“မျှားနေရင်းပြန် အမျှားခံရခြင်း”

“မျှားနေရင်းပြန် အမျှားခံရခြင်း”

လူဆိုတာမငြိမ်ခုန်ဆွတဲ့စိတ်ပိုင်ရှင်

ဟိုဟာလေးလဲ လိုချင် ဒီဟာလေးလဲလိုချင်

အတော့် ကို “ချင်ခြင်း” တွေများတဲ့သတ္တဝါ

အဲဒီအထဲမှာ ကျနော်လဲပါသပေါ့။

 

တစ်ခါတစ်လေမှာကိုယ်ကမျှားတဲ့သူ

တစ်ခါတစ်ရံမှာတော့

မျှားနေရင်းကနေ

မသိမသာကိုယ်ပြန်အမျှားခံရသူ

တစ်လှည့်တစ်ပြန်ခံတဲ့အခါ ခံ

စံတဲ့အခါစံ

ဒါကတော့ လောကကြီးရဲ့ထုံးစံပါဘဲ။

 

ကိုယ်သွားချင်တဲ့ ခရီးလမ်း

မကြမ်းတမ်းဘဲချောစေဘို့ကတော့

ဆင်နဲ့မျှားတဲ့အခါမျှား

ရွှေနဲ့မျှားတဲ့အခါမျှား

စိန်နဲ့မျှားတဲ့အခါမျှား

လူနဲ့မျှားတဲ့အခါမျှား

တော်ကီပွားတဲ့အခါပွား

ဘာမှအလကားမရတာတော့သေချာတယ်။

 

မျှားတိုင်းမိချင်ရင်တော့

ချပေးရမယ့် အစာ အထာကျဘို့တော့လိုပါတယ်။

အချိုကြိုက်သူ အချို

အခါးကြိုက်သူ အခါး

တရားကြိုက်သူ တရား

အာဘွား ကြိုက်သူအာဘွား

ဟိုဟာကြိုက်သူ ဟိုဟာ

ဒီဟာကြိုက်သူဒီဟာ

ဟိုနေရာ  ဟိုဟာ

ဒီနေရာ ဒီဟာ

ပီပြင်စွာမျှားတတ်ဘို့ဘဲလိုပါတယ်။

 

တစ်ခါ တစ်ခါ

ဂွင်ပဲ့တဲအခါများမတော့  မျှားသာမျှားရတယ်

ငါးမရ မျှှားစာဆုံး

ဒါမျုးိလဲကြုံနိုင်ပါသေးရဲ့။

 

တကယ်တော့ ဘဝဆိုတာ

သူတစ်လှည့်ကိုယ်တစ်ပြန်

မျှားတဲ့အခါမျှှား

စားတဲ့အခါစား

ဒါနဲ့ဘဲ ဘဝဟာ လုံးပါးပါးခဲ့တာကြာပေါ့။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

25-7-2013

 

 

 

 

 

 

 

7 comments

  • ကြာ ညောင်

    July 26, 2013 at 10:15 am

    ခပ်ပါးပါးပဲကျန်ပါတော့တယ်ကိုပေါက်ရေ….။

    Reply

  • ဦးကျောက်ခဲ

    July 26, 2013 at 11:07 am

    ဆြာပေါက်ရေ…
    ကိုယ်ကသာ သူတစ်ပါးကို မျှားနေတယ်ထင်ထားတာ…
    ကိုယ်တိုင် အမျှားခံနေရတာ၊ ကိုယ့်ဟာကိုယ်မသိ…
    ခက်ပါဘိ သံသရာ… :mrgreen:

    Reply

  • kyeemite

    July 26, 2013 at 1:07 pm

    တကယ်တော့ ဘဝဆိုတာ
    သူတစ်လှည့်ကိုယ်တစ်ပြန်
    မျှားတဲ့အခါမျှှား
    စားတဲ့အခါစား
    ဒါနဲ့ဘဲ ဘဝဟာ လုံးပါးပါးခဲ့တာကြာပေါ့။…..
    ကြိုက်တယ်ဗျာ..

    Reply

  • မဟာရာဇာ အံစာတုံး

    July 26, 2013 at 1:43 pm


    တကယ်တော့ ဘဝဆိုတာ
    သူတစ်လှည့်ကိုယ်တစ်ပြန်
    မျှားတဲ့အခါမျှှား
    စားတဲ့အခါစား
    ဒါနဲ့ဘဲ ဘဝဟာ လုံးပါးပါးခဲ့တာကြာပေါ့။

    မိုက်တယ်ဗျာ …..။
    ဒီအပိုဒ် အခိုက်ဆုံးပဲ ….။

    Reply

  • ခင် ခ

    July 26, 2013 at 3:57 pm

    သူရောကိုရော အပြိုင်စားရတဲ့အခါလည်း
    ရှိမှာပဲပေါ့ ကိုပေါက်ရေ။

    Reply

  • Mr. MarGa

    July 26, 2013 at 9:42 pm

    ငါးပွက်ရာ ငါးစာချကာ မျှားသူများကို သတိရမိ သွားပါကြောင်း

    Reply

  • KZ

    July 27, 2013 at 1:10 pm

    မျှားမယ် ဆိုမှတော့ သူ့အကြိုက်လေး သိဖို့ကလည်း လိုသေးသကိုးဗျ။

    ဒီ စာလေးတော့ အတော်ကြိုက်တယ် လေးပေါက်ရ။ 🙂

    Reply

Leave a Reply to KZ Cancel Reply

Your email address will not be published.