သွေးဆာနေသောလက်များ

ကာရံAugust 11, 20131min02

အမှားပါရင်နားလည်ခွင့်လွှတ်စေချင်ပါတယ် အပြစ်သဘောဆောင်ခြင်းမဟုတ်ပါဘူး  အပြုသဘောသက်သက်ပါ လောကအလည်မှာ သောကတွေနဲ့

ရှင်သန်နေရတဲ့ လူသားတွေဘဝတွေကို ခံစားချက်လေးတစ်ခုဖြစ်ပေါ်လာလို့ ရေးသားခြင်းပါ

လူ့ကမ္ဘာလူဖြစ်ရတာ ရှုံးနှိမ့်ခြင်းတွေလား

မာနတွေအပြိုင်ကြဲ ဒေါသကိုစစ်ခင်းနေခြင်းက အောင်နိုင်ခြင်းတဲ့လား

မေတ္တာဆိုတာ ဆော့ကစားရာလက်နက်အဖြစ်ဖန်ဆင်းခြင်းများလား

ကြည့်စမ်းပါဦးကွာ တစ်ဖက်မှာငြိမ်းအေးသလောက် ပူလှောင်ခြင်းကို

ဘာကြောင့်များယူဆောင်နေရသလဲလေ မတွေးမိဘူးလား

ဘေးဖြစ်စေမယ့်ဒုက္ခတွေဆိုတာ

လောဘတွေ မောဟတွေ မာန်မာနတွေအပြိုင်ကြဲနေကြတဲ့

လူ့သားတွေက အေးချမ်းခြင်းတဲ့လားကွယ်

စစ်လက်နက်တွေရဲ့အောက်မှာ ကြီးပြင်းလာကြမယ့်

ကလေးသူငယ်လေးတွေရဲ့စိတ်ဓါတ်ကို

မင်းတို့ပုံသွင်းစေခိုင်းခြင်းလားကွယ်

အေးချမ်းခြင်းဆိုတာ နှလုံးသားနဲ့ကြည့်ပါ

အနီးအနားမှာ နားခိုနေမယ်ဆိုတာ

အခုတော့ ထမင်းတစ်လုပ်စားဖို့ထက်

မင်းတို့သွေးစာနေတဲ့လက်များက

ဟင်းအဖြစ်ဖန်တီးနေပြီလား

မိဘခေါ်စရာမရှိ အဖော်ဆိုတာလွန်စွာဝေး

ပူလှောင်ခြင်းတွေ ပေးနေပြီပေါ့နော်

ကိုယ်ချင်းစာတရား စာနာတက်တဲ့တစ်နေ့

မင်းလည်းလောကအလည်မှာ ရှိပါစေလို့

သူတို့လေးတွေဆုတောင်းပေးနေမယ်ဆိုရင်……………

ပိတောက်မိုး

2 comments

  • အလင်းဆက်

    August 12, 2013 at 11:38 am

    အဟမ်းးး
    မကြီးစိုး ရေ

    သတ်ပုံလေးတွေ ပြန်စစ်ပါဦးကွယ်

    ပုံ

    ချစ်သောသူသူ

    Reply

  • DEPARKO DEPARKO

    August 12, 2013 at 4:23 pm

    သွေးဆာနေတဲ့လက် ကြက်ဘဲဈေးပို့လို့ အကျိုးရှိအောင်သုံး မယ်တပြုံးပြုံး

    Reply

Leave a Reply to အလင်းဆက် Cancel Reply

Your email address will not be published.