လွမ်းတတ်ပါစေ ချစ်သူတွေ

ကာရံAugust 11, 20131min02

ထက်ကောင်းကင်ညိုပြာမှိုင်း

တိမ်တိုက်တစ်တွေ ဘယ်နားခိုလို့

နေညိုညို အနောက်ရပ်ကွယ်

ရော်ရမ်းတော့မယ် ချစ်သူရယ်……………..

ပင်လယ်ပြာ လှိုင်းမထန်တော့ပေဘူး

ရွွှက်လွင့်တဲ့ လှေငယ်လေးတွေတောင်

လေလာရာသူလေယိမ်းလို့

ပြန်လှည့်တော့မယ် ချစ်သူရယ်……………..

ကြင်ဖော်ကွဲဌက်လေးတွေပူဆွေးရော့မယ်ထင်ပ

လွမ်းဥဩ အသံပေးလို့

ခါနွေဦး လေပွေရူးပေမို့

ရော်ရွက်ကယ်မြေမှာကြွေ

လွမ်းမျက်ရည်တစ်နေရာအကွယ်မှာ

ပူဆွေးလေရော့သလား ချစ်သူရယ်…………….

အခြေအနေမပေးလို့ ဝေးရတဲ့ဒီဘဝမှာ

ဆွေးမျက်ရည်မကျစေချင်ပါဘူး

ခါနွေဦးမကုန်သေးခင်မှာ

ရောက်လှမ်းချင်ပါသေးတယ် ချစ်သူရယ်………….

ဘဝပေးအခြေမလှလေတော့လည်း

အချစ်ဆိုတဲ့စာသားလေးအောက်မှာ

ငါလှအောင်ရေးတက်ဖို့ ကြိုစားနေပါတယ် ချစ်သူရယ်…………

မေတ္တာကိုရင်မှာစု အကြင်နာပေးဖူးတဲ့ ခါနွေဦး

ခုံတန်းလေးအနားမှာ မင်းနဲ့ငါ

ရပ်တည်ချင်ပါသေးတယ်ချစ်သူရယ်……….

တစ်မိုးအောက်နှစ်ယောက်သားဆုံတွေဖို့

ချစ်ခြင်းတွေဖန်ဆင်းထားတဲ့

လှေငယ်လေးနှင့်အတူ

မေတ္တာကိုရွက်လွှင့်ကာ မင်းလေးရဲ့အပါး

နားခိုနိုင်ဖို့ ငါလေကြိုးစားနေတယ်ဆိုတာ

ချစ်သူသိရင်လေ အပြစ်မယူမိပါလေနဲ့နော်………….

                      ပိတောက်မိုး

2 comments

  • အလင်းဆက်

    August 12, 2013 at 9:42 pm

    ဒီကဗျာလေး..
    အတော် ကြိုက်မိတယ်… သူငယ်ချင်းရေ…။

    Reply

  • မဟာရာဇာ အံစာတုံး

    August 12, 2013 at 11:45 pm

    ဟိုနေရာ ဝေးဌာနီ
    ပျော်စရာ မရှိပါပြီ
    ကိုယ့်ချစ်သူလေး ကောင်းစားရေးတွက်
    မျက်ရည်စက်လက် ခရီးထွက်ခဲ့ပြီ
    အို … ဧရာဝတီ ..
    သင် သိပါသည် .. သင် ….. သိပါသည် …
    ဧရာဝတီ …..

    Reply

Leave a Reply to အလင်းဆက် Cancel Reply

Your email address will not be published.