ပြေးမယ် ခုန်တယ် ပစ်ကျသွားတယ်

ဘာရယ်တော့မဟုတ်ပါဘူး။

အရင်တပါတ်က ကလေးတွေနဲ့အပြိုင်

ဗိုက်နဲနဲထွက်တာ လျော့လေမလားဆိုပြီး

ဘောလုံးကန်တယ်။ ဘောကန်တာမောလာတော့

အမြင့်ခုန်တာပြိုင်တယ်။

အမယ်အတော်ခုန်နိုင်သား။ ငယ်ငယ်က ဇ ကရှိခဲ့

တာကိုး။ ပထမ သုံးပေ။ နောက်ခြောက်လက်မတိုး

ဒီလိုနဲ့ လေးပေခွဲ ရောက်လာတယ်။

အကြီးကောင်က ဖြစ်ပါ့မလား။ ဖြစ်ပါ့မလားနဲ

တားရှာ သေးတယ်။ဘာရမလဲ။ ကြီးတောင့်ကြီးမားနဲ့

ကလေးတွေနဲ့ပြိုင်ဆော့တယ်ဆိုပြီး ဘေးကလဲ

ဝိုင်းကြည့်နေတာကိုး။ ပရိတ်သတ်ရှေ့ဆိုတော့လဲ

မရဘူးမပြောချင်ဘူးလေ။ ရပါတယ်ကွာ ဆိုပြီး။

နေရာယူပြီး ကြိုးကို စိုက်ကြည့်လိုက်တယ်။

အသက်(လေ) ကိုတဝရှု လိုက်တယ်။

ဘေးကလဲဝိုင်းကြည့်နေကြပြီ။

နောက်ကိုနည်းနည်းပြန်ဆုတ်လိုက်တယ်။ အရှိန်မလောက်

မလောက်မှာစိုးလို့။

ခါးတောင်းကြိုက် ကိုပြန်စစ်လိုက်တယ်။

အိုကေ ။

ပြေးတယ် ။

အလောတော်နေရာရောက်တော့ အားယူလိုက်တယ်။

ခုန်တယ်။ “ယားးးးးးးးးးးရ် ”

ကြိုးနဲ သီသီကလေးလွတ်တယ်။ ဘေးကလဲ

“ဟေးးးးးးးးး ”

“ဘုတ်”

အကျမတော်တော့ ဒူးပွန်းတွားပါ၏။

4 comments

  • မဟာရာဇာ အံစာတုံး

    August 13, 2013 at 5:02 pm

    ဒီလူဂျီးနှယ် ..
    ဗိုက်ထွက်တာ ကျချင်ဒါများ …
    ဂလိုဒွေ လုပ်နေရဒယ်လို့ ..
    ဒီမှာ … မှတ်ထား …
    ဗိုက်ထွက်ဒါ ကျဂျင်ရင် ဘီယာ များများ သောက်ပေးရဒယ် …
    :mrgreen:

    Reply

  • သျှားသက်မာန်

    August 13, 2013 at 6:32 pm

    မိုက်တယ်…ဒီလိုအကြောင်းအရာမျိုးလေးလည်းရေးလို့ရသေးသားပဲနော်…….

    Reply

  • kyeemite

    August 14, 2013 at 1:09 pm

    ဖစ်မှဖစ်ရလေ…
    🙂

    Reply

Leave a Reply to kyeemite Cancel Reply

Your email address will not be published.