“မကြောက်တရား နည်းနည်းတော့မှားနေပြီထင်ပါရဲ့”

“မကြောက်တရား နည်းနည်းတော့မှားနေပြီထင်ပါရဲ့”

 

ဟိုးရှေးပဝေသဏီ သက်ဦးဆံပိုင် ခေတ်မှာကတည်းကကျနော်တို့ပြည်သူပြည်သားတွေက

ပြည့်ရှင့်ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကိုကြောက်ရွှံခဲ့ကြရပါတယ်။

ဘုရင်ကိုကြောက်တယ်ဆိုတာကလဲ ကြိမ်ဒါဏ်အပေးခံရမှာ

ထိပ်တုံးအခတ်ခံရမှာ ၊ထောင်သွင်းအကျဉ်းချခံရမှာ၊

လက်မရွှံ့အာဏာပါးကွက်သားလက်အပ်လို့အသတ်ခံရမှာ

ဆွေစဉ်ခုနှစ်ဆက် မျိုးစဉ်ခုနှစ်ဆက် အသတ်ခံရမှာတွေကိုကြောက်ရွှံ့ကြတာပါ။

အဲတော့ အပြစ်မကျူးလွန်ရဲဘူးပေါ့။

 

အင်္ဂလိပ်ခေတ်ရောက်တော့ မတင်းကျပ်တော့ သိပ်မကြောက်။

ဂျပန်ခေတ်အရောက်ပက်ပက်စက်စက်နှိပ်စက်တော့ လည်းကြောက်ကြပြန်တာပါဘဲ။

နောက်တော့မြန်မာပြည်လဲခေတ်စံနစ်တွေအဆင့်ဆင့်ပြောင်း။

သူ့ထက်ကဲရွှေပြည်စိုး  နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ

ရှေ့ဘုန်းကြီးတစ်ချက်ခေါက် နောက်ဘုန်းကြီးနှစ်ချက်ခေါက် ဆိုသလိုဘဲ

တစ်ဆင့်ထက်တစ်ဆင့်တိုးတိုးပြီးကြောက်လာခဲ့ရတာ

ဟိုဘက်၂၆ ဒီဘက်၂၄ နှစ်ပေါင်းငါးဆယ်နီးပါး

ကြောက်ခဲ့ရတာမှခေါင်းတောင်မပြူရဲအောင် ခြေလက်တောင်မလှုပ်ရဲအောင်ကြောက်ခဲ့ကြရတာအများအသိပါဘဲ။

 

အခုလက်ရှိအနေအထားမှာတော့ အရင်နဲ့မတူတဲ့လွတ်လပ်မူ့တွေရလာပါတယ်။

မရဘူးခဲ့တဲ့ ပြောခွင်ဆိုခွင့်လုပ်ခွင့်တွေရလာတော့ ပြောရဲဆိုရဲလုပ်ရဲ

သူရဲကောင်းတွေတိုးသထက်တိုးလာပါတယ်။

ကိုယ့်စိတ်ထဲမှာရှိတာကို ဖော်ပြခွင့်ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးမှမဟုတ်တာဗျာ။

ဒါပေမယ့် အခုအချိန်မှတော့ ဂျာနယ်တွေမှာအရင်ကမဖော်ရဲသမျှအကုန်ဖော်

ဖော်သမျှကလဲအနုပညာလည်းမမြောက်။

အားကစားစာစောင်အချို့မှာနိုင်ငံခြားက အားကစားသမားများရဲ့

အချစ်ရေးအကြောင်းကိုရေးထားတာများ အားပါးတရ ဟိုလိုစာအုပ်တွေနဲ့သိပ်မကွာ

အရေးအသားကောင်းချက်ကတော့ လက်လံပါတယ်။

ဗွီဒီယိုတွေထဲမှာလဲအရင်ကမရိုက်ခဲ့ရသမျှ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင်ဆိုပြီး

ရိုက်သမျှကလဲ မိသားစုအတူကြည့်မရလောက်တဲ့ အမိုက်စားနိုင်ငံတကာအဆင့်သရုပ်ဆောင်ချက်တွေနဲ့။

နေ့စဉ်ဖြတ်သန်းမူ့တွေကိုကြည့်ပြန်တော့လဲ

မဝင်ရဆိုတဲ့နေရာဝင်၊

လမ်းပြောင်းပြန်တွေထွက်လိုထွက်၊

မရပ်ရဆိုတဲ့နေရာရပ်၊

ဈေးမရောင်းရဘူးဆိုတဲ့နေရာမှာရောင်း၊

ရေးချင်သလိုရေး ၊

ပြောချင်သလိုပြော၊

ဆဲချင်သလိုဆဲ၊

ပြချင်သလိုပြ။

စည်းကမ်းတွေဖောက်ချင်သလိုဖောက်။

 

လက်ရှိအနေအထားရဲ့ မကြောက်တရားက တစ်ခုခုတော့မှားနေသလိုပါဘဲ။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

၂၄-၇-၂၀၁၃

 

 

 

 

19 comments

  • kyeemite

    July 24, 2013 at 4:22 pm

    “လက်ရှိအနေအထားရဲ့ မကြောက်တရားက တစ်ခုခုတော့မှားနေသလိုပါဘဲ။”
    အမှန်ပါပဲကိုပေါက်ရေ.. ဥပဒေမစိုးမိုးလို့ရယ်
    လူတွေအသိမတိုးလာလို့ရယ်
    အတ္တတွေကြီးလွန်းကြတာရယ်
    ဒါတွေကြောင့်ပါပဲ

    Reply

  • ခင် ခ

    July 24, 2013 at 4:46 pm

    အာဏာရှင်စနစ် အလိုမရှိဘူးကွ
    အမိန့်တွေလာမပေးနဲ့ မလုပ်နိုင်ဘူးကွ
    ဖမ်းရဲဖမ်းကြည့် လူစုပြီးဆန္ဒပြပလိုက်မယ် ဘာမှတ်လဲကွ
    စာပေလွတ်လပ်ခွင့်ပေးထားတာ မရေးနဲ့လို့ ဘယ်သူကတားရဲတာလဲကွ
    လမ်းပြောင်းပြန်လာလို့ဖမ်းရအောင် ရှေ့ကအစီးကျတော့ ဘာလို့မဖမ်းတာလဲ မင်းတို့က ဘယ်လောက်မှန်လို့လဲကွ
    ………………………………….ကွ
    …………………………………….ကွ
    ………………………………………..ကွ
    ……………………………………………..ကွ
    ဒီမိုကရေစီဆိုတာ လွတ်လပ်ခွင့်ရှိရမယ်ကွ။

    “ဟိုမရောက် ဒီမရောက် ဒီမိုပျောက်ဖို့ ကျန်နေသေးလို့ ဆက်လက်သာရှုစားကြပါကုန်´´

    Reply

  • DEPARKO DEPARKO

    July 24, 2013 at 5:23 pm

    မကောင်းမှုပြုလုပ်ခြင်းအတွက် ဆိပ်ကွယ်ရာဆိုတာမရှိပါဘူး မကြောက်တရားမဟုတ်ပါ လူနဲ့လူ့ပါတ်ဝန်းကျင်ကို ထိခိုက်အောင် မကောင်းတာကိုလုပ်ပြီးမိုက်မဲမှုကို သရုပ်ဖေါ်နေတဲ့
    လူ့ငနွားတွေပါ ဒါတွေကိုဂရုစိုက်စရာမလိုပါဘူး အချိန်တန်ရင် သူ့စားရိပ်နဲ့သူ့လမ်းသူရွေးသွားကြမှာပါ

    Reply

  • မောင် ပေ

    July 24, 2013 at 6:54 pm

    မကြောက်တရား
    အခြောက်ကုလား
    တယောက်မယား
    မသောက်အခါး
    တထောက်ငပါး

    Reply

  • ကိုသု

    July 24, 2013 at 7:02 pm

    ဟုတ်ပလေးပေါက်ရေ ရန်သူကလက်နက်ချမှပဲ သူရဲကောင်းတွေထွက်လာသလိုမျိုး ။
    နောက်ပြီး လေးပေါက်ရဲ့လက်ဆောင် ကျွန်တော်က ရွှေတိဂုံဘုရားပုံရပါတယ် ကွန်းမန့်ထဲမှာ ဓာတ်ပုံမတင်တတ်လို့ မပြတော့ပါဘူး ကျေးဇူးပါ။

    Reply

  • Mr. MarGa

    July 24, 2013 at 8:58 pm

    မျိုသိပ်ထားရတာတွေကို
    ဖော်ထုတ်ခွင့် ရတဲ့ အချိန် ရောက်တဲ့ အခါမတော့
    ပရမ်းပတာ အခြေအနေတွေ ဖြစ်သွားတယ် ပြောရမလား

    Reply

  • padonmar

    July 24, 2013 at 11:33 pm

    ကိုပေါက်ရေ
    လွတ်လပ်ခြင်းနဲ့ မတန်တဲ့သူတွေအတွက် မကြာခင်မှာ မလွတ်လပ်ခြင်းကိုပဲ ပြန်ရပါလိမ့်မယ်။

    Reply

  • myanmar oscar

    July 25, 2013 at 9:56 am

    ကိုပေါက်ကြီးရေ မှန်ပါတယ်ဗျာ
    အကြောက်တရားဆိုတာ လူတိုင်းမှာရှိသင့်တာပေါ့
    ဆင်းရဲ၊ချမ်းသာ မခွဲခြားဘူးလေ သူကသစ္စာရှိတယ်ဗျ
    (ကိုယ်လုပ်တဲ့ ကံ၊ကိုယ်သာခံ သေလျှင်ပြန်ရမှာ)
    ကောင်းတာလုပ်လုပ်၊ဆိုးတာပဲလုပ်လုပ်
    သေရင်တော့ အကျိုးတခုခုပြန်ရမှာပေါ့

    Reply

  • ရွှေတိုက်စိုး

    July 25, 2013 at 10:29 am

    စနစ်ကြောင်မဟုတ် စနစ်ကြောင့်မဟုတ် သကြီးမပြောခင်ဝင်ပြောထားတာ……….
    ပြောရင်လဲ ရွှေတိုက်လွန်ရာရောက်တော့မယ်……ကျုပ်ကိုကျုပ်တောင် မပြင်နိုင်သေးတာ…. သူများဆို ဝေလာဝေးးးးးးးးးးးးးးးးးးးးးးးး
    တော်ဘီ ကလေးနေရာ ကလေးနေဒါပဲကောင်းတယ်……..
    ကျုပ်တို. စည်းကမ်းမရှိတာ အကြောက်တရားနည်းတာ သူများယောင်လို.လိုက်ယောင်တာတွေ.. စာချရေးရရင်.. ပိရကပ် သုံးပုံထက် များသွားမယ်……….ဟွင်းဟွင်းဟွင်း…

    မှတ်ချက် ၊ ။ ပိရကပ်အား စားလုံးဆင့်ရိုက်မရသဖြင့် အလွယ်ရေးခြင်းဖြစ်သည်။(စာစစ်အဖွဲ.သိစေရန်)

    Reply

  • e tone

    July 25, 2013 at 4:21 pm

    ဒီမိုကရေစီဆိုတာကို ခုတုံးလုပ် အတ္တအစွယ်တွေထုတ်လာတဲ့ အချိန်မျိုးပါပဲ ။

    Reply

  • များများလို့ပြောလိုက်ရင် ကျုပ်ပါ ပါသွားမှာစိုးလို့ပါ အလင်းဆက်ရေ့

    Reply

  • kai

    July 26, 2013 at 4:59 am

    တိုင်းပြည်ရဲ့ ထိတ်တန်းခေါင်းဆောင်၂ယောက်က.. “ဆွမ်း” ဒီပလိုမေစီလုပ်ကထဲက…
    ရှေ့လျှောက်အခြေအနေကောင်းဖို့.. သိပ်မမြင်မိတော့ဘူး..။

    အနိစ္စ…

    Reply

    • Ma Ma

      July 27, 2013 at 9:38 am

      “ဆွမ်း” ဒီပလိုမေစီ ဆိုတာကို နားမလည်လို့ လင်းပေးစေချင်ပါတယ် သဂျီးရေ။

      Reply

      • Ma Ma

        July 27, 2013 at 6:39 pm

        “ဆွမ်း” ဒီပလိုမေစီ ဆိုတာက US-China သံတမန် ဆက်သွယ်ဖို့အတွက် table tennis diplomacy နဲ့ အစပျိုးခဲ့တဲ့ ဆက်ဆံရေးလို့ ဆိုလိုတာ ထင်ပါတယ်။
        မဟုတ်ဘူးဆိုရင်တော့ သဂျီး လင်းပေးဖို့လိုလာပြီ။ :mrgreen:

        Reply

  • ဦးကျောက်ခဲ

    July 26, 2013 at 11:15 am

    လမ်းစဉ်ပါတီခေတ်က “လူနှင့် လူ့ပါတ်ဝန်းကျင်တို့၏ အညမည သဘောတရားများ” ဆိုတဲ့ အဖုံးပြာစာအုပ်လေးကို အမှတ်ရမိတယ်။ ကြောက်စရာရှိရင်သူများထက်ကြောက်၊ အခွင့်အရေးရပြန်တော့ အလွဲသုံးနေလိုက်ကြတာ၊ ထစ်ခနဲဆို ဒီမိုကရေစီခေတ်ဆိုပြီး ကိုင်ပေါက်လိုက်ကြသေး။ ဒီလိုပုံဒီလိုအချိုးနဲ့၊ ဘယ်အချိန် စစ်ဖိနပ်အောက်၊ ပြန်ရောက်ဦးမယ်မသိ။

    Reply

  • မဟာရာဇာ အံစာတုံး

    July 27, 2013 at 9:46 am

    သူရဲကောင်း တွေ ပေါလာတာလည်း အမှန်ပဲ …
    လေလှိုင်းကြားက သူရဲကောင်း များက..
    ပိုတောင် များနေလေမလားပဲ …

    Reply

  • uncle gyi

    July 27, 2013 at 11:46 pm

    ဒါကြောင့်ပြောတာပေါ့
    တန်ဆေးလွန်ဘေးတဲ့
    လမ်းဘေးဆေးရိုးှလှန်းသူတွေများလာတာ
    ဒီမိုကရေစီဆိုမှားတော့မပေါ့

    Reply

  • စည်းမဲ့ကမ်းမဲ့ လုပ်တတ်သူများကြောင့် ဒီမိုကရေစီက အချောင်နာမယ်ပျက်တာပေါ့လို့

    Reply

Leave a Reply to ကိုသု Cancel Reply

Your email address will not be published.