ကောင် အဲဒါမျိုးဆိုသိပ်ကြိုက်တာ
    ဟုတ်ပါ့နော…လွယ်လိုက်တာ တကယ့်လေးဇီးကွတ် အစစ်ပါပဲ 😀

    Reply

    • Ma Ma

      October 15, 2013 at 6:10 am

      ရွာထဲမှာ သောင်းကျန်းနေတဲ့ ကြောင်ကြီးကို ကြောင်ရွာပို့ပြီး သဂျီးကို ကြောင်သားစွတ်ပြုတ်ဆိုင် ဖွင့်ခိုင်းရမယ်။ :mrgreen:

      ဘရာသာမိုက်ရေ-
      ခုခေတ်ကလေးတွေက ကျမတို့တုန်းကလို မနက်စာကို မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ခေါက်ဆွဲသုတ် စားတာထက်…
      ကော်ဖီနဲ့ ကိတ်မုန့် ပေါင်မုန့် ပီဇာတွေပဲ စားချင်ကြတယ်။ 🙂

      Reply

  • Mr. MarGa

    October 14, 2013 at 6:22 pm

    ပီဇာနာမည်ကြားတာနဲ့ စားချင်စိတ်က ထိန်းမရ
    လုပ်ပုံလုပ်နည်း ကြည့်လိုက်တော့ အတော်လွယ်နေသဟ
    ဒါကြောင့် ဒါကြောင့်
    ဘယ်သူ့ကို လုပ်ခိုင်းရပ ဟီဟိ

    Reply

  • Ma Ma

    October 15, 2013 at 2:35 pm

    တစ်ဖက် ငါးရာက တစ်ယောက်တစ်ခုလုပ်လာရင်……….. :mrgreen:

    Reply

    • Mr. MarGa

      October 15, 2013 at 3:25 pm

      နတ်သားတွေ ပြန်မျှကျွေးရုံပေါ့ :kwi:

      Reply

  • တညင်သား

    October 19, 2013 at 6:51 pm

    ရယ်ဒီမိတ်နဲ့လုပ်တာတောင် ဘီးဇီးနေတယ် ဟာဟ…….ဆိုတော့..
    ဘီးဇီးကွတ်… 😛

    Reply

  • Ma Ma

    October 20, 2013 at 12:47 pm

    ရယ်ဒီမိတ်ဂျူံ ပြားပေါ် အစာတင်ပြီး ၅မိနစ်လောက်ချက်ရုံပဲကို ဘီးဇီးတယ်လို့ ပြောရင် ကိုယ့်ထက်လေးဇီးတဲ့သူတွေ့ပြီ။ :loll:

    Reply

Leave a Reply to KZ Cancel Reply

Your email address will not be published.