ဘုန်းကြီးရူးနဲ့ လှေလူး

DEPARKO DEPARKOOctober 3, 20131min04

အာဏာဆိုတဲ့အရာ မြန်မာတွေလက်စောင်းထက်စဉ်ကပေါ့
အယုဒ္ဒယကိုသိမ်း ဝါးရင်းဒုတ်ယိမ်းအကနဲ့ တစ်မြို့လုံးကိုချေ
တစ်ပြည်လုံးကိုသိမ်း စစ်ဦးဘီလူးပေါ့ ဘယ်သူတွေမှားလို့ ဘယ်သူမှန်
သူ့မြို့တော်ရန်အေးရအောင် အရှေ့ဘက်ကိုရှောင်လို့ ဘန်ကောက်လို့ အမည်တွင်ပြန်သတဲ့။
အာဏာဆိုတဲ့အရာ မြန်မာတွေဘုန်းမီးတောက်စဉ်က ပန်းဝါ မဏိပူရ လက်ဆောင်ပဏ္ဍာခစေသမို့
ကညာပျိုမဆက်သေး ခပ်ဝေးဝေးနေရင်လ မြို့တွေပြာကျရအောင် ဘုရင့်နာင်ကြံသေး။
အာဏာကိုမက် ရိုင်းလိုက်တဲ့အမည်းစက် ပြည်မပျက်ရုံပ ကနောင်ကိုလုပ်ကြံညမှာ
မြန်မာ့သွေးတွေရေလိုဖြန်းတာပါ့ နန်းရင်ပြင်ဆေးနီသုတ်တဲ့ဘေး။
အာဏာအတွက် သွေးမထွက်တဲ့နန်းမျိုးဆက် ဝါးရင်းဒုတ်နဲ့ချော့သိပ်ညမှာ
သီပေါမင်းသား ဘုရင်ရအောင်ပေါ့ မျိုးဆက်ပြတ်ဆေး။
အာဏာတဲ့ အာဏာ ပန်းကွက်သားမှာမို့ လူသတ်ရတယ်
မြန်မာတွေထီးဘုံနန်းပျောက်စဉ်ကလည်း ကုလားဖြူဘုရား အတွင်တွင်ခေါ်လို့
နေရာယူအုပ်ချုပ်သူရာထူး သူရူးအသွင် အလိုတော်ရိများရယ်က
နှိပ်စက်ခံပြည်သူတွေထကြွ တော်လှန်ကာ နိုင်ငံလွတ်လပ်ပြန်လည်း
အယူမမှန်တယူသန်များရန်ကြောင့် နိုင်ငံမှာချွတ်ချုံကျရတယ်
သေနတ်သံမဆဲနီုင်သေး။
အာဏာတဲ့ အာဏာ သူ့ပါဝါမသေးတာမို့ လူ့အလိုနတ်မလိုက်နိုင်ဘု
အာဏာလိုသူ လူတစ်စုရယ်ကြောင့် တိုင်းပြည်ကိုနောက်တစ်ခါနွံမနစ်စေလိုသပါ့
ကယ်တော်မူသမ္မာနတ်တို့အပေါင်း ဆုမွန်ကောင်းတောင်းလိုက်ပါသဗျ
ငြိမ်းချမ်းကြစေကြောင်း။။။။။။

4 comments

  • Foreign Resident

    October 4, 2013 at 5:43 am

    ပြောလို့သာပြောရတာ ။
    အာဏာ ကလည်း တယ်မက်စရာ ကောင်းပေသကိုး ။

    ပြောရရင် ဟိုး နဝတ / စစ်တပ် တက်လာကာစ ကပေါ့ ၊
    စစ်တပ်တွေ အကြီးအကျယ် ဘုန်းတန်ခိုးထွားနေချိန်တုန်း ကပေါ့ ။

    ဗိုလ်မှူးကြီး တစ်ယောက် Golf ကစားရင်း Green ပေါ်မှာ Putting လုပ်တာ ၊
    ကျင်းဝင်သွားတာကို ။ ဗိုလ်မှူးတစ်ယောက် ယူနီဖေါင်းကြီး နှင့် ၊
    ” သိတယ် အဘ ချိန်နေတာကို မြင်ရကတည်းက ဒီကျင်းဝင်တော့မယ်ဆိုတာ ၊
    ကျနော် သိတယ် ၊ ကျနော် သိတယ် ” ဆိုပြီး ၊
    Green မြက်ခင်းပြင်ကို လက်နှင့် တဗုန်းဗုန်း ရိုက်ပြီး အားရပါးရ ချီးကျူးတာကို ၊
    ကျနော့် မျက်စိ နှင့် တပ်အပ် ကို မြင်ဘူးတယ် ။
    ( သူ့ အဘ အောင်မြင်တာကို သူ အရမ်း ဝမ်းသာကြောင်း ပြရရှာတာလေ )
    ( သူ့ ဗိုလ်မှူး ယူနီဖေါင်းကြီး နှင့် မြက်ခင်းပေါ် လူးလှိမ့်ပြီး မကရုံ တမယ်ဘဲ )

    ဒါ ပါးပါးလေးဘဲ ၊ ဘယ်သူ့ကိုမှ မထိခိုက်နိုင်တာမျိုးမို့ ပြောပြတာ ၊
    ပြောရရင် ၊ တကယ့်ကို အများကြီး ရှိသေးတယ် ။
    ဪ ၊ အာဏာ ၊ အာဏာ ၊ တယ် မက်စရာ ကောင်းပေသကိုး ။

    Reply

  • Ma Ma

    October 4, 2013 at 6:57 am

    အာဏာဆိုတာကလည်း မက်ဖို့ ကောင်းသကိုးးးးး
    ပုထုဇဉ်ဆိုတာကလည်း အကန်းလို့ ဆိုသကိုးးးးးးးးးး
    အဲဒီတော့လည်းးးးးးးးးးး 😕

    Reply

  • kyeemite

    October 4, 2013 at 1:12 pm

    ကိုဒီပါကိုရဲ့ရင်တွင်းပေါက်ကွဲသံစဉ်ပေါ့…. :hint:

    Reply

  • DEPARKO DEPARKO

    October 4, 2013 at 8:55 pm

    ကျွန်တော်တို့က မြေစာပင်တွေပါဗျာ

    Reply

Leave a Reply

Your email address will not be published.