ခေါင်းလောင်းသံရဲ ့…..အဝေး

ခေါင်းလောင်းသံရဲ ့ အဝေး

ဒီ…ဆီဆေးကားလေးကို ခေါင်းလောင်းသံရဲ ့ အဝေး..လို ့ အမည်ပေးခဲ့ပါတယ်..

ပထမဆုံးကားကို အမေရိကန်တယောက်က သတ်မှတ်ဈေးထက် ပိုပေးပြီးဝယ်သွားပါတယ်.. နောက်ဒုတိယအကြိမ် ဥရောပက ဝယ်ပါတယ်..

သာမန်အမြင်အရ.. ကလေး၂ယောက် နံနက်စောစောမှာ ပန်းခူးနေတာပါ…။

အလွယ်ဆုံး နာမည်ကိုပေးရရင်.. ကြာပန်းခူးနေသော ကလေးများပေါ့…။

ဒါ …ရီရယ်လ်လစ်ဇင် နာမည်လေးပါ..။

ကျနော် ဒီပန်းချီကားကိုဆွဲတော့ နေရောင် ရိုက်ခတ်မှု.. အလင်းပြန်မှု..ကြာဖက်ပေါ်မှာ ရေတင်နေတာ…အဲဒီရေကို အလင်းရိုက်… နောက်ပြီး ခလေးတွေ အရိပ် ရောင်ပြန်..

ကြာပန်းအရိပ်ရောင်ပြန်.. တော်တော် လက်ဝင်တယ်လို ့ပြောရပါမယ်..။

ဒါခက်သလားဆိုတော့..အရောင်ကြောင့်ခက်တာပါ…

ကြာရွက်အစိမ်းနဲ ့ အသားကို နေထိုးထားတဲ့ လိမ္မော်ရောင် ..ဆန် ့ကျင်ဘက်..

ကြာပန်းအရောင်နဲ ့ ရေကန် အစိမ်း ဖက်ရွက်အစိမ်း …ဆန် ့ကျင်ဘက်..

ရေပြင် အရောင် ဖက်ရွက်အစိမ်းရောင်နဲ ့ ကလေးမဝတ်ထားတဲ ့ခရမ်းရောင်…

ဆန် ့ကျင်ဘက်…..။

ဆန် ့ကျင်ဖက် အရောင်တွေ အားပြိုင်စုစည်းထားတာကို အရောင်တွေ ရုန်းကန်မှု ဖြစ်ပြီး ပန်းချီကားကို ကြောင် မသွားအောင် ထိန်းညှိရတဲ့…ပင်ပန်းမှု..။

ပန်းချီဆရာက ပန်းချီဆွဲရတာ ပင်ပန်းတာထက်.. ကားထဲက ကလေး၂ယောက်ရဲ ့ ဘဝက ကျနော့်ကို မောစေတယ်.. မျက်ရည်ကျစေတယ်…။

အင်ပရက်ရှင် ပန်းချိီဆိုတာ… မမြင်ရတာကို ဖော်ကျူးတာလို ့ ပြောမယ်ဆိုရင်..

ကျနော့်ပန်းချီကားကို ကျနော်…

“ ခေါင်းလောင်းသံရဲ ့   အဝေး” လို ့ ပေးခဲ့ပါတယ်..။

ပန်းချီဆရာတင် မျက်ရည်ကျတာ မဟုတ်ပါဘူး…

ပန်းချီကား အမည်ရဲ ့မြှုပ်ကွက်ကို သူခံစားသိခဲ့ရလို ့ ပန်းချိီကားဝယ်သူလည်း ကျနော်ရှေ ့တင် မျက်ရည်ကျတာပါဘဲ…။

နားလည်ခံစားတတ်သူအတွက်ကတော့ မြန်ာမာပြည်ကလေးတွေရဲ ့ဘဝက

မျက်ရည်ချောင်းကြီး…ပါဘဲ..။

ရွာကျောင်းက ခေါင်းလောင်းသံ ဆိုတာ ပိုက်ဆံတတ်နိင်သူတွေ အတွက်ပါဘဲလို ့…

ပြောပြတဲ့ ကလေးမလေးကတော့…

“ ဒီကြာပန်းတွေ ရောင်းပြီးရင် မနက်စာ ဆန်ဝယ်ရမှာလေ. ဦးဦး ပန်ချီဆရာကြီး” ရဲ ့တဲ့။

….

…..

…..

မပြည့်စုံသူတို ့အား ချစ်ခင်တတ်သော

ကျော်စွာခေါင်

36 comments

  • အရီးခင်လတ်

    July 28, 2013 at 1:52 am

    အသက်ပါလွန်း တဲ့ ပန်းချီ လေးပါ။

    ကျွန်မ သာ ပန်းချီဆွဲတတ်ခဲ့ ရင်
    “ ခေါင်းလောင်းသံရဲ ့ အဝေး” က
    ထင်းစည်းကြီး ရွက် ထားပြီး စာသင်ကျောင်း ပြူတင်းဝ မှာ စာလိုက်ရွတ် နေ တဲ့ ကလေး ပုံ ဖြစ်လိမ့် မယ် ပန်းချီဆရာ ရေ။
    ကျွန်မ ရင်ထဲ က ဘယ်တော့မှ မထွက်တဲ့ ထရော်မာ အကြောင်းတစ်ခု ဘဲ။

    Reply

  • kyaw swar kaung

    July 28, 2013 at 3:01 am

    အရီးခင်
    အားပေးတာကို ကျေးဇူးတင်သလို အကြံဉာဏ်ပေးတာလဲ ကျေးဇူးပါ..။
    အခွင့်ကြုံလာရင် ရေးဆွဲနိုင်အောင် ကျနော် ကြိုးစားပါ့မယ်..။
    နောက်ပြီး ကြုံကြိုက်တုန်း ပြောချင်တာက ကျနော့်ပို ့စ်လေးတွေကို နွေးထွေးစွာ အားပေး ဝေဖန်ပေးတဲ့ ရွာသူရွာသားအားလုံးကို ကျေးဇူးတင် ခင်မင်ပေမယ့် ကော်မန် ့တခုချင်းစာမပြန်ရေးဖြစ်တာကို နားလည်ပေးစေချင်ပါတယ်..။
    ဂေဇက်တွေ ့ဆုံပွဲဓါတ်ပုံတွေ တွေ ့ရတော့လဲ …ဆုံချင်တွေ ့ချင်လိုက်တာ…။
    တွေ ့ဆုံကြရဦးမှာပါ…။
    မန်းဂေဇက်ကို ကျနော်က သံယောဇဉ်ရှိပါတယ်.. မန်းလေးမှာ နေခဲ့ဘူးတဲ့…
    အထက်အညာသားပါ..။
    ဟို….. မမ
    ဥရောပသားကြီးလို ့ခေါ်လိုက်ရင် ဘယ်လိုကြီး ဖြစ်ဖြစ်သွားမှန်ကို မသိပါ..။
    ကျနော် အညာသားဟာ မန်းဂေဇက်ရွာသားလေးပါဗျာ..။

    Reply

    • Ma Ma

      July 29, 2013 at 6:49 am

      ဒို့ရွာသား ဥရောပသားကြီးလို့ ခေါ်တာပါ။
      ရှေ့မှာ ဒို့ရွာသားပါပါသေးတယ်။
      စိတ်မကောင်းဖြစ်သွားရတယ်ဆိုလို့ အားနာမိပါတယ်။

      ကိုယ်ငယ်ငယ်က ရန်ကုန်သွားပြီး ကျောင်းတက်တော့ ……..
      ကိုယ့်မြို့ပြန်ရောက်ရင် ချစ်ခင်ရင်းနှီးသူတွေက ထွားလာတယ်၊ ဖြူလာတယ်၊ မြို့သားကြီးကို ဖြစ်လို့ စသဖြင့်ပြောလေ့ရှိတာကို inspire လုပ်ပြီး ပြောလိုက်မိတာပါ။

      ကျော်စွာခေါင်ရဲ့စာတွေဖတ်ပြီး ပန်းချီကားတွေကြည့်ပြီး ဇာတိကို ချစ်တဲ့စိတ်ကို တွေ့မိပါတယ်။
      မြန်မာပြည်ဖွားတစ်ယောက် နိုင်ငံရပ်ခြားမှာ အောင်မြင်နေတာကိုလည်း ဝမ်းသာမိလို့ ချစ်ခင်ရင်းနှီးတဲ့စိတ်နဲ့ ခေါ်လိုက်တာပါ။

      Reply

      • kyaw swar kaung

        July 29, 2013 at 10:44 pm

        မမ
        ဒီကော်မန် ့ကို အလုပ်မှာ ဖတ်လိုက်ရကတည်းက…အိမ်ကို မြန်မြန်ပြန်ချင်တာ…။
        စိတ်မကောင်းမဖြစ်ပါဘူး..မမ။
        ခုလို တကူးတက မမ ရေးတာကို မျ ကျနော်က ပြန်အားနာတာပါ..။ ခေါ်ပါ မမ။။ကြိုက်သလိုခေါ်ပါ.. ကျနော်ကသာ..ကိုယ့်ရုပ်နဲ ့ကိုယ့်ပုံ ဥရောပသားဆိုတဲ့ စကားကြီးနဲ ့တွဲပုံဖော်ပြီး…တမျိုးကြီး ဖြစ်တာကို ပြောတာပါ…။
        လူ၁ဝ ယောက်ရှိပေမယ့် ၁ဝ ယောက်လုံး စာဖတ်ဝါသနာပါတာ မဟုတ်ဘူး မမ.
        အဲဒီ စာဖတ်သူနည်းနည်းထဲကမှ စာရေးတာ ဝါသနာပါသူက ပိုတောင် နည်းသွားသေးတယ်လေ…။
        စာပေသံယောဇဉ်ဆိုတာ တော်တော် မလွယ်တာပါ..။
        စာပေရေးသားသူချင်းခင်မင်တဲ့ သံယောဇဉ်လေးတော့ ကျနော် အပေါ်ယံ ရှပ်ပြောလိုက်တဲ့ စကားလေးကြောင့်
        မပျက်ပါရစေနဲ ့မမ။ မမရယ်မှ မဟုတ်ပါဘူး..ရွာသူ ရွာသား မောင်နှမ အားလုံးကိုပါ..။
        ခေါ်ပါ ခေါ်ပါ.. မမ ကြိုက်သလိုခေါ်ပါ..။
        နောက် မခေါ်ရင်ဘဲ မမ စိတ်ခုသွားပါလားလို ့တွေးပြီး…ကျနော်ဘဲ အမြဲ စိတ်မကောင်း ဖြစ်ရမှာပါ..။
        မမ နားလည် နိုင်ပါစေ…
        ခင်မင်မှုများဖြင့်
        ကျော်စွာခေါင်..။
        ဟံမယ်လေး မောာာာာထှာ…
        စကားများတဲ့ အညာသားးးးးး . ခုသိပြီ.. အပြောအဆို ဆင်ခြင်တော့မယ်..။

        Reply

        • Ma Ma

          July 30, 2013 at 8:36 am

          အာာာာာာာာာာာာာ…. များသွားပြီ။
          ပြန်တောင်းပန်ရမလိုဖြစ်နေပြီ။
          ကျမစိတ်ရင်းက ပေ့ါပေါ့ပါးပါး ခင်ခင်မင်မင်ပဲ နေတတ်တယ်။
          စိတ်ထဲအလေးကြီး သယ်မထားတတ်ဘူး။
          နောက်တစ်ခုက သူများတကာကို နာမည်ပြောင်ပေးတတ်တယ်။
          ကျောင်းတုန်းက စက်ရုံဆင်းတော့ လ/ထစက်ရုံမှုး ဝဝ နဲ့ သူ့ပီအေ ပိန်သေးလေးကို ဗလကြီး ဗလလေးလို့ ခေါ်လို့ ပြဿနာတက်တော့မလို့။ 😆

  • ဗုံဗုံ

    July 28, 2013 at 9:32 am

    ခေါင်းလောင်းသံရဲ့ အဝေးမှာ
    ကြာပန်းခူးသူတွေ ရှိနေသလို
    ထင်းခွေ နွားကျောင်းနေတဲ့သူတွေလည်း
    ရှိနေကြပါတယ်.. .. ရင်ထဲကို ထိစေတဲ့ ပန်းချီကားလေးပါ

    Reply

    • kyaw swar kaung

      July 28, 2013 at 7:47 pm

      ဗုံဗုံရေ..
      ဆွဲရမယ်ဆိုရင်တော့ အများကြီးဘဲ…
      ဒါကြောင့် ကျနော်ပြောတာ..
      မြန်မာပြည် ကလေးတွေ ဘဝက နားလည်ခံစားတတ်မယ်ဆို
      “ မျက်ရည်ချောင်းကြီး ” လို ့..။
      ကျေးဇူးပါ ဗုံဗုံ..။

      Reply

  • lele kyi

    July 28, 2013 at 7:16 pm

    အရမ်းနှစ်ချိုက်မိတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ ကျမ ကခဲရေးထက် ကာလာစုံတာပိုသဘောကျတယ်ထင်တယ်။ ပန်းချီအကြောင်းနားမလည်လို့ မဝေဖန်တော့ဘူး။ ကျမ တို့ငယ်ငယ်တုန်းက အဲလိုကြာပန်းတွေခူးဖူးတယ်။ အဲကြာရိုးကဟင်းခါးချက်သောက်ရင်အရမ်းကောင်းတယ်။
    ကလေး လေးကနဲနဲစိတ်ရှုပ်နေသလိုနဲ့ သူ့အစ်မက သီးခံတတ်ပုံပေါ်တယ်။
    ဟီးးးရမ်းရွှီးကြည့်တာ။

    Reply

    • kyaw swar kaung

      July 28, 2013 at 7:44 pm

      ဟုတ်တယ်..မလဲ့..
      သူ ့အရွယ်လေးက အပူအပင် မရှိ ဆော့ကစားရမယ့် အရွယ်ကိုး….။
      အကြီးမလေးဆိုလည်း အပျိုဖော် ဝင်ကာစ ရှက်တတ်တဲ့ အရွယ်မှာ… ဘဝပေး အသိက ရင့်ကျက်စေခဲ့ပုံရပါတယ်…
      အဲဒီ ကလေးမ မြန်မာဆန်ပုံလေးက အရမ်းချစ်စရာ ကောင်းတာ..။ ဒုတိယကားကို တောင်းဆိုလွန်းလို ့ နောက်တကြိမ်ပြန်ဆွဲတော့..
      ဒီအကြီးမလေးမျက်နှာနဲ ့အပြုံးကို ကျနော် မှီအောင်ပြန်မဆွဲနိုင်တော့ဘူး..။
      ပန်းချီကားတချပ်က ခံစားမှုလဲ အရေးကြီးတယ်..။
      ကျေးဇူးပါ မလဲ့။

      Reply

  • KZ

    July 28, 2013 at 7:49 pm

    ကြိုက်တယ် ဆိုုတာ ထက်ပိုုလိုု့ ဘာပြော ရမတုုန်း မသိ။ 🙂

    Reply

  • padonmar

    July 28, 2013 at 9:23 pm

    ဒီရက်ထဲ ဘုရင့်နောင်မီးပွိုင့်နဲ့ လှိုင်သာယာကားကြပ်ရာတွေမှာ သတင်းစာ တစ်စောင် ၁၀ဝ နဲ့ ရောင်းနေတဲ့ ကလေး ၂ ယောက်
    ကိုတွှေ့တယ်။
    သတင်းစာ အားပေးရင်း မေးကြည့်မိတယ်။
    သားလေး ကျောင်းမနေဘူးလားဆိုတော့ ဟင့်အင်းတဲ့။
    နှုတ်ခမ်းဒေါင့်မှာလည်း ကျီးကန်းပါးစပ်လေးတွေနဲ့။
    ကျမ ကိုယ့်ကိုကိုယ် တာဝန်မကျေဘူး ခံစားရတယ်။

    Reply

  • Ma Ma

    July 28, 2013 at 10:03 pm

    မြင်ပါများလို့ ထုံနေပြီလို့ပဲပြောရမလား မသိဘူး။
    🙁
    ဆရာကြီးသခင်ကိုယ်တော်မှိုင်း သက်ပြင်းမောကြီး ချခဲ့ရတာ နှစ်ပေါင်းကြာနေပြီ။
    ခုချိန်ထိ အသက်ဝဝ မရှုနိုင်သေးဘူး။
    ဘယ်တော့များမှ……. 🙁

    Reply

  • ပုံလေးကိုကြည့်ပြီး သိချင်တာက အဲ့လို ဝတ်စားဆင်ယင်မှု (အဓိကက ဆံထောက်ကလေး) နဲ့ ကလေးမလေးက ဘယ်နယ်ဘက်ကလဲဟင်င်…

    Reply

    • kyaw swar kaung

      July 29, 2013 at 12:03 am

      မွန်မလေး လုံလုံ..
      တစ်ကယ့် အပြင်မှာ ကလေးမလေးက ရိုးရိုး ဂုတ်ဝဲ ဆံပင် ပွယောင်းယောင်းလေးပါ..။
      ကျနော်က ကိုယ့်ဒေသဘက်မှာ မြင်တွေ ့ရဘူးတဲ့ မြန်မာဆန်ဆန် ဟန်နဲ ့ပေါင်းလိုက်ပြိး ပုံဖော်ခဲ့တာပါ..။
      ကျနော်က ခင်ဦး ကလေ.။ ရွှေဘိုနားက ပါ..ကျနော်တို ့နယ်မှာဆို မနက်ဈေး နယ်တွေကလာတဲ့ ကလေး၊ ကလေးမလေးတွေက အဲလိုပုံလေးတွေပါ.. ဥပမာ တံစဉ်ရွာ။ မင်းကြီးတုန်( ဦးအောင်ဇေယျ ဇာတိ)ပင်နင်း။ မင်းဂံဘုတ် ၊ ချောင်းဆုံ ။ ဂွေးကုန်း၊ မဒေါင်းလှ၊
      မန်းကျည်းအုပ်၊ အများကြီးဘဲ ညီမမွန်မွန်… နေရောင်အောက်မှာ ဆံပင်နက်နက်လေးတွေ အုန်းဆီလေးတွေ ရွှဲစိုပြီး သိပ်လှတာ…။
      ဒီ ဥရောပကတော့ အညာက ပြောင်းဖူးမွှေးတွေလိုဘဲ…။

      Reply

      • ဗုံဗုံ

        July 29, 2013 at 9:06 am

        ဟယ်… အူးလေး ခင်ဦးကလား မိဗုံက ရွှေဘိုကနော်… ရပ်ဆွေရပ်မျိုးတွေ တွေ့ကြပြီ
        စားရချည်သေးရဲ့
        အိမ်ကိုမှာချင်ရင် ပြောနော် သွားပြောပေးမယ်.. တူလေးဒွေ ဘာလေးဒွေ ချိဘူးလား :mrgreen:

        Reply

        • kyaw swar kaung

          July 29, 2013 at 10:52 pm

          ဗုံဗုံ
          ရွှေဘိုက။။။ ကောင်းတယ်..ဝမ်းလည်းသာတယ်..။ တူ တူမတွေကတော့ အများကြီးဘဲ..
          ဘာလုပ်မလို ့လဲ ဗုံဗုံ..။
          အိမ်ကို သွားပြောရင် ဗုံဗုံ ့ကို ရိုက်လွှတ်နေရင် ဘယ်လို လုပ်မလဲ …
          အနုပညာ အလုပ်တွေ နဲ ့ဘာသာရေး ကိစ္စတွေ ကြောင့် ကျနော်နဲ ့အိမ်နဲ ့က…
          မဟာသမုဒ္ဒရာ…ဟိုဘက်ကမ်းနဲ ့ဒီဘက် ကမ်း…။
          ကိုယ်စား အရိုက်ခံပေးမယ် ဆိုရင်တော့…ဗုံဗုံ ့ကို လိပ်စာပေးလိုက်မယ်လေ….။

      • မဟာရာဇာ အံစာတုံး

        July 29, 2013 at 1:58 pm

        ဂွေးကုန်း ကနေ ဆက်သွားရင်
        ကျုပ်တို့ရွာ ရောက်တယ် ….။
        ကျုပ် ငယ်ငယ်ကတော့ အဒေါ်ဖြစ်သူတွေက ဒီလို ပုံမျိုးတွေပဲ …။
        ဒါမယ့် …
        အခုနောက်ပိုင်းတော့ ခေတ်မှီသွားကြလေပြီ ….။

        Reply

        • kyaw swar kaung

          July 29, 2013 at 10:55 pm

          မဟာရာဂျာ…အံဇာမိုးဝင်း
          ဂွေးကုန်းပြီးရင် ကျုပ်တို ့ရွာဆိုတော့…
          သာဂရ များဖြစ်နေမလား မသိဘူး ကိုသိန်းမောင်ရေ… ကျုပ်တို ့တော့ မြေပုံနဲ ့အမြန်လိုက်မှ ထင်တယ်..။

        • မဟာရာဇာ အံစာတုံး

          August 2, 2013 at 1:01 pm

          ဂွေးကုန်းပြီးတော့ ရုံးကုန်းများလား ….
          ကျုပ်ကတော့ သိလားတော့ မသိဘူး ..
          လေးတိုင်စင် ကပါ …
          ချိုင်းနားက ရွာလေ …
          သိဘူး မီဟုတ်လား .. လူဇိုးးးး :mrgreen:

  • Min Zarni

    July 29, 2013 at 9:16 am

    အာဇာနည်နေ့ ၁ဝရက်အလွန်မှာ သွားလေသူကြီး က မူလတန်း ပညာရေးကို အခမဲ့ ဖြစ်ဖို့ ကျုပ်တို့ ကုန်းရုန်းကြိုးစားဖို့ရယ်မှာ နှစ်-၂ဝလောက်ကြာမယ် လို့
    ပြောသွားဖူးတာ သွားသတိရတယ်…။ ဆက်ခံသူအဘ တွေ အစဉ်အဆက် ကြိုးစားလိုက်ကြတာများ … သူမဖြစ်စေချင်လွန်းတဲ့ ဟိုနိုင်ငံကြီးကို ဖြစ်လို့ ..

    ဘဝအတွက် ဖူလုံပြီဆိုရင်ဖြင့် ရှိတာအကုန်စွန့်လို့ တောမှာ ဆရာလုပ်ချင်တယ် လို့ ပြောသွားတဲ့ ဟို လူစိမ်းကား ဂျီးကိုလည်း သတိရမိလိုက်သေးဗျာ..။

    ပြန်လာခဲ့ပါ့မယ် ဦးလေးရယ်..။

    Reply

  • kyeemite

    July 29, 2013 at 1:22 pm

    အင်း..အဲလိုကလေးတွေခူးတာနေမှာ
    ဒီအချိန်(မိုးတွင်း)ဆို ဈေးမှာကြာရိုးဝယ်လို့ရပြီ
    အိမ်မှာအသုတ်ဆိုင်ရှိတော့ ဟင်းခါးအတွက်ဆိုကြာရိုးဟင်းခါးပဲချက်လေ့ရှိတယ်
    ပန်းချီလက်ရာကောင်းသလို စေတနာလည်းပေါ်လွင်လှတဲ့ ပန်းချီကားအမည်လေးပါပဲ..

    Reply

    • Crystalline

      July 30, 2013 at 8:16 am

      ဆိုင်ရှိတယ်.. စိတ်ဝင်စားသွားပြီး..ဘယ်နားမှာလဲဟင်…. အန်တီမိုက်လက်ရာလား..

      Reply

  • Mr. MarGa

    July 29, 2013 at 7:31 pm

    ပန်းချီလက်ရာရော
    နောက်ခံ ဇာတ်လမ်းလေးကိုပါ
    ခံစား သွားရပါတယ် လို့

    Reply

  • ကိုရင်စည်သူ

    July 29, 2013 at 7:40 pm

    😥 😥 ခုတလော တား အနုပညာနဲ့ ပတ်သက်ရင် ခံစားမှု
    စိတ်တွေနုနုလာတယ်.. မေမေ.. 😳

    Reply

    • kyaw swar kaung

      July 29, 2013 at 10:58 pm

      ကိုရင်စည်..
      မှန်တင်ခုံတွေ မိတ်ကပ်ဗူးတွေနားများ ယောင်လို ့တောင် ခြေဦးမလှည့်နဲ ့နော်..။
      သတိကြိုတင်ပေးလိုက်ပါရဲ ့….။

      Reply

  • kyaw swar kaung ရေ
    ကျနော် ကိုယ်ကျနော်အပြစ်တင်လို့မဆုံးတာ တစ်ခုရှိခဲ့တယ်။
    ကျနော်(၇)တန်းကျောင်းသားဘဝမှာ ရေဆေးပညာရှင်ကြိး ဦးလူတင် နဲ့ဆုံရတယ်။
    ကျနော်တို့ကျောင်းရဲ့ သင်ခန်းစာထဲမှာ ပန်းချီပညာတစ်ချိန်ပါတယ်။
    ဆရာကြိးက ပုံဆွဲခိုင်း။.
    လိုင်းတွေ မျဉ်းတွေ အရောင်တွေအကြောင်း အာပေါက်အောင် သင်ပြ။
    ကျနော်တို့သူငယ်ချင်းတွေက နားမထောင်ဘဲ အချင်းအချင်း ဟာသတွေလုပ်။
    အခုပြန်တွေးတော့ ကိုယ့်လက်ထဲရောက်ခဲ့တဲ့ ရတနာထုပ်ကို မိုက်မဲစွာပုတ်ချခဲ့သူပေါ့။
    တကယ်လို့သာ အဲဒီအချိန်က ဆရာသင်တာကို သေချာလိုက်နာခဲ့ရင်
    ကျနော် ဓါတ်ပုံခလုပ်နှိပ်သူမဟုတ်ဘဲ ပန်းချီရေးသူ တစ်ယောက်ဖြစ်ချင်ဖြစ်လာနိုင်တယ်နော်။

    Reply

    • kyaw swar kaung

      July 30, 2013 at 12:13 am

      ကိုပေါက်..
      နှမြောစရာကြီးဗျာ.. ငယ်တုန်းဆိုတော့လဲ ဒီလိုပေါ့..တူတူပါဘဲ..
      ဓါတ်ပုံလဲ အနုပညပါဘဲ ကိုပေါက်ရေ.. ကြိုးစားပါ..။ အားပေးမှာပါ..။
      ဆရာကြီးက မုံရွာကဗျ.. အပြင်မှာ မတွေ ့ဘူးခဲ့ပါဘူး…လက်ရာတွေကိုဘဲ တွေ ့ဘူးတာပါ..
      ဆရာကြီး ဦးအမ်တင်အေးပြီးရင်တော့ … ဆရာကြီး ဦးလူတင်လဲ အရမ်းကောင်းတာ..။
      ကျနော့်ကို အားပေးတာလဲ ကျေးဇူးနော် ကိုပေါက်..။
      ဂဇက်တွေ ့ဆုံပွဲ ပုံတွေ ကြည့်ပြီးတော့ မျက်စေ့လည်နေတယ်..
      ကိုပေါက် ရန်ကုန်မှာဖြစ်ဖြစ် မန ္တလေးဖြစ်ဖြစ် ကျနော်ပြန်လာရင် လာတွေ ့နိုင်အောင် ကြိုးစားပါ့မယ်..။

      Reply

  • ပြောစရာကျန်နေလို့။
    ကျနော်က ရေဆေးပန်းချီကားလေးတွေကို ပိုပြီး မက်မောတယ်ဗျာ။
    ပန်းချီပညာကို ကျနော်မတတ်ပါဘူး။
    ခံစားတတ်ရုံသက်သက်ပါဘဲ။

    Reply

  • uncle gyi

    July 30, 2013 at 12:03 am

    အမှန်ပြောရရင်ပန်ချီနဲ့ကျွန်တော်ကဝေးပါတယ်
    ပန်ချီကားအမည်ပေးပုံလေးတော့အကြိုက်သား
    ခေါင်းလောင်းသံနဲ့ဝေးစေတဲ့အကြောင်းရင်းက
    အများကြီးဆိုတော့
    တောအလယ်
    အပြောကြွယ်
    မောတယ်

    Reply

  • uncle gyi

    July 30, 2013 at 12:04 am

    အမှန်ပြောရရင်ပန်ချီနဲ့ကျွန်တော်ကဝေးပါတယ်
    ပန်ချီကားအမည်ပေးပုံလေးတော့အကြိုက်သား
    ခေါင်းလောင်းသံနဲ့ဝေးစေတဲ့အကြောင်းရင်းက
    အများကြီးဆိုတော့
    တောအလယ်
    အပြောကြွယ်
    မောတယ်
    ပန်ချီဆရာရေ

    Reply

    • kyaw swar kaung

      July 30, 2013 at 12:15 am

      UNCLE GYI
      လာအားပေးတာ ကျေးဇူးပါ..
      ကျနော်လည်း မောပါတယ်..

      Reply

  • Swal Taw Ywet

    July 30, 2013 at 11:51 am

    မုံရွာ GTC မှာ တာဝန်ကျတုံးက အခုစာရေးဆရာ ကဗျာဆရာ ဖြစ်နေတဲ့ ဆရာတစ်ယောက်ခေါ်သွားလို့ ဆရာကြီးဦးလူတင် ဆီရောက်သွားခဲ့တယ်၊ ခဏခဏ ရောက်ဖြစ်ခဲ့ပေမယ့် သူ့လက်ရာတစ်ခုမှ မပိုင်ထားရသေးဘူး၊ အစားထိုးမရနိုင်လောက်တဲ့ ရေဆေး ချစ်သူကြီးပါဗျာ။
    ဆရာကြီး အသက်ရှည် ကျန်းမာစွာ ပန်းချီတွေ ဆက်ဆွဲနိုင်ပါစေ။
    With respect,
    Swal Taw Ywet.

    Reply

  • ဦးကျောက်ခဲ

    July 30, 2013 at 12:44 pm

    ကျောက်စ် ပန်းချီမဆွဲတတ်ဘူး၊ ဂီတာမတီးတတ်ဘူး…
    ဒါပေသည့် နှလုံးသားနဲ့ ကြည့်တတ်၊ နားထောင်တတ်ပါတယ်…
    တစိမ့်စိမ့်ကြည့်လေ၊ ရုပ်တွေက အသက်ဝင်လာလေမို့…
    ဘယ်ဘက်ရင်အုံအောက်က အောင့်လာသလားပဲ…
    🙁

    Reply

    • Min Zarni

      July 30, 2013 at 12:51 pm

      အောင့်မာပေါ့ ..အူးလေးက နှင်းကေသရာလေး မသိအောင် မိုင်းဆဲဗင်းလေးတွေ မီးထုတ်ထုတ်ညှိနေတာကိုးးး

      :kwi:

      Reply

  • Shwe Ei

    August 2, 2013 at 4:06 pm

    ပထမဆုံးကားကို အမေရိကန်တယောက်က သတ်မှတ်ဈေးထက် ပိုပေးပြီးဝယ်သွားပါတယ်.. နောက်ဒုတိယအကြိမ် ဥရောပက ဝယ်ပါတယ်..

    ခလေးနှစ်ယောက်အတွက်ရော ကိုယ်ဟန်ပြခ ဘီလောက်ပေးလိုက်တုန်းဟင်

    သိချင်စိတ်ပျင်းပျလာလို့မေးမိတာမို့ စိတ်မရှိပါနဲ့ခည :hee:

    Reply

Leave a Reply to kyaw swar kaung Cancel Reply

Your email address will not be published.