2nd time for you but 1st time for me (ဆုပေးပွဲ)

ဇူလိုင်လ ၂၁ ရက်

မိုးကာလ ထုံးစံမို့ ကောင်းကင်က အုံ့အုံ့အေးအေး၊ ကွေးလို့ကောင်းနေတုန်း ဖေကြီး- ထတော့တဲ့၊ သားတော်မောင်အသံ၊

နာရီကြည့်တော့ ခြောက်ခွဲ၊ မင်းကလည်း အစောကြီးပဲ ရှိသေးတယ်ဆိုတော့……..မရဘူး ထ၊ ရေချိုး………တဲ့၊

အေးပါကွာ…..ဆိုပြီး သားတော်မောင် အမိန့်အတိုင်း ရေမိုးချိုး……..အကျင်္ ီလဲ၊ အောက်ကိုဆင်းပြီး လဘက်ရည်ဆိုင်မှာ ခဏထိုင်ကြပါတယ်၊

သွားမယ်လေ သွားမယ်လေ လို့ စိတ်စောနေတဲ့ သားရဲ့စကားတွေကြောင့် ၈ နာရီကျော်ကျော်မှာ

ပြည်ရိပ်မွန် နာနတ်တောလမ်းကနေ ကားတား..၊ ကန်တော်ကြီးမျော်စင်ကျွန်း အပေါက်….ဆိုတော့ ၂၅၀ဝ တဲ့၊

အိုကေ……တက်ပေါ့၊

ရွှေတိဂုံကိုဖြတ်မောင်းလာလို့ စောစောစီးစီး လက်အုပ်ချီမိ၊ မရောက်တာကြာလှပါပကော…..၊

ဒီလိုနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ဘက်ကနေ ပတ်လာတော့ အင်း….. အာဇာနည်နေ့က အကြောင်းတွေ သတိရမိပြန်ရဲ့၊

ခဏနေတော့ ရောက်ပြီတဲ့….၊ ဒါမျော်စင်ကျွန်းဝင်ပေါက်တဲ့၊ ဟုတ်သေးပါဘူး….လမ်းညွှန်ပိုစ့်ထဲကဝင်ပေါက်နဲ့လည်း မတူဘူးပေါ့…၊

ဒါပေမယ့် ကားသမားကလည်း ထွက်လာတဲ့ကားငှားမယ့်သူကို တွေ့နေပြီမို့ ကျနော်ကပဲ မသေချာတဲ့စိတ်ကြားထဲကပဲ ဆင်းလိုက်ပါတယ်၊

လမ်းညွှန်ပိုစ့်ထဲက ဝင်ပေါက်က အတော်ကျယ်ကျယ်၊ ဒီအပေါက်ကခပ်သေးသေး၊ ဝင်ကြေးကောက်တဲ့နေရာလည်းမရှိ၊

ကဲ…သားရေ….ရှေ့ကိုလျှောက်ကွာ……

နောက်တစ်ပေါက်တွေ့ပြန်တော့လည်း စားသောက်ဆိုင်တစ်ခုအတွက် သီးသန့်ဝင်ပေါက်ဖြစ်နေပြန်ရော.၊

အင်းဟုတ်တော့ ဟုတ်နေပြီ….ဒါဆို မင်္ဂလာဈေး ရောက်ခါနီးက အပေါက်များလား…….

ကိုမိုက်ဆီဖုန်းဆက်မေးတော့မှ အဲဒီမင်္ဂလာဈေး မီးပွိုင့်နားက အပေါက်ဆိုတာ သေချာသွားခဲ့တယ်၊

ဝင်ပေါက်မှာ ၃၀ဝစီပေး…၊ ကဲ ရွှေအိုးကြီးတွေ တွေ့အောင်ရှာ…ငါ့သားရာ….၊

အင်း…ဟိုးရှေ့မှာတွေ့ပြီ P3 က ဘယ်မှာပါလိမ့်၊ ဘယ်ကွေ့ရမလို…၊ညာကွေ့ရမလို ဝေဝါးဝါးဖြစ်နေတုန်း…ကိုမျိုးသန့်…ဆိုတဲ့ အော်ခေါ်သံကြားမှ….ရောက်ခဲ့ပါပြီဗျာ…၊

ဝင်မိရင်ပဲ…ကဲ..စာအုပ်လေးတွေ အားပေးနိုင်ပါပြီတဲ့…၊(လုံမကြီး မဟုတ်သေးတဲ့) လုံမလေးမွန်မွန်နဲ့ စတွေ့ပါတယ်၊

ကွန်းမန့်တွေထဲမှာ ရင်းနှီးနေပေမယ့် လူချင်းက အခုမှ စတွေ့ဘူးတာပါ၊ နောက် သူ့ဘေးမှာ ငြိမ်းငြိမ်း၊

ငြိမ်းငြိမ်းကိုတော့ ပြည်သူ့ဥယျာဉ် ဒါဇင်ပလပ်စ်ပွဲမှာ တွေ့ဘူးပြီးသားပါ…

ကိုဆာမိ၊ ဦးဦးပါလေရာ၊ အဘဖော၊ အံဇာ၊ အလင်းဆက်၊ ကိုရွှေတိုက်၊ ကော်ဘရာ၊ အောင်မိုးသူ Green Rose၊

လူ့ပြည်ရောက်မောင်မာဃ စတဲ့သူတွေနဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့ကြရပါပြီ…၊

အမျိုးသမီးလို့ထင်ထားတဲ့ ( ကို ) စွယ်တော်ရွက်ကိုလည်း တွေ့ခဲ့ပါတယ် ၊

အလုပ်ရှုပ်နေတဲ့ အန်တီပဒုမ္မာတို့နားမှာ ကျနော်က ငုတ်တုတ်၊ ဘာလုပ်ပေးရမှန်းလည်းမသိ၊

ကိုအမတ်မင်းတို့ကလည်း မဲနှိုက်ဖို့ ကိစ္စတွေနဲ့ ဟိုးခပ်ဝေးဝေးက စားပွဲမှာ…

အခမ်းအနားကို အန်တီပဒုမ္မာရဲ့ စကားနဲ့ စဖွင့်ပါတယ်၊

ပြီးတော့ အန်တီဒုံဆီကနေ တာဝန်တွေကို ပခုံးပြောင်းယူရတော့မယ့် ကိုမိုက်က ဝမ်းသာအမှာစကား(ခပ်တိုတိုပါပဲ) ပြောသွားခဲ့ပါတယ်၊

ဆုပေးတဲ့အခါမှာတော့ ဇန်နဝါရီအကောင်းဆုံး လုံမလေးမွန်မွန်ကနေ တစ်လချင်းစီပေးသွားခဲ့ပြီး စာပေဆုပြီးတော့ ကဗျာဆု ပေးပါတယ်၊

ကဗျာဆရာ ဈာန်ဆိုတာကိုလည်း တွေ့ခဲ့ရပါရဲ့ဗျာ၊ နောက် ….အထူးခြားဆုံးဆုတစ်ခုကို အဘဖောက ရခဲ့ပါတယ်၊

ဘာဆု ဆိုတာ…စဉ်စားဖို့ ချန်ထားပါတယ်…၊

ဒီနောက်…ဆုရသူတွေရဲ့ ကျေးဇူးစကား…၊နောက်တစ်ခါက ဘူဖေးပေါ့၊

အဲဒီအချိန်မှာ လုံမလေးမွန်မွန်က ပိုက်ဆံ ၂၅၀ဝ ကိုင်ရင်း ဦးမျိုး ဆုရတဲ့သူတွေက စာအုပ်မဝယ်ရပါ ၊ လက်ဆောင် ဆိုပြီး ပြန်လာပေးပါတယ် ၊

ကျနော်က အာ ပြန်မယူပါဘူး ဒီလိုလုပ် နောက်တစ်အုပ်ပေးလိုက်ပါ ဆိုပြီး ယူခဲ့ပါတယ် ၊

အဲဒါလည်းပြီးရော…ကံစမ်းမဲနှိုက်ကြမယ်…ဗလာမရှိစေရတဲ့၊

ကိုအမတ်မင်းက မဲလိပ်ထည့်ထားတဲ့ စက္ကူအိတ်လေးနဲ့ လိုက်ဝေ ၊

ပထမဆုံး.. ကိုကြီးမိုက်

ဒုတိကနှိုက်လိုက်သူ ကျနော်

ဖြစ်ချင်လို့ ကြိုးစားတာတောာင် ခဏခဏလွဲ..လွဲနေရတဲ့ ကျနော်ဟာ ကံစမ်းမဲမျိုးနဲ့ ပိုလို့တောင် အကျိုးမပေးပေမယ့် ဒီတစ်ခါတော့…..

ဪ….အိမ်သူမရှိတဲ့ဘဝ၊ ရုံးအပြန်ဈေးဝယ်၊ ထမင်းဟင်းချက်လုပ်နေရတဲ့ ကျနော့်အတွက်

မဲပေါက်ခဲ့တာက…(လက်ခု)တဲ့၊ လက်နှီးလိုမျိုးပေါ့လေ၊ ထမင်းအိုး…ဟင်းအိုးတွေ မပူအောင် ကိုင်ရတဲ့ အဝတ်စလေးပါ၊

ဒဲ့ (တည့်တည့်ကို ပေါက်ခဲ့တာပါလားကွယ်….)

ကိုမိုက်ကတော့ လိုချင်တာကြာပြီလို့ ကြွေးကြော်ရင်း မန်မိုရီစတစ်တဲ့..၊

အန်တီဒုံကတော့ အသည်းလေး…ဆိုလား၊

ဒါလည်း ဒဲ့…ထင်တယ်…ဟီး..ဟီး

ပြီးတော့ တက်ရောက်ခဲ့တဲ့ ရွာသူရွာသားတွေ အားလုံးစုပြီး ဓါတ်ပုံရိုက်ပါတယ်…၊

အချိန်က ၁၂ နာရီကျော်နေပါပြီ၊

သားက သူ့သူငယ်ချင်းတွေနဲ့ ဂျန်းရှင်းစကွဲယားမှာ ရုပ်ရှင်ကြည့်မှာမို့ ပြန်မယ် တကဲကဲ.ကြောင့်…

ပစ္စည်းတွေသိမ်းရင်း အလုပ်ရှုပ်နေတဲ့ ကိုမိုက် ၊ ကိုရွှေတိုက်တို့ကို နူတ်ဆက်ပြီး ပြန်ခဲ့ပါတယ် ၊

တကယ်တမ်းတော့ ကျနော်က  အခုမှ စရောက်ဘူးသူဆိုတော့ ဘာမှလည်း သိပ်မကူခဲ့ရ၊ ဘာမှလည်း သိပ်မပါခဲ့ရဆိုတော့… အားနာတာ အမှန်ပါ

ရင်ထဲမှာတော့ ဆွေမျိုးပမာပါပဲဗျာ၊

ဒါကြောင့်လည်း ကျေးဇူးတင်စကား ပြောခဲ့တဲ့ အထဲမှာပါသလို

(ကျနော်က ဇန်နဝါရီ ၂၂ မှာမှ ရွာသား စဖြစ်တာမို့ ဒီကနေ့ (၂၁.၇.၂၀၁၃)ဟာ ရွာသားသက် ၆ လ ပြည့်ဖို့ တစ်ရက်အလိုပါ

ဒါပေမယ့် ရင်ထဲမှာတော့  မိသားစုတွေလိုပဲမို့ ဖြစ်နိုင်ရင် ၆ လကနေ ၆ ဘဝအထိ တွေ့ဆုံခွင့် ရှိချင်လှပါတယ်…) လို့သာ ….။

( MICT ဝင်းထဲမှာတောင် ကိုးနတ်ရှင်က ဆိုးလှသမို့ ကဗျာကယာ တင်လိုက်တာပါ ၊ မရေးမိတာတွေရှိရင် ခွင့်လွှတ်ပါ )

We are the family

လွမ်းတတ်တဲ့ မျိုးသန့်

 

12

17 comments

  • kyaw hteik

    July 23, 2013 at 4:56 pm

    ကိုမျိုးသန်​့ ရဲ့မန်​း​ဂဇက်​ချစ်​သူများစာ​ပေဆုအတွက်​ ဝမ်​းသာဂုဏ်​ပြုအပ်​ပါတယ်​။
    ယခုလိုမန်​းဂဇက်​ ဆု​ပေးပွဲမြင်​ကွင်​း တစ်​စိတ်​တစ်​ပိုင်​းကို ​ဖော်​ပြ​ပေးတဲ့အတွက်​
    ကျ​နော်​တို့လိုမတက်​​ရောက်​နိုင်​သူ​တွေ သိခွင်​့ရလို့​ကျေးဇူးတင်​ပါတယ်​ ခင်​ဗျာ။

    Reply

  • ဦးဦးပါလေရာ

    July 23, 2013 at 5:42 pm

    ကျုပ်ကတော့ ဒီတစ်ခေါက်လဲ သူကြီးရဲ့လက်ဆောင် တီရှပ်မဲပေါက်ပြန်သဗျာ…
    ကျုပ်တသက်မှာ ကံစမ်းမဲပေါက်တာဆိုလို့ မန်းဂဇက်ပွဲပဲ ရှိမယ်ထင်တယ်…
    ကံစပ်တယ်ဆိုဒါ အဲ့ဒါ…
    😀

    တကယ်တော့ ပွဲလာတဲ့သူတွေ မန်းဂဇက်တွေ့ဆုံပွဲသွားမလို့ … လို့ ပြောပြရင်
    ဝင်ကြေးမပေးရပါဘူး (ဝင်ကြေးမပေးရအောင် ပြောထားပါတယ်)

    Reply

  • အလင်း ဆက်

    July 23, 2013 at 5:59 pm

    ဦးမျိုးနဲ့
    ပထမဆုံးအကြိမ် ဆုံ တွေ ့ဖြစ်ပေမယ့်
    လွန်ခဲ့တဲ့ ခြောက်ဘဝ( ဦးမျိုးပြောသွားသလို )ထဲက
    ရင်းနှီးခဲ့ ပြီးသားလိုပါပဲ။

    ဂဇက် မန်ဘာအချင်းချင်း အပြင်မှာ တွေ ့ကြတဲ့အခါတိုင်း
    အဲဒီလို ရင်းနှီး နွေးထွေးမှုကို
    ခံစားရပါတယ်
    ဆွေမျိုးတွေ လိုပါပဲ ။
    🙂

    Reply

  • TNA

    July 23, 2013 at 6:25 pm

    အဘဖောကဘာဆုပါလိမ့်။ စဉ်းစားမရဘူး။ နဲနဲလေးတော့လမ်းကြောင်းပေးမွှပေါ့။ တိချင်လာဘီ။

    Reply

    • Mr. MarGa

      July 23, 2013 at 6:46 pm

      မူရင်းအတိုင်း ပြန်ပြောရရင်
      အဆဲ အခံရဆုံးသူဆု ဆိုလား
      (ဘဖောရေ ဆက်ရှင်းတော့ဗျို့ :mrgreen: )

      Reply

      • TNA

        July 23, 2013 at 9:44 pm

        အင်းအဆဲခံရဆုံးဆုတဲ့လား။ ဟုတ်ကဲ့လားအဘရဲ့။ ကဘုန်းကျော်သာရွာထဲမယ်ဆက်ရှိနေအုံးမယ်ဆိုရင် အဲဒီဆုသူရမှာ။ ဟီဟိ။

        Reply

  • Ko chogyi

    July 23, 2013 at 10:39 pm

    ကိုမျိုးသန့် မဆုံလိုက်ရဘူးဗျာ
    နောက်တစ်ကြိမ်ပေါ့

    Reply

  • ဦးကြောင်ကြီး

    July 24, 2013 at 9:14 am

    ဦးမျိုးဂျီးဂလည်း သာမီးလေးဒေါ့ ခေါ်မလာဗူး… ပွဲစည်ဖို့ ကူညီပါဗျာ…

    Reply

    • Myo Thant

      July 24, 2013 at 9:23 am

      သာမီးလေးခေါ်လာရင် အံဇာ့လက်ချက်မိမှာမို့ သားပဲခေါ်လာတာ ၊
      ဒါတောင် ယောက္ခမ အခေါ်ခံလိုက်ရသေးတယ် ၊ ဟို အနက်ကလေးပေါ့ 🙂

      Reply

  • KZ

    July 24, 2013 at 9:19 am

    ဘူဖေးကို ဘယ်သူမှ ဓာတ်ပုံ မရိုက်ခဲ့ကြဘူးလားဟမ်?? :mrgreen:

    Reply

  • kyeemite

    July 24, 2013 at 9:46 am

    အဘဖောရသွားတဲ့ဆုက“ပေါ်ပြူလာအဖြစ်ဆုံးပို့စ်ပိုင်ရှင်”ဆုပါ
    သူ့ပို့စ်တစ်ပုဒ်တက်လာရင် ရွာထဲ ဆူဆူညံညံနဲ့ ကွန်မန့်တွေဝေစည်သွားတတ်လို့ပါ..

    Reply

    • Myo Thant

      July 24, 2013 at 12:22 pm

      ချောင်းသာက ဘုရားပုံလေ ၊
      ကိုးနတ်ရှင် မကောင်းလို့ ဝုန်းဒိုင်းကြဲ ရေးတင်လိုက်ရတာ ၊
      စိတ်မဆိုးပါနဲ့ ကိုပေါက်ရာ ၊ ရန်ကုန်လာရင် လှည်းတန်းဝိုင်ကေကေအို မှာကျွေးမယ် ၊

      Reply

  • အိုကေ ဇွန်လမှာကျနော်တစ်ခေါက်လာတာအချိန်မရလို့ တိတ်တိတ်ကလေးပြန်သွားခဲ့တာ။
    နောက်တစ်ခါလာရင် အော်လိုက်မယ်နော်

    Reply

  • လူကလေး

    July 25, 2013 at 11:39 am

    Congratulation U Myo Thant.. !!

    Reply

  • e tone

    July 25, 2013 at 4:31 pm

    ပြည်ရိပ်မွန် နာနတ်တောလမ်းကနေ ကားတား..၊ ကန်တော်ကြီးမျော်စင်ကျွန်း အပေါက်….ဆိုတော့ ၂၅၀ဝ တဲ့၊လား ….

    ဟီးးးးးး သများနဲ့ မမပြာ လှည်းတန်း ကုန်းဆင်း မှတ်တိုင်နားကနေ ကန်တော်ကြီ မျှော်စင်ကျွန်းအပေါက်ကို ငှားတာ 2000 :mrgreen:
    ကားသမားက … သဘောကောင်းပြီး ကန်တော်ကြီး တပတ်တောင် ကားနဲ့ ပတ်ပြလိုက်သေးတယ် … ခိခိ … ။

    Reply

    • Myo Thant

      July 25, 2013 at 4:39 pm

      ကားသမားတွေက မိန်းကလေးတွေဆို အဲသလိုလေကွယ် ၊ 🙂

      များတို့က ယောင်္ကျားလေး ၂ ယောက်ဆိုတော့ ၊

      စိတ်ထဲကလည်း အဲသလောက်မှန်းပြီးသား ၊

      အပြန်လည်း ၂၅၀ဝ ပါပဲကွယ် 🙂

      Reply

Leave a Reply to e tone Cancel Reply

Your email address will not be published.