ဘဝနဲ့ အလွဲများ

Yin Nyine NwayJuly 31, 20101min01

ဘဝနဲ့ အလွဲများ

ကြိုးစားခြင်းနဲ့ ရွေးချယ်ခြင်း ဘယ်ဟာက ပိုအရေးကြီးသလဲ။ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ တလွဲတချော် အောင်မြင်မှုတွေ အများကြီး တွေ့ရတယ်။ ဆရာဝန်ဖြစ်ပြီး ဆေးကုသခြင်းမရှိတဲ့ ဆရာဝန်တွေအများကြီးပါ။ ဆရာဝန် ကျောက်ပွဲစား၊ ဆရာဝန် စက်မှုပညာရှင်၊ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် ကုန်သည်၊ ဆရာဝန် သရုပ်ဆောင်၊ ဆရာဝန် အဆိုတော် စသဖြင့် ဒီလိုဘဲ စက်မှုတက္ကသိုလ်ဆင်းပြီး စက်မှုနဲ့ အသက်မမွေးတဲ့သူတွေ တစ်ပြုံကြီးရှိတယ်။ ဥပဒေဘွဲ့ရပြီး ဥပဒေပညာရပ်နဲ့ ရပ်တည်သူ ရှားပါတယ်။ စီးပွားရေး တက္ကသိုလ် ဆင်းပြီး ဘဝကို အဆင်ပြေသလို ဖြတ်သန်းနေရတဲ့သူတွေ အများကြီးပါ။ ရိုးရိုး တက္ကသိုလ် ဆင်းပြီး ဆရာ ၊ ဆရာမ ဖြစ်နေသူတွေအများကြီးပါ။  မိဘတွန်းအားကြောင့် မိဘဖြစ်ချင်တာကို လုပ်ပေးတယ်။ ပြီးတော့မှ ကိုယ်ဝါသနာ ပါတာကို ဇွတ်လုပ်တယ်။ ဒီလိုနဲ့ ဘဝမှာ အလွဲတွေ အလွဲတွေအများကြီးဘဲ။ ကျွန်တော်တို့ဆီမှာ အမှတ်ကောင်းရင် ဆေးကျောင်း၊ ဒီအယူအဆက တော်တော်ကြီးကို အရိုးစွဲနေပါပြီ။ ဆေးပညာရပ်တွေလိုဘဲ တခြား ပညာရပ်တွေကလည်း အရေးကြီးတာပါဘဲ။ အသုံးတည့်တာပါဘဲ။ ဒါကြောင့် ကိုယ့်ရင်းနှီး စိုက်ထုတ်မှု၊ အချိန်ကုန်မှုတွေကို တလွဲတချော်မဖြစ်အောင် ဝါသနာ ပါတာကို ရွေး၊ စိတ်ဝင်စားတာကို ရွေးချယ်သင့်တယ်။ ရွေးချယ်မှု မှန်ကန်မှ ကြုးိစားခြင်းဟာ အဓိပ္ပါယ် ရှိပါမယ်။

ဆရာ ဦးဘုန်း (ဓါတု)

၁ဝ တန်း စာမေးပွဲအောင်စာရင်းတွေထွက်ပြီးလို့ အမှတ်စာရင်းတွေ ထုတ်ရတော့ပါမယ်။ ပြီးရင် ဆက်တက်ရမယ့် ကျောင်းတွေ ရွေးချယ်ရတော့မယ်လေ။ ဒီအချိန်မှာ ဖြစ်တတ်တဲ့ ပြသနာကတော့ မိဘနဲ့ သားသမီး အယူအဆလေးတွေ လွဲတတ်ကြမှုလေးတွေမှာ အထက် စာစုက ဆရာဦးဘုန်း(ဓာတု) ရဲ့ စာစုလေးကို ဖတ်ပြီး မှန်မှန် ကန်ကန် ဆုံးဖြတ်ကြစေချင်လို့ အခုလို ဖြန့်ဝေရခြင်းဖြစ်ပါတယ်။

လူ့တန်ဖိုး

ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ၊ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်တာမဟုတ်ပါဘူး။ လူရာဝင်တာ မဟုတ်ပါဘူး ။

လူငယ်တစ်ယောက်ဟာ …….

အမှန်နည်းခြင်း၊ များခြင်းကလည်း အရေးမကြီးပါဘူး။

ဘယ်ဘာသာရပ်ကို ရခြင်း၊ မရခြင်းဟာလည်း အရေးမကြီးပါဘူး။

ဘယ်သူ့သားသမီး ဖြစ်တယ်ဆိုတာကလည်း အရေးမကြီးပါဘူး။

ယောက်ကျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ဆိုတာကလည်း အရေးမကြီးပါဘူး။

ဆင်းရဲခြင်း၊ ချမ်းသာခြင်း ဆိုတာလည်း အရေးမကြီးပါဘူး။

ဘယ်လိုမွေးလာသလဲ ဆိုတာလည်း အရေးမကြီးပါဘူး။

ဘယ်လိုသေသွားသလဲ ဆိုတာလည်း အရေးမကြီးပါဘူး။

တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ….

မိမိ အသက်ရှင်သန်နေစဉ်မှာ မိမိဝါသနာပါတဲ့ အလုပ်ကို ထူးချွန် ထက်မြက်အောင်  ကြိုးစားပြီး လူသားအကျိုး ဘယ်လောက်သယ်ပိုး မှာလဲ၊ ဘယ်လို နေထိုင်ပြုမှုမှာလဲ၊ လောကအတွက် ဘာတွေ ချန်ရစ်ထားခဲ့ချင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

One comment

  • kopauk mandalay

    August 1, 2010 at 1:57 am

    ကျနော်အမြင်ကတော လောက သဘာဝအရ ရောက်ချင်ရာရောက်မှာပါ။
    အရည်အချင်းရှိတဲ့လူဆိုရင်ရောက်တဲ့နေရာမှာ ကောင်းအောင်ဖန်တီးမှာ အသေအချာပါ၊
    ရောက်ချင်တဲ့နေရာကိုမရောက်လို့ ဖြစ်သလိုနေမယ်ဆိုရင် တော့………………………..

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.