မန်နေဂျာနှင့် …..သူ့လူများ …..( အဆက် )

fattyAugust 2, 20101min04

ဝန်ထမ်းတွေကိုစိတ်ဓါတ်အင်အားမြှင့်တင်ပေးခြင်းပါ။ …ဒီနေရာမှာသတိပြုရမှာက ….bonus ပေးတိုင်းအောင်မြင်တဲ့စိတ်ဓါတ်မြှင့်တင်ခြင်းမဟုတ်ဘူးဆိုတာလေးပါ။တခါတလေ လူကြီးလုပ်သူကအများရှေ့မှာထုတ်ဖေါ်ပြီးချီးကျူးလိုက်ခြင်းဟာ ဝန်ထမ်းအတွက်ကျေနပ်မဆုံးပီတိဖြစ်စေပါလိမ့်မယ်။

ကဲအဓိကအချက်ကိုပြောကြည့်ရအောင် …….လူကြီးတွေဘက်ကလဲပေးသင့်ပေးထိုက်တာကိုထိုက်ထိုက်တန်တန်ပေးလိုက်စေချင်တယ် ..ဝန်ထမ်းတွေဘက်ကလဲအလုပ်ကြိုးစားကြစေချင်တယ် ….ဒီလိုမို့လား ဒီလို perfect ဖြစ်တဲ့ company မျိုး ကသိတ်မရှိနိုင်ပါဘူး။ကျနော့အတွေ့အကြုံအရပြောရရင်တွေ့ကိုမတွေ့ဘူးသေးပါဘူး။ဘာကြောင့်လဲဆိုတော့

အတ္တကြောင့်ပါ။နိုင်ငံခြားကုမ္ပဏီတွေမှာပြောလေ့ပြောထရှိကြတာက ငါတို့ကသာရေးနာရေးအသင်းမှုတ်ဘူးတဲ့….

We are not charity …တဲ့ဒါကြောင့်လူကြီးတွေဆီကပေးသင့်တာပေးလိုက်ရင်ပြီးရော ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။

အများအားဖြင့်နိုင်ငံခြားကုမ္ပဏီတွေမှာ တဦးလစာကိုတဦးက မသိရပါဘူး။ ဆိုလိုတာက သူတို့ပေးချင်တဲ့သူကိုပိုပေးထားတာပါဘဲ။တခါက…world top ten ဖြစ်တဲ့company တခုမှာလုပ်ခဲ့ဘူးပါတယ်။ အဲသူ့ရဲ့ driver …ညပိုင်း ကားမောင်းပြီး club ပေါင်းစုံကိုပို့ ဖြစ်သမျှပြဿနာရှင်းလိုချင်တာရှာပေးနိုင်တဲ့သူလောက် မရခဲ့ပါဘူး။ private company မှာလုပ်တဲ့သူဟာ boss ကအဖြူကိုအမဲပြောရင် ကိုယ်ကလဲလိုက်မဲရပါတယ်။အဲဒီသဘောလေးတော့ရှိပါတယ်။ ကဲ …..ဝန်ထမ်းတွေဘက်ကြည့်ရအောင် ….

ဝန်ထမ်းတွေကို motivate လုပ်တဲ့အခါမှာ တခါတရံ ပြင်ပက ပညာရှင်များကို ဖိတ်ပြီး training ပေးရတာမျိုးလဲရှိပါတယ်။ မြန်မာပြည်မှာဆိုရင် အငြိမ်းစားပါမောက္ခ ဆရာမကြီးဒေါ်လှမြင့်တို့ဦးသိန်းဌေးတို့ ရှိပါတယ်။

ဝန်ထမ်းဆိုတာကလဲအများအားဖြင့်မပြည့်စုံကြတာများပါတယ် သူတို့နောက်မှာမှီခိုနေကြတဲ့မိသားစုတွေရှိမယ်။ ညညကလေးငိုငိုနေလို့..မီးပျက်လို့…ပူလွန်းလို့..အိပ်ရေးမဝ စသဖြင့်ပေါ့မနက်ကျရုံးချိန်အမှီပြေးလာရ …အမျိုးမျိုးရှိကြတာပေါ့လေ…..အဖက်ဖက်ကချင့်ချိန် စဉ်းစားဖို့ဘဲလိုတာပါ။ …ရွှင်လန်းချမ်းမြေ့ပါစေ။   …..

တချို့လဲစိတ်ထဲမှာရှိပေမဲ့ဆွေးနွေးဖို့ကျန်ခဲ့ပါတယ် မရိုက်နိုင်တော့လို့ပါ။

4 comments

  • kopauk mandalay

    August 2, 2010 at 3:16 pm

    ကျနော်ဝန်ထမ်းတော်တော်များများကို ဝါသနာအရ အလုပ်လုပ်ရင်းလေ့ကျင့်ပေးခဲ့ဘူးပါတယ်။
    နေ့စဉ်နဲ့အမျှအလုပ်တွဲလုပ်ရင်း အလုပ်အတွက်သာမက လူတစ်ယောက်မှာရှိသင့်တဲ့ အယူအဆလေးတွေပါ စေတနာဖြစ်သင်ပေးခဲ့ဘူးပါတယ်။
    ဆယ်စုနှစ်တစ်နှစ်အတွင်းမှာ ဝန်ထမ်းပေါင်းများစွာနဲ့ အတူတွဲလုပ်ခဲ့ဘူးပါတယ်။
    တော်တော်များများက နည်းနည်းလေးသိလာပြီဆိုရင် ဒါလောက်ကတော့ ငါလဲလုပ်တတ်ပါတယ်ဖြစ်ကုန်တာများပါတယ်
    တစ်ခုတော့ရှိပါတယ် ကျနော်က မြန်မာနို်င်ငံအတွင်းမှာသာနေဘူးတော ့ နိုင်ငံတကာက အဖြစ်အပျက်မျိုးကတော့စာတွေ့ဘဲရှိပါတယ်။
    အဓိက ကတော့ ဝန်ထမ်းနဲ့ပိုင်ရှင် အချိုးညီရင် မြဲကြတာပါဘဲ။

    Reply

  • Shwemannmay

    August 3, 2010 at 5:39 am

    Boss ဖြူရင်လိုက်ဖြူရတာတင်မပာုတ်ပါဘူး ။ Boss ရဲ ့လူရင်းဖြူရင်လည်းမဲလို ့မရပါဘူး။

    Reply

  • fatty

    August 3, 2010 at 6:11 am

    kopauk , Shwemannmay နှစ် ယောက် လုံး ပြော တာ တွေ သဘောကျတယ်ဗျာ။ ဟုတ်လဲဟုတ်တာကိုး။ ကိုပေါက်ပြောတဲ့ဝန်ထမ်းမျိုးတွေရှိနေတာက သူတို့ရဲ့အတွေ့အကြုံ
    နဲ့ ရင့်ကျက် မှုလိုနေသေးတဲ့သဘောပါ။ ခင်ဗျားတို့နှစ်ယောက် ရဲ့နာမည်တွေကို ကြားရတာ မန္တလေး ကို သိတ်သတိရတာဘဲ။ တချိန်တုံးက ရက်ပေါင်းများစွာ မန္တလေးရဲ့
    အငြိမ့် တွေမှာ မိုးလင်းခဲ့ဘူးပါတယ် ……. ဘူတာကြီးရှေ့က သင်္ကြန်မဏ္ဍပ်ရှေ့ကတော့ သင်္ကြန်ပြီးမှ အိမ်ပြန်ရောက် တာပေါ့…။ ချမ်းမြေ့ပါစေ ….

    Reply

  • Thiri

    August 3, 2010 at 7:25 am

    စီမံခန့်ခွဲမှု ပညာရှင်တစ်ဦးက “လူသားတိုင်း တစ်မျိုးစီ တော်ကြပါသည်´´ဟု ဆိုပါသည်။ အမှန်စင်စစ် လူများကို သူ့အရည်အချင်းအလိုက် ကိုယ်တွယ်အသုံးချနိုင်ဖို့သာ လိုပါသည်။ အဓိကကတော့ ကိုပေါက်ပြောသလိုပါပဲ ဝန်ထမ်းနဲ့ပိုင်ရှင် အချိုးညီရင် မြဲကြတာပါဘဲ။ ဆက်ရေးပါ အားပေးနေပါတယ် ….

    Reply

Leave a Reply to Thiri Cancel Reply

Your email address will not be published.