နှိုင်းယှဉ်မိခြင်း

manawphyulayAugust 2, 20101min02

အချစ်တစ်ခုဟာ
ဟက်ဒစ်လို အသုံးဝင်ခဲ့ရင်
အကောင်းသား
တစ်ခါမကောင်း တစ်ခါ
ဖောင်းမတ်ရိုက်လို့ရရင်
အချစ်အဟောင်းဆိုတာလည်း
ဘယ်ရှိလာတော့မှာလဲ
လူငယ်တွေ ကွဲကြ
နောက်တစ်ယောက်ပြောင်းကြဆိုတဲ့
မြင်သမျှ တွေ့သမျှအရာ နေရာတိုင်းမှာ
အဝေးက ငေးကြည့်ရုံနဲ့
စိတ်ညစ်ရ….
ငါသာ ဟတ်ဝဲသမားတစ်ယောက်ဆိုရင်
အခမဲ့ ကူညီချင်မိပါရဲ့….
အချစ်ဆိုတာ ကိုယ်လိုချင်သလို ပုံသွင်းမရဘူးဆိုတာ
ခုတော့ ငါ စဉ်းစားမိပြီ…
ကွန်ပျူတာလောက်တောင်
အသုံးမဝင်တဲ့အရာကို
ငါလေ
ဝေးဝေးကပဲ ရှောင်တော့မယ်…

2 comments

  • khinmintatthu

    August 2, 2010 at 10:19 pm

    မှန်လိုက်လေခြင်း…. ကွန်ပျူတာလောက်အသုံးဝင်ရင် တော်သေး….

    Reply

  • Good Idea

    August 13, 2010 at 12:43 pm

    ဟုတ်တယ်ဗျာ…တော်တော်မှန်တယ်…

    Reply

Leave a Reply

Your email address will not be published.