အချစ်မှာအကောင်းဆုံးဆိုတာ မရှိပါဘူး။အသင့်တော်ဆုံးဆိုတာ ပဲရှိတယ်။

introAugust 3, 20101min06

ရည်ရွယ်ချက်ကြီးကြီးမားမားမရှိ

တဲ့ မောင်မောင်က ကိုယ်ပိုင်အိမ်တစ်လုံး၊ တည်ငြိမ်တဲ့ ဘဝနဲ့ မိသားစုတစ်ခု ကို ပိုင်ဆိုင်ချင်တယ်။ သူလိုချင်တဲ့ ဘဝမျိူး ကို လွယ်လွယ်ကူကူ မရနိူင်ဘူး ဆိုတာမောင်မောင် သိတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာကို မောင်မောင် မကြိုက်လို့ဘဲ။ အလုပ်ဆောဆောဆင်း၊ ကိုယ်တိုင်ချက်ပြုတ်၊ စားသောက်၊ အဝတ်လျှော်ဖို့ ကလွဲပြီး လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အလုပ်ကို မောင်မောင် မရှာချင်ဘူး၊
ကျောင်းနေဖတ်သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အရာရှိတွေဖြစ်ကုန်ကြပေမဲ့၊ မောင်မောင်က သာမန်ဝန်ထမ်းအဆင့်ကနေ တတ်မလာဘူး။ မောင်မောင့် ချစ်သူ ဝေဝေ တစ်ယောက် မာစတာအောင်ပြီး နိူင်ငံခြားအလုပ်အကိုင်တစ်ခုမှာ အလုပ်ရတဲ့ အချိန် သူတို့ အချစ်ရေးကို လူတွေ က ထင်ကြေး အမျိူးမျိူး ပေးကြတယ်၊ ဒါပေမဲ့ မောင်မောင့် ကို ဝေဝေ မထားခဲ့ ပါဘူး၊ ဝေဝေက လခတွေ တိုးပြီးလုပ်ငန်းမှာ ဒါရိုက်တာရာထူး ခန့် အိပ်ခံ ရတဲ့ အစ်ခါ လူတွေက အဆင့် အတန်း မတူ တဲ့ မောင်မောင် တို့ ရဲ့ အချစ်ရေးကို လုံးဝ ဆုံးခန်းတိုင်ပြီလို့ ထင်ကြေးပေးကြပြန်တယ်၊ ဒါပေမဲ့ မောင်မောင့် ကို ဝေဝေ လက်ထပ်လိုက်တယ်။
လက်ထပိပြီးနောက် နိူင်ငံ ခြား မှာေဝေဝေ အလုပ်သွား လုပ်တယ်။ (၂ ) နှစ်နေပြိး ကလေး တစ်ယောက်မွေးဖွားတယ်။ မောင်မောင် အလုပ်က ထွက်ပြီး အိမ် မှာ ပဲ ခလေး ထိန်းတယ်။
မိတ်ဆွေတွေ က မောင်မောင် အလုပ်ထွက်လိုက်တာကို စိုးရိမ်နေကြတယ်၊ ခလေးကြီးလာပြီး ကိုယ်ပါ အသက်ကြီး လာရင် မြေးတွေ ကို ထိန်း ရ ဦးမယ်။(((( မိန်းမ က ဒီလောက် ပိုက်ဆံ အရှာတော် နေတော့ သူဘာအလုပ်ထပ်လုပ်စရာ လိုသလဲ)))) လို့ မောင်မောင်ပြောတယ်။
ဝေဝေ ရဲ့ သူငယ်ချင်းကလည်း ဝေဝေ့ ကို ကိုယ်ဘေးမျာ လုံးဝပြီးပြည့် ဆုံ တဲ့ လူတွေ ဝိုင်းဝိုင်းလည်နေရဲ့ သားနဲ့ ဘာဖြစ့် လို့ တကယ့် အသုံးမကျတဲ့ သူ ကို မှ ပို ချစ်ရတာလဲ လို့ မေးတော့ ဝေဝေက ကျွန်မ အလုပ်အရမ်း လုပ်ချင်တယ်၊ မီသားစု လိုချင်တယ်၊ ကလေး လို ချင်တယ်၊ ဒါကြောင့် အလုပ်မလုပ်တဲ့ ယောက်ကျင်္ား တစ်ယောက်ကို ကျွန်မလို ချင်တယ် ။ဒါမှ ခလေး တွေ ကို ကျွန်မ အစား၊ သူ စောက့် ရှောက်မှ ကျွန်မ စိတ်ချလက်ချ အလုပ်လုပ်နိူင်မှာပါ လို့ ပြန်ပြော ခဲ့တယ်
P.S: Forward Mail မှ ကူးယူဖော်ပြပါသည်။

6 comments

  • kopauk mandalay

    August 3, 2010 at 3:31 pm

    စကဒ်နားခိုစားစား ဘောင်းဘီနားခိုစားစား ထမီနားခိုစားစား
    အရေးကြီးတာ ကာယကံရှင်နှစ်ယောက်ပြေလည်ဘို့ပါနော်

    Reply

  • lilflame

    August 3, 2010 at 4:09 pm

    ဒါကတော့ရှားပါတယ် ဟုတ်တော့ဟုတ်ပါတယ် ကျွန်တော် ရုပ်ရှင်တွေကြည့်ဖူးတယ် ဘယ်လောက်ပဲချစ်ချစ် တကယ်ပျော်ရတယ်ဆိုတာရှားပါတယ် အချစ်မှာ သင့်တော်တာပဲရှိတယ်ဆိုတာတော့ထောက်ခံတယ်

    Reply

  • Shwemannmay

    August 4, 2010 at 8:03 am

    တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ကြရင် အဆင်ပြေနေကြမှာပါပဲ

    Reply

  • kounglay

    September 7, 2010 at 12:08 pm

    မွေးလာတဲ ့သားသမီးတွေကတော ့အဖေကို
    သောက်ထင်မကြီးမှာတော ့လုံးဝ(လုံးဝ)
    အသေအချာပဲ…………………

    Reply

  • search123

    October 25, 2010 at 7:47 am

    ဟုတ်ပါတယ်။အိမ်ထောင်ဖက် ရွေးချယ်တဲ့ နေရာမှာ အသင့်တော်ဆုံးလူဖြစ်ဖို့ အရေးကြီးသလို၊
    ကိုယ်က သင့်တော်တယ် ထင်ပြီး ရွေးချယ်ခဲ့တဲ့ သူကို တစ်သက်လုံး နားလည်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။

    Reply

  • အာဖျံ ကွီး

    October 25, 2010 at 9:38 am

    အဲဗျာ … ပြောင်းပြန်တော့ ဖြစ်နေပါပီ. ဒါပေမဲ့လဲ အံဝင်ကွင်ကျ ဖြစ်ရင်ပီးတာပါပဲဗျာ။

    Reply

Leave a Reply to search123 Cancel Reply

Your email address will not be published.