ချစ်ခင်စရာ အပြုံး

ဆရာကြီး ဦးတင်မိုး

 

ကျနော်တို ့ ငယ်စဉ်က အားရပါးရ ရွတ်ဆိုခဲ့တဲ့ ကဗျာလေးကို သတိယမယ်လို ့ထင်ပါတယ်..

“ ဟိုဖက်ကမ်းက မီးထိန်ထိန်

ဒီဖက်ကမ်းက မီးထိန်ထိန်

ဆီမီးရောင်စုံ လင်းပါတဲ့

မနှင်းတို ့အိမ်…. ”

ဆိုတဲ့ ကဗျာလေးပေါ့…

ဆိုသာဆိုခဲ့တာ

ဆရာကြီးကို အပြင်မှာ တခါမှ မမြင်ဘူးသလို….

ကဗျာ ထဲက မနှင်း ဆိုတာလဲ ကာရန်ညီအောင် စပ်ထားတာဘဲ ထင်ခဲ့တာပါ…။

ဒီလိုနဲ ့ အပြုံးတခုကို ရေးဆွဲ ချင်လို ့ စဉ်းစားရင်း ပီတိနဲ ့အတူ ချစ်ခင်စရာကောင်းတဲ့ ဆရာကြီးရဲ ့အပြုံးကို သွားတွေ ့ခဲ့ပါတယ်..။

ဆွဲပြီးသွားတော့လည်း..  ဆရာကြီး ကွယ်လွန်ပြီးသွားပြီဆိုတော့ ဆရာကြီး မိသားစုကို လက်ဆောင်ပေးချင်ခဲ့ပါတယ်…

အမေရိကန်မှာ နေတဲ ့ မမိုးချိုသင်းက ဝေးလွန်းနေတာကြောင့် ဒီတိုင်းလေးထားရာကနေ သတင်းလေးတခု ကြားလို ့ နယ်သာလန်သွားရင်းက ဆရာကြီးသမီးနဲ ့ ဖုန်းဆက်ရင်း ဘယ်လ်ဂျီယမ်ကို ခရီးဆက်ထွက်ခဲ့တယ်..။

လက်ဆောင်လေး ပေးချင်လို ့ပါ…။

ဟိုရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ဆရာကြီး မြေးမလေး မာယာ   တို ့စဒ္နြာတို ့မွေးနေ  ့ပွဲမှာ ဒီလက်ဆောင် ပန်းချီလေးကို ပေးခဲ့ပါတယ်…။

အဲဒီမှာမှ ကဗျာထဲက မနှင်း ဆိုတာကို အပြင်မှာ တွေ ့ဘူးတာပါဘဲ..

မမိုးမိုးနှင်း…တဲ့

မမိုးမိုးအေးတဲ့…

ဆရာကြီး မိသားစု တွေမှာ ချစ်ခင်စရာအကောင်းဆုံးကတော့….

ခင်မင်စရာ…. အပြုံး    ပါ..။

ဖအေတူလေးတွေ…..။

အဘိုးတူလေးတွေ……။

ပြုံးနေလိုက်ကြတာများ  …. ချစ်ခင်စရာကောင်းလိုက်တာ.။

 

ကျော်စွာခေါင်

အခရိုင်းလစ်

 

16 comments

  • အလင်းဆက်

    September 14, 2013 at 5:59 pm

    အသက်ဝင်တဲ့ အပြုံးလှလှ တစ်ခုကိူ
    အသက်အရွယ်ကြီးရင့်တဲ့ယောကျာ်းကြီးတစ်ယောက်မျက်နှာပေါ်မှာ တွေ့လိုက်ရတော့
    ဒီပန်းချီကားက
    ချစ်စရာ ကောင်းသွားပါတော့တယ်။

    Reply

    • ကျော်စွာခေါင်

      September 14, 2013 at 6:27 pm

      ညီလေး အလင်းဆက်ရေ…
      ကွန်မန် ့အတွက် ကျေးဇူးပါ..
      ညီလေးက ကိုယ့်ပို ့စ်တိုင်း အားပေးတယ်..အနုပညာကို ထပ်တူခံစားပေးတယ်..
      ကိုယ်ကသာလေ…အလုပ်တွေများပြီး ညီလေးကို ကွန်မန် ့တွေ မရေးဖြစ်တာ။။။
      အားနာပါတယ် ညီလေးရေ..။

      Reply

      • အလင်းဆက်

        September 14, 2013 at 7:25 pm

        ဟုတ် ။
        ကျွန်တော်လည်း.အခုတလော ဂဇက်ထဲမှာပဲ..စိတ်ကို နှစ်ထားလို ့…
        ပိုစ့်တိုင်းလိုလို ကို..
        ဝင်ဖတ် / ခံစားဖြစ်နေတာပါ ။

        ကျွန်တော်က.. ပန်းချီကားတွေက်ု ချစ်တယ်.လေ ။
        ကိုယ်တိုင် ဆွဲကြည့်ဖူးပေမယ့်.. ကိုယ် ဆွဲထားတဲ ့ကားကို.. ဘယ်သူ ့မှ မပြရဲ..။
        🙂

        Reply

  • ဝင့်ပြုံးမြင့်

    September 14, 2013 at 11:46 pm

    ဆရာကြီး(ဦး)တင်မိုး ရဲ့ပုံလား။
    မြန်မာတွေ နှုတ်ကျိုးနေတဲ့အတိုင်း အမေရိကန် လို့ မရေးနဲ့နော။ တော်ကြာ ဒို့များရဲ့ သူကြီး စိတ်ကောက်တော်မူသွားမယ်။ အမေကြီးက လို့ ရေးရမှာ။ 🙂

    Reply

    • kai

      September 15, 2013 at 2:59 am

      အမေရိကန်ဖြစ်နေခဲ့တဲ့ဆရာကြီး(ဦး)တင်မိုးက.. အမေရိကမှာနေတာပါ..
      အယ်လ်အေမှာပါပဲ..။

      ကျုပ်လည်း.. နောင်တခါအားလပ်ရက်လေးများရရင်.. အင်္ဂလိပ်သွားမလို့..။
      ကြုံရင်..ဒတ်ချ်လည်းဝင်ဦးမှပါပဲ..။ :mrgreen:

      ဆိုတော့…
      ပန်းချီက.. “မိ”သဗျာ..
      ဒိုင်းကနဲ့ကို ဆရာကြီးအပြုံးသတိရမိသွားတယ်..။

      Reply

      • ကျော်စွာခေါင်

        September 15, 2013 at 7:31 pm

        ဟောာာာာ… သူဂျီးဘဲ
        မပြုံးရေ…
        သူဂျီး စိတ်မကောက်ပါဘူး…. နည်းနည်းလေးတော့…အူတိုဗုံရတယ်..။
        ဆိုတော့….
        ခင်ဘို ့တော့ ကောင်းပါတယ်..။ ကြုံရင် ဝင်ပြီး လာလည်ပါ…။

        ……
        ….
        ( ဖျား…ဖျား….ဒီလောက် စာအကျ ကောက်တဲ့လူဂျီး လာလည်ရင်တော့ …. ငါ စကားပြော ဆင်ခြင်မှ…. )

        Reply

    • ကျော်စွာခေါင်

      September 15, 2013 at 7:27 pm

      မပြုံး
      သူက… သူဂျီး ဒန်မယ့်နဲ ့….စိတ်ကောက်တတ်တယ်ပေါ့လေ….
      ဟေးဟေးဟေးးးးးးးး

      Reply

  • lele kyi

    September 15, 2013 at 7:44 am

    သူကြီး က အင်းဂလိတ်မှာ အင်ဂလန်အမျိုးသမီးကို သွားဗျူးမယ်ပေါ့။ 🙂
    ဆြာကြီးရဲ့ အဲ့ဒီ ကဗျာလေး သင်ပုန်းကြီမှာ ရွတ်ရတုံးက ကျမအတွက်တော်တော် အဓိပါယ်ရှိတယ်။ မျက်စိထဲကွက်ကွက်ကွင်းကွင်းပါပဲ။ ဟိုဘက်ကမ်းကအိမ်မီးထွန်းထားလားကြည့်ကြည့်ယုံပဲ။ ကျမတို့ရွာလေးကချောင်းစပ်မျက်နှာမူပြီး တစ်ဖက်တစ်ချက်မှာအိမ်လေးတွေအစီအရီနဲ့။ တစ်ခါတလေ ငါးဖမ်းလှေလေးတွေ မီးအုပ်ကလေးတွေမှိန်တုတ် မှိန်တုတ်နဲ့ချောင်းထဲမှာသွားနေတာ။

    Reply

    • ကျော်စွာခေါင်

      September 15, 2013 at 7:33 pm

      မလဲ့
      ပျောက် ပျောက်နေတယ်..နော်..
      မလဲ့ မြင်တဲ့ မြင်ကွင်းမျိုးလေးတွေ ကျနော်လည်း လွမ်းတယ်။

      Reply

  • KZ

    September 15, 2013 at 8:46 am

    အရင်က မမိုးချိုသင်းရဲ့ ဘလော့မှာ စာဖတ်နေကျ။
    အမ အဖေ (ဆရာကြီး ဦးတင်မိုး) အကြောင်းလေးတွေကို ချစ်စနိုးနဲ့ဖတ်ခဲ့ရတာ။
    နောက် တာရာမင်းဝေ ရဲ့အကြောင်းသူ့ဘော်ဒါတွေ ဝိုင်းရေးကြတဲ့ စာတွေထဲမှာလည်း ဆရာကြီအကြောင်းတစ်စိတ်တစ်ဒေသကို ဖတ်ခဲ့ဖူးတယ်။
    သိခဲ့ဖူးတဲ့စိတ်ဓာတ်နဲ့ အပြုံးက လိုက်ဖက်မှုရှိတယ်လို့ ခံစားရပါတယ်။

    Reply

    • ကျော်စွာခေါင်

      September 15, 2013 at 7:37 pm

      ကျေးဇူးပါ….
      ထမင်းဆိုင်ကို လာရင်…
      ဂျိုးသားထောင်း အစပ်ကျော်နဲ ့ဆူးပုတ်ရွက် (သို ့) ဒန် ့သလွန်ရွက် ဟင်းချို ချက်ပေးပါ
      နောက်ပြီး… ဌက်ပျောဖူး သုတ်လေးနဲ ့နော်…။
      လာစားတဲ့အခါ…စားသုံးသူ စိတ်ချမ်းသာအောင်…
      ပါးလေး၂ဖက် ဖောင်းထွက်လာသည်အထိ….ဆရာကြီးလို ပြုံးပြပါ

      Reply

      • KZ

        September 16, 2013 at 8:35 am

        ဩ။
        ထမင်းဆိုင်ကို ရောက်တာတောင် လာအားပေးဖော်မရတဲ့ လူဂျီးးးး
        ကိုအုန်းလက်ကြီးးးးးးး (စိမ်းစိမ်းကားကားကြီးမို့)

        နောက်မှ သတ်သတ်လွတ်ဟင်း (အော်) ခြေလေးချောင်းလွတ်ဟင်း တစ်ပတ်လုံးစပ်ပေးမှ လာအားမပေးရင် ပြုံးမပြဘူးးးး
        တစ်ရွာလုံးကြားအောင် အော်ငိုမယ်။

        😀

        Reply

  • ဗုံဗုံ

    September 16, 2013 at 11:38 am

    ဟေး..အူးလေး မတွေ့တာကြာပေါ့ ဘယ်ဒွေပျောက်နေလဲ… :mrgreen:
    တူလေးကိုလည်း ပြောလိုက်အုံးနော် ဒဒိရဒယ်လို့…တိရား :mrgreen:

    Reply

  • ခင် ခ

    September 16, 2013 at 3:59 pm

    အနီ၂မှတ်သွာ၏

    Reply

  • manawphyulay

    September 17, 2013 at 10:38 am

    ဆရာကြီးရဲ့ အပြုံးတင် ထိမိတာ မဟုတ်ပါဘူး။ ရေးသမျှတွေကလည်း အသက်ကြီးထဲထိ ရင်ထဲစွဲအောင် မှတ်မိစရာတွေပါပဲ။

    Reply

  • starqueen kaungmalay

    January 23, 2014 at 6:32 pm

    အင်း..ပြုံးနေလိုက်တာ…လှိုက်လှိုက်လှဲလှဲပဲ။တကယ်ကို..ချစ်ခင်စရာအပြုံးပါ။

    Reply

Leave a Reply

Your email address will not be published.