သူယောင်မယ်ရဲ့ည

DEPARKO DEPARKOJuly 23, 20131min02

ပိတ်ထားတဲ့တံခါးနှစ်ချပ်အဖြတ် မတ်တပ်ရပ်နေတဲ့ကလေးမက အသက်မပါတဲ့အပြုံး သူကြိုးစားပြုံးလို့ မင်္ဂလာပါဆိုတဲ့စကားလုံးကို မမုန်းတန်းဆိုနေလေရဲ့။
နီယွန်မီးရောင်မှိန်ပြပြ မဟူရာညရဲ့အလယ်မှာ ဒေဝစ္ဆရာသူယောင်မယ်များက မခို့တယို့အပြုံးနဲ့ အသက်ဝင်နေတုန်းမှာပေါ့။
ရင်ဗတ်မှာဗလာနဲ့ ဗမာမလေးတစ်ချို့ CAT WALK လျှောက်ဘို့ကျိုးစား ချော်လဲကျမလားလို့ စင်အောက်ကဘဘတစ်ချို့ နှစ်ချို့မျက်လုံး တဏှာတွေဖုံးလို့
တကိုယ်လုံးအနုလုံပဏိလုံ အသုဘကမဌာန်း သူတို့စီးဖြန်းနေလေရဲ့။
ဘီယာလားရှန်ပိန်လား ငဘိန်နွားတစ်ကောင် ရင်ထဲမှာပျားအကောင်တစ်ထောင်တုတ် အရှုပ်ထုတ်ရှင်းဘို့ကြိုးစား ဂဏန်းခုနှစ်လုံးထွက်သွားလေရဲ့။
တော်ရာမှာမနေ လော်မာတဲ့စိတ်မထား အတွေ့အကြုံများရမလားလို့ လားလားမှမဆိုင် ယိုင်ချင်ယောင်ဆောင် မောင်ရင်ငကြောင်ဘဲတဲ့။
စီးချက်နဲ့မညီ နားဝင်ပီယံမဖြစ်ပေမဲ့ ဆူညံတဲ့တေးသွား ဘေးနားမှာကနေတဲ့ အိုပါးဂန်းနားစတိုင် တိုင်ပွတ်ပြနေသေး။
လိုတာအကုန်ရ စီးတီမတ်ရဲ့ညတစ်ည လွမ်းမနေရအောင် ကလောင်ကိုသွေး လက်မနှေးစေရပါဘူးနော်။

2 comments

  • အလင်း ဆက်

    July 23, 2013 at 9:18 pm

    အဲ…ဒီလိုဘဝလေးကိုလည်း…
    ဒီလို စာစီလိုက်တော့…
    ဖတ်ရတာ….
    ပြေးကြည့်လိုက်ရတာထက်..
    အရသာ ရှိတယ် ။

    Reply

  • Ma Ma

    July 24, 2013 at 10:05 am

    အဓိပ္ပါယ်ကို ရှင်းကနဲ လင်းကနဲပဲ။
    မိုက်တယ် 🙂

    Reply

Leave a Reply

Your email address will not be published.