ပေါက်ကွဲသံစဉ်

Yan Nyein ThuAugust 6, 20131min08

ငါဟာ ငွေမက်တဲ့သူမဟုတ်ဘူး

ငါမင်းကို အရမ်းချစ်ခဲ့တာပါ

ငါမင်းကို မချစ်ခဲ့တာမဟုတ်ဘူး

ငါ့ရင်ထဲကို မင်းမမြင်ခဲ့တာပါ

ငါမင်းအပေါ် ဂရုမစိုက်တာမဟုတ်ဘူး

ငါ့ဂရုစိုက်မှုတွေကို မင်းမခံစားတတ်ခဲ့တာပါ

မင်းစည်းစိမ်တွေကြောင့် မင်းအနားမှာငါနေတာမဟုတ်ဘူး

မင်းကိုချစ်တဲ့စိတ်နဲ့ မင်းနံဘေးမှာ ငါရှိနေချင်တာပါ

မင်းငါ့ကိုလက်ညိုးထိုးပြီး ပိုးစိုးပက်စက်ပြောခဲ့တယ်

ဘယ်လောက်ပြောပြော ငါခံနိုင်ရည်ရှိပါတယ်

ဒါပေမဲ့ ငါ့အချစ်ကို ပျက်ရယ်မပြုပါနဲ့

ငါ့ကို ငွေမက်တဲ့သူလို့မပြောပါနဲ့

ငါဟာ ငွေမက်လို့မင်းကိုချစ်ခဲ့တာမဟုတ်ဘူး

ငါဟာ စည်းစိမ်ချမ်းသာလိုချင်လို့ မင်းအနားနေခဲ့တာမဟုတ်ဘူး

ငါ့ရင်ထဲမှာ မင်းအပေါ်ချစ်စိတ်တစ်ခုတည်းရှိတာပါ

ကျေးဇူးပြုပြီး

ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့

ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့

ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့

8 comments

  • လင်း ထက်

    August 6, 2013 at 1:19 pm

    ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့
    ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့
    ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့
    ငါမင်းကိုသတ်ချင်တယ်…လိုကြောနဲ.နော်….

    Reply

  • လင်း ထက်

    August 6, 2013 at 1:25 pm

    “ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့
    ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့
    ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့”

    ငါမင်းကိုသတ်ချင်တယ်…လိုကြောနဲ.နော်….

    Reply

    • Yan Nyein Thu

      August 6, 2013 at 3:24 pm

      သူကိုသတ်မယ့်အစား
      ကိုယ့်ကိုကိုယ်ပဲသတ်သေချင်ပါတယ်…
      🙁

      Reply

      • သူကလေး

        August 6, 2013 at 4:59 pm

        ကိုယ့်ကိုကိုယ်သတ်သေချင်လို့ပဲ
        သေလောက်အောင်နေမကောင်းဖြစ်နေတဲ့လူကို ဂရုမစိုက်နိုင်တာပေါ့
        စိတ်ပူလွန်းလို့ပဲ ဘယ်ရောက်နေလဲဆိုတာမမေးဘဲ အင်း အင်းနဲ့ပဲပြောနေတာပေါ့ 🙁

        Reply

      • အလင်းဆက်

        August 6, 2013 at 5:55 pm

        ကိုယ့်ကိုယ်ကို ကိုယ် သတ်သေရင်..
        ဂျပန် ငါးရာ နဲ ့ငါးခါ ဆိ်ုလား…

        အဲ..
        အဖန်ငါးရာ …ငါးဂဘာ..ဆိုလား…

        ခံစားချက်ကို ကရော်ကမယ် လုပ် ပြောတာမဟုတ်ပါဘူး ။
        စိတ်ကြည်သွားအောင်.. နောက်ကြည့်တာပါနော် ။

        Reply

  • MAUNG

    August 6, 2013 at 1:47 pm

    မပေါက်ကွဲ ပါနဲ့ တစ်နေ့နေ့တော့သိလာမှာပါ ။

    Reply

  • အဆင်ပြေကြပါစေကွယ်… အချင်းချင်း နားလည်မှုရှိကြပါစေ… ကြားရတာ စိတ်မကောင်းဝူး.. 🙁

    Reply

  • ဦးကြောင်ကြီး

    August 7, 2013 at 10:19 am

    ဘူ……………………… ပဲဂျီးလှော်နဲ့ လျက်ဆား မက်မိလို့ပါ… 😮

    Reply

Leave a Reply to Yan Nyein Thu Cancel Reply

Your email address will not be published.