ဓမ္မဝိဟာရီဆရာတော် ဟောကြားအပ်သော တရားကောက်နုတ်ချက်များ….မှ….

Ko out of...August 16, 20131min03

– လူတွေမတိုးတက်တာ ကိုယ့်အမှာကိုသူပြောတာမခံနိုင်လို့…သူ့အမှားကို ကိုယ်ပြောတာမခံနိုင်ကြလို့ဘဲဖြစ်တယ်…

– မာနဆိုတာကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ့်ဟာကိုယ်မှန်တယ်လို့ထင်တာ…ကိုယ်လုပ်တာကို ကိုယ့်ဟာကိုယ်မှန်တယ်လို့ ထောက်ခံတာဘဲ…

– ကိုယ်ပိုင်ဉာဏ်…ကိုယ်ပိုင်အသိဖြစ်ဖို့ဆိုတာ ကိုယ်ဟာကိုယ် ဝိဘဇ်ဇလုပ်မှရတယ်….ကိုယ့်ကိုယ်ကို အားကိုးဖို့ဆိုတာ ကိုယ်ပိုင်ဉာဏ်ဖြစ်မှ အားကိုးမှု အစစ်အမှန်ဖြစ်မှာ…

– ဘာမှ မဟုတ်တာတွေရဲ့ အစုတွေဟာ တခုနဲ့ တခု အသာစီးရအောင် လုံးပမ်းနေကြတယ်…. ကမ္ဘာမှာ ငါတို့ဘဲဟုတ်တယ်ဆိုတဲ့ အဖြစ်ရောက်ရမယ်ပေ့ါ…အဲဒါနဲ့လူတွေသေကြေတိုက်ခိုက်ကြတဲ့ အထိဖြစ်ကြတယ်…ဒါတွေရူးသွတ်ကြသူတွေရဲ့ တိုက်ပွဲတွေဘဲဖြစ်တယ်…

3 comments

  • San Hla Gyi

    August 16, 2013 at 11:44 pm

    အင်း မတွေ့တာတောင် ကြာပြီ။

    Reply

  • အလင်းဆက်

    August 17, 2013 at 7:30 am

    လူတိုင်းဟာ အရူး ပဲ ဆိုတာလည်း ကြားဖူးပါရဲ ့
    ပါပလူမျိုး ကိုးဆယ့်ကိုး ဆိုတာလည်း ရှိပါရဲ ့
    ဒီတော့
    ကျွန်တော်က လွဲရင် အားလုံး အရူးပေါ့

    🙂
    ရူးသွပ်မှုကြောင့် ဖြစ်သော တိုကိပွဲများးး ပြီးစေချင်ပါပြီ

    Reply

  • ဦးကြောင်ကြီး

    August 20, 2013 at 9:57 am

    မိုးပြာဆရာတော် ပြောတဲ့ (တကယ်တာ့ အဲဒါဘုရားဟော ကောက်နှုတ်ချက်ပါ) ဘာပဲဖြစ်ဖြစ် ပေါ်လွင်ထင်ရှားအောင် အားထုတ်တာမို့… ကိလေသာနဲ့ လူ၊ အပြုအမူနဲ့ လူ ကွဲအောင်ကြည့်ဆိုတဲ့စကား တကယ်တာသွားပါတယ်။ ကိုယ့်ကို ပြင်ပပယောဂတွေ လာထိပါးတိုင်း (အခုထိပေါ့လေ) အဲဒီ ဆုံးမချက်လေး သတိရတယ်။ တဖက်သား ဘယ်သူဘယ်ဝါ မယူစွဲတော့ပဲ သူရဲ့ ကိလေသာ အကုသိုလ်စိတ်တွေကို လူရုပ်ကောင်နဲ့ ခွဲမြင်နိုင်တဲ့အခါ ပြောစဂါး လစ်လျူရှုနိုင် ခွင့်လွှတ်နိုင်တာ အမှန်ပဲ….။ သာဓုပါဗျာ သာဓု သာဓု။ ဘယ်နေ့တော့ ထတီးမိမလဲ မသိဘူး… သိပ်လွန်လာရင်ပြောဒါ…အဲကြမှ ချုပ်တီးထားတဲ့ အခံနဲ့ နှစ်ဆတိုး ပေါက်ကွဲမိရင်တော့ အသိဝူး…

    Reply

Leave a Reply

Your email address will not be published.