“ဘာလဲ ယောကျင်္ား”

ရုပ်ချောရင် အသောက်အစားမက် ရည်းစားပွေ
ရည်းစား မပွေတော့လဲ အသုံးအဖြုန်းကြီး
အသုံးမဖြုန်းမကြီးတော့လည်း ဂဂျီဂဂျောင်နိုင်
ဂဂျီဂဂျောင်မနိုင်တော့လည်း ညစ်ပါတ်
မညစ်ပါတ်တော့လည်း ပိုက်ဆံမရှာနိုင်
ပိုက်ဆံရှာနိုင်တော့လည်း အတ္တကြီး
အတ္တမကြီးတော့လည်း နုံနုံနဲ့နဲ့
မနုံနဲ့ပြန်တော့လည်း မကြင်နာတတ်
ကြင်နာတတ်တော့လည်း ရုပ်က မချော
ရုပ်ချောပြန်တော့လည်း…
ဒီလိုနဲ့ပဲ သံသရာလည်နေတော့တာပါပဲဂျာ။

တစ်ခုကျန်သွားတယ်…
ရုပ်လည်းချော၊ ရည်းစားလည်းမပွေ၊ အသုံးအဖြုန်းလည်းမကြီး၊
ဂဂျီဂဂျောင်လည်းမနိုင်၊ မညစ်ပါတ်၊ ပိုက်ဆံရှာနိုင်၊ အတ္တမကြီး၊ မနုံနဲ့၊ ကြင်နာတတ်သူကျတော့လည်း
ဇာတ်တူချင်းမှတဲ့ .. ဟိဟိဟိ

(ဟိဟိ .. မြို့မေတ္တာခံယူမယ့်သူပါ .. )

20 comments

  • Conny Kim

    September 6, 2013 at 9:14 am

    ယောကျာ်းဆိုတာ ယောကျာ်းလို့ပဲမှတ်လိုက်ပါကွာ

    Reply

  • MAUNG

    September 6, 2013 at 10:43 am

    သေဘီ ဆြာ

    Reply

  • KZ

    September 6, 2013 at 11:12 am

    ဘာလဲ မိန်းမ

    ရုပ် အဆင်းလှ ရင် အချက် အပြုတ် မတတ်
    ချက်တတ်ပြန်တော့ မနူးညံ့
    နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင် အတွေးအခေါ်မရှိ
    ကိုယ်ပိုင် အတွေးအခေါ်ရှိတော့ ယောင်္ကျားဆန်
    မဟာဆန်တဲ့သူကျ အသုံးအဖြုံးက ကြီး
    စုဆောင်းတတ်ပြန်တော့ ခေတ်မမှီပြန်
    ခေတ်မှီပြန်တာ့ စိတ်မချရ
    စိတ်ချရတာကျ ဘယ်လိုကြည့်ကြည့်မလှပြန်။
    ~~~~~~~~~~~~~~~~~~~~~~~~~

    တွေ့ဘူးတာလေး ရေးပေးလိုက်တာ။

    😀

    Reply

    • ဟုတ်ပါ့..
      အဲဒါရေးထားတာကို ဖတ်မိလို့
      ပြန်ရေးထားတာ .. ကြာပြီ
      လောလောဆယ် ခေါင်းထဲက ရေးစရာအသစ်မထွက်သေးလို့
      ရေးထားတာလေးတွေ ပြန်ဆွဲထုတ်ထားတာ… 😛

      Reply

  • ခင် ခ

    September 6, 2013 at 12:17 pm

    မိန်းမ မိန်းမ ဆိုတာ
    ဘာလဲဗျ
    မိန်းမ မိန်းမ ဆိုတာ
    ဘာလဲဗျ
    တကယ်ဆိုချစ်နေတာတောင် မုန်းတယ်ဟန်ဆောင်လွယ် ချစ်မိပြီဆိုပြန်ရင် သိပ်သိပ်ချစ်….
    လှည့်တတ်တဲ့နေရာ အိုနှစ်ယောက်မရှိ
    ရှက်တတ်တဲ့နေရာ အိုနှစ်ယောက်မရှိ
    သိပ်ချစ်တဲ့သူအပေါ် ချစ်အောင်သူအမြဲလုပ်မှာဘဲ အဲဒါဟာ လှည့်စားတာဟုတ်မှမဟုတ်ဘဲ ကိုယ့်ချစ်သူအပေါ် ချစ်လို့ဆိုးတာလဲ ဒါမာယာလား…………( တစ်ခါ ပလေးဘွိုင်းသန်းနိုင်နဲ့ပုလဲ ဆိုခဲ့တဲ့ သီချင်းစာသားတွေကို ရေးတာဗျ)

    Reply

  • kyeemite

    September 6, 2013 at 1:51 pm

    ဘာလဲယောက်ကျား
    လာလည်းဖေါက်ပြား
    ငါလည်းလျှောက်သွား
    မလာလည်းတစ်ယောက်ထား
    ဗလာပဲပေါက်သွား 😀

    Reply

  • အရီးခင်

    September 6, 2013 at 5:50 pm

    Everyone thinks that:
    Its every girl’s dream to find the perfect guy….
    in fact its every girl’s dream to eat without getting fat.

    အရီး ပျောက်နေတယ် ထင်မှာစိုးလို့ အတင်း ဝရုန်းသုန်းကား ဝင်လာပါတယ်။
    အမြင် မတူတာလေးကိုလဲ ဝင်တို့ လိုက်ပါကြောင်း။
    ဒါဟာ အရီး အိမ်မက် အစစ် ဖြစ်ခဲ့ပါကြောင်း။

    ရွာ့မိန်းကလေးများ သဘောတူစေ သတည်း။
    အစားပုတ်မလေး တွေ – ကေဇီ နဲ့ တုံတုံ ကတော့ ငြင်းမယ်မထင်။
    😉
    😛

    Reply

    • ရွှေ ကြည်

      September 9, 2013 at 7:04 pm

      အရီးရေ အရီးတူမ ရွှေကြည်ကတော့ ဘယ်လောက်စားစားအေးဆေးပဲ ဝဘူးရယ် 😛

      Reply

  • အလင်းဆက်

    September 6, 2013 at 6:00 pm

    တိန်

    အက်သလောက် ယောကျာ်းတွေ မကောင်းမှတော့
    ကျွန်တော်လည်း
    မိန်းမပဲ ယူတော့မယ်ဗျာ

    ယူမယ်
    လေးငါးယောက် ရအောင်ကို ယူမယ်

    အဟိ

    =======
    အောင်ရဲလင်းနဲ့တူတဲ့
    အလင်းsex

    Reply

    • Conny Kim

      September 6, 2013 at 6:28 pm

      အလင်းစက်က မိန်းမယူမဘဲယောကျာ်းယူမလို့ပေါ့ 😛

      Reply

      • အလင်းဆက်

        September 7, 2013 at 11:45 am

        အော်

        မိန်းမ လေးငါးယောက် ယူပါမယ်ဆိုမှ

        :kwi:

        Reply

  • YE YINT HLAING

    September 6, 2013 at 7:01 pm

    “ရုပ်ချောရင် အသောက်အစားမက် ရည်းစားပွေ
    ရည်းစား မပွေတော့လဲ အသုံးအဖြုန်းကြီး”

    အဲဒါတော့ မှားနေပြီဗျ ။ ( ဟီ ဟိ ဘယ်သူ ထောက်ခံမလဲ မသိဘူး )

    Reply

  • ခင် ခ

    September 8, 2013 at 3:34 pm

    ပိုမိုရှင်းအတွက် ညနေ ၃း၃၅ မှာဝင်ကြည့်ပါသည်။

    Reply

  • ဆူးရဲ

    September 9, 2013 at 10:09 am

    ကိုယ်ကိုကိုယ်သေချာပြန်ဆန်းစစ်ကြည့်ရအုံးမယ်ဘယ်လိုယောကျာ်းထဲမှာပါသလဲလို့…ဟဲဟဲဟဲ…….

    Reply

  • cobra

    September 9, 2013 at 5:33 pm

    ကိုယ်တိုင်တောင် ဘယ်နေရာမှာပါနေလည်း
    သေချာမသိသေးပါလား
    အိပ်ခါနီးမှသေချာ သုံးသပ်ရမယ်။

    Reply

  • ရွှေ ကြည်

    September 9, 2013 at 7:06 pm

    ရွှေကြည်မသိဘူးနော် ဘာ ဘာ ဘာမှသိဘူး

    Reply

  • မဟာရာဇာ အံစာတုံး

    September 10, 2013 at 1:37 am

    သေချာပါတယ် ….။
    ဒီလောက်တောင် ရေးပြနေမှတော့ …
    ခင်ဗျား တွေ့ဖူးတဲ့ .. အဲ .. အဲ …
    ခင်ဗျားနဲ့ ချစ်ကြိုက်ဖူးတဲ့ ယောက်ကျားတွေက
    ဒီလို အမျိုးအစားတွေပဲ နေမှာ ….

    ကျွတ်စ် … အတော် ကံဆိုးတဲ့ မိန်းမ ပါတကား ….

    Reply

    • မဟာရာဇာ အံစာတုံး
      ခင်ဗျားက ကျွန်တော် ရေးထားတဲ့စာ သေချာမဖတ်ဘူးထင်တယ်
      သူများကို မဝေဖန်ခင် ရေးထားသမျှတော့ သေချာလေးဖတ်
      အွန်လိုင်းမှာ သူများရေးထားတဲ့ ဘာလဲ မိန်းမဆိုတဲ့ ပို့စ်ကို
      Debate လုပ်တဲ့အနေနဲ့ ရေးထားတာလို့ ပြောထားတယ်လေ

      ကျွတ်စ် ကျွတ်စ် .. အတော်တုံးတဲ့ ယောကျင်္ားပါလား
      စာကို စာလို မခံစားတတ်ဘူး …

      Reply

  • Mr. MarGa

    September 13, 2013 at 7:25 pm

    ဘာလဲ မိန်းမ
    ထိန်းလို့က မရ
    ခွကျကျ ပုံဟန်
    မူဟန်ရယ် နွဲ့ကာနှောင်းရင်လည်း
    ပြောင်းနိုင်ဖို့ မလွယ်
    တကယ် ကို ဖွယ်တယ်တယ် မို့
    မရှိမကောင်း ရှိမကောင်းရယ်လို့
    သတ်မှတ်ကြ ပညာရှင်တွေ
    ဝေလေလေတော့ မလုပ်လေနဲ့
    အဟုတ်လေ ပြုတ်ကြွေသွားနိုင်သမို့
    ယောက်ျားများကို ပြောချင်မိပါရဲ့
    ရှောင်ကာရယ် ရှားကြပါဗျားး

    (ဘာသာပြန်ခိုင်းခြင်းသီးခံပါ :mrgreen: )

    Reply

Leave a Reply to Mr. MarGa Cancel Reply

Your email address will not be published.