မောင်နဲ့ တူတဲ့ မန်းဂဇက် ( ကဗျာပြခန်း အမှတ် – ၈ )

သူကေလးSeptember 2, 20131min049

===============================

ကဗျာ ကို ကျမ ချစ်တယ်။
ဘယ်အချိန်တည်းက ကဗျာ ကို ကျမ ချစ်မိနေလဲဆိုတာ ကျမ မမှတ်မိ။
ဒါပေမယ့် ဆယ်ကျော်သက် အရွယ်မှာ မတောက်တခေါက် ကာရံ ကဗျာတွေဟာ ကျမ လက်ကို ခပ်ဖွဖွလေး နမ်းရှိုက်နေခဲ့ပြီလေ။
အခုများ အချိန်မှာတော့ ကဗျာ ဆိုတာ ကျမ နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးဆီမှာ နေရာယူထားတတ်ခဲ့ပါပြီ။

ကဗျာ ချစ်တတ်တဲ့ ကျမ …..
ဒီဘဝတစ်ကွေ့မှာ ကဗျာ ချစ်တတ်တဲ့ မောင်နဲ့ တွေ့ခွင့်ရခဲ့တယ် ….။
ဒါကို ဟိုသီချင်း စာသားလို “ဘုရားပေးတဲ့ ဆု” လို့ ပြောလို့ ရနိုင်လေမလားပါပဲ။
မောင်က ကျမနဲ့ တွေ့တိုင်း ကဗျာ တွေ ရွတ်ပြတတ်တယ်။
မောင့်ရဲ့ နှုတ်ခမ်းကနေ လွှင့်ပျံလာတဲ့ ကဗျာတွေဟာ ကျမရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံစေတတ်ခဲ့တယ်။
ကဗျာ ချစ်တတ်တဲ့ ကျမ၊ ကဗျာ ချစ်တဲ့ မောင့်ကို အတိုင်းအဆမရှိ ချစ်မိခဲ့တာဟာ မဆန်းပါသလားရှင်။

ကျမရဲ့ မောင် လိုပဲ ကဗျာတွေကို ချစ်တတ်တဲ့ သူတွေရှိနေတဲ့ ဒီနေရာ (မန်းဂဇက်) ကို ကျမ ရောက်ခဲ့တယ်။
ဒါဟာလည်း မောင်နဲ့ တွေ့သလိုပဲ ဘုရားပေးတဲ့ ဆုတစ်ခု ပါပဲ။
ကဗျာတွေကို သိုလှောင်ထားတဲ့ မန်းဂဇက် ကို ကျမ ချစ်တယ်။
ကဗျာ ရေးသူတွေကို ကျမ ချစ်တယ်။
ဖြူစင်သော ချစ်ခြင်းများနဲ့ပေါ့ရှင်။

ဒါ့ထက် ကဗျာချစ်သူများ ဆိုတဲ့ မန်းဂဇက်ပေါ်မှာ အခြေတည် ဖွဲ့စည်းလိုက်တဲ့ ကဗျာချစ်သူ အဖွဲ့လေးမှာ ကျမ ပါဝင်ခွင့် ရခဲ့ပါတယ်။
ဒီအတွက်လည်း အရမ်း ဝမ်းသာပီတိ ဖြစ်မိပါရဲ့ရှင်။
အခုလည်း ဒီကဗျာချစ်သူများ အဖွဲ့ရဲ့ လည်ပတ်မှုအရ ကျမ ကဗျာပြခန်းပို့စ် တင်လိုက်ရပါတယ်။
ကဗျာလေးတွေကို ဝင်ဖတ်ပြီး ကွန်မန့်လေးတွေနဲ့ အားပေးခဲ့ကြပါဦးရှင်။
ကျေးဇူးတင်ပါတယ်ရှင်။

===============================

ကဗျာပြခန်း – ၈ မှာ ပြထားတဲ့ ကဗျာလေးတွေ ကြည့်ဖို့၊ ဖတ်ဖို့အတွက်ဆို အောက်က ပုံလေးကို ကလစ် တစ်ချက် နှိပ်လိုက်ပါနော်။

===============================

ကဗျာပြခန်းသို့ သွားရန် >>>   

===============================

ပြခန်းထဲမှာ ကဗျာလေးတွေ ဖတ်ပြီးလို့ ပြန်လာရင် ကိုယ်နှစ်သက်တဲ့ ကဗျာလေး ၃ ပုဒ်ကို တစ်ပြိုင်တည်း ဗုတ်လေး ပေးခဲ့ကြပါဦးနော်။

===============================

[polldaddy poll=”7361531″]

===============================

ဒီကဗျာချစ်သူများကို ကဗျာတွေ ပို့ချင်တယ်ဆိုရင် အောက်က အီးမေးလ်ဆီ လိပ်မူပြီး ပို့နိုင်ပါတယ်နော်။

===============================

ကဗျာပြခန်းဆီကို   ကဗျာများ ပေးပို ့ကူညီကြပါဦးနော် ။

ကဗျာများပေးပို ့မယ် ဆိုရင်  alinsett.art@gmail.com ကို ပေးပို ့နိုင်ပါတယ် ။

ကဗျာပြခန်းအတွက် ပို့ထားပြီးတဲ့ ကဗျာတွေကိုတော့ ကဗျာပြခန်းမှာ ပြမပြီးမချင်း အခြားနေရာမှာ မသုံးကြဖို့အတွက်လည်း မေတ္တာရပ်ခံပါတယ်။

 

>>> ကဗျာချစ်သူများ၏ ကဗျာ ပြခန်း အမှတ် (၇) <<<
===============================

===============================

ကဗျာပြခန်းအမှတ် ( ရ )မှာ ပြသခဲ့တဲ ့ ကဗျာများ နဲ ့ ကဗျာရေးသူများ

၁။ မြစာကလေး- အကြောင်း
၂။ ခရီးသည်ကြီး- ၃/၄ (သို့) နေ/လ
၃။ ကိုမျိုးသန့်- ကယ်ရာမဲ့သစ်ပင်
၄။ ကိုကြီးမိုက်- ကျုပ်ကဗျာစပ်ခဲ့ဖူးတယ်။
၅။ ကိုရင်ရှုံး- မြို့ပျက်နေ့
၆။ ကမ်းဝေး- စံပါယ်မီး
၇။ ခက်သီ- ဘယ်မှာလဲပြည်သူ
၈။ ဆန်နီ- ပစ္စည်းပြတ်ကာလ
၉။ အာဂ- အချစ်ရဲ့ကြိုးဆက်ထုံးကလေးများ
၁၀။ နွယ်ပင်- နောင်မှရတဲ့အရာ
၁၁။ နီယံ – ကိုယ့်အားကိုယ်ကိုးဈေးသည်
၁၂။ ချာတူး- အပြန်အလှန်
၁၃။ မာဃ- လူဆိုးတစ်ဦးအတွက် တိုက်တွန်းချက်
၁၄။ Wow- ထုံပေပေနေ့စွဲများ
၁၅။ ရေပုလင်း- အမှတ်တယဟင်းလျာများ

 

ပြခန်း ( ရ ) မှာ အကြိုက်ဆုံး ကဗျာချစ်သူ ဆု ကို ရသွားတဲ့ ကဗျာကတော့….

ကိုအာဂရေးတဲ ့

ဖြစ်ပါတယ်  ။

 

==============================================

 

 အခုပြခန်းမှာ ပြထားတဲ ့ ကဗျာတွေကိ်ု ရေးသူ ကဗျာဆရာများကတော့….

 

ဗေဒါလမ်း-၁၉ (ဆရာဇော်ဂျီ)

မဟာမြန်မာ

သဲနုအေး

ဒီပါကို

ထက်ဝေး

ခင်ခ

လုံမလေးမွန်မွန်

အင်ဇာဂီ

Green Rose

တောကကိုရင်

ရွှေဂျူး

==========================

 

ကဗျာများပေးပို ့ ကူညီပေးပါသော.. ကဗျာဆရာ  / ဆရာမများကို ကျေးဇူးတင်ရှိပါတယ် ။

 

 

 

 

 

 

49 comments

  • အလင်းဆက်

    September 2, 2013 at 7:45 am

    ကဗျာပြခန်းတွေ ချီတက်လာတာ
    အခန်း ၈ တိုင်ခဲ့ပြီပေါ့

    ကဗျာ ့အား
    အနုပညာ အား ကိုလည်း
    ထည်ထည်ဝါဝါ ပြသနိုင်ခဲ့တာ
    အချိန်ကာလ အတိုင်းအတာတစ်ခုထိ
    အောင်မြင်ခဲ့ပြီ ပေါ့

    ဝမ်းသာမိပါအိ
    ကျေနပ်မိပါအိ

    🙂

    Reply

    • သူကလေး

      September 2, 2013 at 2:17 pm

      ကျေနပ်ဝမ်းသာရင် ဗုတ်အမြန်ဆုံးပေးဖို့ချင်းချားထားပါ အူးအလက်ဆင်း 😀

      Reply

  • KZ

    September 2, 2013 at 8:18 am

    ကဗျာကို ဘယ်သူတွေ ရေးတာတုန်း ဆိုတာလေး ထပ်ဖြည့်ပေးပါဦးးး

    🙂

    Reply

  • kyeemite

    September 2, 2013 at 8:41 am

    ကဗျာပြခန်း(၈) ထိရောက်အောင်အောင်မြင်ပျော်ရွှင်စွာချီတက်နိုင်ခဲ့ကြတာကို
    ဂုဏ်ယူပါတယ်ဗျာ…နောက်လည်းရေရှည်ဆက်လက်ချီတက်နိုင်ကြပါစေသား.. :loll:

    Reply

    • သူကလေး

      September 2, 2013 at 2:32 pm

      အလုပ်မအားတဲ့ကြား စိတ်အဆင်မပြေဖြစ်တဲ့ကြားထဲက ခုထိ ကဗျာပြခန်းအဖွဲ့သားတွေနဲ့
      လက်တွဲမဖြုတ်ဘဲ အမြဲချီဆက်သွားမှာပါ အူးကြီးမိုက်ရေ
      ဗုတ်ပေးပါနော့်

      Reply

  • kyeemite

    September 2, 2013 at 9:14 am

    ဗုတ်ခဲ့ပါပြီ ကဗျာချစ်တဲ့ သူကလေးရေ…

    Reply

  • ခင် ခ

    September 2, 2013 at 12:00 pm

    ဗုတ် ရ ချီ သေး ဟေ့

    Reply

    • သူကလေး

      September 2, 2013 at 2:38 pm

      ဗုတ်ပါ အကိုခရေ 🙂

      Reply

  • Myo Thant

    September 2, 2013 at 2:31 pm

    ဗုတ်လိုက်ပါပြီနော်

    Reply

    • သူကလေး

      September 2, 2013 at 2:42 pm

      ကျေးဇူးအထူးတင်ပါတယ် အူးမျိုးသန့်ရေ

      Reply

  • ကထူးဆန်း

    September 2, 2013 at 2:41 pm

    done

    Reply

    • သူကလေး

      September 2, 2013 at 2:42 pm

      Thank you

      Reply

  • Shwe Ei

    September 2, 2013 at 3:48 pm

    ကျမနဲ့တွေ့တိုင်း ကဗျာရွတ်ပျတတ်တဲ့ မောင့်အကြောင်းလဲ ကဗျာရေးပါအုံးလား.ဟိ

    ကဗျာအားလုံးဖတ်ပြီးမှ အကြိုက်ဆုံးပြန်ရွေးရမှာမို့လို့ အချိန်နဲနဲယူဘာမီ

    Reply

    • သူကလေး

      September 2, 2013 at 5:26 pm

      ငိ ငိ ရေးပြီးသားရှိပါတယ်ခင်ည
      မောင်တော့ဟုတ်ပု “ကို” ပါ
      နောက်များတော့ တင်ပါအုံးမယ် ငိငိ .. မြန်မြန်ဗုတ်ပါနော့်

      Reply

  • မိုး မင်းသား

    September 2, 2013 at 5:52 pm

    မောငိဆိုတာတို့ကိုခေါ်တာတော့မဖြစ်နူျင်ပါဘူးလေ… . . .
    ဟုတ်တယ်မဟုတ်လား……..

    Reply

    • သူကလေး

      September 3, 2013 at 9:40 am

      ဂစ် ဂစ် … ဟုတ်ရပါဘူးရှင်
      ဒါနဲ့ ဗုတ်ပီးဘီလား

      Reply

      • အလင်းဆက်

        September 3, 2013 at 10:04 am

        ဘယ်လိုကြီး ရီတာလဲ.. ကွယ်. ။ ဂစ် ဂစ် ဒဲ ့ ။

        ဒို ့ဒေါ် ဖွားမေတော့.. ရီရင်..
        အဟင်းးးဟင်းဟင်းးးး လို ့ရီတာလေ..။

        Reply

  • အလင်းဆက်

    September 2, 2013 at 5:58 pm

    မောင် ဆိုတာ ဗေလုဝ ကိုခေါ်တာတဲ့
    ဦးမိုးမင်းသား လို မန်းဝင်းကို ခေါ်တာ ဟုတ်ဖူးဒဲ့

    🙂

    Reply

  • Mr. MarGa

    September 2, 2013 at 6:30 pm

    ဝင်ရောက်စိစစ် ဖတ်ရှုမှတ်သား ပြီးစီးကြောင်း
    လိုအပ်သည်များကို ကြိမ်းမောင်းရန် ပြင်ဆင်နေကြောင်း :mrgreen:

    Reply

  • အရီးခင်

    September 3, 2013 at 4:57 am

    မောင့် သူကလေး ရေ
    ဝုတ်ပြီးပါကြောင်း သတင်းပို့ ပါတယ်။

    ဒါထက်
    မန်းဂဇက် နဲ့ တူတဲ့ မောင် ဆိုတော့ကာ …..
    အတော်အငြင်းသန်မဲ့ ပုဂ္ဂိုလ် ဖြစ်မှာ သေချာတယ်။ 😉

    Reply

    • သူကလေး

      September 3, 2013 at 12:11 pm

      ဗုတ်ပြီးဘီဆိုလို့ကျေးဇူးအထူးတင်ကြောင်းဘာာာာာ
      အငြင်းသန်လား မသန်လားဒေါ့ သူ့ပြန်မေးကြည့်မှဘဲ ငိ ငိ

      Reply

  • Inz@ghi

    September 3, 2013 at 7:25 am

    ဟိ
    ဟိုနှာဗူး ကဗျာတောင် ဗုတ်တေဘာတေရလို့ … ငိငိ

    Reply

    • သူကလေး

      September 3, 2013 at 12:14 pm

      ဘယ်နှာဘူးဒုန်း ငင် .. သာမီးလဲမသိရပါလားစ်

      Reply

    • TNA

      September 3, 2013 at 5:02 pm

      မယ်ဂိ ညီးကဂျာက ပြူးနေဒါဘဲအေ။ မုန်းထှာ။ ငွိငွိ။

      Reply

  • Ma Ei

    September 3, 2013 at 11:28 am

    ကဗျာချစ်တဲ့ သူကလေးရေ…
    ဖတ်လဲဖတ်ခဲ့ပါပြီ…
    ဗုတ်လဲ ပေးခဲ့တယ်…
    အောင်မြင်စွာ ၈ ထိရောက်ခဲ့ပြီမို့
    ဆက်လက်ချီတက်နိုင်ပါစေနော်…

    Reply

    • သူကလေး

      September 5, 2013 at 9:32 am

      ပေးတဲ့ဆုနဲ့ပြည့်ပါစေ မအိရေ

      Reply

  • လုံမလေးမွန်မွန်

    September 3, 2013 at 12:24 pm

    မမလည်း အကုန်သေချာဖတ်ပြီးရင် ဗုတ်မယ်နော်… သိလား… 🙂
    ရတယ်ဟုတ်…

    Reply

  • TNA

    September 3, 2013 at 4:56 pm

    သုံးပုဒ်ထက်ပိုကြိုက်နေပါတယ်။ မဲနှိုက်လိုက်အုံးမယ်။ ဒီတခါအပြင်အဆင်လေးတမျိုးလေးနဲ့လှတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ မိုက်တယ်။

    Reply

    • အလင်းဆက်

      September 3, 2013 at 7:27 pm

      ကျေးကျေး ပါ..တီတီသဲ..

      🙂

      ===========

      သူကလေးမအားလို ့..
      အဖွဲ ့ ဝင်တွေ ထဲက .. အဆင်ပြေရာလူ Reply ဝင်လုပ်ပေးကြေးဆိုတော့…

      🙂

      Reply

  • Mahar Myanmar

    September 4, 2013 at 3:32 pm

    အလုံး ကလေး လည်တယ် လည်တယ် ကို ကြည့် ပြီး
    ကဗျာ များ ကို မေ့လျော့ သွား ပါကြောင်း ..
    မဗုတ် ရသေး ပါကြောင်း..
    ဗုတ်ဓါးပြ မသူကလေး ရေ..
    ဗုတ် အကြွေး မှတ်ပေး နော်..
    စက်လုံး လေး က လည် တုန်း ရယ်..
    ကဗျာ တွေ က မတွေ့ သေး ဘူး..
    စက်လုံး ကလေး ရပ်သွား ရင်
    အကြွေး ကို အတိုး နဲ့ ဆပ် ဗုတ် ပါ့မယ်..

    Reply

  • Mahar Myanmar

    September 4, 2013 at 3:58 pm

    မနိုင်၍ သီးခံခြင်း တရားပြည့်စုံစွာဖြင့်
    စောင့်ဆိုင်း ဗုတ် ပေးခဲ့ ပါကြောင်း
    ကဗျာ…အပြင်အဆင် မမြင် ရသေး သောကြောင့်
    ထင်မြင် ချက် မရေး နိုင်သေ း ပါ..

    Reply

    • အလင်းဆက်

      September 5, 2013 at 7:27 am

      ကိုမြန်မာကြီးရေ
      ကျေးကျေးပါ

      ပြခန်း ထဲ ဝင်ကျိတာ
      အခု တော့ အိုကေနေပါတယ်

      အင်တာနက်လိုင်းတွေကလည်း နှေးချက်
      တခါတခါ ရွာ့အဝင်လမ်း ကြမ်းလှပါတယ်

      🙂

      Reply

  • Ma Ma

    September 4, 2013 at 4:20 pm

    မောင်နဲ့ တူတဲ့ မန်းဂဇက် ဆိုတာ MG ကို အသံထွက်တယ်ဆိုတာ ကိုယ်တိုင်ထိဘူးတော့ သိနေတယ်နော်………… :loll:
    ကဗျာအဖွဲ့သားများ စဉ်ဆက်မပြတ် ရှေ့သို့ အောင်မြင်စွာ ချီတက်နိုင်ကြပါစေ။
    🙂

    Reply

  • အလင်းဆက်

    September 4, 2013 at 8:25 pm

    အလို… အနီလေးတွေ များချက်…
    လေးလေးခ ပေးမယ့်ဆုတော့ ရတော့မှာပဲ..။
    🙂

    Reply

  • မဟာရာဇာ အံစာတုံး

    September 5, 2013 at 1:11 am

    ဗုတ် …..
    ပြီး ပါ ကြောင်း ……
    ဘာဟာ ဗုတ်လဲ လာမမေးနဲ့
    ဖြေဘူးးးးးး

    Reply

  • Mahar Myanmar

    September 5, 2013 at 8:46 am

    ခရမ်းချဉ်သီး ငပိချက် ခြင်း အတူတူ ကို
    တစ်ယာက် ချက် တာ နဲ့ တစ်ယောက် မတူ
    အရသာ
    ကွဲသွား တာ ..သိပ်သိသာ တယ်…
    ဂါဂါ က ရသ တစ်မျိုး သူကလေး က ရသ တစ်မျိုး.
    တော်ကြပါ ပေတယ် ဗျာ…
    ဒီတစ် ခါ က တော အရိုးရှင်းဆုံး ဆိုတာ လေး က
    အလှအပ တစ်ခု ..ကို ပေးစွမ်း ခဲ့ ပါတယ်…

    အော် ကျွန်တော် ပြော တာ ကဗျာ ပြခန်း
    ရ နဲ့ ၈ ကို ပြောပါတယ် ခင်ဗျာ..
    ဟိဟိ

    Reply

  • Mahar Myanmar

    September 5, 2013 at 1:40 pm

    ဇီးရိုး ရယ် အစိမ်းရောင် ပလပ်စ်ဝမ်း ရယ်
    အနီရောင် မိုင်နပ်စ် ဝမ်း အကြောင်း
    တစ်ဆိတ် လောက် ရှင်းပြ ပေး ပါ..
    ကျေးဇူး ပါ..

    Reply

    • Crystalline

      September 6, 2013 at 2:50 pm

      ူူlike …. like & dislike 🙂

      Reply

  • အလင်းဆက်

    September 9, 2013 at 9:06 pm

    သူခလေးရေ..
    ဗုတ်သွားပြီဟေ ့…
    ဟိုကဗျာရယ်..
    ဒီ ကဗျာ ရယ်..
    ဟိုကဗျာ လေး ရယ်..

    အဲဒါ…

    Reply

  • ဦးကြောင်ကြီး

    September 11, 2013 at 10:01 am

    မောင်နဲ့တူ
    ကြောင်ဒဲ့သူ
    ရှောင်ကွဲ့လူ
    ယောင်ငဲ့အူ
    လှောင်ထည့်ဆူ
    ပြောင်လှည့်ဘူ
    ဒေါင်ချဲ့ဂူ
    ညောင်သွဲ့ခြူ..

    Reply

  • Mr. MarGa

    September 11, 2013 at 4:34 pm

    အဟမ်း…
    ဟိုလိုလို ဒီလိုလို
    ဗုတ်လိုက်ပီ

    Reply

  • surmi

    September 12, 2013 at 9:16 am

    ​ဆောရီးပါ ..ဗျာ
    ကွန်​မန်​့​ရေးပြီးပြီထင်​​နေတာ…
    အခုမှ ထပ်​ဝင်​ကြည်​့​တော့ ကိုယ်​့ကွန်​မန်​့​ပျောက်​သွားတယ်​​အောက်​​မေ့ပြီး လိုက်​ရှာ​နေတာ​ပေါ့ …
    အသက်​​တွေကြီးလာ​တော့ ​မေ့တတ်​တယ်​​လေ ဟဲဟဲ
    အင်​း…. ​မောင်​နဲ့တူတဲ့ မန်​းဂဇက်​ဆို​တော့ ..
    ​တော်​​တော်​​လေး ရွာကိုချစ်​သားပဲ ..
    ဟုတ်​ကဲ့ ….. ဗုတ်​သွားပါ.မယ်​ခက်​ဗျ
    တစ်​လက်​စတည်​း​ပြောရရင်​ ….
    ဒီဗုတ်​စစ်​စတမ်​က ကျ​နော်​တို့ cdma 800 နဲ့ အဆင်​မ​ပြေဘူးခင်​ဗျ
    အဲ့ဒါ …. …..

    Reply

    • Mr. MarGa

      September 14, 2013 at 2:10 pm

      ချစ်လှစွာသော ဥဥဆာ (အဲလေ) ဦးဆာ ရေ
      ဗုတ် စစ်စတမ်ကို
      အဆင်ပြေအောင် လုပ်ဖို့ကတော့
      ကျွန်တော်များ မတတ်နိုင်တဲ့ ကိစ္စလို့ ပြောလို့ရတာကြောင့်
      လွှတ်တော်မှာ တင်ပြဆွေးနွေး အဖြေရှာကြရင်ဖြင့်
      အဖြေတစ်ခု ထွက်လာမယ် ထင်ပါကြောင်း

      ဟိုစပ်စပ် ဒီစပ်စပ်
      မောင်မာဃ

      Reply

  • Mr. MarGa

    September 14, 2013 at 2:13 pm

    ကဗျာပြခန်းသို့ လာရောက်ကြသူ၊ မရောက်သေးသူ ဧည့်သည်တော်များ၊ ရွာသူားများခင်ဗျား
    မကြာမတင်သော ကာလမှာဖြင့် ကျွန်တော်တို့ရဲ့ ကဗျာပြခန်းဗုတ် ပိတ်တော့မှာမို့
    မဗုတ်ရ မရှိကြလေအောင် လာရောက်ကာ ဗုတ်ပေးကြပါဦးလို့
    နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း

    ပြခန်းတာဝန်ခံ
    မောင်မာဃ

    Reply

  • surmi

    September 16, 2013 at 9:28 am

    မဟာဘီယာ ​ရေ….
    ကွန်​ဂရက်​ကျူ​ရေးရှင်​းပါ​နော…
    အခုလိုဘဲ … ​ရှေ့ဆက်​ပြီး မန်​းဂဇက်​ချစ်​သူများစာ​ပေဆုပါ ဆွပ်​ခူးနိုင်​ပါ​စေ … လို့ …

    Reply

  • Mahar Myanmar

    September 16, 2013 at 2:17 pm

    ကျေးဇူး ပါ ကို လော မ လော ….ဆာမိ ရေ ..
    မထင်မှတ် မမျှော်လင့် ထား ပဲ …အများ ကြိုက် ဖြစ်သွား တာ
    ကျွန်တော် လည်း ပျော်လို့ မဆုံး ပါဘူး..
    အားလုံး သော ရွာသား များ ကို ကျေးဇူး တင်လျှက်..
    ပြခန်း တိုင်း ပါဝင် နိုင် အောင် ကြိုးစား ပါ့ မယ်…
    ကျွန်တော့ အကြိုက် ဆုံး ကဗျာ ကတော့
    အသက် ၄ဝ အလွမ်း ပါခင် ဗျာ…..
    ဘဝ မှာ ကြုံခဲ့ ရင် လည်း …
    မဟာမြန်မာ နဲ့ မြန်မာဘီယာ ကစ်ကြသပေါ့ ဗျာ…

    ခင်တဲ့

    မဟာမြန်မာ

    Reply

Leave a Reply

Your email address will not be published.