ကိုယ့် အရှိတရားကို ကိုယ်လက်ခံတတ်ကြစမ်းပါ…

johnnydeerAugust 10, 20131min04

Connection ကောင်းအောင်…နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား…မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို…

လမ်းတွေ ကောင်းအောင်….နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား..မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို…

မီးရထား System ကောင်းအောင်….နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား..မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို…

ဘာပဲဖြစ်ဖြစ် အရှိတရားကို ရဲရဲလက်ခံလိုက်ကြပါ…ကိုယ်မတတ်ရင် မတတ်ဖူးပေါ့…ကိုယ်မလုပ်နိုင်သေးရင် မလုပ်နိုင်သေးဖူးပေါ့…ကိုယ့်ရဲ့မူရင်း အရှိတရားက ဘာ ဆိုတာ ကိုယ်ကိုတိုင် ရှင်းရှင်းလက်ခံ သဘောပေါက်မှသာ ကိုယ်ဘာဆက်လုပ်သင့်တယ်…ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ်…လိမ်စရာ မရှိ ကိုယ့်ပေါင်ကိုတော့ လှန်မလိမ်ကြပါနဲ့…

ကျွန်တော်တို့ ကားမပြောနဲ့ ဆိုင်ကယ်လေးတောင် မထုတ်နိုင်သေးပါဘူး…
အဏုမြူ ဓာတ်ပေါင်းဖို မပြောနဲ့ ရေအားလျှပ်စစ်မှာတပ်တဲ့ စက်ပစ္စည်းတွေတောင် ဝယ်နေရတုန်းပါ…
လေယာဉ်ပျံကြီးမပြောနဲ့ ကလေးဆော့တဲ့ Remote နဲ့ ရဟတ်ယာဉ်လေးတောင် ကောင်းကောင်း မလုပ်တတ်သေးပါဘူး…

အသိပညာတွေ…အတတ်ပညာတွေ အများကြီး  လေ့လာရပါဦးမယ်…
စုဆောင်းရပါဦးမယ်…တုပရပါဦးမယ်…ပြုလုပ်ရပါဦးမယ်…

အဲ့ဒါတွေ အားလုံးထက်အရင် မိမိရဲ့ အရှိတရားကို မိမိကိုယ်တိုင် သဘောပေါက် လက်ခံတတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်မျိုးဖြစ်ဖို့… မွေးမြူဖို့ ကျွန်တော်တို့ အရင်ဆုံးကြိုးစားရပါဦးမယ်…ဒီလို ကြိုးစားနိုင်ခဲ့ ပြီဆိုရင် ကျွန်တော်တို့ မကြာခင် တိုးတက်မှုရဲ့လမ်းပေါ် ပထမခြေလှမ်း စလှမ်းနိုင်ပါတော့မယ်…

ပကတိ အရှိတရားကိုသာ လက်ခံတတ်ပြီးကြိုးစားကြစမ်းပါ… တနေ့တို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါခင်ဗျား..

4 comments

  • kyeemite

    August 10, 2013 at 10:39 am

    မှန်တာတွေချည်းဘာလို့ပြောရတာလည်းကိုရင်ဂျော်နီရယ်…
    အမှန်တရားကိုလက်မခံတဲ့..သက်ဆိုင်ရာကဏ္ဍတွေမှာ
    နကန်းတစ်လုံးမှမသိတဲ့လူတွေ(မိုးကျရွှေကိုယ်တွေ) အုပ်ချုပ်ရေးပိုင်းမှာတာဝန်ယူနေသေးသ၍
    တိုးတက်မှုရဲ့လမ်းပေါ် ရောက်ဖို့လမ်းမမြင်… :ha:

    Reply

  • မင်းမင်း

    August 10, 2013 at 11:49 am

    ဟေ့ !

    မြန်မာမှာဒေါင်းအလံမစိုက်သရွေ့

    သရွေ့

    သရွေ့

    ရွေ့

    ဘာဆက်ပြောရမှန်မသိတော့ဘူး :mrgreen:

    Reply

  • garfield

    August 10, 2013 at 3:58 pm

    မလုပ်တော့ မလုပ်နိုင်ဘူးပေါ့ တဲ့!!

    ရှေ့ကလူတွေ အကုန်မစားနိုင်လို့ ကျန်နေတဲ့ သယံဇာတ လေးတွေ ရှိနေသေးတယ် တဲ့!!!

    မပေးနိုင်သေးဘူး တဲ့!!!

    အခွန်ကြီးသက်သက်ကျန်ပြီး နောက်လူ နာမည်ပျက်မဲ့ အခြေအနေရောက်မှ ပေါ့ တဲ့!!!

    ဟေ့ဟေ့ဟေ့!!
    တွေ့ကြပြီ။ မကြောက်ရတဲ့သူမှ လက်ညှိုးထိုးတတ်တဲ့ တို့လူလေးများးးး နဲ့ တော့။
    🙁

    Reply

Leave a Reply to kyeemite Cancel Reply

Your email address will not be published.