လုပ်ငန်းရှင်ရယ်အလုပ်သမားရယ်ဆိုတာ ………

fattyAugust 1, 20101min03

comment လေးတွေပေးရင်းနဲ့ ချရေးဖို့စိတ်ကူးရလာတာပါ။ company Limited တခုဆိုပါတော့ ၊

Boss ရှိမယ် General manager ရှိမယ် Manager တွေ ရှိမယ်။ Manager တွေဆိုတာက Marketing Manager ..Store Manager….Finance Manager …Admin Manager …. အစရှိသဖြင့်ပေါ့။ အဲ Import Export manager လဲအပါပေါ့။ Company ကြီးရင်ကြီးသလို Organization Chart ကလဲကြီးးပါတယ်။

သိတဲ့အတိုင်းပြဿနာတွေကလဲဒုနဲ့ဒေးပါ။ ဖြစ်တတ်တာလေးတွေကတော့ ………..

Manager အချင်းချင်း သူ့ Section ကိုယ့် Section ကြားမှာ လဲပြဿနာရှိပါတယ်။ Manager နဲ့Supervisor …အလုပ်သမားတွေ …ဝန်ထမ်းတွေကြား မှာလဲ ပြဿနာပေါင်း သောင်းခြောက် တောင်။ ဒါတွေကို ဘယ်လိုရှင်းကြမလဲ … ပြဿနာပေါ်တိုင်းသာ လူကြီးတွေက ထိုင်ရှင်းနေရရင် profit ရဘို့ဘယ်အချိန် အလုပ်လုပ် ကြတော့မှာလဲ။

ဒါကြောင့်ဖြစ်လာတဲ့ပြဿနာ တွေကို လူကြီးတွေဆီအထိ မရောက်စေဘဲ သက်ဆိုင်ရာ Head တွေက တာဝန်ယူရှင်းပေးရပါလိမ့်မယ်။ လူကြီးတွေ ဆိုတာက လုပ်ငန်းရဲ့Plan တွေနဲ့နပမ်းလုံး နေရတာပါ။ ဒါ့အပြင် GM နဲ့ Manager တွေတင်လာတဲ့ လုပ်ငန်းဆိုင်ရာ …ဝန်ထမ်းဆိုင်ရာ report တွေကို ဖတ် ပြီးလိုအပ်တာတွေကို အဆင့်လိုက်ညွှန်ကြားရပါတယ်။ အ ဲလူကြီးတချို့ရဲ့အားနဲချက်တွေကတော့…လိုအပ်တဲ့ညွှန်ကြားချက်တွေကို အဆင့်လိုက်မညွှန်ကြားဘဲ လက်သင့်ရာကို (သို့ ) ကိုယ့်လူယုံကတဆင့်ညွှန်ကြားလိုက်ခြင်းဘဲဖြစ်ပါတယ်။ Manager ဆိုတာက GM ကပြောမှ လက်ခံချင်တာပါ။

ဒီလိုမဟုတ်ဘဲ Boss က ဝန်ထမ်းတဦးဦးနဲ့ပနံသင့်လို့GM ကိုပြောလိုက်ကွာ ဆိုရင် GM ကသူ့အောက်ကဝန်ထမ်းကပြောတာကိုလက်ခံရမဲ့သဘောဖြစ်နေပါတယ် ဒိလိုအဖြစ်မျိုးမကြာခဏကြုံရတတ်ပါတယ်။ BOSS များဟာ လူယုံထားပြီး GM ကို ထောက်လှမ်းလေ့ရှိပါတယ်။ အဲဒီလီုအခြေအနေမျိုးကို delegation မှားတယ်လို့ခေါ်ပါတယ်။

BOSS နဲ့ GM တို့က ဝန်ထမ်းတွေကို Motivation ခေါ်တဲ့ အားပေးမှု အားမြောက်မှု စိတ်ဓာတ်မြင့်တင်ပေးမှု တွေလုပ်ပေးဘို့လိုပါတယ်။ company မှာ တနှစ်တခါ စုပေါင်း စားပွဲကျင့်ပပေးခြင်း picnic ထွက်ခြင်း နဲ့ အရေးကြီးဆုံးက workshop တွေလုပ်ပေးဘို့ပါဘဲ။ အဲဒီပွဲမှာ လူကြီးပိုင်းက company ရဲ့အနေအထေား အရှုံးအမြတ် ဆုပေးဒဏ်ပေးစတာတွေကို ရှင်းပြရမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေကိုလဲ အစုလိုက် အဖွဲ့လိုက် presentation တွေလုပ်ခိုင်းရမှာဖြစ်ပါတယ်။

ကဲ….ခဏနားပါရစေအုံးခင်ဗျား။

3 comments

  • kopauk mandalay

    August 1, 2010 at 3:45 pm

    ကိုဖက်တီးရေ

    ခက်တာက မြန်မာပြည်မှာက အခုမှလုပ်ငန်းရှင်တွေက လုပ်ငန်းထူထောင်ကြရတာကိုး။
    တစ်ချို့က company လုံးလုံး၊တစ်ချို့ကပုံစံတူ အောင်လုပ်ငန်းထောင်ကြပါတယ်။
    ဒါပေမဲ့လဲ မိသားစုပုံစံလဲမက company ပုံစံလဲမရောက်ဖြစ်နေတဲ့လုပ်ငန်းတွေလဲအများကြီးပါ။
    တကယ်တော့ ပုံစံခွက်ဆိုတာထက် လူငယ်တွေ စိတ်ဓါတ်မြင့်မယ် လူကြီးနေရာရောက်နေသူကလဲ မျှတမယ်ဆိုရင်
    အတိုင်းထက်အလွန်ပါ။
    ကျနော်က ပုံစံခွက်နဲ့အုပ်ထားတာထက် အတွေးအမြင်ရင့်ကျက်တာကို ပိုမက်မောပါတယ်။
    ဒါပေမဲ့ တိကျသော အလုပ်ခွင်စည်းကမ်းဆိုတာကိုတော့ ဘယ်သူ့မှ ချိုးဖောက်ခွင့်ပြုမှာတော့ မဟုတ်ပါဘူး။
    နောက်အားရင် ဆက်ပြောရအောင်နော်။

    Reply

  • search123

    October 9, 2010 at 7:58 am

    Manager တွေထဲ မှာလည်း Manager ပီသ တဲ့သူရော၊ မပီသတဲ့သူရော အစုံပါ။
    လက်အောက်ငယ်သားတွေ ကိုတော့ (မာန်နေကြ) ဆိုတဲ့ အတိုင်း ဆူပူ ငေါက်ငမ်း အော်ဟစ်၊
    အထက်ဖား အောက်ဖိပေါ့ …လူကြီးတွေ ကတော့ ဘာမသိ ညာမသိ တော်တော် သဘောကျတဲ့ Manager မျိုးတွေ ရှိပါတယ်။
    ငယ်တဲ့ အမှုကြီးအောင်..ကြီးတဲ့ အမှု ပိုကြီးအောင်လုပ်ရင်း ကောင်းစားနေတဲ့ Manager တွေ ကြုံဖူးပါတယ်။
    သူ့ အမှားဆို ဖုံးထားတယ်..လက်အောက်ငယ်သား မှားရင်တော့ အထက်က မသိ သိအောင်ကို လုပ်တာမျိုးပါ။

    Reply

  • ဆူး

    October 9, 2010 at 11:13 am

    ဘာမှ စိတ်ရှုပ်မခံဘူး.. နာ အလုပ်မှာ သူဠေးလည်း ကိုယ်ဘဲ.. အလုပ်သမားလည်း ကိုယ်.. အားရင်တောင် အချိန်ပြည့် ရတနာပုံနေပြည်တော် သတင်းစာမှာ အချိန်ဖြုန်းနေတာ.. လုပ်ငန်းတွေ သိပ်ကောင်း.. ကောင်းမှကောင်း…

    Reply

Leave a Reply

Your email address will not be published.