သံမဏိနှလုံးသား

DEPARKO DEPARKOJuly 18, 20131min02

စစ်သားရဲ့ရင်ဘတ် အသဲနှလုံးမကပ်ဘူးလို့ မင်းမို့ပြောရက်တယ်။
အသက်မပါတဲ့မျက်လုံး ဝေဒနာတွေဖုုံးလို့ စိတ်ကိုဒုံးဒုံးချ
ရုန်းထွက်မရတဲ့မရဏသေမင်း သူစစ်ခင်းရင်ပြောတဲ့စကား
ငါအိမ်ပြန်နားချင်လိုက်တာသူငယ်ချင်းတဲ့။
နေ့တွေလတွေဖြတ်ကျော် သူငယ်ချင်းတော်တော်များများ
နေ့မြင်လို့ညပျောက် သံသရာခရီးတစ်ခေါက်
ဘဝသစ်ကိုလျှောက်လှမ်း ကျန်နေသူကပန်းလျှ
အမြဲသတိယနေတာသိကြလို့လား။
ဒီလိုနဲ့အသက်ဆက် နေရခက်တဲ့လောကကြီးကြား မင်းပြောတဲ့စကား
နားဝမှာခါးလိုက်တာကွာ။
စစ်သားတွေရဲ့ရင်ဘတ် နုဖတ်လွန်းလို့
မင်းဝင်လာကြည့်စမ်း အရမ်းဘဲလန်းသွားမယ်
အဟုတ်တကယ်အဟုတ် ကမ်းတဲ့လက်မရုပ်သေးခင်
အပြေးသာဝင်ခဲ့။

2 comments

  • အလင်း ဆက်

    July 18, 2013 at 5:54 pm

    ရလဲ့

    ဒီတစ်ခါ ရဲဘော်တစ်ယောက်ရဲ ့ခံစားချက်ပါလား

    Reply

    • DEPARKO DEPARKO

      July 18, 2013 at 6:22 pm

      ကိုယ်က မိန်းမမရသေးတဲ့ လူပျိုကြီးစစ်သားစစ်စစ်
      အမွေစားအမွေခံ name of king ပေးဘို့ မြူဆွယ်နေတာ
      အခုထိတော့ အင်း။။။။။။။။

      Reply

Leave a Reply to DEPARKO DEPARKO Cancel Reply

Your email address will not be published.