အိပ်ရေးဝအောင် အိပ်ရအောင်

ဆူးAugust 4, 20101min05

ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုကို တည်ဆောက်လိုသူများအနေနှင့် အိပ်ချိန်ပြည့်ပြည်ဝဝ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမဝသည့် အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမဝမှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဆရာဝန်များကဆိုသည်။ သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမဝခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည် ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။

၂။ အိပ်နေစဉ်တွင် အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသော အစားများကို ကြိုက်နှစ်သက်သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့်
အမျိုးသမီးများဖြစ်ကြသည်။

၃။ အိပ်ချိန်နည်းပါးမှုသည် ဆီးချိုဖြစ်နှုန်းနှင့် တိုက်ရိုက်အချိုးကျကြောင်း သိရသည်။

၄။ တစ်ညတွင် (၅)နာရီအောက်သာအိပ်သော အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်းမှာ နှလုံးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။

၅။ အဝလွန်သူများ၊ အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ သွေးတိုးရောဂါ ဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။

၆။ ယဉ်မတော်တဆမှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်းသူများကြောင့် ဖြစ်ပါသည်။

၇။ အိပ်ရေးမဝသော သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆအထိ မြင့်တက်ကြောင်း သိရသည်။

၈။ အိပ်ရေးမဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။

၉။ အိပ်ရေးမဝသော ကလေးများတွင် ADHDဟုခေါ်သည့် အာရုံစူးစိုက်မှုမရှိ၊ ဂဏှာမငြိမ်ရောဂါ ပို၍ဖြစ်ပွားပါသည်။

၁၀။ တစ်ညတွင်(၅)နာရီအောက်သာ အိပ်သောသူများမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲနှင့် ယျေဘူယျအားဖြင့် အသက်တိုတတ်ကြောင်း သိရှိရသည်။

အထက်ပါ အကြောင်းပြချက်များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုးကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်သင့်ပြီး
ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ်သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော်ထားကြောင်း သိရသည်။

5 comments

  • Htoo

    August 4, 2010 at 11:22 am

    ဟိဟိ ဒါဆို များများအိပ်တော့မယ်။

    Reply

  • Yin Nyine Nway

    August 4, 2010 at 11:54 am

    အင်း.. ဒါကို 10တန်းကျောင်းသားတွေ မသိစေနဲ့ ဟီး

    Reply

  • winne

    August 5, 2010 at 9:19 am

    တနေ့တနေ့ ဘယ်လောက် အိပ်အိပ် အိပ်ရေး မဝဖြစ်နေတာ အကြောင်းပြချက်ရှာဖို့ အဲဒါကိုတွေ့ထားတာ အားလုံးလည်း တွေ့ရအောင် ဒီမှာ ပြန်တင်ပေးတာ

    Reply

  • etone

    August 5, 2010 at 9:24 am

    etone အိပ်ချိန်က 5နာရီခွဲဆိုတာအများဆုံးပဲ ။ အသက်များတိုမလား ဘုရား၊ ဘုရား 😛

    Reply

  • winne

    August 5, 2010 at 9:47 am

    etone အားမငယ်နဲ့ အိပ်ချိန်များတဲ့ လူတွေ က မောဟများနေတာ ဟီးဟီး.. အိပ်ချိန်နည်းတဲ့ သူတွေက အောင်မြင်ကြတယ်လို့ပြောကြတယ်။ ထင်ပေါ်ကျော်ကြားတဲ့ လူတွေက သိပ်မအိပ်ကြဘူး အလုပ်လုပ်နေကြတယ်တဲ့။

    Reply

Leave a Reply to Yin Nyine Nway Cancel Reply

Your email address will not be published.