တစ်တို့လောက်

ဆေးလိပ်ကို ဟန်ပါပါကိုင်

ငါထိုင်နေတဲ့အနားလာ

တစ်တို့လောက်ပါ တဲ့ ၊

သောက်တတ်ခဲ့ရင်ဆောင်ထား

နောင်များလည်း အဆင်ပြေသပေါ့

အခုတော့ငါ့ခမျာ ဆေးလိပ်ဆိုင်ပမာ

ဟိုလူလာ ဒီလူလာ

တစ်ခါ တစ်ခါ ပါသွား

မီးခြစ်များတွေလည်း မနည်းလှ

သတိရတော့ ခြစ်စရာမရှိ

ထွက်ရသည့် ဒေါသသာ အဖတ်တင်

ချစ်ကြင်လို့ အနားထားကာမှ

တစ်တို့လောက်သမားတွေနဲ့တွေ့

ပါသွားပြန်ပဟေ့နောက်တစ်ခါ

အားနာခြင်းတွေကို ဖယ်ခွာ

တကယ်ငါ ဆုံးဖြတ်လို့သာ

တစ်တို့လောက်ဆိုတာ သည်းခံပါ ။

 

4

10 comments

  • ကိုသု

    July 25, 2013 at 10:06 am

    သေးပေါက်ရင်တောင် လက်ကြားညှပ်မပေါက်ရဲဘူးဆိုဒါ။

    Reply

  • kyeemite

    July 25, 2013 at 10:16 am

    ကိုမျိုးရေ …မီးလေးတစ်တို့လောက်
    နောက်တစ်ခါမတောင်းတော့ပါဘူး.. 😆

    Reply

    • Myo Thant

      July 25, 2013 at 10:21 am

      မီးခြစ်လည်းမပေးဘူး
      မီးလေးလည်းမပေးဘူး
      ချစ်လို့ရတာ ဘာမှမပေးဘူး 🙂

      Reply

  • Min Zarni

    July 25, 2013 at 10:31 am

    မီးခြစ် အိမ်မှာ အလုံး ၃-၄ဝ အသာလေးရှိရဲ့ …
    ရုံးတက် အပြင်ထွက် ဆေးလိပ်ဗူးမီးခြစ် မေ့ကျန် …
    တလုံးဝယ် တလုံးဝယ်နဲ့ မဖတ်တင်နေတာလေ..
    ခုတော့ မသောက်တော့ပါဘူး … ဘာလို့လဲဆိုတော့ …
    ငိငိ..

    Reply

  • kyeemite

    July 25, 2013 at 10:45 am

    ခင်ဗျားမပေးလည်း ကျုပ်မှာ ကိုယ်ပိုင်“မီး” ရှိပီးသားပါဗျာ
    ဒါလေးဖတ်ကြည့်ပါလား..
    http://myanmargazette.net/154151

    Reply

    • Myo Thant

      July 25, 2013 at 10:53 am

      ကြိုက်မီး ကလည်း ဒါမျိုးရသကိုး ၊

      ကြိုက်တယ် မီးရယ် ၊

      ကြီးမိုက်ကိုတော့ မကြိုက်ပေါင် ၊ ဟား ဟား စတာနော်

      Reply

  • sein chu

    July 25, 2013 at 10:59 am

    ဆေးသမားခြင်းပဲဗျာ
    ဒါလေးများ………….

    Reply

  • မဟာရာဇာ အံစာတုံး

    July 25, 2013 at 4:23 pm

    ကျုပ်ကိုလည်း
    (တာ)မီးလေး တစ်တို့လောက် ခညာ …
    :mrgreen: :mrgreen:

    Reply

  • DEPARKO DEPARKO

    July 25, 2013 at 7:25 pm

    ကျွန်တော်ဆေားလိပ်ပြတ်သွားတာ အဲဒီတတို့လောက်ကြောင့်ပေါ့ မီးချစ်တွေပါသွားတာများတော့ အဲဒီနေ့က မီးချစ်မရှိ ဆေးလိပ်ကလည်းသောက်ချင်(ရခိုင်မှာ၂၀၀၅) ဈေးတန်းမှာမီးညှိမယ်ဆိုပြီး စီးကရက်ကိုပါးစပ်မှာခဲပြီး လမ်းလျှောက်တုန်း တပည့်တစ်ယောက် ဆေးလိပ်သောက်လာတာမြင်တော့ မီးလှမ်းတောင်းမိတယ် တပည့်ကမူးနေတော့ ဟာ ဆရာကြီးက ဘီဂရုဘဲ ဆေးလိပ်တော့ရှိပြီး မီးချစ်မဆောင်ဘူးဆိုတဲ့ စကားအပြောခံလိုက်ရတာ တခါတည်းဆေးလိပ်ရာသက်ပန်ပြတ်ရော
    (အေဂရု ဆေးလိပ်မီးချစ်ရှိ ဘီဂရု တမျိုးရှိ စီဂရု နှစ်မျိုးလုံးမရှိ။။။ အေဂရု ဆယ်တန်းအောင် ဘီဂရု ရှစ်တန်းအောင် စီဂရု လေးတန်းအောင် တပ်မတော်တွင် ပညာအရည်အချင်းအလိုက် ဂရုခွဲထား ကျွန်တော်က အေဂရုကပါ)

    Reply

  • အလင်း ဆက်

    July 25, 2013 at 9:26 pm

    ဦးမျိုး…
    ကဗျာလေး..တစ်တို ့လောက်
    အဲ…တစ်ပုဒ်လောက်…
    ပြခန်းအတွက်…
    😆

    Reply

Leave a Reply

Your email address will not be published.