သမုဒ္ဒရာထဲရှိ လေရဟတ်ကြီးများပေါ်တွင် စမတ်ကျကျ၊ အေးအေးလူလူနေထိုင်နိုင်တော့မည့် အနာဂတ်ကာလ အလုပ်အကိုင်များ

Mr WorldWideAugust 13, 20131min05

နှုတ်ခွန်းဆက်သလိုက်ပါ၏ သူကြီးနှင့်တကွ ရွာသူရွာသားများခင်ဗျာ။ ယခုအချိန်ကစပြီး ဘာသာပြန်သတင်းလေးများ ပြန်လည်ခံစားနိုင်ရန်စတင်လိုက်ပီ ဖြစ်ပါကြောင်း…

အနာဂတ်ကာလတွင် ပင်လယ်သမုဒ္ဒရာထဲရှိ လျပ်စစ်စွမ်းအင်ထုတ် လေရဟတ်ကြီးများအတွက် အလုပ်ခေါ်စာများသည် အလုပ်သမားများအဖို့ အလွန်မျက်စိကျဖွယ်ရာခေါင်းစဉ်များ ဖြစ်လာပေဦးမည်။ ဘယ်လ်ဂျီယမ်ကုမ္ပဏီတစ်ခု၏ အဆိုအရ အလုပ်သမားများအတွက် အလွန်ခေတ်ဆန်၍ နေချင့်စဖွယ်နေရာများ တွဲဖက်ပါဝင် တည်ဆောက်ထားသည့် အလွန်ကြီးမားသော လေရဟတ်ကြီးများသည် အနာဂတ်ကာလ၌ အမှန်တကယ် ဖြစ်ပေါ်လာမည်ဟု ဆိုပါသည်။ ဥရောပ လေစွမ်းအင်ဆိုင်ရာအသင်းကြီး ( European Wind Energy Association ) ၏ အစီရင်ခံစာ၌ အဆိုပါ လေရဟတ်များမှာ ၂၀၃ဝ ခုနှစ်ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၃ သိန်းခန့် ဖန်တီးပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

ocean

ထိုလေရဟတ်ကြီးများတွင်နေထိုင်မည့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့သားများနှင့် ပညာရှင်များသည် တာဘိုင်များပေါ်၌ တွဲဖက်တည်ဆောက်ထားသောနေရာများ၌ နေထိုင်ရမည်ဖြစ်ကာ အတိုင်းအဆမရှိ ကျယ်ပြောသော ပင်လယ်သမုဒ္ဒရာ၏ အလှအပများကို ခံစားရင်း ဂျင်နရေတာများလည်ပတ်နေမှုကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပါသည်။ ¤င်းအတွေးအခေါ်သည် အမြဲလိုလို စွန့်ပစ်ခြင်းခံထားရသည့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အဦများကို လူသားများ အမြဲတမ်း မှီတင်းနေထိုင်နိုင်မည့်နေရာများအဖြစ် အသွင်ပြောင်းလာစေရန် ဖန်တီးခြင်းလည်းဖြစ်ပြီး ဤစိတ်ကူးကြောင့် ယခင်က စွန့်ပစ်ခံနေရာများသည် စက်မှုလုပ်ငန်းတစ်ဖြစ်လဲ အေးအေးလူလူ နေထိုင်ခံစားနိုင်သည့် နေရာများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပေသည်။

အလုပ်သမားများအနေဖြင့် အဆိုပါလေရဟတ်ကြီးများပေါ်တွင် အေးဆေးသက်သာစွာ နေထိုင်နိုင်မည် ဖြစ်သော်လည်း နိုင်ငံတကာအာကာသစခန်း ၊သို့မဟုတ် အာတိတ်ရေခဲပြင်စခန်းများ ၊သို့မဟုတ် ပင်လယ်တွင်း ရေနံတူးစင်ကြီးများပေါ်ရှိ အလုပ်သမားများနှင့် သဘောသဘာဝတူညီစွာပင် တစ်သီးတစ်ခြား နေထိုင်ရမည် ဖြစ်ပါသည်။ တစ်နည်းဆိုရမူ ပင်လယ်သမုဒ္ဒရာအတွင်း နေထိုင်ရခြင်းသည် သာယာအေးချမ်းလှပါသည်ဆိုသော အတွေးအခေါ်များအပေါ် စိန်ခေါ်မှုတစ်ရပ်အဖြစ်လည်း ဆိုနိုင်ပေသည်။ ပင်လယ်သမုဒ္ဒရာအတွင်းရှိ ထိုလေရဟတ်ကြီးများပေါ်တွင် နေထိုင်သည့်လူများအတွက် ထောက်ပံ့ပို့ဆောင်ရေးမှာမူ အာကာသအတွင်းသို့ ထောက်ပံ့ပို့ဆောင်ရေး ပြုလုပ်ရသည်ထက် များစွာလွယ်ကူမှုရှိပြီး အဆိုပါစိန်ခေါ်မှုအပေါ် လူသားများအနေဖြင့် ကောင်းစွာ အောင်မြင်ကျော်လွှားနိုင်ခဲ့ပြီးဖြစ်ကြောင်း ဥရောပ လေစွမ်းအင်ဆိုင်ရာအသင်းကြီး၏ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားပါသည်။

Source:http://www.popsci.com/

5 comments

  • kai

    August 13, 2013 at 2:59 pm

    ဆရာခိုင်မာရေ..
    ပျောက်နေတာကြာသွားတယ်ဗျနော…
    အီးမေလ်းပို့ထားတာရမရ.. အကြောင်းပြန်ပါဦး..

    Reply

    • မောင်ခိုင်မာ (စမ်းချောင်း)

      August 14, 2013 at 7:48 am

      မဖတ်ရသေးဘူး..ခင်ဗျ။ ကျနော်လည်း သင်တန်းက အခုမှ ပြန်လာတာဆိုတော့ သင်တန်းမှာ fb လောက်ပဲ ဝင်ဖြစ်တော့ မသိလိုက်ဘူး။ တောင်းပန်ပါတယ်။ ပြန်ရှာကြည့်ပါဦးမယ်။ အပန်းမကြီးရင် သူကြီး အခုထပ်ပို့လို့လည်း ရပါတယ် 😀

      Reply

  • သျှားသက်မာန်

    August 13, 2013 at 6:47 pm

    ရေအောက်ကမ္ဘာက…စားသောက်ဆိုင်မှာပါအလုပ်လုပ်ရရင်ကောင်းမယ်.

    Reply

  • အလင်းဆက်

    August 13, 2013 at 9:38 pm

    ဦးဦးခိုင် မာ ကြီး
    မတွေ့တာတောင်ကြာပေါ့ ။

    Reply

    • မောင်ခိုင်မာ (စမ်းချောင်း)

      August 14, 2013 at 8:09 am

      yes…now i`m comeback

      Reply

Leave a Reply

Your email address will not be published.