တခါတုန်းက မား တို့ ရွာ

ムラカミAugust 30, 20131min022

ဂဇက် ရွာကား ခြောက်လေပြီ …. ခြောက်ကပ်နေခြင်းကိုဆိုလိုသည်ဖြစ်ပြီး ရွာသားတွေ အချော်တကောက် ဖြစ်နေခြင်းကိုလည်း ညွှန်းပါ၏။

ထုံးစံအတိုင်း သဂျင်းမီး မားခိုမ် မှ ဦးဆောင်ကာ ခြောက်နေခြင်းဖြစ်သည်။ ဖြစ်ပုံက ဂလို ..။ ရွာသူတွေ ကြပ်ပေးသဖြင့်

အခြော်တကောက်မလေးများ ထွန့်ထွန့်လူး အားပေးသည့် နာမည်-၄လုံးတပ် အင်္ဂါနာမ် ဟိုအဆိုတော်ကလေး၏

သီချင်းတွေ နားထောင်တာ များခြင်းမှ စလေသည်။ ဟိုကလည်း မင်းသမီး အဟွာ ကိုင်လိုက် ကိုယ့်လက်ကိုယ် ပြန်ရှူလိုက်

နှင့် မင်းသမီး၏ ချစ်ယဲဇား ပြဿနာရှာခြင်း ခံရသည်အထိ လက်ရဲဇက်ရဲသူပါပေ။ သို့သော်တဖက်သားက သူ့ကို အပုန်းမှန်းသိ၍

ခွင့်လွှတ်လိုက်၍သာ တော်တော့သည်။ သဂျီးကား သူ့ကိုယ်သူ S@i S@i Kh@m K@i ဟု နာမည်ပြောင်းကာ

ကြောင်ဖားကြီး တကောင်အား ကလူ၏သို့ မြူ၏ သို့ သွားသွား လုပ်နေလေ့ရှိသတည်း။

ဒါကို မနာလိုမရှုစိမ့် သူကား ..ဗလာဒီမာ ယွဲစည်။ ကပ္ပလီသူငယ် ၆ယောက်လောက်နှင့် ဝုန်းပစ်မည်ဟု ထုတ်ကြွေးကျော်သည်အထိ

အားကျမခံ ခြောက်ပြလိုက်ပြန်လေသည်။

 

ဟိုကလေးမတွေလောက်တော့ သနားသေးဒယ်.. - မားယွဲစ့်
ဟိုကလေးမတွေလောက်တော့ သနားသေးဒယ်.. – မားယွဲစ့်

 

နာမည်ကျော် မင်းသမီးများဖြစ်သော စံရတီမိုးဇက် ဝါဆိုမိုးပူးချ် သင်ဇာနွယ်ပင်း နှင့်ခရစ်စတယ်တီးနား တို့၏ လက်ဆွဲ မိတ်ကပ်ဖန်တီးရှင် မ

ကြီး(ထူး)ဆန်း က တစခန်းထလေသည်။ သင်္ဘောသီး စည်သွပ် ကိုဇိုးအောင်ရင် နှင့် တူသည်ဆိုပီး တမ်းတမ်းစွဲ ခြင်း ဖြစ်သည်။ သူမသိသည်က

ဟိုက ယုစ့် ကို မရနိုင်မှန်း သိတဲ့နေ့ကစလို့အခန်းထဲတွင် ကျပ်မပြည့်တဲ့မင်းသားပုံတွေ လျောက်ကပ်ကာ နွဲ့နေခြင်းဖြစ်သည်။ နွဲ့သည်ဆိုသည်မှာ ဤသို့တည်း။

ဆေးပညာရှင်များ သတ်မှတ်ချက်အရ အချော်တကောက်များသည် ၄ဆင့် ရှိလေသည်။

နွဲ့

ပုန်း

ပွင့်

မား

ဟု အလွယ်မှတ်ပါလေ။ နွဲ့- ဆိုသည့်အဆင့်မှာကား လူမသိအောင် ကြိတ် ခြောက်သည့်အဆင့် ဖြစ်၏။ စူသီကား သည်အဆင့်။

ပုန်း ဆိုလျှင်တော့ ပေါ်တင် အချော်တကောက်ဘွဲ့ ခံခြင်းဖြစ်ပြီး လူသိသူသိ သူငယ်(အတည်) တော့မထားသေး (ကြိတ်ပီးထားချင်ထားမည်)

ဒါမျိုးဥပမာ ဆိုလျှင်တော့ ဒညင်းဝက် နှင့် မာဂယောက်ပြား ကို ပြရမည်ဖြစ်သည်။ သူရို့ ထက် တဆင့် မြင့် ပွင့် သည့်အဆင့်မှာတော့

အထက်ကပြောသည့် မကြီးဆန်း ၊ မိတ်ကပ် မာမီသော်(ဆွေးတက္ကသိုလ်)၊ ဂလိုဏ်ကျောက်စ် ၊ ဂျော်လကီပုစ် တို့ တည်း။

မယုံလျှင် အောက်ကပုံကိုကြည့်ပါ။
မိတ်ကပ် မာမီသော်(ဆွေးတက္ကသိုလ်)၊ ဂလိုဏ်ကျောက်စ် တို့က အချက်အပြုတ်သန် စားဖိုမှူးဂိုဏ်း က ဖြစ်သည်။

အချို့ကလည်း ဖေ့စဘုတ်က နာမည်ကျော် သုံးဆောင်ကြပါဦးရှင် Page မှာ သူရို့လက်ချက်ဖြစ်သည် ဟုဆိုသည်။

စိတ်ကူးနှင့် အိပ်မက်ကို လက်တွေ့အကောင်ထည်ဖော်နေသော မာမီသော်..
စိတ်ကူးနှင့် အိပ်မက်ကို လက်တွေ့အကောင်ထည်ဖော်နေသော မာမီသော်..

အပျိုဗြန်းမလေးတွေလို စားစရာတွေ ဖလန်းဖလန်းချက်ပြီး တင်တတ်သည်။ ဒီနည်းနှင့်ပင် ဂလိုဏ်ကျောက်စ် က မွန်သူငယ်

အစင်လေးတယောက် ရထားသည် ကြားလေသည်။ မာမီသော်ကတော့ ရှေးမဆွမှပင် သူငယ် အကိတ် ဖွေးဖွေးကြီး နှင့် ပင်။

နားစွန်နားဖျားကြားရသောသတင်းတခုမှာ ချောမမ တယောက်ကတော့ ကိုနိုနှင့် နီးစပ်နိုင်ရေးအတွက် နယ်မှာ ကြိုးစား ငွေစုနေသည် ဟူသတတ်။

သူနှင့်ဂလိုဏ်ကျောက်စ်မှာ အန်ကယ်မိုက် ရှေ့တွင် နန်းစုဗလီစိုး လောက်တော့ သနားတယ် ဟုဆိုကာ သူပိုကြီးတယ်

ငါပိုထွားတယ် ပြိုင်ကြဖူးတာ အမှတ်ရမိလေသည်။ ယခင်ကတော့ ချစ်သက်ဝေ တို့ လှအုံးမယ် တို့သာ အဝတ်များခဲ့ရာမှ

ယခုတော့ ဝါကိုးမှ ဘန်နတန်မှ ဗစ်တိုးရီးယားစိကလက် မှ ဟု အပြိုင်အဆိုင် ဖြစ်လာကြလေပြီတည်း။

 

ကျောက်စ့် ရင်တွင်းဖြစ် များ
ကျောက်စ့် ရင်တွင်းဖြစ် များ

 

ဘယ်သူ ကြပ်ပေးသည်မသိ အမျိုးသမီးပဋိသန္ဓေ တားဆေးများကို မြှားပြထားသည့် လမ်းကြောင်း ပြောင်းပြန်သောက်ပါက ရင်သားလှသည်ဟု နားစွန်နားဖျား ကြားပြီး

စွတ်သောက်ကြရာ သွေးအားနည်းရောဂါရပြီး ယခုနှစ် တောင်ပြုံးပွဲပင် မသွားနိုင်ခြေ။ ဒါမျိုးကျတော့ အုပ်မမ က ဂန္ဓာရီလှည့်မဟဲ့

ဆိုပြီး သုတ်ခြေတင် လိမ့်တော်မူလေသည်။ တိုက်မမ ကတော့ သူ့သူငယ်လေးမှ ရှင်မတောင်နဲ့ ထုလိုက်မယ် ဆိုသဖြင့် ခြေငြိမ်နေရ၏။

သူရို့ထက် တဆင့်မြင့်သော မား ဟုခေါ်သည့် အဆင့်မှာ ကိုယ်တိုင်လည်း ချော်တကောက် သလို ချော်တကောက် လက်သစ်များလည်း

မွေးထုတ်သည့်အဆင့်မှာ ကား မားခိုမ် ၊ မားဂီ နှင့် မားယွဲ တို့ ရှိလေသည်။ မားခိုမ် တယောက် ရောဂါဘယ ကင်းကင်းနှင့် အသက်ရှီရှီ

ချော်တကောက် နိုင်သည်မှာ စာယေးဆြာ ဆြာဝန် သူငယ်တယောက် အပိုင်ဆွဲစိ ထားနိုင်သဖြင့်ဖြစ်သည်။ မားဂီ ကတော့ သူ့ကရင်ကောင်

နုထွားကြီး လက်ချက်ဖြင့် ကနားပင် သိပ်မစီးနိုင်ဟု သိရလေသည်။ ကယွဲစည် ကတော့ ကိုမတ် ကို သိပ်ကိတ်တယ် သူက သူက ဟု

ရိသဲ့သဲ့လုပ်နေသည်ကြား၏။ အခန်းထဲ အဲယားကွန်းပျက်နေသဖြင့် ပူလှ သဖြင့် ချွေးဒီးဒီးကျ စိုရွှဲနေသောကြောင့် ကိုမတ်သာ ပြန်

မကျော်တကိုက် ပါက အပြင်ထွက် အခြောက် ခံမည် ဟု အရပ်တကာလှည့်ကြွား လေသည်။ ဒီသတင်း ကို ကိုကိုစွိ နှင့် လေးလေးကြည်

ဆိုသော ဂေါ်မစွံ လူပြိုသိုးများက မည်သည့်အတွက်ကြောင့် ဝမ်းသာအားရ ကြိုဆိုကြသည်တော့ ကျနော် ဉာဏ်မမီပါပေ။

ရပ်ရွာလူကြီးများ ဖြစ်သော ဘုရားတကာ အန်ကယ်ဒုံ။ ကျောင်းတကာ ဦးလေးမာ၊ ကျောင်းဆရာ ဦးဘလတ် တို့မှ တော့ ဒီ

အချော်တကောက်တွေ သောင်းကျန်းတာ ကြည့်မရ ဖြစ်နေ၏။ သို့သော် အချော်တကောက်များ ပေါလာခြင်းကို

ကြိတ်နှစ်သက်နေသူတော့ ရှိ၏။ ဒတ်ဆြာတယောက် ဖြောင့်ချက်ပေးသည်မှာ .. ကျားထီးများသည်

ကိစ္စပြီးသည့်အခါ ဝေါင်းဟု အကျယ်ကြီး ဟိန်းတတ်သည်ဟူ၏။ အဓိပ္ပါယ်က Oh! Yesss …ပေါ့ဗျာတဲ့

ရွာထဲက နှာကိုယ်တော် ကိုကိုဝေါင်း သည်လည်း ထို အဓိပ္ပါယ်ဖြင့် သူ့နာမည်ကို ပေးထားသလား မဆိုနိုင်ချေ။

ပလတ်ကျွတ်ပီး ဒရစ်ချိတ်ရင်ချိတ်ရပစေ။ Oh! Yesss …ချင်သူဖြစ်သည်။

အကြောင်းသိသည့် ပန်းချီဆြာမလေးကတော့ လစ်ပြေးချေလေပြီ။ မနူးမနပ် ဗီဒီယို အခွေဆိုင်က စကီလေး ကတော့ ရင်လေးစရာတည်း။

ဒါတောင် ခုတလော ရိန်း လီဗြောင်ဟွန်း ဟွမ်လိဟုန် တို့ ကို သဲသဲလှုပ် အားပေးသည့် မျိုးမမ တယောက် ထိုမင်းသားတွေပုံ လှိမ့် အတင်ကောင်းသဖြင့်

သူတာဝန်ယူထားသော ဝက်ဆိုက် ပျက်ကျတာတောင် မသိလိုက် ယခုပြန်ပြင်နေလို့သာ ရွာထဲမလာအားသဖြင့် ရွာလူကြီးတွေ မျက်စိနောက်

သက်သာနေခြင်းဖြစ်သည်။ မဟုတ်လျှင် ဂဇက်ရွာမှာ ကိုရီးယားမင်းသား အယ်လဘမ် ဖြစ်ကိန်း တည်း။

 

ဂျန်ဂျီဟွန်း လောက်တော့ သနားသည့် မားဂီ
ဂျန်ဂျီဟွန်း လောက်တော့ သနားသည့် မားဂီ

 

အန်တီဆာ နဲ့ ဒေါ်ပါလေယာ တို့ ဆီမှ ကြားရသည့် ပါးစပ်သတင်းမှာကား ဂမမ တယောက် လက်သွက်သည့် နှူးဘာ ဒတ်ဆြာနဲ့

လိုက်ပြေးသွားသောကြောင့် ဇနီးသည် မင်းသမီး သင်ဇာနွယ်ပင်း တယောက် မူးမေ့၍ပင်လဲကျသည်ဟူသတတ်။
အော်.. ဂဇက် ရွာကား ခြောက်ပေပြီ။

22 comments

  • ဦးကျောက်ခဲ

    August 30, 2013 at 10:21 am

    တိန်… ကန္နားစီးတို့ လုပ်ချလိုက်တာ နေရင်းထိုင်ရင်း ဂလိုဏ်ကျောက်စ် လည်းဖြစ်ရ…
    ကျောက်စ် ရင်တွင်းဖြစ် အဂျစ်လေးကို ချက်ကျွေးမည့် ဟင်းလျာတွေလည်း ရွာထဲရောက်…
    တော်ဘီ မားသော်နဲ့ပေါင်းပြီး ထမင်းဆိုင်ဖွင့်တော့မယ်…
    အီးစီးကွတ် လေဒီများ ခဲနဲ့ထုကြစေသတည်း… အားဟိ
    😀

    Reply

  • Ma Ma

    August 30, 2013 at 10:21 am

    ဂဇက်ရွာကား ခြောက်… လေပြီ။
    ကဆာမိက တစ်နည်းခြောက် (ခြောက်ကပ်ကပ်)
    ကနားစီးက တနည်းခြောက် (စည်စည်ကားကားခြောက်)
    ခြောက် ပြနေကြပါလား။ :loll:

    Reply

  • Myo Thant

    August 30, 2013 at 10:26 am

    ( ဒါတောင် ခုတလော ရိန်း လီဗြောင်ဟွန်း ဟွမ်လိဟုန် တို့ ကို သဲသဲလှုပ် အားပေးသည့် မျိုးမမ တယောက် ထိုမင်းသားတွေပုံ လှိမ့် အတင်ကောင်းသဖြင့်

    သူတာဝန်ယူထားသော ဝက်ဆိုက် ပျက်ကျတာတောင် မသိလိုက် ယခုပြန်ပြင်နေလို့သာ ရွာထဲမလာအားသဖြင့် ရွာလူကြီးတွေ မျက်စိနောက်

    သက်သာနေခြင်းဖြစ်သည်။ မဟုတ်လျှင် ဂဇက်ရွာမှာ ကိုရီးယားမင်းသား အယ်လဘမ် ဖြစ်ကိန်း တည်း။ )

    ငါ့နှယ် အမေမွေးတော့ အကောင်း
    အခုတော့ မျိုးမမ တဲ့ ၊
    အချိုးကျကျ မျိုးမမက ဆိုးပြလိုက်ရရင်ဖြင့်
    အသင် အင်ဇာဂီ မြင်လာစေရပါမည် ၊
    သတိနဲ့သာ နေပေတော့

    ( ပုံ
    Yoona ၏ အသည်းကျော် ) 🙂

    Reply

  • black chaw

    August 30, 2013 at 10:31 am

    မာမီသော် တို့က သိတ် လျှပ်ပေါ်လော်လီတာပဲ…။
    မီးဖိုချောင်ဝင်တာတောင် ဘရာစီယာ ဝတ်မထားဘူး…။
    ဟွန့်…။
    :mrgreen:

    Reply

    • Inz@ghi

      August 30, 2013 at 10:41 am

      ဟွတ်ပ့ ချောမမ ရယ် … ရှင်မြီးလေး စွတ်ထားလို့သာတော်တော့တယ်..
      မဟုတ်ရင်တော့ …ငိငိ
      မား မကျိယဲဝူး…။

      Reply

  • Wow

    August 30, 2013 at 10:38 am

    အိုးရက်စ်ဆိုတာ နယ်ကဘကြီးဖော်ရောင်းတဲ့ မြန်မာ့နည်းမြန်မာ့ဟန် ရက်ဆားကို ကြော်ငြာတာပါအေ…
    နာဒီလောက်ကျမ်းမာရေးကောင်းတာ ဒရစ်မချိတ်ရပါဝူးးးး :mrgreen:

    Reply

  • surmi

    August 30, 2013 at 10:58 am

    ​သေဘီဆြာ 😀
    မင်​းသမီးသင်​ဇာနွယ်​ပင်​းက ပါးစပ်​ဖွာတယ်​ဆိုြပြီး ခဲနဲ့ထုရင်​​တော့လားးး

    မားးး​ရေ …. ​ကြောက်​​ကြောက်​ 🙂

    Reply

  • GARFIELD

    August 30, 2013 at 11:06 am

    တစ်ခုပဲပြောလိုက်မယ်….
    သေချင်းစိမ်း…ဟီး

    ခင်မင်လျက်-
    ဂါဂါးကြီး

    Reply

  • kyeemite

    August 30, 2013 at 11:23 am

    မာမီသော် နဲ့ ဂလိုဏ်ကျောက်စ် အနေအထိုင်မတတ်ပုံများကတော့
    ပြောချင်ဘာဘူးဟယ်…ပထမအကြိမ်ဂဇက်ရွာသူားတွေတွေ့ဆုံပွဲလာတုန်းကတောင်
    နှစ်ယောက်လုံး ဘယာစီယာမဝတ်လာဂျဘူး..အစိလေးတွေကိုပြူးလို့ (မျက်စေ့) :mrgreen:

    Reply

  • KZ

    August 30, 2013 at 11:33 am

    မားယွဲ အခြောက်ခံ မယ်ဆို ကိုကိုစွိ တို့ ကိုကိုကြည်တို့ ဘာလို့ ဝမ်းသာတုန်း သိလားးး

    စားရတော့မှာမို့။ :mrgreen:

    မားယွဲ အခြောက်ခံထားတဲ့ ငါးခြောက်ပြားတွေကို ပြောတာပါ။ 😀

    တတ်လဲတတ်နိုင်တဲ့ မောင်ဂီ။

    Reply

    • lele kyi

      August 31, 2013 at 4:53 pm

      ကိုကိုစွိ ငါးခြောက်ပြားပဲလား ဟင် ?? ပုစွန်ခြောက်။ မျှစ်ခြောက်။ မုန်လာဥခြောက် တွေရောအခြောက်ခံဘူးလား။

      Reply

      • KZ

        September 1, 2013 at 4:32 pm

        ဒါကတော့ မားယွဲ အခြောက်ခံသလောက် ပေါ့ လေးလေး ကြည်ရယ်။

        😀

        Reply

  • Crystalline

    August 30, 2013 at 12:17 pm

    ကယ်ကယ်ကျောက်က အဲလိုမဝတ်ထားတော့လည်း လန်းနေတာပဲ :mrgreen: .. မာမီကျောက်နဲ့မာမီသော်ကြားထဲဘယ်လိုလုပ်ယောင်မင်းရောက်နေတာလဲ.. ယောင်မင်းလည်းအဲဒီဂိုဏ်းဝင်ပဲလား.. .. အောက်ဆုံးပုံတွေ့ပြီး တရဲမကြောက်တော့ဘူး တော်တော်ဆိုးတဲ့ရုပ် :kwi:
    ကိုယ်ခြောက်တာကို ခြောက်တဲ့အတိုင်းနေသူတွေနဲ့ ခြောက်တာကိုခြောက်တယ်လို့ဗြောင်ဝန်ခံရဲ့သူအပေါ်အထင်သေးစိတ်တစ်ခါမှမဖြစ်ဖူးဘူး..

    Reply

  • အရီးခင်

    August 30, 2013 at 2:36 pm

    မားတို့ ရွာ ဆိုတော့ သူ့ မာမား ကို များ ညွန်းသလားလို့။
    ပုံတွေမြင်ရတာ ညဖက် ရွာထဲကို ဘူသူမှ ဝင်ရဲ တော့မယ် မထင်။ 😛

    Reply

    • Inz@ghi

      August 30, 2013 at 9:05 pm

      ဒီမယ်. ဦးဘလတ်.
      မားတို့ဘာသာမားတို့ချော်တကောက်တာ.
      ဘုထိခိုက်လို့ဒုံးးး

      မားတို့ရဲ့ ချစ်စရာ့အရွယ် ခြောက်ကြမယ် ပလိုဂလမ်ကို
      ပျက်ရယ်မပြုသင့်ဘာဘုလေ.

      :hee:

      Reply

  • Mr. MarGa

    August 30, 2013 at 5:46 pm

    အင်း…
    ရွာထဲမလည်း သရဲကတစ်လှည့် ကနားစီးကတစ်လှည့်နဲ့ လှည့်ပတ် ခြောက်နေကြတာ
    ရွာလည်လမ်းတောင် မထွက်ရဲတော့ဘူး
    ကနားစီးနော်
    ကနားစီးလိုပဲနေ
    သူငယ်တစ်ယောက်ထဲ ထားမနေနဲ့
    နောက်ထပ် ရှာလိုက်ဦး
    ကွိကွိ

    Reply

  • Shee

    August 30, 2013 at 7:51 pm

    ဘာစာမှမဖတ်ရသေးဘူး…….ပုံတွေမြင်ရတာနဲ့တင် အူလိမ့်နေဘီးးးးးး………..:D

    Reply

  • cobra

    August 30, 2013 at 10:40 pm

    ခြောက်ချက်တော့ လန်ထွက်နေတာပဲ
    ၀ဝကစ်ကစ် နဲ ့ခြောက်တော့
    အတိုဝတ်ရင်ဘယ်လှပါ့မလဲ

    Reply

  • အလင်းဆက်

    August 31, 2013 at 6:21 pm

    ဟင်င်င်င်င်င်

    နာဒို့ဂ
    အပုန်းတွေ ဒဲ့
    အူးးမာဂ ရဲ့

    အောင်မလေးးးးးအူးမာဂရဲ့ ဖျစ်မှဖျစ်ရလေခြင်းးးးးး

    ချစ်သုဝေ နာ့အကြောင်းသိပြီးးး
    သတင်းစာ ရှင်းလင်းပွဲတွေ ဘာတွေကနေ
    အလက်ဆင်း မပုန်းကြောင်း အမြန်ပြောပါစေ

    🙂

    Reply

  • မဟာရာဇာ အံစာတုံး

    August 31, 2013 at 6:31 pm

    ဒီမမဂျီးဒွေ မျင်ရဒါ
    အသည်းယားလိုက်ဒါ ….
    ဂလု .. ဂလု .. ဂလု …

    Reply

  • TNA

    September 1, 2013 at 4:56 pm

    အောင်မယ်အေ နာမရောက်တဲ့ ကာလတွင်းတရွာလုံးခြောက်ကုန်ဒဂိုး။ ကောင်းဘာလေ့။ ရေးတတ်ပါ့ မယ်ဂိ့ ညီးမို့ပဲထွက်တယ်အေ။ ရီလိုက်ရတာ တခုဘဲအေ ညီးပုံတွေ နာ့သားကိုပြရဲဘူးတော့ မတော်ညညထငိုနေမ စိုးလို့။

    Reply

  • ဦးကြောင်ကြီး

    September 3, 2013 at 10:06 am

    အခြောက်ရွာ
    ထောက်ပါ
    အောက်နာ
    မောက်လာ
    နောက်မှာ
    ဒေါက်တာ
    ကြောက်ထှာ
    ရောက်ရာ..

    Reply

Leave a Reply to black chaw Cancel Reply

Your email address will not be published.