အရှိန်ပြင်းပြင်း….ဖြင့်ပြိုင်မောင်းလာကြသောရန်ကုန်မြို့ရှိအထူးယာဉ်လိုင်းများ

zaw mgAugust 4, 20101min03

ရန်ကုန်တိုင်းသုဝဏမြို့နယ်၊အသင်းတိုက်မှတ်တိုင်မရောက်ခင်လမ်းဆုံမီးပွိုင့်မှာတနင်္လာနေ့(၂.၈.၂၀၁၀)

ည၈နာရီခွဲခန့်မှာရန်ကုန်မြို့ထဲမှသင်္ဃန်းကျွန်းဘက်သို့မဆင်မခြင်အရှိန်ပြင်းစွာပြိုင်မောင်းလာတဲ့

၃၉အထူးယာဉ်လိုင်းမှ၆ခ/………………၏ဝင်တိုက်မှု့ကြောင့်အပြစ်မဲ့လမ်းဖြတ်ကူးသူတစ်ဦးပွဲခြင်းပီး

သေဆုံးခဲ့ရပါတယ်။အဆိုပါယာဉ်တိုက်မှု့အားမျက်မြင်တွေ့ရှိခဲ့သူမနေခြည်ဖြိုးမှ…..ကျမမနက်ကအလုပ်ကိစ္စ

နဲ့သင်္ဃန်းကျွန်းဘက်သွားရင်းတွေ့ကြုံခဲ့ရတာပါ..တော်တော်ကိုထိတ်လန့်ဇွယ်ရာမြင်ကွင်းတခုပါ…သူတို့

ကားကိုအပြိုင်မောင်းလာကြလို့အခုလိုအရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိတာပါ…..လမ်းဖြတ်ကူးသူကအရှိန်နဲ့ယာဉ်

မောင်းရဲ့တစ်ဘက်ခြမ်းမှန်ကိုဝင်ဆောင့်မိပြီး…ပွဲခြင်းပီးဘဲ……..ဟုဆိုပါတယ်။

ထိုကဲ့သို့ရန်ကုန်မြို့တွင်းရှိအထူးယာဉ်လိုင်းများတစ်စီးနှင့်တစ်စီးအပြိုင်

မောင်းနှင်မှု့များကြောင့်ခရီးသွားပြည်သူများမှထိရောက်သောအရေးယူမှု့များပြုလုပ်စေလိုတယ်လို့သိရပါတယ်။

3 comments

  • winne

    August 4, 2010 at 7:06 am

    ကြားရတာ စိတ်မကောင်းစရာပါလားနော်။ ကားသမားတွေက လည်း လမ်းပေါ်တနေကုန် မောင်းနေလို့ မာန်ထောင်နေတကြတာ ငါတို့ တတ်တယ် ငါတို့တော်တယ်ဆိုပြီးတော့။ တယောက်နဲ့ တယောက် စာနာ စိတ်လေး ရှိရင် ဘယ်လောက် ကောင်းမလဲ ဟိုနေ့ကလည်း တွေ့တယ် ကား အကြီးက town ace ကို နောက်က နေ ဝင်တိုက်တာ ကား ကိုင်းတွေဘဲ လိမ်သွားတယ် အနောက်က ကားကြီးကတော့ မှန်တွေ အကုန်ကွဲကုန်တယ် အမှန်တော့ အရှေ့က ကား မရွေ့သေးရင် စောင့်ရမှာ အလျင်လိုပြီး နင်းချလိုက်တော့ အရှိန်မထိန်းနိုင်ဘဲ ဝင်စောင့်ကုန်တာ အဲဒီတုန်းက လူမသေလို့ အခု လူသေတယ်ဆိုတော့ ပိုစိတ်မကောင်းစရာဘဲနော်

    Reply

  • လင်းဝေကျော်

    August 4, 2010 at 7:15 am

    ကားသမားတစ်ယောက် စပယ်ယာ နှစ်ယောက် သုံးယောက်စာ အပြင် အုံနာအတွက်ပါ ရှာရတော့
    အလုအယက် အရှက်မရှိ စည်းမသိ ကမ်းနားမလည် နဲ့ လုပ်ချင်ရာ လုပ်နေကြတာ။
    ယာဉ်ထိန်းတွေ ကလည်း ဒီကိစ္စ သူတို့နဲ့မဆိုင်သလိုဆိုတော့ သေကြဦးပေါ့၊ ထိခိုက်ကြဦးပေါ့။
    လက်ခံပြီးကြည့်နေကြဦးပေါ့ အရပ်ကတို့ရေ………..။

    Reply

  • sususan

    August 4, 2010 at 7:28 am

    အင်း..ဟုတ်တယ် ကားတွေမောင်းတာလေယာဉ်ပျံစီးရသလိုပဲ
    မြေအောက်အမြန်ရထားတွေမတီထွင်နိုင် မရှိသေးတော့ သူတို့လည်း
    ကျည်ဆံရထားနှုန်းထားအတိုင်းမောင်းတာနေမှာပေါ့
    သူတို့တီထွင်ထားတဲ့မြေပေါ်ဘီးတပ်အမြန်ယာဉ်တွေလေ
    ဘုရားတ ပြီးသာစီးကြဖို့ပဲရှိတော့တယ်…ကိုယ့်ဝမ်းစာတစ်ခုတွက်နဲ့လူပေါင်းများစွာ
    အသက်ကိုစတေးနေရတယ်ဆိုတာ အသိလေးရှိရင်ကောင်းမယ်.လိုင်းကားတွေကိုပို
    မဖြစ်စေချင်ဘူးခရီးသည်ပေါင်းများစွာ လိုက်ပါစီးနင်းနေကြတာ အများအသက်ကိုသူတို့လက်ထဲမှာအပ်ထားပြီးစီးနေရတာ
    မိုးတွင်းဆိုတော့ပိူပြီးသတိထားမောင်းသင့်တယ်။

    Reply

Leave a Reply to လင်းဝေကျော် Cancel Reply

Your email address will not be published.