အတောမသတ်လောဘ

kokothandarJuly 19, 20131min02

                 အတောမသတ်လောဘ

ကနေ့မြန်မာပြည်ရဲ့ ဂျာနယ်တွေ စာစောင်တွေမှာ ကျောမွဲ လယ်သမားတွေ ကတစ်ဖက် စစ်တပ်နဲ့ ခေတ်ပျက်သူဌေးတွေကတစ်ဖက်နဲ့   မြေလုပွဲတွေ ဖြစ်တဲ့သတင်းတွေ နေရာယူနေပါတယ်  လယ်သမားတွေဟာ သူတို့ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေ သိမ်းခံခဲရ တဲ့ လယ်ယာမြေကို ပြန်တောင်းဆိုတာဟာ မြေမရှိလို့ပါ ငွေတွေရှိပါရဲ့နဲ့ လယ်သမားမြေ ကိုယ့်မြေဖြစ်အောင် မတော်လောဘတွေ ရှိနေကြတော့ နစ်နာရသူတွေဟာ တောင်သူလယ်သမားတွေသာ ဖြစ်ပါတယ် တရားရင်ဆိုင်နေရတဲ့အထဲမှာ  ခေတ်ပျက်သူဌေး လွှတ်တော်ကိုယ်စားလှည်ကြီးက သူ့ရဲ့ ခမီးခမက် လွှတ်တော်ဥက္ကဌ ရှေ့မှာ လယ်သမားမြေသိမ်းထားတာတွေ ပြန်မပေးလို လို့ ၃  နှစ်လုံးအိပ်မပျော်နိုင်ပါလို့ ဖွင့်ဟသွားပါတယ်။  အတောမသတ်လောဘ သမားတွေ လွှတ်တောက်ကို အသုံးချပြီး လုပ်ကိုင်စားသောက်ဖို့ မြေယာမရှိ ဖြစ်နေရသူတွေရဲ့ ဘဝတွေကိုပျက်စီးအောင် ကျိုးစားနေကြသလိုဖြစ်လို့ လယ်သမားတွေရယ် မှီခိုသူတွေရယ် အတွက် တွေးပူမိပါရဲ့

2 comments

  • kai

    July 22, 2013 at 3:57 am

    အခွန်ငွေကိုသေသေချာချာကိုင်တွယ်ရင်.. ပြေလည်နိုင်တဲ့ ပြဿနာလို့ထင်ပါတယ်..
    အခုက.. ငွေရှိသူတွေက.. သူတို့ငွေတွေ..ဘယ်ထားရမှန်းမသိတာနဲ့.. မြေတွေထဲသွားမြုတ်နှံတာကိုး…

    အမြတ်ခွန်သာကောင်းကောင်းမှန်မှန်ကောက်မယ်ဆို.. ဘယ်သူမှ ဘာမှမလုပ်ပဲ မြေတွေယူထားရဲမယ်မထင်…

    Reply

  • ဦးဦးပါလေရာ

    July 23, 2013 at 6:30 pm

    ခေတ်အဆက်ဆက် ဥပဒေတွေက တိုင်းပြည်အခြေအနေတွေနဲ့ လုံးဝမကိုက်ညီဘူး
    မှားလဲမှားနေတယ်
    အဲဒါတွေကို အခုပြန်ပြင်တော့လဲ အမှားကြီးပဲ ဖြစ်နေပြန်တယ်…။
    ပြီးတော့ တိုင်းပြည်အတွက်သေရေးရှင်ရေးဥပဒေတစ်ခုကို ပြန်ပြင်ရေးဆွဲတာ တစ်နှစ်ခွဲကြာတယ်..။

    အင်း…

    အီဗော်လူးရှင်း နည်းနဲ့ မရလောက်မှာတော့ စိုးရိမ်မိတယ်…။

    Reply

Leave a Reply

Your email address will not be published.