သတင်းပို့ခြင်း

အူးမိုက်ရဲ့ ကြိမ်စကြာကြောင့် ပြန်လာကြတဲ့ရွာသူားတွေ၊ ပို့စ်တွေပြန်တင်ကြတဲ့ ရွာသူားတွေကိုတွေ့တော့ လုံမလည်း ပို့စ်တင်ချင်စိတ်တွေ ဖြစ်လာပါတယ်။ ဘာတင်ရမလဲ စဉ်းစားလိုက်ပြန်တော့လည်း တစ်ချို့က ခေါင်းထဲကနေ စာရွက်ပေါ် (အဲ) ကွန်ပျူတာပေါ်ကို ထွက်မလာ၊ ထွက်လာတာကြပြန်တော့လည်း အဆုံးက သတ်လို့မရသေး။ ဒီကြားထဲ ပို့စ်တင်ချင်စိတ်ကလည်း ထိန်းမရဆိုတော့ ကြံမိကြံရာနဲ့ ပို့စ်တင်လိုက်ပါတယ်။

 

ဒါကြောင့် “လုံမလေးမွန်မွန် ရွာထဲမှာ ရှိနေပါတယ်။ ပို့စ်တင်ဖို့လည်း ကြိုးစားပါတယ်။ ဒါပေမယ့် စိတ်သာရှိပြီး စာမရှိလို့ ပို့စ်မတင်နိုင်သေးတာ ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။ ကွန်မန့်တွေလည်း ကြိုးစားပြီးပေးနေပါတယ်။ စာတွေလည်း ဖတ်ပါတယ်။ ရွာထဲဝင်မရလည်း ရွာပြင်က ပတ်ချောင်းပါတယ်” လို့ ပြောကြားရင်း ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ 🙂

27 comments

  • KZ

    October 2, 2013 at 11:29 am

    ဟွန်းးးး
    မမြင်တာကြာရင် ထင်ချင်ရာထင်ပစ်လိုက်မှာပဲ။

    😀

    Reply

  • ထင်ပါနဲ့ မမဂျီးရယ်။ ပွိုင့်ခိုးဖို့ အဲ ပို့စ်တင်ဖို့ အမြဲကြိုးစားနေသူရယ်ပါ။ :mrgreen:

    Reply

    • DEPARKO DEPARKO

      October 3, 2013 at 6:07 pm

      ဝါကျွတ်တော့မှာဆိုတော့ အင်းးးးးးးး

      Reply

  • kai

    October 2, 2013 at 4:16 pm

    ဟိုဇတ်လမ်းလေး.. ပို့စ်ရေးတင်ပါလားဟင်…
    အချစ်ဇတ်လမ်းလေး… :mrgreen:

    Reply

  • kyeemite

    October 2, 2013 at 4:25 pm

    အသိအမှတ်ပြုပါ၏ :mrgreen:

    Reply

  • Swal Taw Ywet

    October 3, 2013 at 11:36 am

    လုံမရေ၊
    ညည်း(တို့)ရောက်မလာလို့လားမသိ၊မုန့်တွေအများကြီးပိုနေခဲ့တာကွ၊
    ကျနော် ပို့စ်တင်ပေးထားမယ်၊
    ကြည့်ပြီးသုံးဆောင်လိုက်ပေါ့နော်။
    With respect,
    Swal Taw Ywet.

    Reply

  • ဗုံဗုံ

    October 3, 2013 at 1:05 pm

    အဟမ်း..အဟွတ်….
    နာလည်း ထင်ပစ်လိုက်မှာနော်..
    နာ့ဂို ရင်ကျိုးရအာင်မလုပ်နဲ့… ဟွန်း… :mrgreen:

    Reply

  • TNA

    October 3, 2013 at 6:07 pm

    ရွာထဲမလဲဝင်မလို့မနေ့ညကတဲကပါတ်ချောင်းနေတာ။ ဒီနေ့ညနေမှကောင်းကောင်းရောက်တော့တယ်။ ဒဂျီးဒို့ရွာဝင်ရတာဈေးကြီးချက်။ ဟုတ်တယ်လေ အင်တာနက်က အရဂါးရဒါမဟုတ်။ အချိန်နဲ့အမျှပိုက်ပိုက်ပေးရတာ။ 😥

    Reply

    • Foreign Resident

      October 3, 2013 at 6:42 pm

      TNA says:
      ” ဒဂျီးဒို့ရွာဝင်ရတာဈေးကြီးချက်။ ဟုတ်တယ်လေ အင်တာနက်က အရဂါးရဒါမဟုတ်။
      အချိန်နဲ့အမျှပိုက်ပိုက်ပေးရတာ။ 😥 ”

      မ TNA ( သူဋ္ဌေးမကြီး ) ကလည်း အရမ်း ညည်းတာပဲ ။
      ဆင်းရဲချင် ယောင်ဆောင်နေတယ် ။ Smiley ကလည်း မျက်ရည်ကျပြနေသေးတယ် ။
      ဟင်း ဟင်း ၊ အကြောင်းသိချင်းဆိုတော့ အသီးယားလာပြီနော် ၊ ဟင်း ဟင်း ။

      Reply

  • စုန်း ဘု ရင်

    October 3, 2013 at 6:22 pm

    ဘာမှန်းတော့ မသိဘူး
    ဒါပေမယ့်
    ရွာသူ/သားဆိုရင်
    ၁၅၀ဝ တန် ဖုန်းကဒ် ရမယ်ဆိုလို့
    ဒီမှာရောပြီး သတင်းပို့သွားပါတယ်
    White Card ကိုင်ထားတာ အဟုတ်ပါဝူးနော် 😆

    Reply

  • alinsett

    October 3, 2013 at 10:17 pm

    သဂျီးပြောတဲ ့ ဟိုဇာတ်လမ်းလေး.ရေးပါဦးလားဟ

    တစ်နေ့သ၌ ..ကျွန်မသည်…..ဆိုပြီး..အစချီပေါ့…

    :kwi:

    Reply

  • Mahar Myanmar

    October 5, 2013 at 1:21 pm

    ပွိုင့် တော့ ခိုး ချင် ခိုး ပါ
    လူတော့ လေ အ တိုး မခံ ပါ နဲ့
    ရွာ အပြင် မှာ ဆို လေကြမ်း တယ်
    လွင့် ပါသွား မှာ စိုးမိတယ်…
    သီတင်း ကျွတ် မဆိုင် မဆိုင် ဆို တော့…
    မိဘ ကို တောင် မကန်တော့ ပြီ လား မွန်မွန်..

    Reply

    • တိန်..
      ဩကာသကတော့ လုပ်မှာပေါ့.. ဒါမယ့် တစ်ယောက်တည်း ဩကာသဦးမှာလို့ ပေါဒါ…ဟီး…

      Reply

  • ဦးကြောင်ကြီး

    October 7, 2013 at 8:13 am

    ဘယ်အားမလဲ.. ညည်းဂ ဘဲရသွားပီဂိုး….

    Reply

    • မဟာရာဇာ အံစာတုံး

      October 7, 2013 at 9:13 am

      ဝုတ်ဒယ် …
      လပိုဂျီးး အပိုဂျီးဒွေလို
      အားအားယားယား ဟုတ်ဒေါ့ဝူးးး
      ဘွဂျီးဂ ပိုပီး အဒိတ်ဘယ် ချိလာဘီလေ …
      ဝုတ်ဒယ်နော် သည်းလေး ..
      :mrgreen:

      Reply

      • sorrow weaver

        October 7, 2013 at 9:29 am

        အံစာနှယ့်…စွာတာ့ …အဟီး ဟီး …

        Reply

  • black chaw

    October 7, 2013 at 3:24 pm

    ရွာပြင်ကပတ် ချောင်းတာလည်း ချောင်းပေါ့…။
    ရွာထဲက ပြန်ချောင်းတာကိုလည်း သတိထားဗျ…။
    ဟေးဟေး…။
    😀

    Reply

Leave a Reply to မဟာရာဇာ အံစာတုံး Cancel Reply

Your email address will not be published.