ကျားငစဉ်းလဲနဲ့ ၂၁ ရာစု စက်ရုပ်သမင်

DEPARKO DEPARKOAugust 11, 20131min02

သမင်နဲ့ကျား ရေသောက်ဆင်းစဉ်ပြောတဲ့စကား
သမင်သားစားချင်တဲ့ကျား အပြစ်တင်စကားသူပြောကြား
ဟဲ့သဘောက်မသား ငါသောက်မဲ့ရေ နင့်ကြောင့်နောက်သွား နင့်ကိုငါစားမဟဲ့
သမင်ငယ်ကြောက် အသက်မပျောက်စေဘို့
အိုအသင်ကျား ဘောက်မဲ့ကြောင့်မုသား အသင်ဆိုသွား ကျမ်းမကြောက် ကျွန်ုပ်အခုမှရောက်
ရေမနောက်ခဲ့။
ကျားငစဉ်းလဲ သူမသနား သင်မနောက်လဲ သင့်အဖေနောက် ငါရေသောက်လို့မရ
ဟောက်ကာသမင်သား သူသတ်စား။
ကိုယ့်လူတို့စဉ်းစား သမိုင်းရဲ့အဖြစ်များ မှန်တစ်ချပ်နဲ့ဒင်္ဂါးပြား
သူ့ဘက်မှာတော့ သူရဲကောင်းများ ငါတို့ကြတော့ဗီလိန်ဇါတ်ကား
ဘယ်သူဘဲဖေါက်ပြား အပြစ်များနင်ခံ မိုးထက်ညံအောင်
အမှန်ကိုမျက်ကွယ်ပြု ခုတုံးလုပ်အရှုပ်ထုတ်လုပ်ဘို့ကြိုးစား
အိုအသင်ကျား သင်စားဘို့ကြိုးစား စက်ရုပ်သမင်သား
အရိုးစူးမှာမကြောက်ဘူးလား ဟားဟားဟား။

2 comments

    • DEPARKO DEPARKO

      August 11, 2013 at 11:59 am

      ရှဲ့ရှဲ့ အလင်းဆက်ရေ

      Reply

Leave a Reply to အလင်းဆက် Cancel Reply

Your email address will not be published.