လူကြုံ

MAUNGSeptember 13, 20131min026

ဝန်ခံချက်

ကျွန်တော် ဒီစာ လေးကို စင်ကာပူ က ဘလော့ဂါ အစ်ကို တစ်ယောက်ဆီမှာ ရှယ်ဘူးပါတယ် ။

ရွာ ထဲမှာ အားလုံး အတွက် အပျင်းပြေ သဘောမျိုးထပ်ရှယ် ကြည့်တာပါဗျာ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အင်း…..  ပြောရရင်တော့  တော်တော် ရှည် မယ်ထင်တယ် ။ ကျွန်တော်တို့ နိုင်ငံခြားမှာရှိ တဲ့ တစ်ချို့ တစ်ချို့ သော ဗမာတွေရဲ့  လူကြုံပေး တတ် ကြောင်းလေးကို  ပေါ့ပေါ့ ပါးပါးစာလေးတစ် ပုဒ် အနေနဲ့ ရေးထား တာပါ ။ ပထမဦး ဆုံးဘယ်သူ တစ်ဦးတစ်ရောက်ကိုမှ ထိခိုက် စေ – ဆိုတဲ့စိတ်မျိုးမရှိဘူး ဆိုတာပြောပါရစေ ။ တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ် ပါ ။  

ပထမဆုံး စင်ကာပူ အတွေ့အကြုံလေးတွေပေါ့ ဗျာ………………………………….

၁) ကျွန်တော် စင်ကာပူ စ ရောက် ကာစ ကသူငယ်ချင်း သိပ်များများ စားစား မရှိဘူးဗျ သိပ်မကြာခင် ရန်ကုန် ပြန်ဖို့ အရေး ပေါ်လာရော ဆိုပါတော့ ။ အဲဒီ မှာလူကြုံ ဆို တဲ့ ဟာ ကြီး နဲ့စတွေ့ တာဘဲပြီဗျို့ ။ လာပေးတဲ့ အထုပ်ကြီး က ၅ ကီလို သာသာရယ် ၊ ပရိတ်သတ် ကြီး ဘာများထင်လဲ ။ အ သီးတွေခင်ဗျ၊ အသီးတွေ ။ အဟုတ် ပါဗျာ  ပန်းသီးချည်း ၃ကီလို ကျော် ကျော် ။ ယောက္ခမ စား ဖို့ ဆိုဘဲ ။ တော်လိုက်တဲ့ သားမက်   းP  ။ အိမ်တိုင်ယာရောက်  ပို့ပေးလိုက် ပါတယ် ။

၂) ဒီလို နဲ့ ၂ နှစ် ပြည့် သွား လို့အလည် တစ်ခေါက် ပြန်ဖို့ လုပ် ပြန်ရော ။ အဲ  … ဒီ ၁ ခေါက်ကျ နဲ နဲ အဆင့် မြင့်သွားပြီ ။Hand Tools တွေခင်ဗျ  ။ Again , ၅ ကီလို နီးပါးဘဲပေါ့ ။ အမ်မယ် ချစ်သူငယ်ချင်း ကပြောသွားသေးတယ် ။ ကိုယ့် အချင်းချင်း မို့ထည့်ပေးတာတဲ့ ။ Again , ရန်ကုန် ပြန်ရောက် တော့  အိမ်တိုင်ယာရောက်  ပို့ပေးလိုက် ပါတယ် ။

၃) အဲ သုံး ခေါက်မြောက် ပြန် တော့ နဲနဲ ပိုကဗျာဆန် လာပါတယ် ။ ဆရာသမားက Aluminum Fabrication မှာ အလုပ် လုပ်တယ်လေ။ သူ့ချစ်သူ မမကြီး အတွက် တဲ့ ။ ဘာများထင်လဲ ? ပြူတင်းပေါက်ကြီး ခင်ဗျ ။ သူတို့ လက်ထပ်ပြီး ရင်နေဖို့ အိမ်မှာအမှတ်တရတတ်မှာတဲ့။ တော်သေးတာပေါ့ အရမ်း ကြီး မကြီး လို့ းP ။ ကဗျာ ဆန်ချက်က တော့ လန်ထွက်နေတယ် ။ဟားဟားဟား  အော်. . ကြုံတတ်ပုံများ ပြောပါတယ် 

၄) ဒီလိုနဲ့ တစ်ဦးတည်း ညီမလေး စင်ကာပူ ကိုရောက် လာရော ။ သူ ရောက်ပြီး နှစ် ပါတ် လောက်နေတော့ ကျွန်တော် ရန်ကုန်   မှာသုံးလလောက် ပြန်နေဖြစ် သေး တယ်။ ညီမလေး စင်ကာပူ ရောက် လို့သိပ်မကြာ ပါ ဘူး၊ အဲ သူ အချွဲ ကောင်းလို့ နေမှာပါ ၊မွေးသမိခင် ကဟင်းတွေချက် ပြီး ပို့ဖို့ စီစဉ်ပါလေရော ။ ( မှတ်ချက် ။ လူကြုံ နဲ့တဲ့ ၊ ဘုရား ဘုရား  းO ) သွားမဲ့ သူ က ကျွန်တော် နဲ့သိပ် မရင်းနှီး ပေမဲ့ ကျွန်တော့ အစ်မ နဲ့ တော်တော် ရင်း နှီး တယ်ခင်ဗျ ။ သို့ သော်ငြား လဲ လူကြုံ ဆို အူ တုန် နေတတ် တဲ့ ကျွန်တော် လူကြုံ မပေးဖို့ မေမေ နဲ့ မမ ကို တားတာ သားအမိ တွေရန်ဖြစ် ရတဲ့ အထိ ပါဗျာ ။ ထုံး စံအတိုင်း ဒယ်ဒီ ဖားသား ကတော့ ကိုယ့် ဘက်ကပေါ့    ဟဲဟဲ  😉 ။ ကဲ မဖြစ် မနေ ပို့ချင် ရင်လဲ  ကျွန်တော့ဆီ ပို့နေကျ သပြေနု က ပို့ပါဆို လဲမရ ။ ကျွန်တော် ပြန်ရင်ယူသွားပေးမယ် ဆိုလဲ မစောင့်နိုင် ။ ယူသွားပေးမဲ့ သူူ ကလဲ ဖုန်း ခဏ ခဏ ဆက် ပြီး မေးရှာ ပါတယ် ၊ အကြော် အလှော် တို့ ဆီ နဲတာ တို့ ဆိုရ ပါတယ်တဲ့ ။ နောက်ဆုံးတော့ တစ်ကီလို သာသာ လောက်ရှိတဲ့ အထုပ် ၁ ထုပ် ကိုယ်တိုင် ဘဲ  သွားပေး ရင်း ကျေးဇူး တင်ကြောင်း ၊ အဆင် မပြေ ရင် အားမနာ ဖို့၊ ထားခဲ့လို့ ရကြောင်း ပြော တော့ အဆင်ပြေ ပါတယ် ၊ ယူသွား ပေးပါမယ် ဆို တာနဲ့ ပေးခဲ့တာပေါ့ ။ ကျွန်တော် လဲ  သိပ်မ ကြာခင် စင်ကာပူ သွား ဖြစ်မှာ ၊ လိုအပ်တာ ရှိရင် အိမ် ကို ပြောထားပါ။ ယူလာပေးပါမယ် ပေါ့။ အိမ် အပြန်ကားပေါ် လဲရောက်ရော အစ်မက ဆူသေးတယ် ။ ယူ မဲ့ သူက ယူပါ မယ်ဆို တောင် ကျွန်တော် က ကန့်လန့် ကန့်လန့် နဲ့ တဲ့ ။ ဒင်း မှ လူကြုံ  ဒုက္ခ သေချာမကြုံ ဘူး တာ ၊ ပြောမှာပေါ့ ။ ပစ္စည်း  ယူသွားတဲ့ သူ စင်ကာပူ ရောက် လို့  ဖုံး ဆက်ရင် ယူလာပေးတဲ့သူ အဆင် ပြေတဲ့ နေရာ မှာသွားယူဖို့ ညီမကိုမှာရ သေးတယ်။ ဟုတ်တယ် လေ၊ သယ်လာပေး တဲ့သူ ကအဝေး ကြီးသယ် လာရတာ ။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက် မြောက် တဲ့ နေ့ ညီမကဖုံး ပြန်ဆက် တယ်၊ သူ့ ဆီ ဖုံးမဆက် ဘူး တဲ့ ။ ဒါနဲ့ ပစ္စည်း  သွားပေးခဲ့ တဲ့ အိမ် ကို လှမ်း မေးတော့ ကီလို တွေ အရမ်း များနေလို့ ထားခဲ့ တယ် တဲ့ ။ ဖြစ်မှဖြစ်ရလေ ၊ မယူသွားနိုင် လဲ ဖုံး လေးတော့ လှမ်း ဆက်ရော ပေါ့ လို့ ကိုယ့်ဖာသာ စိတ်ထဲက ပြော နေမိတယ်။ ကဲ ဘယ်နှယ်ရှိစ ဆို တဲ့ အကြည့် နဲ့ဘဲ မေမေ နဲ့ မမ   ကို ကြည့်နေမိတော့တယ် ။ ကျန်တာ မနှမြော ပါဘူး ။ မေမေ့ မှာ မောမောပန်းပန်း နဲ့ သူ့သမီးငယ်  စားဖို့ ချက် ထားတဲ့ ဟာတွေ ရက်တွေလွန်၊ နံ စော် ပြီး အိမ်ပြန်ရောက် လာတာကြည့် ပြီး မေမေ့ ကိုသနား လို့ ဘာမှ ကို ထပ် မပြော ဖြစ်တော့ပါဘူး ။  း(

(စကားချပ် ။ ရေစက်ကတော့ မကုန်ဘူး ခင်ဗျ၊ ကျွန်တော် သားပိုက်ကောင် ကျွန်းဘက် ထွက်လာတော့ စင်ကာပူ ကို ၅ ရက်ဝင်သေးတယ် ။ အဲ ဒီ အစ်မမိတ်ဆွေ အိမ် က ပစ္စည်း  တစ်ထုပ် လူကြုံ လာပေးသေး တယ် ။ ကြွပ်ကြွပ် အိပ်  အကြီး နဲ့ တစ်ထုပ် ဘဲ၊ မှတ်မှတ်ရရ ၊ ဇီးထုပ်၊ မက်မန်းသီး ၊မရမ်းပြား နဲ့ နေကြာ စေ့ တွေပါ ။ အစ်မ စိတ်ချမ်း သာအောင်အကုန် ယူ ပေး ခဲ့ပါတယ် ။ ရိုးရိုး သားသားဝန် ခံ ရရင် ကိုယ့် ပစ္စည်း  တွေတုန်း ကမယူသွားနိုင်တာ ဖုံးလေးတောင် လှမ်း မဆက် ပေးနိုင်တာ တော့ တစ် ကယ် စိတ်မကောင်း ပါဘူး ။)

၅) ကျွန်တော် ဒီ ရောက် ပြီး ၉ လကြာ တော့ ရန်ကုန် ကို ခွင့်တစ် ခေါက် ပြန် ရော ။ ဒီ တစ်ခါတော့ လည် သွားပြီ ။လက်မှတ်  ဝယ်ကတည်း က တစ်ဆယ် ကီလိုပို ဝယ် ထားလိုက်တာပေါ့ ။ လာ စမ်းဟဲ့ လူကြုံ ။    ဒီ မှာ စင်ကာပူ မှာ လို ပစ္စည်း   သယ် ပေးတဲ့အကျိုးဆောင် မျိုးမရှိတော့ ပိုဆိုး တယ် ။ လာပါတယ် ခင်ဗျ လူကြုံ ၊ ဟော  လာပါတယ်။ တစ် ချို့ဆို တစ်ခေါက် တောင် မဟုတ်ဘူး ။ ၂ခေါက် လာတာ ။ ၂ ထုပ် ပေါ့ဗျာ 😀  သူငယ်ချင်း တစ်ယောက် ဆို  ဒီက လေဆိပ် မှာ ကိုယ့် ရှေ့တင် A$- ငါးရာ့ကိုးဆယ် ပေးရဘူး တယ် ၊ကီလို ပိုလို့လေ ။ အဲဒါ ကြောက် လို့ တစ်ဆယ် ကီလို ပိုဝယ်ထား တာ ။ တော်သေးတယ် ၊ ဘာမှပိုမပေးရလို့။ 

ကျွန်တော် စောစောကပြောသလိုပေါ့ ။ လူကြုံ ဆို အူတုန် လို့ စလုံး မှာတော့ ပစ္စည်း  ပို့ချင် စီးတီး ဟော ဘဲပြေးတယ် ။ ဒီမှာတော့ SPEED POST နဲ့ DHL ပေါ့ ။

ဒါကတော့ ကျွန်တော့ OVERSEA အတွေ့အကြုံ ထဲကတစ် ခု ပါ ။

ကဲ   သူငယ်ချင်းတို့ ရော  ? ?

လူကြုံပေးခြင်း အချင်းချင်း ကင်း ရှင်းကြပါစေ းP

 

 

 

 

 

 

26 comments

    • MAUNG

      September 13, 2013 at 8:04 am

      ဗျိုး ကိုအလင်း စောစော စီးစီးပါလား ဗျ။
      မင်္ဂလာပါ ဗျာ

      Reply

      • အလင်းဆက်

        September 13, 2013 at 9:43 am

        အလင်း ဆိုတော့
        စောစော ပဲဗျို ့

        မင်ဂါပါ

        🙂

        Reply

  • ကျွန်တော်လည်း ကြုံဖူးတယ်ဗျ
    ကိုယ်က အားနာတတ်တယ် ကိုယ်ချင်းစာတယ်
    အော်… သူလိုကိုယ်လို အိမ်ဟင်း စားချင်ကြမှာပဲဆိုတဲ့ စိတ်လေးနဲ့
    ပေးသမျှအကုန်ယူတယ်ဗျာ
    ကိုယ့်ပစ္စည်းတွေဆို ချန်ထားပစ်ခဲ့ရတဲ့အထိ ..ကီလိုမလောက်တော့လို့
    တစ်ခေါက်တော့ ကိုယ့်မှာလည်း အိမ်ကထည့်ပေးလိုက်တဲ့ဟင်းတွေနဲ့
    သူများထည့်ပေးလိုက်တာကလည်း လူ ၃ ၄ ယောက်လောက်ဖြစ်သွားတော့
    ကီလိုက တော်တော်ပိုသွားတယ်။ ၃သောင်းလောက် ကျွတ်သွားတယ်..လေဆိပ်မှာ
    ပေးလိုက်တဲ့သူ အိမ်ကတော့ ပြောပါတယ် ဟိုရောက်ရင် ကီလိုပိုလို့ ပေးရရင်
    ပိုက်ဆံပြန်တောင်းလိုက်တဲ့ .. ဘယ်လိုတောင်းမလဲဗျာ ..သူငယ်ချင်းအချင်းချင်း ဒီလူနဲ့ဒီလူတွေ
    နောက်တော့ ကိုယ်ချင်းစာလို့ တော်ရုံတန်ရုံ ခင်တဲ့သူဆို လူကြုံမမှာတော့ဘူး
    အိမ်ကထည့်ပေးချင်တယ်ဆိုတာတောင်မှ အများကြီးထည့်မပေးနဲ့နော်.. ဆိုပြီး
    ကြိုပိတ်ထားရတယ် ..စင်္ကာပူကအပြန်ဆိုလည်း အဲလိုပဲ
    ဘော်ဒါတစ်ယောက်ဆို သူ့အစ်မ သူငယ်ချင်းကထည့်ပေးလိုက်တာတဲ့
    ခေါက်ဆွဲခြောက်ထုတ်တွေ ..ကော်ဖီမှုန့်ထုတ်တွေ
    အဲလိုမျိုးတွေ သယ်ရမှာကျ စေတနာပျက်သဗျာ ..
    သိပ်ထူးဆန်းတဲ့ အစားအစာလည်းမဟုတ် ဟိုမှာလည်း ဝယ်လို့ရတယ် ဈေးလည်း ဘယ်လောက်မှမကွာ
    ရှားပါးပစ္စည်း ၊ ဆေးလိုမျိုး ၊ ဖုန်းလိုမျိုး သယ်သွားပေးရတာ စိတ်မတိုဘူး
    အဲလို ကပေါက်တိ ကပေါက်ချာတွေ ပေးရင်တော့ အားနာလို့သာယူရတယ်
    လွှင့်ပစ်ချင်စိတ်ပေါက်တယ်.. 😀

    Reply

  • MAUNG

    September 13, 2013 at 8:23 am

    ဟုတ်တယ်ဗျ ။ တစ်ခါ တစ်လေ ကျ အားနာလွန်း တော့လဲ မဟန်ဘူး ဗျ နော 😀

    Reply

  • MAUNG

    September 13, 2013 at 8:31 am

    စကား မစပ် မာဒေးကား ဗိုလ်လုပွဲ ကို live stream ကြည့်လို့ ရတဲ့ နည်းလေးသိရင် ကျေးဇူးပြုပြီး ပြောပြ ကြပါလား ဗျာ

    Reply

  • ဦးကျောက်ခဲ

    September 13, 2013 at 8:42 am

    လူကြုံဆိုရင်တော့ စိတ်နာလွန်းလို့…
    အထဲမှာဘာမှ စိမ့်ထွက်စရာမပါဘူးဆိုလို့ သယ်ပေးမိပါတယ်၊ အဝတ်တွေအကုန် ဆီစွန်း…
    အားမနာလျှာမကျိုး ခရမ်းချဉ်သီးတောင် ထည့်ပေးတဲ့သူက ရှိသေးတယ်…
    လူကြုံပစ္စည်းနဲ့ ဒုက္ခရောက်ရတဲ့ ဇာတ်လမ်းတွေ ကြားရပါများလို့…
    ကိုယ်လည်း လူကြုံမပါး၊ သူများပစ္စည်းလည်း သယ်မပေးတော့ဘူး…
    စိတ်တော့မကောင်းပါဘူး… သေရေးရှင်ရေးမဟုတ်ရင် ကန်တော့ဆွမ်းလုပ်ပလိုက်တယ်…
    😀

    Reply

    • MAUNG

      September 13, 2013 at 8:47 am

      အောင်မငီး …ကိုယ့်ကိုယ်ကိုဆိုးလှ မှတ်တာ
      ဦးကျောက် က ခရမ်းချဉ်သီး ပါ သယ်ပေး ဘူးတယ်ဆို တော့ 🙂

      Reply

  • အဘ ဖားသက်ပြင်း

    September 13, 2013 at 8:52 am

    ကနားဇီးလည်း ခံဖူးသပေါ့ဗျာ…
    ဘယ်ပြောကောင်းပါ့မလဲ
    ကနားစီးတို့ လွန်ခဲ့တဲ့ ၅နှစ်ကျော် ၆နှစ် နိုင်ဂျံဂါးဆိုတာယီး
    စထွက်စဉ်ကပေါ့..
    ကိုယ်က ခနလာတာမို့
    သယ်စရာက ငါးပိကြော်လောက်သာရှိချိန်
    လူကြုံတနင့်တပိုး ပေးလိုက်ပါတယ်
    ဘာဒွေမှတ်တုန်း
    အန်နာဗွန်စီ ရယ် ဒီနင် ဂျိုင်းလိမ်းဆေးရယ် တိုးတိုးအာလူးကြော်ရယ်…
    ကိန် ကိန်
    အောင်မယ် .. မျက်စဉ်းခတ်ဆေးပါပါသေး…

    Reply

    • MAUNG

      September 13, 2013 at 9:05 am

      ဟား ဟား အားလုံးအနည်း နဲ့ အများတော့ ကြုံ ဘူးကြမှာ ပါ
      တိုးတိုး အာလူး အစပ် နဲ့ အဆာဟိ လေးဆို ဂွတ် မှ ဂွတ်ဘဲ 🙂

      Reply

  • KZ

    September 13, 2013 at 9:02 am

    အရမ်းနိုင်လို့ရတဲ့ သူငယ်ချင်းတုန်းက သေတ္တာလိုက်ကို ထည့်ပေးလိုက်တာ။
    တူတူအလုပ်လာရှာပြီးမှ သူက ပြန်မယ်ဆိုတော့။
    အဲတုန်းက အနိုင်ကျင့်လက်စနဲ့ အလိုက်ကလည်းမသိဘူးကိုးးးး

    ကိုယ့်ကို အားမနာတတ်တဲ့သူနဲ့တွေ့တော့ လေဆိပ်မှာ “ဒီမှာ ဆိုင်ဖွင့်ဖို့လား” လို့ မေးခံရအောင် သယ်ပေးခဲ့ရဖူးတယ်။ လိုက်ကာစတွေ။ လေးမှလေးးးး

    နောက်တော့ လည်သွားတော့ ကျောက် လိုပဲ။ ကိုယ်ကလည်း ပေးခဲတယ်။
    ပေးရရင် ကီလိုဖိုးပေးတယ်။ မယူရင် အဲဒါနဲ့ တန်တဲ့ လက်ဆောင်ပေးလိုက်တယ်။

    ကိုယ်သွားရင်လည်း မသယ်ပေးဖြစ်ဘူးးးး ကိုယ့်ပစ္စည်းနဲ့ကိုကို မလောက်တော့တာ။

    အဲ။
    လူနိုင်ဆိုရင်တော့ တစ်မျိုးပေါ့။ 😀

    Reply

    • MAUNG

      September 13, 2013 at 9:08 am

      ဟုတ် ..ကျွန်တော် လဲ တူတူ ဘဲ 😀

      Reply

  • Crystalline

    September 13, 2013 at 9:03 am

    အဲဒီသားပိုက်ကောင်ကျွန်းဆိုရင်တော့ ပြည်လမ်းနဲ့ဟံသာဝတီလမ်းထောင့်မှာရှိတဲ့ EMS မှာတော်တော်အဆင်ပြေတယ်.. ကျမဆိုအဒေါ်တွေမှာတာ..ကွမ်းသီခြမ်း၊ ငါးကလေးချဉ်၊ ပုဇွန်အကောင်ချဉ်တွေဆိုလဲပိသာလိုက်ပို့ပေးဖူးတယ်.. သေသေချာချာတော့လုံအောင်ထုတ်ပိုး..
    လဘယ်ကပ်ပေါ့.. အနည်းဆုံး၅ရက် အများဆုံး ရရက်လောက်ပဲကြာတယ်.. အဲဒါနဲ့ပို့လို့ပြောလိုက်.. EMS မှာ Dragon Box ဆိုတာရှိတယ်.. ၁ဝကီလိုပုံးကို ပို့ခဒေါ်လှ ၁၀၀၊ ၂ဝကီလိုပုံးကို ပို့ခဒါ်လှ၁၅ဝပဲပေးရတယ်.. အရမ်းတန်တယ်.. နည်းနည်းချင်းပို့တာတော့ဈေးများတယ်…

    Reply

    • MAUNG

      September 13, 2013 at 9:10 am

      အဲဒီ Dragon box ကို သိသေးဘူး
      ကျေးဇူးဗျာ

      Reply

  • လူကြုံက ယူပေးယုံတင်မဟုတ်ဘူး
    အိမ်တိုင်ယာရောက်တွေ သွားပို့ရတာ
    ဆီကုန် အချိန်ကုန် လူပန်း …
    အထုပ်တွေ ဆိုင်ကယ်ပေါ်တင်ပြီး ကားယားကားယားမောင်းရတာ
    ရှိုးပျက်လှတယ် . 😛

    Reply

  • Ma Ma

    September 13, 2013 at 9:42 am

    လူကြုံပေးချင်လို့ မှတ်ထားတယ်။
    နောက်ကြုံရင် ထည့်ပေးလိုက်အုံးမယ်။ :loll:

    Reply

  • kyeemite

    September 13, 2013 at 10:32 am

    လူကြုံတဲ့…ဟေ့လူကြုံ…
    ခြင်ကျားပူကိုလူကြုံရှိလားဟေ့…
    ပစ္စည်းလေးနဲနဲပို့ပေးချင်လို့ပါ…
    မများပါဘူး…တစ်ပေလောက်အချင်းရှိတဲ့ ကျောက်ပျဉ်ရယ်
    တစ်လီတာရေသန့်ဘူးလောက်ရှိတဲ့ ရှင်မတောင်သနပ်ခါးတုံးလေး ၁ဝ တုံးလောက်ပါ 😀

    Reply

    • MAUNG

      September 13, 2013 at 10:57 am

      ဟမ်မလေး ဗျာ တော်ပြီလား အဲလောက် နဲ့
      ငှက်ပျောသီး သုံးဖီး လောက်ထပ် ထည့်ပေးချင်ဘူးလား 😀

      Reply

    • KZ

      September 13, 2013 at 11:46 am

      အနော့ကို ပို့မှာလား မိုက်မိုက်???

      ပဲဆီစစ်စစ် ၁ဝ ပိဿဝင် တစ်ပုံးးး
      ပေါ်ဆန်းမွှေး ၂ တင်းးးးးလောက် နဲ့
      ငါးပိ ၃ ပိဿလောက်ပါ ထပ် ပေးလိုက်ပါ။

      ဒီ မောင်သယ်လာပေးလိမ့်မယ်။ အဟီးဟီးးးး
      ကိုယ့်ချင်းချင်းတွေ ဟာပဲ ဟာပဲကို။ 😀

      Reply

      • sorrow weaver

        September 13, 2013 at 12:13 pm

        အလိုလေး..သိပ်မမှာတတ်ရှာဘူးပဲ ..အဟီး

        Reply

      • MAUNG

        September 13, 2013 at 3:10 pm

        ဟား ဟား ရပါတယ် ဗျာ
        ကိုယ့် ရွာသူ ရွာသား အချင်းချင်း ဘဲ ဟာ၊ တစ်ကီလို S$ ၅ဝ ဘဲပေး 😛

        Reply

  • sorrow weaver

    September 13, 2013 at 12:19 pm

    တစ်ခါသား ခြင်္သေ့ကျွန်းကို မိတင်လေးနှစ်ရက်လာတက်မိပါတယ်..ရုံးက GM အပျိုကြီးသမတာများ သူ့ညီမဖို့တဲ့….စိန်တလုံးသရက်တွေ ပုံးလိုက်သယ်ခိုင်းတာ…မှတ်မှတ်ရရ…ပဲပေးချင်လို့ ကိုယ်တောင် အဝတ်သုံးစုံလောက်လေးပဲယူလာတာကို…ကလို..ကလို…ကြောက်တော့လဲ သယ်ရတာပါပဲ

    Reply

    • MAUNG

      September 13, 2013 at 3:38 pm

      နောက်တစ် သွားရင်လဲကြိုပြောနော
      KZ အတွက် ဆီပုံးလေး ပါးလိုက်ချင် လို့ 😛

      Reply

  • TNA

    September 14, 2013 at 10:09 pm

    အာဟာ ကျောက်ပျဉ်လူကြုံပေးတာကြုံဖူးပါရဲ့။ ယူရအခက်ထားခဲ့ရအခက်များစွာနဲ့ပေါ့။

    Reply

  • ရွှေ ကြည်

    September 15, 2013 at 12:24 pm

    လူတွေရဲ့သိတတ်မှု တာဝန်ယူမှုတွေ ကွာသွားတာပေါ့ဗျာ သယ်သွားပေးမယ်လို့ပြောပြီးမှတော့ သယ်ဖြစ်အောင်သယ်ပေါ့ အဲ့လိုမှမသယ်ဖြစ်ရင် အကြောင်းတော့ကြားသင့်တာပေါ့
    ရွှေကြည့်အစ်ကိုအတွက် အရင်ကလူကြုံတွေ ပေးဖူးပါတယ် ရင်းနှီးတဲ့သူမှ သူကပေးဆိုတဲ့သူမှပေးတာ
    နောက်ပြီး သေသေချာချာထုပ်ပိုးပြီး သူတပါးအတွက် အလွန်အကြူးမဖြစ်အောင်သတိထားတယ်
    အစ်ကိုပြန်လာလို့ လူကြုံပေးရင်လည်း အစ်ကိုကမသယ်နိုင်ရင်မသယ်နိုင်ဘူး ပြောတယ် သယ်မယ်ဆိုပြီးယူထားပြီးရင်လည်း ရအောင် သယ်ပေးတယ်
    လူတွေရဲ့ စိတ်ဓါတ်ပါပဲဗျာ သိတတ်ဖို့ နားလည်ဖို့ လိုတာပေါ့

    Reply

  • ခင် ခ

    September 15, 2013 at 5:46 pm

    အနီတွေစီကာ ၁၄ ခုတောင်တွေ့လို့ ကိုယ်တောင်ဘယ်လိုမန့်ရမှန်းမသိတော့ဘူးဗျ
    ဖတ်ပြီးစဉ်စားသွားတဟ်လို့

    Reply

Leave a Reply

Your email address will not be published.