ကြိုက်လွန်းလို့ပါဗျာ (မင်းလူအမှတ်တရ)

လူကေလးAugust 19, 20131min07

ကြိုက်လွန်းလို့ပါဗျာ (မင်းလူအမှတ်တရ)

လူကြည့်တော့မင်သေသေ .. ပညာကမသေး

ပေတေတေ ကို့လူကိုကြည့်.. စာရေးသတဲ့လေး..

 

ဖတ်ကြည့်ပေ့ါသူ့စာ.. အဆွေးလေးကခပ်မြေ့မြေ့

ပြီးတော့ခါ ဖတ်သူကို့မှာ.. ပြုံးတုံ့တုံ့လေး

ပါလေရာ သူ့စာမှာ.. ဇာတ်ကြောင်းရယ်ခင်းရရင်ဖြင့်

သူချစ်တဲ့သူ့တက္ကသိုလ်က .. background တဲ့လေး..

 

ကျောင်းထဲက သူ့အပင်.. အမြစ်ပျောက်လို့ဘယ်ဆီနေ

သူရေးတဲ့ “ရေတမာ”.. အသက်ပြင်းလှသတဲ့လေး

 

သူထွင်တဲ့ငါ့မင်းသား.. ပြန်လို့ဖြင့်လာပါ့မလား

မီးထွန်းတိုင်းသတိရတယ်ကွယ့်.. “ဓာတ်ခဲ” တဲ့လေး

 

ခင်ဗျားရေးတဲ့ ဒီဇာတ်တွဲ..ဖတ်ချင်သေးရဲ့နောက်တခါ

“ကျော်ကွန့်ဇနီး လှထုံ” နဲ့ လည်း ဆုံချင်ပါသေး..

 

မပြောတော့မယ့် ဇာတ်သိမ်း… ခင်ဗျားကိုယ်စားဘယ်သူရေးမလဲ

“အများနဲ့ မသက်ဆိုင်သူ” ခင်ဗျားကဖြင့်.. ရီတော့မကွယ့်လေး..

 

ခင်ဗျားသွားတဲ့ သေရွာကို.. ကင်ဆာကပို့သတဲ့

အမောင့်ကို ကြိုက်တဲ့ကျုပ်မှာဖြင့် . .“ အော်ဆွေး”ရသေး..

 

နောက်များဖြင့် ကြုံမကြုံမသိ..  အသစ်ရယ်လို့မှမရှိရင်ဖြင့်

ပန်းဆိုးတန်း အဟောင်းတန်းသွား.. မေးလို့ရှာရဦးမလေ

လူကိုတော့မကယ်နိုင်ဘူး.. စာတွေကို ဖြင့်စုထားဦးမယ်

Idea မသစ်သော်လည်း.. စာဟောင်းကအတွေးမဟောင်းပါဘူးလို့

မှီငြမ်းလို့ အားကိုးမယ်.. အပျင်းပြေဟာသအရေးအသား.. သတိယမှုများစွာနဲ့

စိတ်ပမ်းပြေလို့ ဉာဏ်ရွှင်စေ့မယ်..

မင်းလူ” ဆိုတဲ့ ကျုပ်ကြိုက်တဲ့ စာရေးဆရာရဲ့

ဘာလေးများရှိဦးမတုန်း..

ဒါလေးတော့ ချန်ထားပေးပါဦးဗျ.. ကျုပ်ကြိုက်လို့လေး..

 

 

လူကလေး

 

 

 

 

 

 

 

 

7 comments

  • အလင်းဆက်

    August 19, 2013 at 7:49 pm

    ကဗျာလေး..ကို ခံစားရင်းးး
    ဦးမင်းလူကြိးကို ပိုလွမ်းသွားတယ် ။
    နှမြောတယ်ဗျာ..။
    စာပေလောကအတွက်…
    အထူးသဖြင့်.. ရသ စာပေနယ် အတွက်…
    အဖိုးတန် အနုပညာသမားတစ်ယောက်.. ဆုံးရှုံးသွားတာ..။
    တော်တော်နဲ ့ကို ဖြေလို ့မရသေးဘူး ။

    တာရာမင်းဝေ ကို ဆုံးရှုံးရတုန်းကလိုပါပဲ ..။
    နောက်တစ်ယောက်…. တူနိုင်ခဲတဲ့….
    ကြယ်တွေ….
    ဘာလို ့.အကြွေစောသလဲ…..

    Reply

  • မဟာရာဇာ အံစာတုံး

    August 20, 2013 at 12:29 am

    ဒီနေ့ပဲ
    ဆရာကြီး ဒဂုန်တာရာ ထပ်ပြီး ကြွေသွားတယ် …
    အော်ရယ် ….
    ဒီကြယ်တွေကိုမှ ဘာလို့ တဖြုတ်ဖြုတ်နဲ့ ကြွေကျစေရတာတဲ့လဲ ….

    Reply

  • chit linn ein

    August 20, 2013 at 2:38 am

    ကျနော်တို့လည်းလွမ်းနေကြပါတယ်။

    Reply

  • အရီးခင်

    August 20, 2013 at 5:01 am

    အရီးလဲ ကြိုက်လွန်း လို့ပါ။ တစ်ကြောင်းလောက် ဖြည့်ပါရစေ။
    ကျော်ကွန့် နဲ့ လှထုံ တို့ ရဲ့ သားလေး မောင်ကျော်လှ အတွက် ဓာတ်ခဲ က ကယ်တင်ရှင် တံတိုင်းကြီး ဖြစ်ခဲ့သပေါ့။

    Reply

  • Min Zarni

    August 20, 2013 at 6:52 am

    အဲ့ဆြာ အထဲရောက်တုန်းက နံရံမှာ ခဲနဲ့ ဟောဒလို ခြစ်ခဲ့ပါသတဲ့ ..

    နောက်တခါ လာချင်ဘူး
    ဒီအထဲ
    မှန်နိုင်လွန် ဟင်းရည်ကျဲနဲ့
    သဲငါးပိ ဆန်လုံးတီး..
    (…) လိုမှပဲ..။

    နိုင်ကျဉ်းတယောက်ရဲ့ အတိုဆုံးနဲ့ အထိရောက်ဆုံး
    စကားစုလေးဆိုပါတော့..။

    Reply

  • kyeemite

    August 20, 2013 at 9:42 am

    ဒီနေ့ပဲ
    ဆရာကြီး ဒဂုန်တာရာ ထပ်ပြီး ကြွေသွားတယ် …
    ဟုတ်တယ်ဗျာ…ဒီဩဂုတ်လမှာ“ သေမင်း”လောဘတွေတက်နေတယ်

    Reply

  • Mr. MarGa

    August 20, 2013 at 1:17 pm

    လွမ်းလို့မှ မဆုံးသေး နောက်တစ်ယောက်ကို ထပ်ခေါ်သွားပြန်တော့
    လွမ်းရတာရယ် မကုန်….
    ကျွန်တော် မျက်ရည် ခမ်းခဲ့ပြီ….။

    Reply

Leave a Reply

Your email address will not be published.