အမှတ်ရတဲ့တစ်နေ့

ကာရံJuly 30, 20131min02

မြစ်ကမ်းနံဘေး

ထိုင်ကာငေးလျှက်

ခြွေကာသက်ဆင်း

ရော်ရွှက်ငယ်သို့

တည်ငြိမ်ရေပြင်

သင့်အလျှင်ကြောင့်

ရိုက်ခက်လှုပ်ရှား

ပျက်သွားသည့်သွင်

ဘယ်အငြိုးကြောင့်

နှောင့်ယှက်သည်…………….

မေတ္တာမီးအိမ်

ထွန်းလင်းသည်သို့

မုသားမရော

ချစ်ခြင်းသဘောမှာ

သစ္စာအိမ်အလား

မာနကင်းဝေး

အမုန်းဆေးမရှိ

ခိုနားချင်သူ

ဘယ်သူတွေများ

ရှိလိမ့်မည်………….

တစ်ယောက်သောသူ

ချစ်သောသူနှုင့်

အတူတစ်ကွ

ပေါင်းဖက်ချင်သည့်

စိတ်ထားများသည်

ဖန်သည့်ကံတရား

ကောင်းသည်ဆိုးသည်

ဝေဖန်မပြု

အမုန်းမပွား ချစ်တရားများကို

ရင်မှာထားလျှက်

ရိုးမြေကျအောင်

ပေါင်းဖက်ချင်သူ

မည်သူရှိမည် ……………..

                  ပိတောက်မိုး

2 comments

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 10:06 am

    သူနဲ့သာ ဆိုရင် …..
    အဲ့ဒီလိုပေါ့နော့ …
    ဒီလိုပါပဲရယ် … ကိုယ်ချစ်တဲ့လူနဲ့ ဘယ်သူများ မပေါင်းဖက်ချင်ဘဲ ရှိမလဲ …
    အတူတူ ဆိုတဲ့ စကားနဲ့ အရာရာကို ကျော်လွှားချင်ကြတာ ချစ်သူများရဲ့ ဓမ္မတာ လိုပါပဲ ….။

    Reply

Leave a Reply to မဟာရာဇာ အံစာတုံး Cancel Reply

Your email address will not be published.