အရောင် ဝင်္ကဘာ

နွမ်းကြေတဲ့ ခြေလှမ်းများစွာနဲ ့ငေးမောခြင်းကို အဖော်ပြုရင်း အိ်မ်အပြန်တောင်ကုန်းလေးကို
တက်လာခဲ့ရင်း ကိုယ့်ကိုကို သတိပြုမိတော့ ဒီလောက်အေးတဲ့ ရာသီမှာတောင် လက်၂ဖက်လုံး ချွေးစေးတွေ ။ ဘာဖြစ်တာလဲ…။
ပန်းချီဆွဲရင်း ခင်မင်ရင်းနှီးခဲ ့တဲ့ ပန်းချီကိုနေမျိုး( စာရေးဆရာ နေမျိုး မန ္တလေးကို သတိရနေတယ်..။ ချိုင်းထောက်၂ဖက်နဲ ့သီချင်းဆိုနေတဲ့ ချင်းအဆိုတော်မလေး မီလာနျန်းကို မျက်စေ့ထဲ မြင်လာတယ်…။
အရောင်တွေ ..ဆေးရောင်စုံတွေ.. ရောင်စုံပဝါပါးတွေလို တစ်လွှာချင်း တစ်လွှာချင်း ကိုယ့်ရှေ ့မှာ
လွှမ်းခြုံလာတယ်… မောလိုက်တာ..ရင်ဘတ်ထဲမှာ နင့်နေအောင်မောလိုက်တာ…။
အရောင်တွေကို ခင်တွယ် ကစားနေတဲ ့ ပန်းချီသမားတယောက်က အရောင်တွေရဲ ့အတ္တကို
ကိုယ်နားလည်သလောက် ခွဲခြမ်းမိတယ်..။
အတ္တ…။
ဖြူစင်လွန်းပါတယ်ဆိုတဲ့ အဖြူရောင်မှာတောင်..အဖြူ ဆိုတဲ့ အရောင်အတ္တစွဲနဲ ့ပါလား..။
နီ …ဝါ …ပြာ……စိမ်း…. ခရမ်း…နက်ပြာ………..
အို…ရှိသမျှ အရောင်တွေ..။
အားပြိုင်နေတဲ့ အရောင်တွေ…
ကိုယ့်ရပ်တည်မှုအတွက် ကိုယ်က ဘာအရောင်ပါဆိုတာ သက်သေထူဘို ့ အမြဲ ကြိုးစားနေတဲ ့ အရောင်တွေ…။
ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ ဆရာမင်းကျော်ရဲ ့( အဖြူကို မည်သူ အနက်ဆိုးသနည်း ) ဆိုတဲ့
အမျိုးသား စာပေ ဗိမာန်ဆုရ စာအုပ်လေးကို သတိရတယ်…။
တကယ်တမ်း ပန်းချီဆွဲသက်ရ လာတဲ့ အခါ ဖြူစင်တဲ့ အရာ တခုကို တခြားအရောင်တွေက
ဖျက်ဆီးလို ့ရသလို တချို ့အရောင်တွေကိုလဲ အဖြူက ဖုံးအုပ်နိုင်စွမ်း ရှိတာကို သိလာရတယ်…။
တကယ်တန်းဆိုတော့လဲလေ…..
အရောင်တွေတိုင်းမှာ အတ္တစွဲ ရှိတယ်လို ့ပြောနေတဲ့ ပန်းချီဆရာ ကိုယ်တိုင်ကဘဲ….
ဒီအတ္တရောင်တွေကို ကင်းဗတ်စပေါ်မှာ အကွက်တကျ နေရာတကျ ဖြစ်အောင် အတ္တဆန်ဆန်
ချယ်မှုန်းနေတာဘဲ။
ရောင်စုံ အတ္တတွေနဲ ့ချယ်မှုန်း အားပြိုင်နေတဲ့ ဒီကမ္ဘာလောကမှာ…
ဘာအရောင်ကိုမှ မချစ်ချင်တော့ဘူး.. ဘယ်အရောင်ကိုမှ အတ္တကင်းတယ်လို ့ မထင်တော့ဘူး…
မောလိုက်တာ…ကိုနေမျိုးရေ..
အကို ့ကို ကွယ်ရာမှာ ဂေါက်ကြောင်နေတယ်လို ့ပြောတာကို ကြားတုန်းက ကျနော် အကို ့အတွက် နာကျင်ခဲ့ဘူးပါတယ်..
အကို နဲ ့ဒီအကြောင်းကို ပြောဖြစ်တော့ ကိုနေမျိုး ကျနော့်ကို ပြုံးပြီး ကြည့်နေခဲ့ဘူးတယ်..
ဟုတ်တာပေါ့…ဒီတုန်းက ကျနော်က ခလေးသာသာဘဲ ရှိသေးတာကို…။
မီလာနျန်းရေ.. မင်းကို ဘုရားသခင် လက်ဆောင်ပေးထားတဲ့ ချိုင်းထောက်တစ်စုံလောက် ….
ငါလိုချင်မိတယ် …။
ဘာဘဲပြောပြော နှင်းလေတွေ တိုက်နေတဲ ့တောင်ကုန်းလေးမှာ…
တစုံတယောက်က ငါ့ကို ချိုင်းထောက်တွေ ပေးလာရင် ငါယူမိမှာပါ…
ငါ့ခြေတွေ မခိုင်တော့ဘူး ချင်းမလေးရေ…။
ငါ အမောပြေစားရအောင် တောင်ကုန်းထိပ်ကများ အမ္ဗပ္ပါလီကများ သူပိုင်တဲ့ခြံထဲက သရက်သီး တလုံးကျွေးလာရင်လဲ ငါစားမှာပါ…
ငါက အတ္တကင်းတဲ့ သူတော်စင် မဟုတ်ပေမယ့်….
အမ္ဗပ္ပါလီကို ဘယ်တုန်းကမှ မကောင်းတဲ့ မိန်းမလို ့ မတွေးခဲ့ဘူး…။
တကယ်တော့လဲ.. တစ်ကမ ္ဘာလုံး အတ္တရောင်တွေ ချယ်မှုန်းခံထားရတဲ့….
အရောင်ပျက်တွေဘဲမို ့လား…
ပန်းချီသမားဘဲလေ…
ဘာဘဲပြောပြော… အရောင်တွေနဲ ့လိုက်တမ်းပြေးတမ်းကစားနေရဦးမှာပေါ့…။
…….
…….
ခဏ ခဏ သေရဖန်များတော့လဲ ဈေးကြီးမှန်းသိတာတောင် တန်ဘိုးကြီးတဲ့ သစ်နဲ ့ဘဲ
နောက်ဆုံးအကြိမ် သေချင်မိတော့တယ်..။
ကျော်စွာခေါင်

 

27 comments

  • ဦးကျောက်ခဲ

    September 26, 2013 at 8:35 am

    အကိုကြီးကတော့ အနုပညာ မှော်အောင်တယ်ဗျာ…
    ကွန်မန့်သာ မရဲတရဲပေးနေရတာ၊ မြင်းထိန်းငတာလို ဖြစ်မှာလည်း စိုးရသေး…
    ဘဝအတွေ့အကြုံလေးတွေကိုလည်း ရွာသူရွာသားများကို ဝေမျှပါဦး ခင်ဗျ…
    🙂

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:27 pm

      ကိုကျောက်…
      အဲလိုကြီး …ပြောပါနဲ ့ဗျာ…။ မတန်မရာ..ကျနော်က ဘာမှ မဟုတ်ရပါဘူး…။

      ….
      ….
      ဒါပေမယ့်ပေါ့လေ….
      ကျနော်..ဒီရွာမှာ ပျော်ပါတယ်.. ဆက်ရေးနေမှာပါ..။
      တချို ့ ကိစ္စတွေကျလေ..ကျနော်ကိုယ်တိုင် မေ့ပစ်ချင်တာတွေ ရှိနေလို ့ပါ..။
      ရွာသားတွေနဲ ့လဲ သိပ်ပြီး မရင်းနီးသေးတော့လေ…
      ဟို… အနေအထိုင် ဆင်ခြင်ရတယ်ဗျ..။

      Reply

  • KZ

    September 26, 2013 at 8:37 am

    စိတ်ဝင်စားလာပြီ။
    ဘဝ ဇာတ်ကြောင်းကို ပြောတာပါ။ 😀

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:29 pm

      စိတ်ဝင်စားလာပြိ…
      ဟောာာာာ ဆိတ်ဝင်လာပြီ..
      ပြီးရင် ..မကေ ထောင်းစားပါတော့မယ်..။

      Reply

  • kyeemite

    September 26, 2013 at 9:44 am

    “ဖြူစင်လွန်းပါတယ်ဆိုတဲ့ အဖြူရောင်မှာတောင်..အဖြူ ဆိုတဲ့ အရောင်အတ္တစွဲနဲ ့ပါလား..။”
    ကိုကျော်စွာခေါင့် အတွေးလေးကိုသဘောကျတယ်ဗျာ….
    ဟုတ်တာပဲလေ…ကမာ္ဘလောကကြီးဖြစ်တည်နေတာကိုက “အတ္တ” ဆိုတာကြီးကြောင့်မဟုတ်လား…
    :hint:

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:34 pm

      ကိုမိုက် ရေ..
      အဲဒီအတွေးလေးက ဒီပို ့စ်လေးဖြစ်ဘို ့ အခြေခံပါ.. ရိုးသားဖြူစင်တယ်လို ့ ကိုယ်ထင်ထားတဲ့သူ…
      သူကိုယ်တိုင်လည်း ပြောနေကျ လူဆီက မထင်မှတ်ဘဲ…သိလိုက်ကြားလိုက်တော့…သူ တစ်ခြားလူတွေအပေါ်မှာ ထားတဲ့စိတ်ကို
      ဖျတ်ကနဲ မြင်တွေ ့ပြီး ကျနော် တော်တော် အံ့ဩ စိတ်မကောင်းဖြစ်သွားတာ..
      မျိုးနွယ်ခွဲတယ်.. အဆင့်အတန်းခွဲတယ်…ကိုယ်ချင်းစာချင်ယောင်ဆောင်တယ်..
      ကျနော်က ဘေးကနေ…ကြည့်ပြီး…စိတ်ညစ်နွမ်းသွားရာကနေ ဒီအတွေးအခေါ်လေးရလိုက်တာပါ..။

      Reply

  • ဦးကြောင်ကြီး

    September 26, 2013 at 9:49 am

    အရောင်ဝင်္ကပါ
    ဒေါင်ဒင်ခါ
    ရှောင်စဉ်မှာ
    ညောင်ပင်သာ..

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:37 pm

      အရောင် ဝင်္ကပါ
      ဒေါင်ဒင်ခါ
      ရှောင်စဉ်မှာ
      ညောင်ပင်သာ..
      သောင်ပင်မှာ..
      ဆောင်သဉ္ဇာ
      ….
      ကြောင်မင်္ဂလာ

      Reply

  • အလင်းဆက်

    September 26, 2013 at 10:11 am

    အောက်ဆုံးက စာသားလေးကို
    သိပ်ကြိုက်တယ် ဦးခေါင်ရည်

    အနုပညာဆန်တဲ့ ရသစာပေလက်ရာလေးကို
    ဖတ်ရှုခံစားလိုက်ရတယ်

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:38 pm

      ကျေးဇူးပါ…
      အခတ်ခံချင်သူဂျီးရေ….။

      Reply

  • sorrow weaver

    September 26, 2013 at 11:07 am

    ဦးခေါင်ကွ …အနုပညာ ကဝေကွ…လုပ်တိုင်းဖစ်တယ်… 😛

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:40 pm

      ဖျားးးးးဖျားးးး
      ဒီ ဒူးဝါးလေး
      ငါ့ကို အချွန်နဲ ့မ ပြီး သတ်ကွင်းထဲကို အတင်းတွန်းပို ့နေတာပါလားးးး.။။

      Reply

  • ဗုံဗုံ

    September 26, 2013 at 11:12 am

    တစ်ရောင်တည်းမခြယ်…
    အရောင်ဝဲလည်…..
    တောနဲ့တောင်စွယ်…
    ဆက်ဆိုတတ်တော့ဘူး.. :mrgreen:

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:44 pm

      တစ်ရောင်တည်းမခြယ်
      အရောင်ဝဲလည်…
      တောင်နဲ ့တောင်စွယ်..
      လယ်ယာ စိုက်ခင်းးး
      တရုပ်ကြီးတွေ က အကုန်ယူတယ်…


      ကဲ…ဗုံဗုံ..
      ကွာ့ကို ဆက်ဆိုတော့ ဟုတ်ပြီလားးး။

      Reply

  • မဟာရာဇာ အံစာတုံး

    September 26, 2013 at 11:22 am

    သေခါနီးအထိ အတ္တတွေ ရှိနေမိလေတော့
    လည်ပေဦးတော့ ဒီလောကသံသရာပေါ့ ….
    စကားမစပ် …
    ဈေးအကြီးဆုံး သစ်က ဘာသစ်ဒုန်းငင်င်င်င် ..
    ခညားသေဒဲ့အခါ အပိုင်းအစလေးဖစ်ဖစ် လက်ချောင် ထည့်ပေးလိုက်ဂျင်ရို့ဘာ …
    :mrgreen:

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:52 pm

      အံမယ်လေ့လေလေးးးးး
      လုပ်ကြပါဦးကွယ်တို ့…
      အံဇာမိုးဝင်းလေ…
      လူကဖြင့် ကိုယ်တစ်ခြမ်း ခြင်ထောင်ထဲ ရောက်နေပြီး
      ကိုယ့်အကို တစ်ယောက်ကို ပြောပုံက သူ ့ကိုယ်သူ အနာဂမ်ဆရာသက်ကြီးလိုလို ဘာလိုလို..ဟေးးးဟေးးးဟေးးးး။


      ကိုယ်သေချင်တဲ့ ဈေးကြီးတဲ ့သစ်ဆိုတာ… ကိုယ်ချင်းစာစိတ်ရှိတဲ့ သစ်သား
      မသေခင်လိုချင်တဲ့ လက်ဆောင်က….
      ကြော်ညာဝင်ဘူးတဲ့ ပဲမြစ်တိုတိုသေးသေးလေးကို တစ်ချက်တည်းပြတ်စေတဲ့ သင်တုန်းဒါး ခပ်ထက်ထက်..။
      ဒချိ..ဒချိ..။

      Reply

  • လုံမလေးမွန်မွန်

    September 26, 2013 at 11:51 am

    အရောင်တွေနဲ့လိုက်တမ်းပြေးတမ်း မကစားခင်က ဘီတူနဲ့ ကစားခဲ့ဖူးလဲဟင်င်င်

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:55 pm

      မမလိုဘဲ….
      ဆံပင်ရှည်ရှည်နဲ ့..
      မမလိုဘဲ …
      ရီရင်ပါးချိုင့်လေး….
      ….( အောင်သူ..သီချင်းနော်)
      ….
      မမ…ပေါ့။
      ဒချဒချိ..။

      Reply

      • မဟာရာဇာ အံစာတုံး

        September 27, 2013 at 2:42 pm

        ခညား မမ ဆိုဒါ
        ဒချဒချိ ဆိုဒါလား …. 🙄

        Reply

  • Crystalline

    September 26, 2013 at 3:00 pm

    ဦးကျောက်စ်ကတောင် အကိုကြီးလို့ခေါ်ရတဲ့ ဆရာခေါင်ရဲ့အတွေ့အကြုံလေးတွေလည်း မျှော်မိပါသီ.. 🙂

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 9:58 pm

      ဦးကျောက်စ်က ရှိတဲ့လူ အားလုံးထက် သူက ငယ်တယ်ဘဲ ထင်နေရှာတာ လှိုင်းရဲ ့..။
      ရေးမှာပါ ဖြည်းဖြည့်ပေါ့..။
      ကိုကျောက်ပြောတာ ယုံပြီး
      သိပ်လဲ စွတ်ထင်မထားနဲ ့…သူလိုကိုယ်လိုပါဘဲ..

      မှတ်ချက်။ ။ ခေသူမဟုတ်

      Reply

  • lele kyi

    September 26, 2013 at 4:54 pm

    သူကြီးလေသံနဲ့ တရားဟောအုံးမယ်။ အဖြူကိုအဖြူလို့မှတ်။အမဲကိုအမဲလို့မှတ်။ ကျန်တဲ့အရောင်တွေကိုလဲအဲ့လိုမှတ်။ တော်ကြာ အဖြူကြိုက်တဲ့သူကသူ့အဖြူမကောင်းပြောရလားဆိုပြီးရန်တွေ့လိမ့်မယ်။
    ၁၂ရ အာဝါစ်ဆိုတဲ့ ရုပ်ရှင်းကားလေးကြည့်ရင်းဘဝကိုချစ်တတ်လာတယ်။ ဘယ်လိုအခက်အခဲနဲ့တွေ့တွေ့ ရုန်းကန်နိုင်အောင်ကြိုးစားပြီးရှင်သန်နေချင်သေးတယ်။

    Reply

    • ကျော်စွာခေါင်

      September 26, 2013 at 10:00 pm

      မလဲ့
      ပျောက်နေတာာာ ကြာပြီ..
      ခက်တယ် မလဲ့..
      ကျနော်ကတော့ ဖြူသည်လည်း မဟုတ် မဲသည်လည်းမဟုတ်..
      ဖြူရင်ဖြူတယ်လို ့ မှတ်နေတာကိုက အစွဲ…ဘဲ။

      Reply

  • Mr. MarGa

    September 26, 2013 at 8:20 pm

    ကိုကြီးကျော် ရေ့
    အရောင်ရှိပြီး အရိပ်မထင်ကြသူတွေ၊
    အရိပ်အရောင် ပြောင်ပြောင်ရောင်ရောင် မပြကြသူတွေ
    အဲလိုလူတွေကိုလည်း တစ်ခါတစ်ခါကျရင် တွေးမိတယ်ဗျာ…

    Reply

  • ကျော်စွာခေါင်

    September 26, 2013 at 10:03 pm

    ကိုမာဂကြီးရေ…
    အဲလိုတွေးရတာ အရသာရှိသလို …
    အဲဒီလိုတွေးနေရင်းက အတွေးအခေါ်အယူအဆတွေ ရတတ်တယ်ဗျ…။

    Reply

  • Ma Ma

    September 27, 2013 at 8:02 am

    အရောင်တို့ရဲ့သခင် စုတ်တံတို့ရဲ့ဆရာ ခင်ဗျားးးးးးးးးးးး
    (ကိုယ်လိုချင်တာရှိလို့ ဖားထားတာ) :harr:
    Aurora ဆိုတဲ့ နာမည်နဲ့ ဘယ်အရောင်နဲ့ လိုက်ဖက်သလဲ။
    အဲဒီလိုက်ဖက်တဲ့အရောင်နဲ့ ဘယ်အရောင်နဲ့ တွဲစပ်သင့်သလဲ သိချင်ပါတယ်။
    အားတဲ့အခါမှ ဖြေပေးပါ။
    🙂

    Reply

Leave a Reply to လုံမလေးမွန်မွန် Cancel Reply

Your email address will not be published.