ကွန်ပျူတာနှင့် တူသော မိန်းကလေးများ

etoneAugust 2, 20101min04

ကွန်ပျူတာနှင့် တူသော မိန်းကလေးများ
ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာများ တိုးတက်နေသော ယနေ့ခေတ်ကြီးတွင်
ကျွန်တော်သည် မြင်မြင်သမျှကို ကွန်ပျူတာတစ်လုံးနှင့်
နှိုင်းယှဉ်ခံစားတတ်သော အလေ့အကျင့်ရှိသည်။ ဥပမာ လူတစ် ယောက်၏
ခန္စာကိုယ်ဖွဲ့တည်ဆောက်မှုသည် ကွန်ပျူတာဖြင့် ဆင်တူသည်ဟု ယူဆနေတတ်သည်။
ယခုလည်း ကျွန်တော်သည် အသက်အရွယ်အရ အိမ်ထောင်ပြုရမည့် အချိန်အခါသို့
ရောက်နေပေပြီ။ ထိုအခါ ကျွန်တော်နှင့် သက်ဆိုင်ရမည့် ဇနီးတစ်ယောက်အား
ရှာဖွေရာတွင် ကျွန်တော်၏ အမူအကျင့် အတိုင်း ကွန်ပျူတာ အစိတ်အပိုင်း
တစ်ခုစီ၏ လုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်လေ့လာ စဉ်းစားလျက် ရွေးချယ်ရ
ခက်နေသည်။ စာဖတ်သူ အနေဖြင့် ကျွန်တော့် စဉ်းစားချက်များထဲမှ
မည်ကဲ့သို့သော စရိုက်ရှိသူ အမျိုးကောင်း သမီးကို ရွေးချယ်သင့်သည်ကို
ကူညီပေးပါရန် ကွန်ပျူတာနှင့် တူသော မိန်းကလေးများကို တင်ပြရသော်……

၁။ Computer Desktop နှင့်တူသော မိန်းကလေး

သူလိုအပ်သမျှကို အခြေအနေ အချိန်အခါ၊ အမျိုးအစားမရွေးဘဲ တစ်နေရာတည်းမှာ
တစ်ပြင်းတည်း ပြထားတတ်ပြီး အချို့အလက်များကို အထင်တကြီး ဖြင့်
ဖော်ထုတ်ကြည့်ပါက ဘာမှအကျိုးမထူးသော အခွံများကိုသာ
ပြယုဂ်ကောင်းကောင်းဖြင့် ရှိုးပြတတ်သူ။

၂။ Mouse နှင့်တူသော မိန်းကလေး

ဟိုလက်ညှိုးထိုး၊ ဒီလက်ညိုုးထိုး၊ ဖွင့်စေလိုဖွင့်၊ ပိတ်စေလိုပိတ် နေရာတကာ ပါတတ်သူ။

၃။ Keyboard နှင့်တူသော မိန်းကလေး

တစ်ခါတစ်ရံ Mouse ကိုသုံးလိုက်ပါက အလွန်လွယ်ကူနေသော ခရီးလမ်းမျိုးကို
တမင်တကာ ရှောင်ကွင်းကာ တူညီသော ရလာဒ်အတွက် ကွေ့ကာဝိုက်ကာ အလုပ်လုပ်တတ်သူ
(မာယာများတတ်သူ)။

၄။ CD Rom နှင့် တူသော မိန်းကလေး

သူ၏ သဘောထာများကိုသာ တစ်ဖက်သတ် တင်ပြတတ်ပြီး သူ့ကိုတော့
ပြန်လည်ပြင်ဆင်တာမျိုး လုံးဝလက်မခံသူ။

၅။ Screen Saver နှင့်တူတော မိန်းကလေး

သူ့ကို ဥပက္ခာပြုထားပါက ပြန်လည် ဂရုစိုက်စေရန် နည်းမျိုးစုံဖြင့်
ဆွဲဆောင်တတ်သော်လည်း ထိတွေ့မိပါက ပျောက်ကွယ်ရှောင်ပုန်း နေတတ်သူ။

၆။ Hard Disk နှင့် တူသော မိန်းကလေး

ရရှိလာသမျှ ပိုင်ဆိုင်မှုတို့ကို သိမ်းဆည်းသိုလှောင်ရန် လွယ်ကူသလောက်
လိုအပ်သဖြင့် ပြန်ထုတ်လျှင် လွန်စွာ ကြန့်ကြာ တတ်သူ၊ တစ်ခါတစ်ရံ သိမ်းထား
သမျှမရှိတော့ဘူးဟု ပြောတတ်သူ။

၇။ Memory နှင့်တူသော မိန်းကလေး

ဘယ်လိုဖျောင်းဖျ ဖျောင်းဖျ ဘာပြောပြော ဘာပေးပေး ဘယ်လိုထားထား
သဘောထားလွယ်ကူ သလောက် မီးပျက်လျှင် (မျက်ကွယ်ပြုပါက) သူမ၏ မှတ်ဉာဏ်၌
ဘာဆိုဘာမျှ မကျန်တတ်သူ။

၈။ Power Supply နှင့်တူသော မိန်းကလေး

မင်းရဲ့ System ကြီး ဘယ်လောက်ကောင်းကောင်း တို့မပါရင် မင်းမလည်ပတ်
နိုင်ပါဘူးဆိုပြီးတော့ Main Point ကို ကိုင်လှုပ်တတ်သူ။

၉။ Virus နှင့် တူသော မိန်းကလေး

System တစ်ခုအတွင်း သူဘယ်အချိန်က ဘယ်လိုဝင်ရောက်လာသလဲ မသိရလောက်အောင်
ညင်သာပြီး သူရှိနေပြီလို့ ထင်ထင်ရှားရှား သိလာရတဲ့အခါ ကျတော့လည်း
ဒုက္ခအမျိုးမျိုး ပေးတယ်။ သူ့ကို ဖယ်ထုတ် လိုက်ရင်လည်း System (သို့)
Parts တစ်ခုခုကို ဖျက်ပြီးမှ ထွက်သွားတတ်သူ။

၁၀။ Server နှင့်တူသော မိန်းကလေး

သူနှင့်ဆက်စပ် ပတ်သက်သမျှကို အမိန့်ပေး ခိုင်းစေအုပ်ချုပ် တတ်ပြီးသူနှင့်
ထိတွေ့ပေါင်းသင်းရန် စကားဝှက် မမှန်ပါကလည်း ခပ်တင်းတင်းပင်
ငြင်းဆန်တတ်သူ။

၁၁။ Internet နှင့်တူသော မိန်းကလေး

သူမသိတာ ဘာမျှမရှိ၊ အကုန်လုံးသိပေမယ့် နမူနာဘဲပေးတတ်သူ၊ တစ်ခါတစ်ရံ
ငွေကြေးများစွာ တောင်းခံတတ်သူ၊ တစ်ခါတစ်ရံ အကူအညီ (Download) တောင်းပါက
ကြန့်ကြာတတ်သူ။

4 comments

  • khinmintatthu

    August 2, 2010 at 1:57 pm

    etone ရေ တစ်ယောက်မှ မယူတာအကောင်းဆုံးဖြစ်မယ်…. တစ်ယောက်တစ်မျိုးဆိုးတာတွေချည်းပဲ…. လူပျိုကြီးပဲလုပ်တာအကောင်းဆုံးနေမှာ….. ဘယ်လိုလဲ သဘောတူရဲ့လား….

    Reply

  • kopauk mandalay

    August 2, 2010 at 3:53 pm

    အလွယ်လေးပါကွာ သူတို့က မီးနဲ့ဆက်မှ သုံးလို့ရတာလေ။
    ဘယ်လိုပုံစံနဲ့လာလာ ကိုယ်သုံးပြီးရင် မီးပလပ်ဖြုတ်ထားလိုက် ဒါဆိုသူတို့ဘာမှလုပ်မရတော့ဘူးလေ။
    ဟုတ်တယ်ဟုတ်

    Reply

  • Kaythayi

    September 29, 2010 at 4:54 am

    ကြိုက်လို့ Copy လုပ်ထားတယ်နော်….

    Reply

  • doekalay

    September 29, 2010 at 7:02 am

    သူတို ့ကိုShift +Delete လုပ်လိုက်ရကောင်းမလားလို ့။သဘောတော ့ကျတယ်။

    Reply

Leave a Reply to Kaythayi Cancel Reply

Your email address will not be published.